ရန်ကုန်၊ စက်တင်ဘာ ၂၉။
...
အချိုး ကျကိုယ်စားပြုစနစ် (Propositional Representative)အမျိုး မျိုးရှိသည့်
အနက် မြန်မာနိုင်ငံအ တွက် အသုံးပြုရန် အသင့်တော်ဆုံး ရွေးကောက်ပွဲစနစ်မှာ အပိတ်စနစ်
(Closed List PR) ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကပြောသည်။
အပိတ်စနစ် (Closed List PR) သည် ဝင်ပြိုင်သည့် ကိုယ်စား လှယ်အမည်ကို မဖော်ပြဘဲ ပါတီ အမည်ကိုသာ ဖော်ပြထားခြင်းကြောင့် မဲပေးရမည့် ပြည်သူများ အနေဖြင့် မိမိကြိုက်နှစ်သက်သော ပါတီကို သာ ရွေးချယ်ရသည့်စနစ်ဖြစ်သည်။
အဖွင့်စနစ် (Open List PR)မှာ ပါတီအမည်အပြင်ကိုယ်စား လှယ်လောင်း အမည်ပါ ဖော်ပြထား သည့်အတွက် ပြည်သူလူထုအနေ ဖြင့် ပါတီကိုသာမက ခေါင်းဆောင် ကိုလည်း ရွေးချယ်နိုင်သည်။
ဦးသုဝေက ''Party List Closed List PR လို့လဲ ခေါ်တာပေါ့။ ဒီစနစ် က လက်ရှိကျင့်သုံးခဲ့တဲ့ FPTP စနစ်နဲ့တူတယ်။ မြန်မာနိုင်ငံနဲ့ အ ကိုက်ညီဆုံးစနစ်ပဲ ''ဟု ဦးသုဝေက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် သင့်တော်မည့်ရွေးကောက်ပွဲကို လေ့ လာရန်အတွက် ပြည်သူ့လွှတ်တော် တွင် ရွေးကောက်ပွဲစနစ်လေ့လာ သုံးသပ်ရေး ကော်မရှင်ကိုဖွဲ့စည်း ထားသည်။
လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးအပြင် အခြားအဖွဲ့ဝင်များလည်း ပါဝင်သည့် အဆိုပါကော်မရှင်သည် ရွေးကောက်ပွဲစနစ်အမျိုးမျိုးကို လေ့ လာလျက်ရှိပြီး ယခု ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင် အစီ ရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အချိုးကျကိုယ်စား ပြုစနစ်များနှင့် ပတ်သက်ပြီး လူထု ဟောပြောပွဲတစ်ခုကိုလည်း လာ မည့် အောက်တိုဘာလတွင် မန္တလေး မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသုဝေကဆက်လက် ပြောသည်။
ထိုလူထုဟောပြောပွဲတွင် PR စနစ်အကြောင်းဟောပြောရန် ပါတီ ခေါင်းဆောင်အများစုနှင့် ပြင်ပပညာ ရှင်များကိုလည်း ဖိတ်ထားပြီးပြုလုပ် မည့် ရက်အတိအကျမသိရသေးပေ။
''PR စနစ်အကြောင်းနဲ့ ဒီ စနစ်က ကောင်းတယ်ဆိုတဲ့အကြောင်း တွေကို ဟောပြောသွားမယ်'' ဟုဦးသု ဝေကပြောသည်။
အချိုးကျကိုယ်စားပြုစနစ် (PR) ကို အသုံးပြုရန်အတွက်ပြီးခဲ့ သည့် လွှတ်တော် အစည်းအဝေး ကျင်းပစဉ်က တင်သွင်းခဲ့ခြင်း ဖြစ် သည်။
အမျိုးသားလွှတ်တော်တွင် အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်း ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ လွှတ်တော် တွင် ပုဇွန်တောင်မဲဆန္ဒနယ်မှ ကိုယ် စားလှယ် ဦးအောင်ဇင်ကတင်သွင်း ခဲ့ခြင်းဖြစ်သည်။
NTDW
YMG

No comments:
Post a Comment