(၆၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု
(၆၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတမြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပြည်သူတို့ပူးပေါင်းဆောင်ရွက်သည့် ဟင်္သာတမြို့ ဦးဝိစာရလမ်း၊ ကွန်ကရိလမ်းသစ်ဖွင့်ပွဲအခမ်း အနားအား ယနေ့(၂.၁.၂၀၁၄)ရက်နေ့ နံနက်(၈)နာရီတွင် ပြုလုပ်ရာ လမ်းနှင့်ပတ်သက်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဌဦးတင်နိုင်လင်းမှရှင်းလင်းတင်ပြလျက် ပြည်သူများကိုယ်စား ဘုရားကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းမှ ကျေးဇူးတင်စကားပြောကြားပြီး၊ လမ်းပြီးမြောက်ခြင်းအထိမ်း အမှတ်အလံများပေးအပ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ၊ဟင်္သာတမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့်သတ္ထုဝန်ကြီး ဦးစိုးမြင့်အား လည်းကောင်း၊ အင်ဂျင်နီယာမှူး ဦးအောင်စိုးမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့်လမ်းဖြစ်မြောက်ရေးကော်မတီ နာယကဦးခင်မောင်သန်းတို့အားလည်းကောင်း အသီးသီးပေးအပ်ကြပြီး၊ မင်္ဂလာအချိန်တွင်ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေး၊မြို့ နယ်စည်ပင် သာယာ ရေးကော်မတီ ဥက္ကဌဦးတင်နိုင်လင်းနှင့် လမ်းဖြစ်မြောက်ရေးကော်မတီ နာယက ဦးခင်မောင်သန်း တို့ မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လမ်းတလျှောက်လိုက်လံစစ်ဆေးကြည့်ရှုပြီး အခမ်းအနားအား နံနက်(၈း၃၀) နာရီ တွင် ရုတ်သိမ်းလိုက်ကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးသိမ်းစိုးနှင့်ခရိုင်/မြို့နယ်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊မြို့နယ်အထောက်အကူပြု
ကော်မတီဝင်များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့်မြို့မိမြို့ဖများ၊ပြည်သူများ(၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
No comments:
Post a Comment