ကာရန်လွဲနေသော ကဗျာတစ်ပုဒ်
သားဖြစ်သူက အမေကို ရိုသေစွာဦးချကန်တော့လိုက်သည်။ အမေကဆုကောင်းဆုမြတ်များကို ရှည် လျား စွာချီး မြင့်သည်။ ပြီးသော်… …မင်းဆေးလိပ်တွေသိပ်သောက်တယ်ဆို၊ကွမ်းစားတာကလဲ ပါးစပ် တစ်ခုလုံး ရဲပတောင်းလိုက်နေပြီ ၊ဆေးလိပ်ကော ကွမ်းပါဖြတ် ကြားလား။ ဆေးလိပ်သောက်တယ်၊ ကွမ်းစား တယ်ကြားလို့ က တော့ သေပြီသာ မှတ်…
…ဟုတ်ကဲ့ပါ အမေ..
( အသက်ခြောက်ဆယ်နားကပ်နေပြီဖြစ်သော အရာရှိကြီးကို အသက်ရှစ်ဆယ်ကျော် အဖွားကြီးက ဆုံးမနေခြင်း ဖြစ်သည်။ စည်းကမ်းကောင်းမှု လုပ်ငန်းကျွမ်းကျင်မှု တာဝန်ကျေပွန်မှုကြောင့် ၀န်ထမ်းအားလုံး၏ ချစ်ကြောက်ရိုသေမှုကိုခံယူရသော အရာရှိကြီးသည် မိခင်၏ရှေ့ ၀ယ် ခြေသုပ်ပုဆိုးမြွေစွယ်ကျိုး၍ ပိဘိကလေးငယ်လေးတစ်ဦးမျှသာ) လူငယ်တစ်သိုက်ဂစ်တာတီး၍ တေးတကြော်ကြော် အော်ဟစ်နေကြသည်။ ထိုစဉ်လူကြီး တစ်ဦးရောက် လာသည်။
…လူလေးတို့..ညဥ့်နက်နေပြီလေ။ ကနေ့ညတော့ ဒီလောက်နဲ့တော်ရောပေါ့ကွာ။ ကိုယ့်အတွက် အများပြည်သူ အိပ်မပျက်စေနဲ့ ..ဟုတ်လား… …ဟုတ်ကဲ့ပါ..လေးလေး၊ကျွန်တော်တို့လဲပြန်ကြတော့မလို့ပါ… …အေး..အေး.. ကောင်းပါလေ့ကွယ်။အော်..ဒါထက် မင်းတို့တွေ မူးယစ်ဆေးကိုတော့ လုံးလုံးရှောင် ကြ နော်..
…ဟုတ်ကဲ့ပါ လေးလေး…
(သွေးမတော် သားမစပ်ငြားသော်လည်း ကြီးသူ၏ဆိုဆုံးမမှုကို လူငယ်လေးများက နားထောင်ကြသည်။) လူရွယ်လင်မယားခွန်းကြီးခွန်းငယ်ဟစ်ကာ ရန်ဖြစ်နေကြသည်။ အမြင်မတော်အကြားမတော်သောကြောင့် အိမ်နီးချင်းအဒေါ်ကြီးတစ်ဦးက၀င်ရောက်ဟန့်တားသည်။
…ဟဲ့..ကောင်လေး ကောင်မလေးတွေ မတော်ကြသေးဘူးလား။ဘယ့်နှယ် မကြားဝံ့မနာသာတော်၊ မိမ ဆုံးမ ဖမဆုံးမတွေကြနေတာပဲ။ ငါ တက်ရိုက်လိုက်ရ သေတော့မယ်…
(ရန်ဖြစ်နေသော လင်မယား၏အသံတိတ်သွား သည်။ကြီးသူကို ရိုသေ လေးစား တတ်သည့် မြန်မာတို့၏ ဓလေ့ စရိုက်သဘာဝပင်ဖြစ်သည်။)
အသက် နှစ်ဆယ်ခန့်သားဖြစ်သူကို ဖခင်ကဆုံးမနေသည်။ အကျိုးအကြောင်း အဆိုးအကောင်းကိုရေရေ လည်လည်ရှင်းပြသွန်သင်နေသော်လည်း သားကလက်မခံ။ ကြာသော် ဖခင်ကစိတ်တိုလာသည်။ဒေါသ အ လျောက် ရိုက်နှက်မည်ပြင်သောအခါ… …အဖေနော်၊ပါးစပ်ကပြောနေတာတောင်လွန်နေပြီ။ကျွန်တော်ကအရွယ်ရောက်နေပြီဗျ။ လူ့အခွင့်အရေးအ ရ ကျွန်တော့်ဘာသာ ကျွန်တော်လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်။ကျွန်တော့်ကိုရိုက်လို့ကတော့ ရဲစခန်း တိုင်လိုက် မှာပဲ…
(အနောက်နိုင်ငံများတွင်ကျင့်သုံးလျက်ရှိသည့် သားသမီးနှင့်မိဘဆက်ဆံရေးဖြစ်သည်။)
" တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်ကပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့ကလူကြီးဖြစ်ပြီ သူတို့ဘဝ ကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ ဘာမှ လည်း တာဝန်မရှိတော့ဘူး၊ အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ ဘာနိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊ အဲ့လိုဆိုင်အောင်လို့လုပ်ထားတာကိုက ဒီမိုကရေစီစံနှုန်းနဲ့ လည်း မညီဘူး၊ ဒါတမင်သက်သက် လုပ်ထားတာပေါ့နော်"(နိုင်ငံ့ခေါင်းဆောင်လုပ်ချင်နေသူတစ်ဦး၏စကားတစ်ခွန်း)
မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံနယ်ပယ်တွင် စဉ်လာမပျက်သုံးစွဲလျက် ရှိသော ပြုမူပြောဆိုကျင့်ကြံနေ ထိုင်မှုများသည် ကာရန်ပြေပြစ်သော ကဗျာကောင်းများဖြစ်ပေရာ ကာရန်လွဲနေသော ကဗျာများမရွတ် ဆိုမိကြပါမူ အဟောဝတ ကောင်းလေစွ…။
ဘကြီးဖြိုး
No comments:
Post a Comment