Wednesday, December 31, 2014

တရုတ်သံရုံးအနီး လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၍ ဦးဆောင်သူ သုံးဦးကို တရားစွဲဆို

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများ တရုတ်သံရုံးအနီး ဖယောင်းတိုင်းထွန်း၍ ဆန္ဒဖော်ထုတ်စဉ်၊ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
တရုတ်သံရုံးအနီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွင် လုံခြုံရေး တပ်ဖွဲ့နှင့် ဆန္ဒပြသူတို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဦးဆောင် သူ ခေါင်းဆောင် သုံးဦးကို ပုဒ်မ ခုနစ်ခုဖြင့် ရန်ကုန်အနောက်ပိုင်း ခရိုင် ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။
ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးတို့ကို ပုဒ်မ ၂၉၄ (ခ)၊  ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ရုန်းရင်းဆန်ခတ်မှုပုဒ်မ ၁၄၇၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆၊ ပုဒ်မ ၁၄၉၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၁၄ စသည့်ပုဒ်မတို့ဖြင့် တရားစွဲဆိုလိုက်ကြောင်း  ရဲတပ်ဖွဲ့မှ  သတင်းရရှိသည်။
  ထိုသုံးဦးကို ဒဂုံမြို့နယ် တရားရုံး၌ ဖမ်းဆီးတရားစွဲဆို လိုက်ခြင်းဖြစ်ပြီး ရမန်နှစ်ပတ် ယူ၍အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။
‘‘နေမျိုးဇင်ကို တောင်ဒဂုံမှာ ဖမ်းမိတယ်။ ကျန်နှစ်ဦးကိုတော့ နေအိမ်မှာ သွားဖမ်းတယ်။ မြို့ နယ်ခရိုင်ရဲတပ်ဖွဲ့တွေနဲ့ အခုတော့သုံးဦးပဲ  ရမန်ယူသေးတယ်။  နောက်အရေးယူဖို့ လူကျန်သေးရင် ထပ်ယူမှာပေါ့။ သူ တို့ကို  ငါတို့လည်း မလုပ်ချင်ပါဘူး။ ကိုယ့်နယ်မြေတွင်းမှာဖြစ်နေတော့ ဥပဒေအရလုပ်ရတာ။ လက်ပံတောင်းမှာဖြစ်တဲ့ကိစ္စလေ။ သူတို့က ဆန္ဒပြတာတင် မဟုတ်ဘဲ ရဲတပ်ဖွဲ့ဝင်ကို ဆဲဆိုတော့ ၀တ္တရားနှောင့်ယှက်သလိုဖြစ်တယ်’’ ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးဝင်းကြည်ကပြောသည်။

ဒီဇင်ဘာ ၂၉ ရက် ညနေက လက်ပံတောင်းတောင်စီမံကိန်းကန့်ကွက်သူများနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ တရုတ်သံရုံးအနီးတွင် ထိပ် တိုက်တွေ့ဆုံမှုများ  ဖြစ်ပွားခဲ့သည်။
  ‘‘ရမန် ၁၄ ရက်ယူထား တယ်။ ၁၃ ရက်နေ့ရုံးထုတ်မယ်လို့ သိရတယ်’’ဟု ဒေါ်နော်အုန်းလှ၏ အချုပ်ခန်းအနီး  ရောက်ရှိနေသူ ဒေါ်သန္တာကပြောသည်။
ဒီဇင်ဘာ ၂၉ ရက်ညက တရုတ်သံရုံးအနီးတွင်  လက်ပံ တောင်းတောင်စီမံကိန်းကန့်ကွက်သူများက စစ်အာဏာရှင်ပြုတ်ကျရေး၊ ဦးသိန်းစိန်အစိုးရဖြုတ်ချရေး၊ ပြည်သူ့ရဲမဟုတ် ၀မ်ပေါင်ရဲ၊ ၀မ်ပေါင် ၀မ်ပေါင်ဂဲဒေါက်၊ ဂဲဒေါက်၊ ဦးပိုင် ဦးပိုင် ဂဲဒေါက်စသည်ဖြင့် ကြွေးကြော် အော်ဟစ်ကာ တောင်းဆိုခဲ့ကြ သည်။  လုံခြုံရေးစည်း ချိုးဖောက်ရန် ကြိုးစားခဲ့သူများကို ရဲအရာရှိများက လူစုခွဲရန်နှင့် လုံခြုံရေးစည်းများ မချိုးဖောက်ရန် ပြောကြားခဲ့ပြီး နှစ်ဖက်အကြား အချေအတင် ဖြစ်ပွားခဲ့သည်။

7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ