Thursday, January 2, 2014

ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံရန်ကုန်တိုင်းပါတီရုံး   ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

၂၀၁၄ခုနှစ်၊ဇန်၊(၂)ရက်၊နံနက် ၀၉၃၀ နာရီ မှ ၁၁ ၀၀နာရီအထိ၊ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့်ဆရာစံလမ်းထောင့်၊ခြံအမှတ်(၉၀)ရှိရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ဦးမောင်မောင်သိမ်း (ရန်ကုန်တိုင်းဒေသကြီးပါတီတာဝန်ခံ)ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးပါတီယာယီ အတွင်းရေးမှူး ဦးသာဝင်းနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များအား တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးပါတီရုံးအတွင်းရှိ ရုံးလုပ်ငန်းများ နှင့်ပါတီ ၀င်ကတ်ပြားများ ကွန်ပျူတာဖြင့် ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ၊ ရန်ကုန်တိုင်းဒေသ ကြီးပါတီရုံးတွင်ဖွင့်လှစ်ထားရှိသော ကွန်ပျူတာသင်တန်းများရှိ သင်တန်းသား/သူများ အားတွေ့ဆုံ၍ ရင်းနှီးစွာတွေ့ဆုံနုတ်ဆက်ပြီး သင်တန်းတွင် ကွန်ပျူတာ အသုံးပြုနိုင် မှုအခြေအနေများကို မးမြန်းခဲ့သည်။ ယင်းနောက် အထွေထွေအတွင်းရေးမှူးသည် ရုံးအတွင်းလိုက်လံကြည့်ရှု၍ ရုံးဥပဓိရုပ်ကောင်း မွန်ရေးး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။




No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ