အုပ်စုရပ်တည်မူအဖြေကိုထိပ်တိုက်တွေ့ဆုံမူရလဒ်ဖြင့်ဆုံးဖြတ်မည်မြန်မာယူ-၁၉ အသင်း နည်းပြဂတ်ဇီဆီက ထိုင်းအသင်းကို အနိုင်ရခဲ့သောပွဲစဉ် တွင် မြန်မာပရိတ်သတ်များအာပေးမူမှာ အသင်းအတွက် များစွာအကျိုးရှိစေခဲ့ပြီး လာမည့်ပွဲစဉ်များတွင်လည်း မြန်မာပရိတ်သတ်ကျေနပ်စေမည့် ရလဒ်မျိုးပိုင်ဆိုင် စေရမည်ဟု ပြောကြားခဲ့ကြောင်း အာရှဘောလုံးအဖွဲ့ချုပ် ၀က်ဘ်ဆိုက်တွင်ဖော်ပြ သည်။
ထိုင်းကို အနိုင်ရရှိခဲ့သောပွဲအပြီး၌ပြူလုပ်ခဲ့သော သတင်းစားရှင်းလင်းပွဲတွင် ”ထိုင်းနဲ့တွေ့တဲ့ပွဲတိုင်းက ကျွန်တော်တို့အတွက် အမြဲလိုလိုပွဲကောင်းတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော့အသင်းဟာ ဗိုလ်လု ပွဲတစ်ပွဲလို သဘောထားစကားခဲ့ပါတယ်။ ကျွန်တော့စကားသမားတွေဟာ ဘာဖြစ်အောင်လုပ်ရ မလဲဆို တာ သေချာသိခဲ့ပါတယ်။ ထိုင်းအသင်းကို ပွဲအစပိုင်းမှာတင် ဖိအားပေးနိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ ရည်ရွယ်တဲ့ အ တိုင်းလုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ဟာမြန်မာဘောလုံးလောကအကြောင်းကို သိအောင်လုပ်နိုင်ခဲ့တဲ့နေ့လို့ ထင်ပါ တယ်။ မြန်မာပရိတ်သတ်အားလုံးကို ကျေးဇူးတင်တယ်လို့ လေးလေးနက်နက်ပြောလိုပါ တယ်။ ကျွန်တော်တို့ကတိအတိုင်း ပရိတ်သတ်တွေကျေ ကျပ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ပေးထား တဲ့ကတိကို ဆက်လက်ထိန်းပြီး မြန်မာပရိသတ်တွေ ပျော်ရွှင် ကျေနပ်ရေအောင် ကြိုးစားသွားမှာပါ ” ဟု ပြောသည်။
မြန်မာယူ-၁၉ အသင်းသည် နှစ်ပွဲကစားပြီးချိန်တွင်ရမှတ်(၄)မှတ်ဖြင့် အုပ်စုကို ဦးဆာင်လျှက်ရှိပြီး အုပ်စုရပ် တည်မှု အဖြေကို ထိပ်တိုက်တွေ့ဆုံမူရလဒ်ဖြင့် ဆုံးဖြတ်ရန် အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထား၍ ကွာတားဖိုင်နယ်တက်ရောက်ရန် အခြေ အနေကောင်းနေပြီဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ဥဇဘတ်၊ သြစတြေးလျနှင့် ယူအေအီးတို့ထဲမှ တစ်သင်းသင်းနှင့် တွေ့ဆုံဖွယ်ရှိသည်။
No comments:
Post a Comment