၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၁ရက်
ပြည်သူလေးစားလောက်သည့် တပ်မတော်တစ်ရပ် ဖော်ဆောင်ပေးရန် စစ်မှုထမ်း ဟောင်းများ ၊ တပ်မတော်သားဟောင်း များစုပေါင်းကာ ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားအနီးတွင် အောက်တိုဘာ (၁၉) ရက်က လူအင်အား သုံးဆယ်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသား များပြန်လွှတ် ပေးရန်၊ ထောင်ကျ ခံနေရသည့် တပ်မတော် သားများကို ပြန်လွှတ်ပေးရန် ၊ Professional ကျသော တပ်မတော်အဖြစ် ထူထောင် ပေးရန်၊(၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်အသစ် ရေးဆွဲရာ တွင် တပ်မတော်ကတာဝန်သိသိဖြင့် ပါဝင်ရန်နှင့် ပြည်သူများ လေးစားသည့် တပ်မတော် အဖြစ်အကောင် အထည်ဖော်ပေးရန်တို့ကို ဆန္ဒထုတ်ဖော်စဉ် ထုတ်ပြန်ချက်ဖြင့် တောင်းဆိုခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁ဝဝ) ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့တပ်မတော်ကို စတင် ထူထောင်ခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်း၏ရည်ရွယ်ချက်များနှင့် တပ်မတော်၏ သမိုင်းကြောင်းများကို မော်တော်ယာဉ် ပေါ်တွင် ပြဇာတ်အနေဖြင့် နိုဝင်ဘာလတွင် လှုပ်ရှားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည် ။
No comments:
Post a Comment