Friday, January 3, 2014

န၀မအကြိမ် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်ရန် လွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးများ စတင်ကျင်းပ
 ဆောင်ရွက်လျှက်ရှိ


 နေပြည်တော်  ဇန်ဝါရီ ၂ 
ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ပြည်ထောင်စုလွှတ်တော်အသီးသီး၏ န၀မမြောက် ပုံမှန်အစည်းအဝေးများကို ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ၁၃ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ် ရာ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသော ဥပဒေကြမ်းကော်မတီများသည် လုပ်ငန်းများ စတင်ဆောင် ရွက်နေကြပြီ ဖြစ်သည်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအစည်းအဝေးများကို ၃၁.၁၂.၂၀၁၃ ရက်နေ့မှ စတင်ကျင်းပလျှက်ပြီး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအစည်း အဝေးများကိုမူ ၆.၁.၂၀၁၄ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအစည်းအဝေးကို ၇.၁.၂၀၁၄ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ် ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ၂.၁.၂၀၁၄ရက်နေ့  နေ့လည် ၁၂ နာရီ အချိန်တွင် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမတွင်ကျင်းပရာကော်မတီ ဒုတိယဥက္ကဌ ဦးဇော်မြင့်ဖေ၊ အတွင်းရေးမှူး ဦးစောလှထွန်း၊ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေး မှူး ဒေါက်တာမြတ်ဥာဏစိုးနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော အထူးစီးပွားရေးဇုန် ဥပဒေကြမ်း၊  ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် နိုင်ငံတော်သမ္မတက ပေးပို့လာသော သ၀ဏ်လွှာတို့ကို ကြို တင် လေ့လာစိစစ်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ