မောင်တော၊ စက်တင်ဘာ ၃ဝ။
...
တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင် ရောက်လာမှုကြောင့် လဝကဥပဒေ အရ
ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၂ဦးကို
စက်တင်ဘာ ၃ဝရက်နေ့ နံနက် ၉နာရီခွဲက မောင်တောနယ်စပ် အမှတ်(၁) ဝင်/ ထွက်စခန်းမှ
ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်သို့ လွှဲပြောင်းပေးလိုက် ကြောင်း သတင်းရရှိသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများကို မောင်တောခရိုင် ဒုတိ ယခရိုင်လဝကဦးစီးဌာနမှူး ဦးထွန်း ထွန်း ဦးဆောင်ကာ အဖွဲ့ဝင် ၁၃ ဦးမှ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဘင်္ဂ လားဒေ့ရှ်နိုင်ငံဖက်မှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ Additional Director, Staff Officer Md.Nazmus Sadat Soimmo ဦးဆောင်ကာ အဖွဲ့ဝင် ကိုးဦးတို့မှ လွှဲပြောင်းလက်ခံခဲ့ကြောင်း ခရိုင်လဝကဦးစီးမှူးက ပြောကြား သည်။
အကျဉ်းကျလွတ်မြောက်လာ သူများလက်ခံရေးအဖွဲ့ Additional Director, Staff Officer Md.Nazmus Sadat Soimmo ဦး ဆောင်ကာ အဖွဲ့ဝင်များမှာ မောင် တောမြို့မ စည်ပင်သာယာဈေးကြီး နှင့် မြို့မကျောင်းတိုက်ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်လေ့လာ ခဲ့ပြီး မွန်းလွဲ ၁နာရီကျော်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိ ရသည်။ ပြစ်ဒဏ်လွှတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လွှဲပြောင်းပေးနိုင်ရန်အ တွက် မောင်တောခရိုင် လဝကဦးစီး ဌာနမှူး ဦးစောနိုင် (ဒု-ညွှန်ကြား ရေးမှူး)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၄၂) နယ်ခြားစောင့်တပ်ရင်း မှူးတို့၏ အပြန်အလှန်ဆက်သွယ် ညှိနှိုင်းဆောင်ရွက်မှုအရ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ဇူ လိုင်လမှ ယခုလ ၃ဝရက်အထိ ခြောက်ကြိမ်လွှဲပြောင်းပေးခဲ့ပြီး ပြစ် ဒဏ်လွှတ် အကျဉ်းသား ၁၇၁ဦးကို လွှဲပြောင်းပေးထားပြီဖြစ်ကြောင်း မောင်တောခရိုင် လဝကဦးစီးဌာန မှူး ဦးစောနိုင်(ဒု-ညွှန်ကြားရေးမှူး) က ပြောကြားသည်။
NT
MYG

No comments:
Post a Comment