Wednesday, October 7, 2015

Ronaldo မှာ မိမိ အင်တာတွင် ကစားစဉ်က အမြဲနောက်ပြောင်လေ့ရှိပြီး ရီးရဲလ်တွင် လာကစားရန် ဖိတ်ခေါ်လေ့ရှိဟု Kovacic ဖွင့်ဟ


Kovacic ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာရတဲ့ အကြောင်းရင်းကို ဖွင့်ဟလိုက်ပါတယ်။ သူဟာ အင်တာမီလန်မှာ ကစားစဉ်က သူ့ကို အီတလီမြေမှာ ကစားရကောင်းလားဆိုပြီး အမြဲနောက်ပြောင်လေ့ရှိတဲ့ Cristiano Ronaldo ကြောင့်ပါလို့ ဖွင့်ဟလိုက်တာပါ။

ဒီခရိုအေးရှားလက်ရွေးစင် ကစားသမားဟာ နွေအပြောင်းအရွှေ့မှာ ပေါင် ၃၅ သန်းနဲ့ အင်တာမီလန်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ နည်းပြဘင်နီတက်ဇ်လက်ထက်မှာ ခေါ်ယူခဲ့တဲ့ အဓိက ကစားသမားဖြစ်ပြီး ယခုထက်ထိတော့ အလှည့်ကျပွဲထွက်ခွင့်သာ
" ကျွန်တော့်ကို အရင်ဆုံး [Luka] Modric က ရီးရဲလ်ကစားမားတွေဟာ ခမ်းနားကြီးကျယ်လှပေမယ့် အမှန်တယ် ရိုးသားတဲ့သူတွေ ဖြစ်တယ်လို့ မိတ်ဆက်ပေးခဲ့တာပါ။ ပြီးတော့လည်း Cristiano က ကျွန်တော့်ကို အင်တာမှာ ကစားနေတဲ့အတောအတွင်းမှာ အဝတ်လဲခန်းထဲမှာ တွေ့ရင်တွေ့သလို နောက်ပြောင်လေ့ရှိပြီး အီတလီမြေမှာ လေ့ကျင့်ခန်းဆင်းရတာ မငြီးငွေ့ဘူးလားလို့ အမြဲမေးခွန်းထုတ်တတ်တဲ့သူပါ။သူဟာ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆိုပေမယ့်  အမှန်တကယ်တော့ ပျော်ပျော်နေတတ်သူပါလို့ " ဖွင့်ဟသွားခဲ့ပါတယ်။
သူဟာ ဒိုင်နမိုဇာဂရက်အသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ချိန်မှာ အင်တာကစားကွက်နဲ့ အံမဝင်ခဲ့တာကြောင့် ခက်ခဲ့တဲ့ကာလတွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ " ကျွန်တော်က ဘောလုံးဖြန့်ကစားရတာကို ကြိုက်တာပါ။ ဂိုးသွင်းနိုင်ဖို့ကို စိတ်မဝင်စားပါဘူး။ ကစားကွက်ကိုခင်းပေးတဲ့သူ ဖြစ်ချင်တာပါ။ ဒါပေမယ့် အင်တာမှာတော့ ကွင်းလယ်တိုက်စစ်နေရာက ကစားခဲ့ရတော့ ကျွန်တော့်ရဲ့ကစားပုံက ပျောက်သွားပါတယ်။ နေရာပြောင်းကစားရတာက ပြဿနာမဟုတ်ပေမယ့် ကစားပုံက အရင်လောက်မကောင်းတော့ဘူးပေါ့ " လို့ အင်တာမီလန်မှာ ကစားစဉ်က အခက်အခဲတွေကို ပြောပြသွားခဲ့ပါတယ်။

သူကတော့ ယခုလောလောဆယ်မှာ ရီးရဲလ်အသင်းမှာ နေရာရနိုင်ဖို့ ကြိုးစားနေရပြီး အသင်းဖော်တွေနဲ့လည်း အကောင်းဆုံးဆက်ဆံရေးတွေ ရှိနေသူလည်းဖြစ်ပါတယ်။
(Paing A K)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ