Monday, December 8, 2014

၂၀၁၅ နိုဝင်ဘာ ၃၀ တွင် (၁၈)နှစ်ပြည့်သူများ လာမည့်ရွေးကောက်ပွဲ၌ မဲပေးနိုင်မည်

လာမည့် ၂၀၁၅ နိုဝင် ဘာ ၃၀ ရက်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများ မဲပေးခွင့်ရရန် အဆိုပါရက်အား အခြေခံရက် အဖြစ်သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ယင်းနေ့တွင် အသက် (၁၈) နှစ်နှင့်အထက်ရှိသူအားလုံး မဲဆန္ဒရှင်စာရင်းတွင်ပါဝင်နိုင်ရန်မဲစာရင်းကိုပြုစုသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကပြော သည်။ မဲစာရင်းပြုစုခြင်းလုပ်ငန်း များလွယ်ကူစေရန်အတွက်သာ နိုဝင်ဘာ ၃၀ ရက်ကိုအခြေခံရက် သတ်မှတ်ထားခြင်းဖြစ်ပြီး ယင်း နေ့သည် ရွေးကောက်ပွဲကျင်းပ မည့်နေ့မဟုတ်ကြောင်း ဦးကိုကို ကရှင်းပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပမည့်နေ့ကို အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းဟုသာပြောကြားထားသည်။
မဲဆန္ဒရှင်စာရင်းကြိုတင်ပြုစုခြင်းကို ပြည်နယ်နှင့်တိုင်းဒေသ ကြီးများရှိ မြို့နယ်အချို့တွင် စတင်ပြုစုနေပြီဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ် ၁၀ မြို့နယ်၌ မဲစာရင်းပြုစုနေသည့်လုပ်ငန်းများကိုလည်း  ဇန်နဝါရီလဆန်းတွင် အပြီးသတ်ပြီး လလယ်တွင် အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန် ကြေညာသွားမည်ဟု ဦးကိုကိုကပြောသည်။
‘‘မဲစာရင်းပြုစုတဲ့အခါ ရပ် ကျေးကော်မရှင်က လဝက၊ ထွေ အုပ်တို့နဲ့ညှိပြီးပြုစုတယ်။ ဒါကို အဆင့်ဆင့်စာရင်းထည့်ပြီးရင် ပြည်နယ်/တိုင်းအားလုံးက နေပြည်တော်ကိုပို့တယ်။ နေပြည်တော်ကနေ ဒီစာရင်းကို ကော်မရှင်ဝက်ဘ်ဆိုက်မှာပါတင်ပေးပြီး ပြည်သူအားလုံးသိအောင် ကြေညာပေးမှာပါ’’ဟုဦးကိုကိုက ပြောသည်။
ပြည့်စုံမှန်ကန်သောမဲစာ ရင်းဖြစ်စေရန် ပြည်သူများက လည်း ဝိုင်းဝန်းကူညီပေးရန်လိုပြီး မဲစာရင်းများထုတ်ပြန်ကြေညာ သည့်အခါ သွားရောက်ကြည့်ရှု ပေးရန်လည်း ရွေးကောက်ပွဲ ကော်မရှင်က နှိုးဆော်ထားသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ