မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်ကြည်ရှိန်ခေါင်းဆောင်ပြီး တကကလှိုင်ဝဏ္ဏ္ဏသန့်၊ တကမောင်ညွန့်၊ ဒုတကသန်းထွန်း၊ အသိသက်သေအောင်ဆန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းရှိန်၊ ပေါင်းချောင်းရပ် ရာအိမ်မှူးဦးမင်းလှတို့နှင့်အတူ မိတ္တီလာမြို့မရဲစခန်းက (ပ)၅၇၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့်အလိုရှိနေသောတရားခံများအား ဖမ်းဆီးရမိရေးအတွက် ယခုလ ရ ရက်ညနေကမိတ္ထီလာတောင် ကန်ပတ်လမ်း မြန်မာ့စီးပွါးရေးဘဏ်ရှေ့မှ မသင်္ကာသူများအား စောင့်ဆိုင်းနေခဲ့သည်။
ထိုစဉ်ခိုးရာပါသက်သေခံဆိုင်ကယ်အား ပေါက်ချောင်းရပ်ကွက်မှ စီးနှင်းလာသူမိုးသန့်ဇင်၊ သန်းနိုင်ဦး(ခ) စွေစောင်းနှင့်ရဲနိုင်ဦး (ခ) ဖိုးလုံးတို့သုံးဦးအား ၀ိုင်းဝန်းပိတ်ဆို့ဖမ်းစီးရာ ဆိုင်ကယ်ကိုထားပြီး စီးပွါးရေး ဘဏ်အတွင်းသို့ ၀င်ရောက်ထွက်ပြေးသဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးပြီးနောက် ၄င်းတို့ သုံးဦးကို ရှာဖွေစစ်ဆေးရာ သန်းနိုင်ဦး(ခ) စွေစောင်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီ အိတ် ကပ် အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ငါးပြားကို ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းဆေးပြားအားသုံးစွဲရန် နှင့်ရောင်းချရန် ဖိုးလုံးထံမှဝယ်ယူခဲ့ကြောင်းအစစ်ခံခဲ့သည်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ မိုးသန့်ဇင်၊ သန်းနိုင်ဦး(ခ) စွေစောင်းနှင့်ရဲနိုင်ဦး(ခ) ဖိုးလုံးတို့ သုံးဦးအား ဒုရဲအုပ်ဇော်ထွန်းမင်းက တရားလိုပြုပြီး မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ မူးယစ်(ပ)၄/၂၀၁၄၊ မူးစိတ်ပုဒ်မ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားသည်။ မိုးသန့်ဇင်၊ သန်းနိုင်ဦး(ခ) စွေစောင်း နှင့် ရဲနိုင်ဦး(ခ) ဖိုးလုံးတို့ သုံးဦစီးနင်းလာသောဆိုင်ကယ် အိပ်ဇောကြားမှ အရိုး ရ လက်မ၊ အသွား ၂၄ လက်မ စုစုပေါင်း ၃၁ လက်မအရှည် ဓါးချွန်တစ်ချောင်းအားတွေ့ရှိသဖြင့် မြို့မရဲစခန်းက (ပ)၅၇၅/၂၀၁၄၊ လက်နက်ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူထားသည်။
မိုးသန့်ဇင်ဝတ်ဆင်ထားသော အနက်ရောင်ဘောင်းဘီအိတ်အတွင်းမှ အသွား ၃ ဒသမ ၅ လက်မ၊ အရိုး ၄ ဒသမ ၅ လက်မ စုစုပေါင်း ရှစ်လက်မအရှည် ဓါးမြောင်တစ်ချောင်းအားတွေ့ရှိသဖြင့် မိုးသန့်ဇင်အား မြို့မရဲစခန်းက(ပ) ၅၇၄/၂၀၁၄၊ လက်နက်ပုဒ်မ ၁၉ဖြင့် အမှုဖွင့်အရေးယူထားသည်။ မိုးသန့်ဇင်နှင့် သန်းနိုင်ဦး(ခ)စွေစောင်းတို့ညီအစ်ကို နှစ်ဦးသည် ယခုလ ၄ ရက်က မကျီးကုန်းရပ်ကွက်ထဲမှ ဟွန်ဒါ ကလစ်ဆိုင်ကယ်အား လုယူခဲ့သဖြင့် မြို့မရဲစခန်းက (ပ)၅၇၃/၂၀၁၄၊ ပုဒ်မ၃၈၂ဖြင့်အလိုရှိနေသော တရားခံများဖြစ်သည်။
No comments:
Post a Comment