အခွင့်အရေး လိုချင်သလား…? တာဝန်ကျေပွန်ဖို့အရင်စဉ်းစား…..
Human Right ခေါ်လူ့အခွင့်အရေး ဟူသည်ကို အချို့ကလိုလျှင် ထုတ်သုံး၊မလိုလျှင် ကွယ်ဝှက် ထားသော လက်နက်အဖြစ် သုံးစွဲတတ်၏။ ထို့ကြောင့် သတိမူသင့်လှသည်။
တကယ်တမ်းဆိုပါမူ လူ့အခွင့်အရေးဟူသည် လူတစ်ဦးတစ်ယောက်ချင်းစီ၏ မွေးရာပါ အခွင့် အရေးဖြစ် ၏။လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုနှင့် အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုတို့အပေါ် အခြေခံသည်။ သို့သော် လူ့အခွင့်အရေး၏ အထက်တွင် Community’s Right ခေါ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အခွင့် အရေး၊ ၄င်းအထက်တွင် Nation’s Right ခေါ် အမျိုးသားရေးဆိုင်ရာ (နိုင်ငံနှင့်ဆိုင်ရာ) အခွင့်အရေးတို့ ရှိကြောင်းကို ပြည်သူအားလုံးမသိကြပေ။ သိအောင်လည်း ထောက်ပြသင့်ပါလျက် သူတို့က ဖုံးကွယ်ထား တတ်ကြ သည်။
ပြည်သူတစ်ယောက်အနေဖြင့် မည်သည့်အခွင့်အရေးကို ဦးစားပေးရပါမည်နည်း။ ကိုယ်တစ်ဦးချင်း အခွင့်အရေးရရန်အတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို အထိအခိုက် အပွန်းအပဲ့ခံရပါမည် လော …? ထို ထက်ပိုကာနိုင်ငံနှင့်အမျိုးသားတစ်ရပ်လုံး အန္တရာယ်ကျရောက်စေမည်လော…?? ဘယ်သူသေသေ ငတေ မာရင်ပြီးရောဟူသည့် တစ်ကိုယ်ကောင်းစိတ်ထားဖြင့် လူ့အခွင့်အရေးကို ဗန်းပြကာ အတ္တကို ဖက်တွယ် ထားမည်လော..?
နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများသည် ပြည်သူ (သို့မဟုတ်) နိုင်ငံသားများဖြစ်သည်။
ြ ပည်သူနှင့်နိုင်ငံသားမှာ အဓိပ္ပါယ်တူသယောင်ယောင်နှင့်အနက်မှာခြားနားသည်။ နိုင်ငံတကာက လက်ခံ ကျင့်သုံးနေသော အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ-
ပြည်သူ-People= All Persons who live in a particular place or belong to a particular country . (နေရာတစ်ခု၊ နိုင်ငံတစ်ခုတွင် နေထိုင်သူအားလုံး)
နိုင်ငံသား-Citizen= A Person who has legal right to belong to a particular country. (နိုင်ငံရေးအခွင့်အရေးရယူထားသူ)-ဟု သတ်မှတ်သည်။
အထက်ပါဖွင့်ဆိုချက်များအရ ပြည်သူသည် လူမှုရေးရပိုင်ခွင့် (Social Rihgt )သာ ရနိုင်ပြီး နိုင်ငံသား မှာ လူမှုရေး ရပိုင်ခွင့်အပြင် နိုင်ငံရေးရပိုင်ခွင့် (Political Right)ကိုပါရနိုင်ပေသည်။ ထို့ကြောင့်လည်း နိုင်ငံ တကာ တွင် ပြည်သူနှင့်နိုင်ငံသားသတ်မှတ်မှုကို တင်းကြပ်စွာ စည်းခြားထားလေ့ ရှိသည်။ မြန်မာနိုင်ငံ ၏အခြေခံဥပဒေတွင်မူ မလျော့လွန်းမတင်းလွန်းသော စည်းနှောင်မှုဖြင့် ကန့်သတ်ထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၄၅တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးက မွေး ဖွားသူ ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူကို နိုင်ငံ သားများအဖြစ်သတ်မှတ်သည်။
နိုင်ငံသားဖြစ်လာလျှင် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များကိုလည်း လိုက်နာရန်လိုအပ်ပါသည်။ အထူးသဖြင့်ပုဒ်မ-၃၈၃ အရ ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိလာပါသည်။ ထို့ အပြင်
ပုဒ်မ-၃၈၅အရ -နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာ ကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်။
ပုဒ်မ-၃၈၆အရ ဥပဒေပြဌာန်းချက်နှင့်အညီစစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိလာပြန်ပါသည်။
ပုဒ်မ-၃၈၇အရ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုး အချင်းချင်းစည်းလုံးညီညွတ် ရေးနှ င့် ပြည်သူတစ်ရပ်လုံးအေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရပေ ဦးမည်။
ပုဒ်မ-၃၈၈ အရ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းရေးသည်လည်း နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်၍ ဦးလည်မသုန်ထမ်းရွက်ကြရန်လိုပြန်ပါသည်။
ဆိုလိုသည်မှာ နိုင်ငံသားတစ်ဦးသည် သာမန်ပြည်သူထက် နိုင်ငံရေးရပိုင်ခွင့်များရရှိသည့် နည်းတူ နိုင်ငံရေး တာဝန်များလည်း ရှိပြန်ပေရာ…
နိုင်ငံရေးတာဝန်ရှိသူသည် နိုင်ငံသားတစ်ဦးအနေဖြင့် ဖော်ပြပါတာဝန်များကို ထိခိုက်ပွန်းပဲ့စေမည့် ကာယကံမှု၊၀စီကံမှုတို့ကို ကျူးလွန်ခွင့်မရှိချေ။နိုင်ငံသားတစ်ဦး၏ တာဝန်ကိုဖောက်ဖျက်မိသည်နှင့် နိုင်ငံ သား အရည်အချင်းပျက်ယွင်းသွားတော့သည်ကို သတိစွဲသင့်လှသည်။
ထို့ကြောင့်…အခွင့်အရေး လိုချင်သလား…? တာဝန်ကျေဖို့ အရင်စဉ်းစား…
ကျော်ကျော်(ပညာရေး)
ထို့ကြောင့်…အခွင့်အရေး လိုချင်သလား…? တာဝန်ကျေဖို့ အရင်စဉ်းစား…
ကျော်ကျော်(ပညာရေး)
No comments:
Post a Comment