ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ဆဲဥပဒေများနှင့်
ပြင်ဆင်၊ ပယ်ဖျက် အသစ်ရေးဆွဲသင့်သော ဥပဒေများဆိုင်ရာ
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပြည်ထောင်စုလွှတ်တော်တွင်
ဆောင်ရွက်ဆဲဥပဒေများနှင့် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲ သင့်သော
ဥပဒေများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းတည့်(၁၂)နာရီ တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊အင်းလျားလမ်း
အမှတ်(၅၉) ရှိ လွှတ်တော်ရုံးခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်
အမှာစကား ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော်
ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့်
အထူး ကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့်
အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ
ကော်မရှင်တို့မှ အဖွဲ့ဝင် များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့်
ပြည်သူ့လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမှာစကား ပြောကြား ရာတွင်
နှစ်သစ်တွင် ပထမဆုံးကျင်းပသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ လွှတ်တော်များက
တာဝန် ယူ ဆောင်ရွက်သည့် ဥပဒေပြုရေး ကိစ္စများနှင့် စပ်လျဉ်း ၍ တည်ဆဲ
ဥပဒေများထဲမှ ပြင်ဆင်၊ ပယ်ဖျက်ရန်လိုအပ် သည့် ကိစ္စရပ်များကို ပထမအကြိမ်
ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ပြီးပြတ်အောင် လုပ်ဆောင် ရမည်ဖြစ်
ကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက် တွင် လွှတ်တော်များ
စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ သက်တမ်းအားဖြင့် (၃)နှစ်နှင့်
(၂)လကျော် ခဲ့ပြီဖြစ်ကြောင်း၊ ယင်းသက်တမ်း ကာလအတွင်း ဥပဒေပေါင်း (၉၈)ခု
ပြဋ္ဌာန်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ပြည်သူ့ လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် တို့၌ ဥပဒေပေါင်း(၅၄)ခုကို ဆွေးနွေးဆဲ ဖြစ်ပါ
ကြောင်း။
လွှတ်တော်ကော်မတီ /ကော်မရှင်များနှင့် ညှိနှိုင်းပြီး
တည်ဆဲဥပဒေများ ပြင်ဆင်၊ အတည်ပြုရန် အတွက် အစိုးရအဖွဲ့သို့
ပေးပို့ထားသည့်ဥပဒေ(၁၃၄)ခု၊
ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့
ပေးပို့ထားသည့် ဥပဒေ(၂)ခု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့
ပေးပို့ထားသည့်ဥပဒေ(၁)ခု ရှိ ပါကြောင်း၊ သို့ဖြစ်၍ အကြမ်းအားဖြင့်
ဥပဒေပေါင်း (၂၀၀)ခန့် ပြင်ဆင်၊ ပြဋ္ဌာန်း အတည်ပြုပေးရန် ရှိ ပါကြောင်း၊ ၂၀၁၅
ခုနှစ်၊ နိုဝင်ဘာလ မတိုင်မီ ဆောင်ရွက်နိုင် မှသာ အဆင်ပြေမည်ဖြစ်ကြောင်း၊
လာမည့် ၂၀၁၄-၂၀၁၅ အောက်တိုဘာအထိဆိုလျင် (၁)နှစ်နှင့် (၆)လ
အချိန်ကြာမြင့်မည် ဖြစ်ကြောင်း၊ အဆိုပါ ကာလအတွင်း ဥပဒေပေါင်း(၂၀၀)ခန့်
အတည်ပြုပေး ရန်မှာ များပြား သောကိစ္စ ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်
သက်တမ်း(၅)နှစ်အတွင်း၌ ဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်ခြင်း မပြုနိုင်လျင်
တာဝန်ကျေမည် မဟုတ်ပါကြောင်း၊ ဥပဒေများ ပြင်ဆင်၊ ပယ်ဖျက်၊ ပြဋ္ဌာန်းနိုင်မှသာ
ခေတ်ပြောင်း စနစ်ပြောင်းနှင့် လိုက်လျောညီထွေ ဆောင် ရွက်နိုင် မှာ
ဖြစ်ပါကြောင်း။
ပြီးခဲ့သည့် လွှတ်တော် သက်တမ်းအတွင်း
ဥပဒေပေါင်း(၉၈)ခု ပြဋ္ဌာန်းနိုင်ခဲ့ခြင်း အတွက်အခြားနိုင်ငံ များ မှ
လွှတ်တော်များကပင် အသိ အမှတ်ပြုခြင်း ခံရပါကြောင်း၊ မိမိတို့ မည်မျှကြိုးပမ်း
စွမ်းဆောင်ခဲ့ သည်ကို မိမိတို့ အသိဆုံး ပင်ဖြစ်ကြောင်း၊
မိမိတို့ လွှတ်တော်များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများအရ
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် များ၌ စတင်ဆွေးနွေးကြပြီး
သဘောထားကွဲလွဲမှုရှိပါ က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့၍
ဆွေးနွေးရ သဖြင့် အချိန်များစွာ ယူရပါကြောင်း၊ မိမိတို့အနေဖြင့် Procedure
အရ မည်သည့် အချက်များ ပြင်ဆင်ရန် လိုအပ်မည်ကို ပြန်လည်သုံးသပ်ရန်
လိုပါကြောင်း၊ မိမိ တို့ ဆောင်ရွက်နေသောProcedureများသည်ဥပဒေပြုရေး ၌
နှောင့်နှေးမှုများ ဖြစ်နေပါက ပြင်ဆင်သွားရန်လိုအပ် မည် ဖြစ်ကြောင်း။ယနေ့ တက်ရောက် လာ ကြသူများ သည် ပညာရှင်များ၊
အတွေ့အကြံ ရှိသူများဖြစ်၍ အကြံ ဉာဏ် ကောင်းများ
ပေးနိုင်သူ များဖြစ် ပါကြောင်း၊ ယနေ့ အစည်းအဝေးမှ ပေါ်ထွက်လာမည့်
သုံးသပ်ချက်များအရ လက်တွေ့အကောင် အထည်ဖော် လုပ်ဆောင်ရမည်ဖြစ် ၍ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန်လိုပါကြောင်း ဖြင့် ပြော
ကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ရုံး
ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စိုးက ဆောင်ရွက်ဆဲ ဥပဒေဆိုင်ရာ
လုပ်ငန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက
ဦးနန္ဒကျော်စွာ နှင့် အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းတို့က
ဆောင်ရွက်ဆဲ ဥပဒေများနှင့် ပြင်ဆင်၊ ပယ်ဖျက် အသစ်ရေး ဆွဲခြင်းဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြ ကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဆွေ၊
ပြည်သူ့လွှတ်တော်ကော် မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်သန်းသန်းရီ၊ ဦးညီညီ၊
ဦးထင်ဇော်၊ ဦးဝင်းသိမ်း နှင့် ဦးသန်းမောင်တို့ က အသစ်ရေး ဆွဲမည့်
ဥပဒေများအနက် ဦးစားပေးသင့် သည့်ဥပဒေများကိုဦးစားပေးဆောင်ရွက်ရန်၊
ကော်မတီ/
ကော်မရှင်နှင့် လွှတ်တော်တို့၌ ဆွေးနွေးသည့်အခါ
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း
ဆောင်ရွက်ရန်၊ ဥပဒေပြုရေးနှင့် စပ်လျဉ်း၍ Procedure ပြင်သင့်၊ မပြင်သင့်
စဉ်းစားသုံးသပ်ရန်၊ လွှတ်တော်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့်
ရှေ့နေ ချုပ်ရုံးတို့ပူးပေါင်း၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ သည့်
ဥပဒေကြမ်းကို ထပ်မံ၍ မှတ်ချက် ပြုစရာ မလိုအောင် ပူးပေါင်းဆောင်ရွက်ရန်၊
ရှေ့နေချုပ်ရုံး၊ ဥပဒေများ ပြဋ္ဌာန်းရာတွင် မြန်ဆန်ပြီးမြောက်နိုင်ရေး အတွက်
ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သို့ အပြန်အလှန်သိရှိ
ဆောင်ရွက်နိုင်ရန်၊ အချိန်ကန့် သတ်ချက်အရ ဥပဒေများ ပြဋ္ဌာန်းရာ တွင်
မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ဦးစားပေးလုပ် ငန်း အစီအစဉ်များ ရေးဆွဲရန်၊အတည်ပြု ပြဋ္ဌာန်းပြီးသည့် ဥပဒေများကို ဖော်ပြရာ၌ စာမူများ
ကွဲလွဲမှုမရှိစေရေး စိစစ်ဆောင်ရွက်ရန်နှင့် အင်္ဂလိပ်ဘာသာ ဖြင့်
ပြန်ဆိုရန် ကိစ္စရပ်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။
ထို့အတူ အမျိုးသားလွှတ်တော်
ကော်မရှင် အဖွဲ့ဝင် များဖြစ်သော ဦးစိန်လှ၊ ဦးစန်းလွင်နှင့် ဦးကျော်စိန်တို့က
လွှတ်တော်တွင် ဆုံးဖြတ်ပြီးသော ဥပဒေများနှင့် ပတ် သက် ၍ သဘောထား
ကွဲလွဲမှုများသည် မဖြစ် သင့်သော ကိစ္စရပ်ဖြစ်၍ ဥပဒေများ ပြဋ္ဌာန်းရာတွင်
နည်းလမ်းများ ရှာဖွေလုပ်ဆောင်သွားရန်၊ လက်ရှိ ဥပဒေများတွင်
ရုပ်သိမ်းသင့်သည့် ဥပဒေများရှိပြီး မရှိသေးသော ဥပဒေများကိုအသစ်ရေးဆွဲ
ပြဋ္ဌာန်း ပေးရန်၊ ပြင်ဆင်ပြ
ဋ္ဌာန်းမည့် ဥပဒေ(၂၀၀)ခန့်ကို
သက်ဆိုင်ရာဝန်ကြီးဌာန များမှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန်
လို အပ်ကြောင်း၊ မြန်မာစာ ရေးထုံးများနှင့် ညီညွတ်စေ ရန်လည်း စိစစ်
ဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က
ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယနေ့
ဆွေးနွေးတင်ပြချက်များသည် ဥပဒေများ ပြင်ဆင်၊ ပယ်ဖျက်ရေး ဆောင်ရွက်ရာတွင်
များစွာအထောက်အကူပြုပါကြောင်း၊ လာမည့် (၁၈)လ ကာလအတွင်း၌ ပြဋ္ဌာန်းရမည့်
ဥပဒေများအပြီးပြဋ္ဌာန်းနိုင် ရန်ယနေ့ ဆွေးနွေးချက်များသည်အရေးပါပါကြောင်း၊
ကောင်းမွန်သော ဥပဒေများ ဖြစ်ပေါ်လာရေး အတွက် ကော်မရှင်၊ ကော်မတီများမှ
ပညာရှင်များနှင့် ရှေ့နေချုပ်ရုံးတို့မှ ပညာရှင်များက မှန်မှန်ကန်ကန်
အကြံဉာဏ်များ ပေးရန်လိုအပ်ပါကြောင်း၊ လွှတ်တော်က ဥပဒေများ ရေးဆွဲ
ပြဋ္ဌာန်းပြီးသည့်အခါ နိုင်ငံတော်သမ္မတက ဂုဏ်သိက္ခာရှိစွာ လက်မှတ် ရေးထိုး
နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်
လိုအပ်မည်ဖြစ်ကြောင်း၊ ဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်၊
အသစ်ပြဋ္ဌာန်းရန်ကိစ္စရပ်များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက မိမိတို့
လွှတ်တော် ကိုယ်စားလှယ် များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်လည်း
လိုအပ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းရေးကိစ္စသည် မိမိတို့ လွှတ်တော်တွင်သာ
အဓိကတာဝန်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်
လွှတ်တော်ကော်မတီများမှ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ
အကောင်းဆုံးဥပဒေများ ဖြစ်ပေါ် လာမည် ဖြစ်ပြီး လွှတ်တော်အစည်းအဝေး
ကျင်းပချိန်တွင် အချိန်ကုန် သက်သာမည်ဖြစ်ကြောင်း၊ ဥပဒေပြုရာတွင် တာထွက်
သည်မှ ပန်းဝင်သည်အထိ အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ
လွှတ်တော်၊ အစိုးရအဖွဲ့နှင့် နိုင်ငံတော်လည်း ဂုဏ်သိက္ခာ
ရှိမည်ဖြစ်ကြောင်း၊ ဥပဒေများ ပြဋ္ဌာန်းပြီးသော်လည်း လုပ်ထုံးလုပ်နည်းများ
ပေါ်ထွက်လာခြင်း မရှိသေးသည့် ကိစ္စရပ်များကိုလည်း
ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်သက်တမ်း(၅)နှစ်အတွင်း နိုင်ငံတော်နှင့်
နိုင်ငံသားများ အကျိုးဖြစ်ထွန်း
စေမည့်ဥပဒေများ ပေါ်ထွက် လာရေးအတွက် အားလုံးပူးပေါင်းကြိုး ပမ်း
ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
၂၂- ၄- ၂၀၁၄
No comments:
Post a Comment