Tuesday, December 23, 2014

တောင်ငူခရိုင်မြို့နယ်အတွင်း လယ်ဧက ၄၀၀၀ကို စက်မှုလယ်ယာစနစ်တကျလယ်မြေဖော်ထုတ်ပေးမည်

ပဲခူး ဒီဇင်ဘာ ၂၂
          တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်းရှိ စက်မှုလယ်ယာစနစ်တကျလယ်မြေဖော်ထုတ်ပေးရန် တောင်ငူခရိုင် ထန်းကုန်းကျေးအုပ်စု ကျွဲကျောင်းကျေးရွာမှ တောင်သူလယ်သမားကိုယ်စားလှယ် ဦးကျော်မင်းနိုင်က ယနေ့ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာလူထုတွေ့ဆုံပွဲတွင် တင်ပြတောင်းဆိုခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးတင်စိုးက အုတ်တွင်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်တကျ လယ်မြေဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုသုံးအုပ်စု၊ ကျေးရွာ ငါးရွာရှိ တောင်သူ ၃၁၂ ဦးက လယ်မြေ ၁၁၀၀ ဧကကို စက်မှုလယ်ယာစနစ်ကျလယ်မြေများဖော်ထုတ်ပေးခဲ့ခြင်း ကြောင့်၊ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံချေးငွေအစီအစဉ်ဖြင့် ခပေါင်းဆည်ရေသောက် ဧရိယာတွင်ကျေးရွာအုပ်စု( ၁၁) စု၊ ကျေးရွာ (၁၅) ရွာမှ တောင်သူ ၉၅၆ ဦး၏ လယ်မြေဧက ၄၀၀၀ ကို စက်မှုလယ်ယာစနစ်ကျ လယ်မြေများအဖြစ်ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
ပြည်ထောင်စုနေ့စဉ်သတင်း

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ