ဘက်
- သည်ဘက်ကကြည့်တော့ ခေါင်း
ဟိုဘက်ကကြည့်တော့ ပန်း
-သည်ဘက်ကကြည့်တော့ လက်ဖ၀ါး
ဟိုဘက်ကကြည့်တော့ လက်ဖမိုး
-သည်ဘက်ကကြည့်တော့ ဒီမိုကရေစီအရေး
ဟိုဘက်ကကြည့်တော့ ဆူပူလှုံ့ဆော်ရေး
-သည်ဘက်ကကြည့်တော့ လူ့အခွင့်အရေး
ဟိုဘက်ကကြည့်တော့ ဥပဒေချိုးဖောက်ရေး
-သည်ဘက်ကကြည့်တော သူရဲကောင်း
ဟိုဘက်ကကြည့်တော့ သစ္စာဖောက်
-ဟိုဘက် သည်ဘက်၊ကြည့်သည့်ဘက်ကြောင့်
မြင်လျက်ပုံလွှာ၊ ဆန့်ကျင်စွာနှင့်
စရိုက်ကွဲပြား၊ လွန်ခြားနားသည်
သင်ကား ကြည့်တတ်နိုင်ပါစေ။ ။
ရွှေတူးလေး
No comments:
Post a Comment