နျူးကလီးယား ကပ်ဘေး ဆိုက်ရောက်နိုင်ကြောင်း အမေရိကန် ကို မြောက်ကိုရီးယား ခေါင်းဆောင်က သတိပေးပြောဆို
စစ်ပွဲထပ်မံဖြစ်ပွားလာပါက ကိုရီးစယားကျွန်းဆွယ်တွင် နျူးကလီးယား ကပ်ဘေး ဆိုက်ရောက်
နိုင်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စု အနေဖြင့် လည်း လုံခြုံလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၄င်း၏နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အနည်းငယ်သော အခြေအနေဖြင့် ဖြစ်စေ အခက်အခဲအကြပ်အတည်းဖြင့် ရင်ဆိုင်လာရပါက စစ်ရေးအရ မတော်တဆဖြစ်မှုမှသည် စစ်ပွဲကြီးဆီသို့ ဦးတည်သွားစေနိုင်ကြောင်းလည်း ၄င်း၏နှစ်သစ်ကူး ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအတွက် တောင်းပန်တိုးလျှိုးနေမည် မဟုတ်ကြောင်းနှင့် မိမိနိုင်ငံ ကာကွယ်ရေး အတွက် နျူးကလီးယား လက်နက်ကို အသုံးပြုသွား မည် ဖြစ်ကြောင်းလည်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဦးလေးဖြစ်သူ Jang Song-Thaek အား ကွက်မျက်ခဲ့ခြင်းသည် ပြတ်သား သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်းနှင့် အသုံးမကျသူ တစ်ဦးဖြစ်ကြောင်း လည်း လူငယ်ခေါင်းဆောင် ကင်ဂျုံအန်း က ပြောဆိုခဲ့သည်။
အာဏာရ ပါတီအတွင်း ၄င်း၏အာဏာကို အခိုင်အမာ တည်ဆောက်ရန် ကြိုးစား နေခြင်းဖြစ်ကြောင်း စွပ်စွဲချက်များလည်း ထွက်ပေါ် လျက်ရှိသည်။ လွန်ခဲ့သည့်နှစ်တွင်လည်း ယင်းကဲ့သို့ အသုံးမကျ သူများကို ဖယ်ရှားသည့် သာဓက ရှိခဲ့ကြောင်း အဆိုပါ စွပ်စွဲပြောဆိုမှုများအပေါ် ရည်ညွန်းပြောဆို ခဲ့သည်။
No comments:
Post a Comment