Thursday, January 16, 2014

လူငယ်နှင့်သူတို့ရဲ့အနာဂတ်

                  လူငယ်နှင့်သူတို့ရဲ့အနာဂတ် 






   

    
        လူဆိုတာမှားတတ်တဲ့သတ္တ၀ါမျိုးပါ။ မှားတတ်သည်ဆိုတိုင်းလည်း ခဏခဏမှား နေဖို့မဟုတ်သက့ဲ သို့  မှားနိုင်သည်ဆိုတိုင်းလည်း  အမှားအတွက်ခွင့်လွှတ်ဖို့ဆင်ခြေ မဟုတ်ပြန်ပါ။   အမှားဆိုသည်မှာ အသက် အရွယ် အလုပ်အကိုင် ရာထူးအဆင့်အတန်း  တာဝန်နဲ့ အတွေ့ အကြုံတွေ  ပေါ်မှာမူတည် ကာ  ဖြစ်သင့် တဲ့ အမှား  အများကခွင့်လွှတ်နိုင်တဲ့ အမှားမျိုးလောက်ဆို  မထောင်းသာသော်လည်း ကိုယ့်အမှားတစ်ခု အတွက် အများက ပေးဆပ်ရတာ မျိုးဆိုရင်တော့ မကောင်းပြန်ပါ။
       သစ်ပင်တစ်ပင်ကြီးထွား သန်ရှင်သန်စေရန်မှာ ရေကောင်း ၊မြေကောင်း၊ မျိုးစေ့ကောင်းများ လို သည်ဖြစ် ရာ ရေမြေမည်မျှ ကောင်းစေကာမူ မျိုးစေ့မမှန်က အပင်သန်မည်မဟုတ်ပါ။  မျိုးစေ့က ပိုးထိုးနေ လျှင်သော်လည်း မည်သို့မျှအပင်ပေါက်လာစရာမရှိပါ။ ထို့အတူပင် မျိုးဆက်သစ် လူငယ်များ အနေနှင့် မိဘဆွေမျိုးသားချင်း ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်းရရှိဖို့လိုအပ်လှပါသည်။  ကိုယ့် ပတ်ဝန်းကျင် က ကောင်းပါသော် လည်း  ကိုယ်တိုင်က ပိုးထိုးနေသည့်  မျိုးစေ့မျိုးဖြစ်နေမည်ဆိုပါက  မည်သို့မျှ မကောင်းနိုင်ပါ။  အနာဂတ်အတွက် ထွန်းလင်းတောက်ပမည့်ကြယ်ပွင့်တစ်ပွင့်မဖြစ်နိုင်ပါ။ ထို့ကြောင့်ြ မတ် စွာ ဘုရားက  အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာကိုးကွယ်ရာဟု  မိန့်ကြား တော်မူခဲ့ပါသည်။       တစ်ချို့လူငယ်လေးများသည် တော်ကြပါသည်။  စွန့်လွှတ်စွန့်စားလိုစိတ်ရှိသည်။  အသိပညာဗဟု သုတ ကြွယ်ဝသင့်သလောက်ကြွယ်ဝပါသည်။  သို့သော် လက်တည့်စမ်းချင်သည့် စိတ်ကလည်းရှိပြန်ပါသေး သည်။ ကိုယ့်ကိုယ်ကိုယ်ဖျက်သံချေးတက်ဆိုသကဲ့သို့ မိမိ၏ဘ၀တိုးတက် ရာတိုးတက်မည့် လမ်းကြောင်း မှ သွေဖည်သွား တတ်ကြပါသည်။
       စိတ်ဓာတ်ပျော့ညံ့သောသူများသည်  အမှားကို အောက်သို့ ဆင်းသော လှေကားထစ်အဖြစ် အသုံး ချကြ၏။ စိတ်ဓာတ်ခိုင်မာသောသူများသည် အမှားကို အထက်သို့ တက်သောလှေကားထစ်အဖြစ် အသုံး ချကြသည် ။လောကဓံလှိုင်းသည်  မြင့်ချည်တစ်ခါနိမ့်ချည်တစ်လှည့်ဖြစ်သည်။  မည်သည့်အခါမှ အနိမ့်တွင် မရှိသလို မည်သည့်အခါမှလည်း အမြင့်တွင်မရှိတတ်ကြကြောင်း  သိရှိထားဖို့လိုပါသည်။  တစ်ချို့ လူငယ် လေးများသည် (လူတိုင်းကိုမဆိုလိုပါ) စိတ်မလိုမကျမှု မွန်းကြပ်မှုများကို စိတ်ထွက်တစ်ခုအနေဖြင့် မူးယစ်ဆေးများကို သုံးစွဲတတ်ကြသည်။
       လူငယ်ဆိုတဲ့ သဘာဝဟာ သူများလုပ်တဲ့အရာ ဆန်းဆန်းပြားပြားဆိုရင် လိုက်ပြီး စမ်းသပ်ချင်ကြ သည့်အတွက် တစ်ချို့ လူငယ်လေးတွေဟာ သူတို့ဘ၀လေးတွေ ပျက်သွားခဲ့ရတာတွေ ကိုယ့်ပတ်ဝန်း ကျင်မှာ ကြုံတွေ့ခဲ့ကြရမှာပါ။  တစ်ချို့လူငယ်လေးများသည်  ရာမ  ရာဘ  ဆေးခြောက်  စသည်ဖြင့် မူးယစ်ဆေး ၀ါးကိုသုံးစွဲကြသည်။  တစ်ချို့ဆိုကော်ရှူကြသည်ကိုတွေ့ရသည်။ ထို့အပြင် ထရမဒေါ (Tramadol) ဆိုတာကိုလည်းအသုံးပြုကြသေးသည်။ ထရမဒေါ (Tramadol) မူးယစ်ဆေး အပျော့စားလေး ပါ။  မူးယစ်အနွယ်ဝင်ဆေးတွေရဲ့ ထုံးစံအတိုင်း ဇိမ်ရှိတာ၊ မအိပ်ချင်တာ၊  အလုပ်လုပ်လို့ကောင်းတာ စတာတွေကြောင့် သုံးနေကြသည်ကိုတွေ့နေရပါသည်။ သုံးစွဲသူကလည်း သုံးစွဲ ဖြန့်ဖြူးသူကလည်းဖြန့့် ဖြူးနေသည့်အတွက် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများက သံသရာကလည်နေရခြင်းဖြစ်ပါသည်။                 ထိုမူးယစ်ဆေး များကို လွယ်လွယ်ကူကူနှင့်ရနေသည်မှာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ ၀ိသမလောဘသားတွေကြောင့် ဖြစ်ကာ ဒီလိုလူမျိုးတွေရှိနေတဲ့အတွက်လည်း လူငယ်တွေပိုပြီး လမ်းမှားရောက်နေ ရခြင်းဖြစ်ပါသည်။ အတ္တကိုရှေ့တန်းတင်ပြီး စီးပွားရှာနေသည့် တစ်ဘို့တည်းသမား များကြောင့်လည်း လူငယ်များ လမ်းမှားရောက်ဖို့တွန်းအားပေးသကဲ့သို့ဖြစ်နေရပါသည်။ တကယ်ဆို ကိုယ့်သားအရွယ်၊ ကိုယ့်တူအရွယ်၊ ကိုယ့်ညီအရွယ်လေးတွေကို တားမြစ်ဖို့တော့မစဉ်းစား၊ ကိုယ်ပိုက်ဆံ ရရင်ပြီးရောဆိုတာမျိုးတာဝန်ယူတတ်တဲ့စိတ်မရှိဘဲ ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်တတ်ကြပါသည်။
      လူငယ်တွေဘက်ကလည်း ဘာမပာုတ်တာလေးတွေနဲ့ ကိုယ့်ဘ၀ကိုအနစ်မွန်းမခံပါနဲ့။ စဉ်းစားကြည့် ပါ လူငယ်ဆိုတဲ့ဘ၀ပာာ တက်လမ်းတွေနဲ့ အညွန့်တလူလူ တက်နေတာပါ။   အဲလိုအချိန်မှာ မူးယစ်ဆေး ကြောင့်  အနစ်မွန်းခံမယ်ဆိုရင် ဘ၀တစ်သက်တာလုံး သူများတံတွေးခွက်ထဲမှာပဲ နေသွား ရ မှာဖြစ်ပြီး သူများအခိုင်းအစေခံဘ၀နဲ့ ရေစုန်မျောသွားရပါလိမ့်မည်။ ကိုယ့်ဘ၀ကို နှမြောရင် ကိုယ့်ကို ကိုယ် ချစ်ရင် မူးယစ်အနွယ်ဝင်တွေကို တတ်နိုင်သမျှသာရှောင်ရှားပေးကြစေချင်ပါသည်။      လူဆိုတာမှား တတ် သည်ဆိုပေမယ့်  မိမိအမှားကြောင့်  မိမိရော မိမိပတ်ဝန်းကျင်မှာ  ထိခိုက်နစ်နာရ မည်ဆိုလျှင် မကောင်းပြန်ပါ ။လူ့ဘ၀၏သက်တမ်းသည် သံသရာကြီးနှင့်ယှဉ်လိုက်လျှင် ရေပွက်ပမာ တစ်ခဏသာဖြစ်ပါ သည်။  ထိုတစ်ခဏလေးအတွင်းမှာ မိမိအကျိုး သူတစ်ပါးအကျိုး  မိမိပတ်ဝန်းကျင် အကျိုးကို အတတ်နိုင် ဆုံး ဆောင်ရွက်သင့်ပါသည်။
       လူငယ်များသည် ပညာသင်ချိန်မှာ ပညာကိုသာကြိုးစားသင်ယူသင့်သည်။ လူငယ်တို့၏ဘ၀အညွန့် တုံးစေမည့်  မူးယစ်ဆေးဝါးများကိုရှောင်ရှားသင့်သည်။  အတ္တကိုရှေ့တန်းတင်ကာ စီးပွားရှာနေသည့် ၀ိသမ လောဘသားများရှိနေသည်ဖြစ်ရာ မူးယစ်ဆေးကိုရောင်းဝယ်ဖောက်ကား သယ်ဆောင်ဖြန့်ဖြူးနေကြ ဦးမှာအမှန်ပါ။ ထို့ကြောင့် လိုသလိုဝယ်ယူနိုင်မှာဖြစ်သည့်အတွက် မသုံးစွဲမိအောင် မိမိကသာ ရှောင်ကြဉ်ရ မှာဖြစ်ပါ သည်။
      လူငယ်တိုင်းမှာအနာဂတ်ရှိသည်။ မနက်ဖန်ပေါင်းများစွာသော နေ့သစ်များကကြိုဆိုနေကြပြီ။ ကိုယ့် ဘ၀ အတွက် အကောင်းဆုံးနေ့ သစ်ကို ဖန်တီးမလား။  ဖျက်ဆီးမည်လားဆိုသည်မှာက မိမိရွေးချယ်မှု အပေါ် မှာ သာ မူတည်နေပါသည်။  လူငယ်တိုင်းသည် မနက်ဖြန်သော နေ့သစ်များကို အတောက်ပဆုံး အထွန်းလင်းဆုံးကြယ်လေးများဖြစ်နေမှသာ သူတို့တွေ၏  အနာဂတ်ဟာ သာယာလှပမည်ဖြစ် ပါသော ကြောင့် ထာဝရ ထွန်းလင်းတောက်ပပါစေဟု ဆုတောင်းမိပါသည်။
                                                                                                             ပြည်သူ့ပုံရိပ်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ