Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Tuesday, December 30, 2014
ဆရာဝန်တစ်ဦးနေအိမ်ဆေးခန်းအတွင်း အသတ်ခံရမှု သာကေတမြို့နယ် ၂/ မြောက်ရပ်ကွက်၌ဖြစ်ပွား
အသတ်ခံရသည့် ဆရာဝန်အလောင်းအား သက်ဆိုင်ရာက လာရောက်သယ်ယူနေစဉ်
သာကေတမြို့နယ် ၂/မြောက်ရပ်ကွက်၌ နေအိမ်တွင်ဆေးခန်းဖွင့်ထားသည့် အသက် ၅ဝ ကျော်အရွယ် ဆရာဝန်တစ်ဦးမှာ နေအိမ်ဆေးခန်းအတွင်း၌ အသတ်ခံရမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီတွင် သာကေတမြို့နယ် ၂/မြောက်ရပ်ကွက် ဇင်္ဂမလမ်း အိမ်အမှတ် ၇၄ (ခ) ၌ ဆေးခန်းဖွင့်ထားသည့် ဒေါက်တာဦးကြည်ဝင်း (၅၇) နှစ်၏ နေအိမ်သို့ အမျိုးသားတစ်ဦးက ကျန်းမာရေးကိစ္စအတွက် လာရောက်ပင့်ဆောင်စဉ် နေအိမ်အတွင်းမှ ဆရာဝန်၏ ပြန်လည်ဖြေကြားခြင်းမရှိသည့်အပြင်ဖုန်းပိတ်ထားခြင်း၊ နေအိမ်ဆေးခန်းတံခါးပွင့်ခြင်းတို့အား
တွေ့ရသဖြင့်ဝင်ကြည့်ရာ ဆရာဝန်မှာ သေဆုံးနေသည်ကိုတွေ့ရသဖြင့် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိလူများက ဆိုသည်။
ယင်းနောက် ရပ်ကွက်တာဝန်ရှိသူများ နှင့် ရပ်မိရပ်ဖများက နေအိမ်ဆေးခန်းအတွင်း ဝင်ရောက်ကြည့်ရှုစဉ် အိပ်ခန်းအတွင်း ဒေါက်တာဦးကြည်ဝင်းအား မျက်နှာ၌ ဒဏ်ရာများနှင့်အတူ သေဆုံးနေသည်
ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
“မနက် ၆ နာရီလောက်မှာ သူလမ်းလျှောက်ပြီး ပြန်လာတာကို တွေ့လိုက်သေးတယ်။ သူသေတာကို ၁ဝ နာရီခွဲခန့်မှာ သတင်းရလို့ ရပ်ကွက်လူကြီးတွေနဲ့အတူ မနက် ၁၁ နာရီလောက်မှာ နေအိမ်ထဲကို ဝင်ကြည့်တယ်။ ဝင်ကြည့်တော့ သူ့အိမ်ခန်းအတွင်းမှာ ဝတ်လစ်စလစ် ပက်လက်အနေအထားနဲ့ မျက်နှာမှာ ဒဏ်ရာတွေနဲ့အတူ သေဆုံးနေတာကို တွေ့ရတယ်။ အနီးအနားမှာတော့ သွေးစွန်းနေတဲ့ မီးပူတစ်လုံးအပြင် မီးခံသေတ္တာကလည်း ပွင့်နေတယ်။ သွေးတွေက လတ်လတ်ဆတ်ဆတ်ရှိနေသေးတဲ့အပြင် ထမင်းပေါင်းအိုးကမီးပွင့်ပြီး နွှေးထားတဲ့ပုံစံတွေ့ရတဲ့အတွက် အခင်းဖြစ်သွားတာ သိပ်မကြာသေးဘူးလို့ ယူဆရတယ်” ဟု သေဆုံးသူ ဆရာဝန်နေအိမ်နှင့် မျက်နှာချင်းဆိုင်ရှိ နေအိမ်တွင်နေထိုင်သူ အထက်တန်းကျောင်းအုပ် ဦးစိုးအောင်က ဆိုသည်။
ဆက်လက်၍ ၎င်းထံတွင် လာရောက်ဆေးကုသလေ့ရှိသည့် ယင်းအနီးပတ်ဝန်းကျင်နေ အမျိုးသားတစ်ဦးက “ဆရာက သဘောအရမ်းကောင်းတာ။ ဒီမှာဆေးခန်းဖွင့်ထားတာက နှစ်ပေါင်း ၃ဝ လောက်ရှိပြီ။ ပြီးတော့ လူပျိုကြီး၊ တစ်ယောက်တည်းနေတာ ကြာလှပြီ။ သံဃာတော်တွေနဲ့ မရှိဆင်းရဲသားတွေဆိုရင် ပိုက်ဆံမယူဘဲ အခမဲ့ကုပေးတယ်။ ကျွန်တော်တို့ဆို နေမကောင်းဖြစ်ရင် ငယ်ငယ်လေးကတည်းက အဲဒီဆေးခန်းမှာ ပြတာ။ အထွေထွေရောဂါကုဖြစ်ပေမယ့် ကာလသားရောဂါကိုကုတဲ့နေရာမှာ အရမ်းတော်တဲ့အတွက် လူငယ်တစ်ဦး တစ်ခုခုဖြစ်ရင် အဲဒီဆေးခန်းကိုပဲ လာကုကြတာ။ ရပ်ကွက်ရဲ့ မိသားစုဆရာဝန်လို့ ပြောလို့ရတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းမှာ ဆယ်ကျော်သက် လူငယ်ယောက်ျားလေးများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိသူတစ်ဦးဖြစ်ပြီး ၎င်းနေအိမ်သို့ လူငယ်တချို့မှာ တစ်ခါတစ်ရံ ညဥ့်အိပ်ညဥ့်နေ ဝင်ထွက်နေထိုင်ခြင်းများ မြင်တွေ့ရကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးက “ သေဆုံးသွားတဲ့ ဆရာဝန်မှာ မျက်နှာနဲ့ ဦးခေါင်းအနောက်ဘက်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ မီးခံသေတ္တာထဲက ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ ဘဏ်စာအုပ်ပါသွားတယ်။ ပိတ်ထားတဲ့ ဝ၉၅ဝ နဲ့စတဲ့ ဖုန်းတစ်လုံးလည်း ပါသွားတယ်။ သူ့အိမ်ကို ဝင်ထွက်နေတဲ့ အမျိုးသားတွေနဲ့ ဆက်စပ်တယ်လို့ ယူဆထားတယ်” ဟု ပြောကြားသည်။
အဆိုပါ ဆရာဝန်အလောင်းအား ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် CID မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့သည်။
ယင်းသို့စစ်ဆေးရာ အလောင်း၌အပေါ် နှုတ်ခမ်းဖူးရောင်၊ ဝဲမျက်လုံးအပေါ်အောက် ပေါက်ပြဲဒဏ်ရာများ၊ ညာပါးပေါက်ပြဲဒဏ်ရာ၊ နဖူး ဖူးရောင်ဒဏ်ရာ၊ ဝဲနားရွက် ပေါက်ပြဲဒဏ်ရာများနှင့်အတူ သေဆုံးနေကြောင်း၊ အလောင်း၏အနီးတွင် သွေးစွန်းနေသည့် မီးပူတစ်လုံးနှင့် ပွင့်နေသည့် မီးခံသေတ္တာကို တွေ့ရှိခဲ့ရကြောင်း သာကေတမြို့မရဲစခန်း က ရဲအုပ်မျိုးသက်ထွန်းက ပြောကြားသည်။
သက်ဆိုင်ရာက ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
ELEVEN
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment