ပဲခူး ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဖြင့်
အသက်မွေးဝမ်းကျောင်းပြုသော တောင်သူလယ်သမားများအတွက် မြေအမျိုးအစား၊ ပိုးမွှားရောဂါအမျိုးအစားနှင့်
မျိုးစေ့တို့ကို တိကျစွာဓာတ်ခွဲစမ်းသပ်နိုင်မည့် သုတေသနဓာတ်ခွဲခန်း တည်ဆောက်ပေးရန်
သာယာဝတီခရိုင် မင်းလှမြို့နယ် သာယာကုန်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာမှ တောင်သူ လယ်သမားကိုယ်စားလှယ်ဦးနန်းလွင်ဦးက
ယနေ့ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာလူထု တွေ့ဆုံပွဲတွင် တင်ပြတောင်းဆိုခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး
ဦးတင်စိုးက ပဲခူးတိုင်းဒေသကြီးအတွင်း သုတေသနဓာတ်ခွဲခန်းတည်ဆောက်ပေးရန် ၂၀၁၅ - ၂၀၁၆
ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန်လျာထားပြီးဖြစ်ကြောင်း၊ အဆိုပါဓာတ်ခွဲခန်းကို ပဲခူးတိုင်းဒေသကြီး
ပဲခူးမြို့ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တည်ဆောက်ရန်လျာထားပြီး
ဖြစ်ကြောင်း။
ယင်းကဲသို့ တည်ဆောက်ပေးခြင်းအားဖြင့်
သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများအတွက် အသုံးပြု သည့်ပိုးသတ်ဆေးများ၏
စိုက်ပျိုးထွက်ရှိလာမည့်သီးနှံများသည် အန္တရာယ်ဖြစ်စေနိုင်သောပိုးသတ်ဆေးဓာတ်ကြွင်းများနှင့်
နိုင်ငံခြားပို့ကုန်သီးနှံများအတွက် အရည်အသွေးမီမမီကိုပါ စမ်းသပ်နိုင်တော့မည်ဖြစ်ကြောင်း
ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ပြည်ထောင်စုနေ့စဉ်
No comments:
Post a Comment