မြန်မာနိုင်ငံနှင့်စီးပွားရေး၊ကုန်သွယ်ရေး၊သတ္တုတူးဖော်ရေး နှင့်ဟိုတယ်ခရီးလုပ်ငန်းများကိုပူးပေါင်းလုပ်ဆောင်လိုကြောင်း မွန်ဂိုလီးယားဝန်ကြီးချုပ်ပြောကြား
“မွန်ဂိုလီးယားနိုင်ငံအနေဖြင့်
စီးပွားရေးကုန်သွယ်ရေး၊သတ္တုတူးဖော်ရေးနှင့် ဟိုတယ်ခရီးလုပ်ငန်းများ တွင် မြန်မာနိုင်ငံနှင့်အတွေ့အကြုံဖလှယ်၍
ပူးပေါင်းဆောင်ရွက်လိုကြောင်း၊မြန်မာနိုင်ငံနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၊စီးပွားရေးပြု
ပြင်ပြောင်းလဲမှုဆိုင်ရာအတွေ့အကြုံများဖလှယ်ရန် အသင့်ရှိကြောင်း၊နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့
အကြုံများဖလှယ်ရန်အသင့်ရှိကြောင်း” မွန်ဂိုးလီးယား နိုင်ငံဝန်ကြီးချုပ်က မွန်ဂိုလီးယားနိုင်ငံလွှတ်တော်ဥက္ကဌ၏ဖိတ်ကြား
ချက်အရ ချစ်ကြည်ရေးခရီးရောက်ရှိနေသောပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့ဝင်များအားပြောကြားခဲ့သည်။
ထို့နောက်ပြည်ထောင်စုလွှတ်တော်နာယက က “မွန်ဂိုလီးယားနိုင်ငံသို့
ချစ်ကြည်ရေးခရီးလာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာမြန်မာနိုင်ငံနှင့်မွန်ဂိုလီးယားနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်၇ွက်ရန်နှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရန်ဖြစ်ပါကြောင်း၊ယခုလိုလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးမှ
တစ်ဆင့် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ပြည်သူအချင်းချင်းချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လာရန်ရည်ရွယ်
ကြောင်း၊မြန်မာ-မွန်ဂိုလီးယားနှစ်နိုင်ငံအနေဖြင့်ချစ်ခင်ရင်းနှီးမှုတိုးမြှင့်ရာတွင်ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ခြင်း၊နည်းပညာဖလှယ် ခြင်း၊ယဉ်ကျေးမှုဖလှယ်ချင်း ကဏ္ဍများတွင်အဓိကနေရာကပါဝင်ကြောင်း၊နှစ်နိုင်ငံအနေဖြင့်နိုင်ငံလူဦးရေ၏ရာခိုင်နှုန်းအများစုမှာဗုဒ္ဓဘာသာကိုး ကွယ်ကြကြောင်း၊မြန်မာနိုင်ငံ၌ထူးခြားသောသဘာဝအရင်းအမြစ်များရှိကြောင်း၊တော၊တောင်၊မြစ်၊
ချောင်း၊ပင်လယ်၊ကမ်းခြေများနှင့် ရှေးဟောင်းမြို့တော်များဖြစ်သော မန္တလေး၊ပုဂံ၊ပြည်၊ သရေခေတ္တရာ
စသောနေရာများ သည်ကမ္ဘာလှည့်ခရီးသည်များအလွန်စိတ်ဝင် စားကြကြောင်း၊မြန်မာနိုင်ငံ အနေဖြင့်ပထ၀ီနိုင်ငံရေးအရအရေးပါသောနေရာတွင်တည်ရှိကြောင်း၊ရေနံ၊သဘာဓာတ်ငွေ့နှင့်အခြားသယံဇာတများ၊ကျောက် မျက်ရတနာများလည်ထွက်၇ှိကြောင်း၊လယ်ယာထွက်ကုန်နှင့် ရေထွက်ပစ္စည်း များထွက် ရှိကြောင်း၊အဆွေတော် တို့အနေဖြင့် လာရောက်ပူးပေါင်း၍ဆောင်ရွက်သွားနိုင် ကြောင်း၊အဆွေတော်တို့အနေဖြင့် သက်ဆိုင်ရာဌာနများဖြင့်လာရောက်ပူးပေါင်း ၍ဆောင်ရွက်သွား နိုင်ကြောင်း၊မိမိတို့
လွှတ်တော်အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးရန် အသင့် ရှိကြောင်း” ပြောကြားခဲ့ သည်။ယင်းနောက်ပြည်ထောင်လွှတ် တော်နာယကနှင့်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံရွေးကောက် ပွဲကော်မရှင် ရုံးသို့သွားရောက်၍ မွန်ဂိုလီးယားနိုင်ငံရွေးကောက်
ပွဲကော်မရှင်၏ အီလက်ထရောနစ်မဲပေးစနစ်များကို လိုက်လံကြည့်ရှုခဲ့သည်။
No comments:
Post a Comment