Tuesday, October 6, 2015

ဝေးလ်နိုင်ငံဘောလုံးအဖွဲ့ချုပ်မှချီးမြှင့်သည့် ဆုသုံးဆုကို ရီးရဲလ်ကစားသမား Gareth Bale ဆွတ်ခူး


တနင်္လာနေ့ညက ပြုလုပ်ခဲ့တဲ့ ဝေးလ်ဘောလုံးအဖွဲ့ချုပ် ဆုပေးပွဲမှာ Gareth Baleဟာ ဆုသုံးဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ Gareth Bale ဟာ ကလပ်အသင်းမှာတင်မကပဲ နိုင်ငံအသင်းမှာပါ ကောင်းမွန်တဲ့ စွမ်းဆောင် ရည်တွေကြောင့် အခုလိုမျိုးဆုတွေကို ရရှိခဲ့တာပါ။
Bale ဟာ ဝေးလ်လက်ရွေးစင်အသင်းကို ၂၀၁၆ ယူရိုပြိုင်ပွဲကို ရောက်ရှိဖို့  လက်တစ်ကမ်းအခြေအနေကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖန်တီးပေးခဲ့ပြီး ၁၉၅၈ နောက်ပိုင်း ကမ္ဘာ့အဆင့် အဓိကပြိုင်ပွဲတွေနဲ့ ဝေးကွာနေမှုကို ရပ်တန့်ပေးနိုင်ဖွယ်ရှိနေပါတယ်။

ဒီလိုအောင်မြင်မှုတွေကြောင့် ဝေးလ်အသင်းဟာ ကမ္ဘာ့အဆင့်ရှစ်နေရာအထိ တက်လှမ်းလာခဲ့ပြီး အသင်းသမိုင်းမှာ အမြင့်ဆုံးရပ်တည်မှု ဖြစ်လာခဲ့တာပါ။
အန်ဒိုရာအသင်းနဲ့ ခြေစစ်ပွဲမကစားခင်မှာ အခုလိုဆုပေးပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲမှာ သူဟာ ကစားသမားတွေရွေးချယ်ချီးမြှင့်တဲ့ အကောင်းဆုံးကစားသမားဆုအပါအဝင် FAW တစ်နှစ်တာအကောင်းဆုံးကစားသမားဆု , ပရိတ်သတ်အကြိုက်ဆုံးကစားသမားဆု စုစုပေါင်းသုံးဆု အထိရရှိခဲ့တာပါ။
Baleကတော့"ကျွန်တော့်ကို ဒီလိုအကောင်းဆုံးဆုတွေ ရရှိအောင်မဲပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် " လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။ ဒီလိုဆုတွေရရှိခဲ့တဲ့Baleဟာ မိခင်နိုင်ငံအသင်းကို ပြင်သစ်မြေကို အရောက်ခေါ်ဆောင်ပေးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
(Paing A K)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ