Tuesday, December 30, 2014

ဗိုလ်ချုပ်အမွေဖြတ်ထားသောသူ



မကွေးမြို့ရဲ့ ရာသီဥတုကတော့ နွေဆို အလွန်ပူ ဆောင်းဆိုအလွန်အေးသဗျ ၊ အပူပိုင်းဇုံက မကွေးဆိုပြီး အထင်သေးပြီးအနွေးထည်ခေါင်းစွတ် စတာတွေယူမလာမိရင်တော့ အသစ်ဝယ်ဘို့သာပြင်ပေတော့
အေးစက်စက်ကြီးရယ် တခြားမြို့အေးတာတွေနဲ့မတူဘူး ။ မနက်စောစောလမ်းထလျှောက်တော့ ပန်းခြံထဲကသပ်ယပ်စွာပြင်ဆင်ထားတဲ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ကိုခန့်ငြားထည်ဝါစွာတွေ့ရပါတယ် ၊။

ဗိုလ်ချုပ်ဆိုတာ မြန်မာတမျိုးသားလုံးရဲ့ ခေါင်းဆောင်ပါ ။ NLD ရဲ့ logo မဟုတ်ဘူး ။ ဘယ်သူမဆို ဗိုလ်ချုပ်ကို ကြည်ညိုလေးစားချစ်ခင်ခွင့်ရှိပါတယ် NLD ပါတီဝင်ကမှ ဗိုလ်ချုပ်ကိုလေးစားတယ်ဆိုတာ
ယုတ္တိမရှိ မဖြစ်နိုင်ပါဘူး NLD ကဗိုလ်ချုပ်ရဲ့ ကြီးမြတ်သောဂုဏ် ကိုအသုံးချပြီး လူထုအသဲနှလုံးကို ညာတာ
ပါတေးနဲ့ ရောင်တော်ပြန်လွှတ်ပြီး မဲဆွယ်တာပါ ။ ဗိုလ်ချုပ်ပုံကို မသုံးရင်ဒီလောက်ထောက်ခံမှူ့မရနိုင်ဘူး
ဆိုတာသူတို့CEC လူလိမ္မာကြီးများ ရိပ်စားမိဟန်တူပါတယ် ။

ဗိုလ်ချုပ်မြင်းစီးရုပ်ကို တလေးတစားကြည့်နေတုံး ဗြုန်းဆို အသက်ဝင်လာပြီး မောင်လှဆွေ နေကောင်းလား လို့ ဗိုလ်ချုပ်ကနူတ်ဆက်ပါတယ် ၊ကျနော်လည်း ဘေးဘယ်ညာကိုကြည့်ရင်း အံ့တွေကို ဩ သွားတာပေါ့ ၊မယုံတဝက်ယုံတဝက်ဖြစ်နေရာက အားရဝမ်းသာစွာနဲ့ ဟုတ် ဟုတ် ကဲ့ခင်ဗျ ဗိုလ်ချုပ်ရော ကျန်မာပါရဲ့လား ဆိုတော့ မြင်တဲ့ အတိုင်းဘဲ ဟလား တဲ့ ၊ဒါနဲ့ ကျနော်က ဗိုလ်ချုပ်ခင်ဗျား ကြုံတောင့်ကြုံခဲ စကားတခွန်း
လောက်မေးလို့ရမလား ဆိုတော့ မင်းက လွှတ်သဘင်ထဲမှာ ဟလား လူကြီးတွေအကြပ်ရိုက်စေတဲ့
မေးခွန်းတွေ ဟလား မေးနေတာငါသိတယ် ဟလာ ဟလား တဲ့ ငါ့ကိုတော့ လျှော့လျှော့ပေါ့ပေါ့မေးကွာ ဟလား အချိန်မရလို့ တခုဘဲမေးနော် ဟလား တဲ့ ၊ ဟုတ်ကဲ့ပါ လို့ ဆိုပြီး ဗိုလ်ချုပ်ခင်ဗျား ၁၉.၇.၁၉၄၇ မတိုင်မှီ ဗိုလ်ချုပ်NLD ပါတီကိုဝင်ဖြစ်သေးလား လို့မေးတော့ ၊ ဗိုလ်ချုပ်က ပေါက်ပေါက်ရှာရှာ ငါက ဖဆပလ ကပါကွာ ဟလား လို့ပြောပြီး နိ့နေပါဦး မောင်လှဆွေက ဘာလို့ဒီလိုမေးရတာလဲကွဲ့ ဟလား ဆိုတော့ သိပါဘူးဗိုလ်ချုပ်ရယ် NLD ကဘာပုံထုတ်ထုတ် ဗိုလ်ချုပ်ပုံချည်းရိုက်ထည့်နေလို့ ကုန်ကုန်ပြောရရင် ဗိုလ်ချုပ်ရယ် ဗိုလ်ချုပ်သမီး ဟိုအငယ်ဆုံးလေးဆို သူ့တယောက်ထဲပုံသုံးရင်လူကြိုက်နည်းမှာစိုးလို့ ဗိုလ်ချုပ်ပုံနဲအမြဲတွဲပြီး ပွဲထွက်ထွက် နေလို့ပါ လို့ ၊ အဲဒါဆိုဗိုလ်ချုပ်က ငါကအမွေဖြတ်ထားတာ ကွ ဟလား ဘာကြောင့်အမွေဖြတ်ထားလည်းမင်းမေးဦးမလို့လား တခုတည်းမေးရမှာ မေးခွင့်မရှိတော့ဘူး မိဘတိုင်းကိုသာသွားမေး ဟလား ၊နောက်ဆို ငါ့ပုံမသုံးစေနဲ့လို့ပြောလိုက် ။ဆိုပြီး ဗြုံန်းဆို အရုပ်ကြီးပြန်ဖြစ်သွားပါလေရောဗျာ ၊။
မနက်အစောကြီးဆိုတော့အနားမှာဘယ်သူမှမရှိဘူးဆိုတော့ကျနော်နဲ့ဗိုလ်ချုပ်စကားပြောလိုက်တာဘယ်သူမှ
မမြင်လိုက်တာခက်တယ်၊(မရယ်ကြပါနဲ့အတည်ပြောတာ)ဒါနဲ့ ပန်းခြံထဲကထွက်ပြီး မကွေးတံတားကြီး ဘက်ဆက်လမ်းလျှောက်လာတာပေါ့ ၊တကယ်တော့ ဗိုလ်ချုပ်ဆိုတာ မကွေးတိုင်းသား ဘဲ ၊လာမယ့် ဖေဖဝါရီ ၁၃ ဆိုရင် နှစ်တရာပြည့်ပြီ။ဗိုလ်ချုပ်ကိုဂုဏ်ပြုတဲ့အနေနဲ့ ဧရာဝတီတံတား(မကွေး) ဆိုတာကြီးအစား (ဗိုလ်ချုပ်အောင်ဆန်းတံတား)ဆိုပြီး အမည်ပြောင်းဂုဏ်ပြုဆိုင်းဘုတ်တင်ပွဲကို လာမယ့် ဖေဖဝါရီ ၁၃ ရက် နှစ် ၁၀၀ ပြည့်ဗိုလ်ချုပိမွေးနေ့မှာ ကျင်းပဘို့ မကွေးတိုင်းလွှတ်တော် ဥက္ကဌ ဦးရဲမြင့်ထံ တင်ပြလိုက်ဦးမယ်၊ဗိုလ်ချုပ်ပန်းခြံ ၊အောင်ဆန်းကွင်း၊အောင်ဆန်းခန်းမ ၊ဗိုလ်ချုပ်အောင်ဆန်းဈေး ၊ဗိုလ်ချုပ်လမ်း ၊ဆောင်ဆန်းတပ်မြို့၊တော်တော်စုံစုံလင်လင်ရှိနေပါပြီ တံတား တော့မရှိသေးဘူး 

၊တကယ်တော့ ဗိုလ်ချုပ်နံမည် အတပ် ခံရတဲ့ကာလတွေဟာ NLDဆိုတာ မပေါ်သေးတဲ့ကာလတုန်းက
အချိန်တွေဘဲ၊NLDပေါ်လာတော့ ပိုက်ဆံထဲကပုံပါပျောက်သွားရော ၊ ကြည့်ရတာ လူကြီးတွေကို ဗိုလ်ချုပ်က ကျနော့်ကိုပြောသလို ငါအမွေဖြတ်ထားတယ် လို့ အသက်ဝင်ပြီးပြောထားလောက်ပြီထင်တယ် ။ ဘယ်သို့ပင်ရှိစေ မနက်ခင်း နေရောင်အောက်မှာ ထည်ဝါလှတဲ့ ဗိုလ်ချုပ်မြင်းစီးရုပ် ကိုတလေးတစား
အလေးပြုရင်း နှစ်တရာပြည့် နေ့ဂုဏ်ပြုခြင်းအဖြစ် ဧရာဝတီတံတား(မကွေး)အစား ဗိုလ်ချုပ်အောင်ဆန်း တံတား ဟုပြောင်းလည်း ခေါ်ဆိုသွားရန် အဆိုပြုလိုက်ရပါကြောင်း ဗျာတို့ရေ ။

ဦးလှဆွေ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ