Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Monday, December 8, 2014
နော်ဝေးဘုရင် ခရီးစဉ်တွင် ကျူးကျော်တဲများ ရှင်းလင်းခဲ့ခြင်းမှာ မြို့နှင့် နိုင်ငံ့ဂုဏ်သိက္ခာအတွက်ဟု တာဝန်ရှိသူတစ်ဦး ပြော
မန္တလေးမြို့သို့ နော်ဝေး ဘုရင်မလာရောက်မီ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေး မြို့တော်စည်ပင်သာယာ ရေးကော်မတီတို့က ကမ်းနားတစ် လျှောက်ရှိ ရာချီသောကျူးကျော် တဲများကို ဖယ်ရှားခဲ့သည်။
မန္တလေးမြို့ ကမ်းနားလမ်းရှိ ကျူးကျော်တဲများကို နော်ဝေး ဘုရင် မလာရောက်မီ ရှင်းလင်းခဲ့ ခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော် မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ‘‘တို့ရဲ့ ပုံမှန်လုပ်သင့်လုပ်ထိုက်တာ လုပ် တာပါပဲ။ ဘာမှတော့ပြောစရာ မရှိပါဘူး။ တို့လုပ်သင့်လုပ်ထိုက် တာတို့လုပ်တယ်။ မန္တလေး ဂုဏ် သိက္ခာ၊ မြန်မာနိုင်ငံဂုဏ်သိက္ခာ အတွက်လုပ်တာ။ ဒါပဲပြောစရာ ရှိတယ်။ ကျန်တာတော့ ပြောစရာမရှိပါဘူး’’ဟု ပြန်လည်ဖြေကြားခဲ့သည်။
မန္တလေးမြို့တော် စည်ပင် သည် ဒီဇင်ဘာ ၁ ရက်မှစတင် ကာ ဂေါဝိန်ဆိပ်ကမ်းတွင်နေထိုင် သည့်ရာချီသော ကျူးကျော်တဲ များကို ဘူဒိုဇာဖြင့်ထိုးကာ ဖျက် ဆီးခဲ့ပြီး ဆိပ်ကမ်း ကုန်တင်ကုန် ချလုပ်သားများကိုလည်း ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် အလုပ် မဆင်းရန် တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ‘‘ကျွန်တော်တို့ သတင်းတွေတော့ တက်လာတာတွေ့ပါတယ်။ သံတမန်ဌာနကို အခုထိတော့ နော်ဝေးဘက်က Complain တက်လာတာမရှိသေးပါဘူး။ နောက်ပြီးတော့ ဒီလူတွေဖယ်ရှားခံရတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အစိုးရဘက်ကလည်း စိစစ်အတည်ပြုစရာ ဥပဒေနဲ့ ညီ၊ မညီ အတည်ပြုစရာတွေရှိနေပါတယ်။ အခုလည်း ဘုရင်ရဲ့ ခရီးစဉ်က မပြီးဆုံးသေးတော့ ဘုရင်ခရီးစဉ်နဲ့ အတူလိုက်ပါသွားတဲ့ ကျွန်တော်တို့ဌာနက ပုဂ္ဂိုလ်တွေလည်း ဘာမှတော့ ဆက်သွယ် ပြောကြားလာတာမရှိသေးပါဘူး’’ဟု ပြောကြားသည်။
ဧရာဝတီမြစ်ဆိပ် ဂေါဝိန် ဆိပ်ကမ်းတွင် ကျူးကျော်တဲထိုး နေထိုင်သူ အများစုမှာ ကုန်တင် ကုန်ချလုပ်သားဖြစ်ကြပြီး နော်ဝေး ဘုရင်လာရောက်ချိန်တွင် နေအိမ် များဖျက်ဆီးခံရမှုနှင့် ကုန်တင် ကုန်ချလုပ်ငန်းများနှစ်ရက်ခန့်ရပ် နားထားရမှုကြောင့် စားဝတ်နေ ရေးနှင့် နေထိုင်ရေးများ အခက် တွေ့နေရသည်ဟုဆိုသည်။
‘‘ကုန်တင်ကုန်ချအလုပ်က တော့ မနက်ဖြန်လုပ်ရမယ်ပြော တာပဲ။ အခုတော့ ဒီသစ်ပင်ရိပ် လေးအောက်အိပ်ရတော့ ကလေးတွေရော၊ လူကြီးတွေရော ကျန်း မာရေးမကောင်းဘူး။ ရာသီဥတု ကအေးတော့ နေထိုင်မကောင်း ဘူး။ ပုံမှန်အလုပ်လေးပြန်လုပ်ရမှ အဆင်ပြေမှာ’’ဟု ကျူးကျော်တဲ ဖျက်ဆီးခံရပြီး ကမ်းနားရှိ ကား လမ်းဘေးတွင် မိသားစုနှင့် အတူ နေထိုင်နေရသည့် အသက် (၄၀) အရွယ် ကုန်တင်ကုန်ချလုပ်သား တစ်ဦးကပြောသည်။
ဖျက်ဆီးခံရသည့် ကျူး ကျော်တဲများတွင် နေထိုင်သူများ မှာ တစ်ရပ်တစ်ကျေးမှာ လာ ရောက်ကြသူများဖြစ်သည်။ ၎င်း တို့က ဆိပ်ကမ်းတွင် ကျူးကျော် တဲထိုးနေထိုင်သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်နေပြီဖြစ်ပြီး သား သမီးများကိုလည်း အနီးအနား တွင် ကျောင်းအပ်နှံထားကြသည် ဟုဆိုသည်။
‘‘အဘွားတို့က ဒီမှာနေလာ တာ နှစ်တွေကြာပြီ။ အခုဖျက်ဆို တော့ ဖျက်လိုက်ရတယ်။ သူတို့ ပြန်သွားရင်တော့ ပြန်နေခွင့်ပြု မယ်ပြောတာပဲ။ အခုတော့ဖြစ် သလိုပဲ လမ်းဘေးကပ်ရက်နေရ တာပေါ့’’ဟု ဆိပ်ကမ်းတွင် နှစ် ပေါင်းလေးဆယ်ခန့်နေထိုင်လာ သည့် အသက် (၆၀) အရွယ် ဒေါ် ကောင်းကြည် ကပြောသည်။
ဒေါ်ကောင်းကြည်မှာ သား သမီး ကိုးဦးရှိသည့် သမီးမိသားစု နှင့် အတူနေထိုင်နေခြင်း ဖြစ် သည်။ ကျူးကျော်တဲများဖျက်ဆီး မှုကြောင့် အိမ်ဈေးလေးအဖြစ် ဖွင့်လှစ်ထားသူများလည်း အခက် တွေ့ခဲ့ရပြီး မန္တလေး စည်ပင်မှ ကျူးကျော်တဲများ ဖျက်ဆီးမှု အတွက် ဖျက်စရိတ်ပေးခြင်းမျိုး မရှိခဲ့ဟုဆိုသည်။ ကျူးကျော်တဲ ဖျက်ဆီးခံလိုက်ရသည့် မိသားစု ၂၀၀ ကျော်ရှိသည်ဟု ဆိပ်ကမ်း တွင် နေထိုင်သူများကပြောကြားသည်။
နော်ဝေးဘုရင်နှင့် မိဖုရား တို့သည် ပုဂံမြို့မှတစ်ဆင့်ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောဖြင့်လာရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး မန္တလေး တောင်၊ ရွှေနန်းတော်ကျောင်း၊ အတုမရှိ ကျောင်းတော်ကြီး၊ ကုသိုလ်တော်ဘုရားနှင့် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်တို့သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ ပြီး ညနေတွင်တံတားဦးအပြည် ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
7Day
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment