ဖြေဖြေဖြစ်ဖြစ် ခြေခြေမြစ်မြစ်
စိတ်တူကိုယ်အမျှ သဟဇာတဖြစ်သည့် လုပ်ရပ်နှင့်မြင် ကွင်း သည် လှပတင့်တယ်မွေ့လျော်ဖွယ်ဖြစ်ပြီး ချမ်းမြေ့ဖြစ်စေသည်။ လောက၏ကောင်းကျိုးဆိုးဖြစ်ကို ဖန်တီးကြသည့် လူသားတို့၏စွမ်းပကားသည် မဓာန ကျနေပေ၏။ တစ်ကိုယ်တည်းနေထိုင်၍ မရသောလော ကကြီးတွင် မိသားစု၊အဖွဲ့အစည်း၊ အသင်းအပင်၌ အတ္တ သဘောရော ပရဟိတသဘောကိုပါဆောင်ကြဉ်းရသည်။ ထိုအခါ မျှတညီညွတ်သော စိတ်ဓာတ်လိုအပ်လာ ၏။ လေ့ကျင့်ရသည်။ အကောင်အထည်ဖော်ရသည်က ဓမ္မတာပင်ဖြစ်သည်။ သို့တိုင်အောင်မိမိဆန္ဒနှင့်မကိုက်ညီ အလိုမကျ။ ၀ိရောဓိနှင့် ပဋိပက္ခတွေ့ကြုံရတတ်သည်။ ကြီး သည်ကိုငယ်အောင်ငယ်သည်ကိုပပျောက်အောင် ဆောင် ရွက်ပါက နေချင့်စဖွယ်လူအဖွဲ့အစည်းအဖြစ်ခိုင်ခိုင်မာမာ ရပ်တည်ခွင့်ရ မည်ဖြစ်ပါ၏။
သို့သော် စိတ်ချင်းမတူ လူချင်းကွဲပြားကြပေရာ အတွေး နှင့် အမြင် ထပ်တူကျဖို့ ခဲယဉ်းသည့်အလျောက် အနီးစပ် ဆုံးဖြစ်အောင်သာ အားထုပ်ရမည်သာဖြစ်ပါ၏။ တစ်ဖက်ကတင်းလျှင်တစ်ဖက်ကလျော့။ အလေးအပေါ့ ညီအောင်၊ ချိန်ခွင်လျှာမျှညီအောင်၊ ချိန်ခွင်လျှာမျှအောင်ပြု ဖို့ သာရှိ၏။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်စုလောက် က ဖြစ်၏၊ တိုင်းရင်းဆေးဝါးသမားတော်များ ညီလာခံ ကျင်းပရေး လှုံ့ဆော်မူစာတည်းလေး န၀င်းဦးငွေစိုး ကလေ့လာ ဖူး၏။ ဆောင်ပုဒ်သဖွယ်စာစုကလေးပါ၏။ “ညီစေချင်လျှင်ညွတ်ပေးဖို့” ဟူ၍ ဖြစ်လေသည်။ သဘောကျမိ ပေသည်။ ညီညွတ်ရေး သီးတည်စေမူရှေး ရူသည့် အသိပေးစာတည်းလေးဖြစ်ရာ အဓိပ္ပာယ်ရှိ လှပေသည်။မိမိ ဘက်ကမှန်သည်ထင်သည်အတိုင်း တင်း မာနေ ၍မဖြစ်။ အလျှော့ပေးတန်ပေးရပေလိမ့်မည်း။ထိုအခါ ပြေပြေ ပြစ်ပြစ်ရှိလာသည်နှင့်အမျှ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ချမ်းသာသူခနှလုံးလှသည့် လူ့အဖွဲ့ အစည်း ဖြည့်ဆည်း ဆောင်ကြဉ်းပြီးဖြစ်သည်ဟုယူဆပါ ၏။
စိတ်ချင်းနီးစပ် ညီညွတ်သောမိသားစုအ၀န်းအ၀ိုင်းနှင့် ထိတွေ့သူတိုင်း ကူးစပ်ပီတိခံစားကြရမည်ထင်၏ အပျော် ကူး စက်ခြင်းဖြစ်၏။ စိတ်ဝမ်းလက်ညီမူကိုလိုလားကြ သည့် ခောတ်တလျှောက်တွင် ထုံးမီစံ၍ သာဓက ပညာပေး ကြ၊ အသိအမြင်ဖွံ့ဖြိုးအောင်ပြုကြရာ၌ စာပေနှင့်ဂီတ အနုပညာအတွေတွေရောယှက်ဂဟေ ဆက်တွင် ကျယ်စွာဆောင်ရွက်ခဲ့ကြဖူးပေပြီ။
မကြာခဏကြားရခံစားရလေ့ရှိသော နန်းတော်ရှေ့ ဆရာ တင်၏ ဇာတိနွယ်သီချင်းလေးကို သတိရခြင်း နှင့်အတူ မှတ်လောက်သားလောက် ဖြစ်ရပေသောအပိုဒ်လေးကို စွဲမြဲခဲ့ရပေသည်။ ညီညွတ်ရေးနဲ့ ”အသက် ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တစ်ပြင်တည်းရှေးကတော့ ပိုချစ်ကြတယ်”ဆိုသည့် တေးသွားလေးဖြစ်ပါ၏။ ရှေးမြန် မာကြီးများ၏ညီညွတ်ရေးစိတ်ဓာတ်သည်စားဓလေ့၊
သောက်ဓလေ့၌ပင်ပေါ်လွင်ခဲ့၏။ မြန်မာဇာတိနွယ် ဖြစ်၏။ ရိုးရာအစဉ်အလာကောင်းဖြစ်သည်။ မိသားစု ထမင်းဝိုင်း တွင် ပန်းကန်ခွက်ယောက်အစုံအလင်မပါ။ ဇွန်း၊ ခက်ရင်း မရှိ တစ်ကိုယ်ကောင်းမဆန်ကြ၊ ဒေါင်းလန်းကြီးတွင် ထမင်းဟင်းထည့်ကာ ၀ိုင်းဖွဲ့စားသောက်ကြသည်။ ညီညွတ်ရေးကိုအလေးထားချစ်ခင်မူကိုဦးစားပေး။ စိတ်ဝမ်းညီမျှနှစ်ဖက်မျှအောင် အလေ့အကျင့်ပေးထား သည့်အသွင်ဖြစ်၏။အသက်ရှည်ရာအနာမဲ့ကြောင်း
ကောင်းမြတ်သောအသွင်၊ စိတ်ကြည်လင်စေသည့် လက်ရည် တစ်ပြင်တည်းစိတ်ထားဖြစ်ပါ၏။ ကောင်းကျိုး ဆိုးဖြစ်ကို ခွဲခြားခြင်းမရှိ၊ မျှဝေခံစားသည့်စိတ်ဓာတ်ကို လှု့ံဆော် ခြင်းဖြစ်သည်။ မြန်မာ့သမိုင်းတွင် တိုင်းရင်း သားများ၊လူမူအဖွဲ့အစည်းဝင်များသည်အစဉ်အလာကောင်း သည့် လက်ရည်တစ်ပြင်တည်း စိတ်ဓာတ်ကို ပြန့်ပွားစေ ခဲ့၏။ မိသားစုဝင်အချင်းချင်း ညီညွတ်အောင်သွင်သင်ပေး ကြသည်။ လက်ရည်တစ်ပြင်တည်းစိတ်ဓာတ်ကို မိသားစု ကတစ်ဆင့် အချင်းချင်းလက်တို့ပတ်ဝန်းကျင်အထိလွှမ်း မိုးစေ၏။ ရပ်ရွာအကျိုးနှင့် တိုင်းနိုင်ငံ၊ လူမျိုးရေး အထိ လက်ဆင့်ကမ်းစေမူဖြစ်၏။ ညီစေချင်လျှင် ညွတ်ပေး ပါဆို သည့်အတိုင်းနိဝါတတရားကိုကျင့်သုံး။မာန်မာနတွေ ချသင့်ကချ၊ အပေါင်းအစုရေးအတွက် အတ္တကိုခ၀်ချ၊သူ့ ကဏ္ဍနှင့်သူဆောင်ရွက်ပါက အောင်မြင်စရာချည်းဖြစ်လေ သည်။ လူတစ်ကိုယ်စိတ်တစ်ခု ဖြစ်ကြရာ အမြဲပင် ညီ ညွတ်ကြသည်မဟုတ်။ မင်းဘူးဦးသြဘာသ၏ မဟော် သဓာဇာတ်တော်ကြီးထဲက စကားလုံးဝေါဟာရတစ်ခုကို သတိရမိ၏။ ကဖျင့်သုန် ဟုဖြစ်၏။ မဟော်သဓာ၏ ပြော စကားဖြစ်၏။ မညီမညွတ်ဖြစ်လျှင် မသင့်ဟုဆိုခြင်းဖြစ်ပြီး စိုးရိမ်စိတ်ဖြစ်ပေါ်လာမူကိုမလိုလားခြင်းဖြစ်သည်စိတ်ချင်း အခန့်မသင့်ခြင်းဖြစ်သည်။စိတ်အခန့်မသင့်လျှင် ပြေပြစ် နိုင်ဟုအဖြေတွေရှိပေမည်။နည်းလမ်းရှာဖို့သာဖြစ်၏။
မြန်မာ ဆိုရိုးစကားတစ်ခုရှိ၏။ ”နာစရာရှိရင် လွမ်းစရာ နဲ့ဖြေ” ဟူ၍ဖြစ်၏။ ရှင်းပါသည်။ တစ်ဦးနှင့် တစ်ဦး နာကြည်း စရာတွေကြုံလာရပါကတစ်ဖက်သား၏ကောင်း ကွက်ကို တွေးဆဆင်ခြင်ခြင်းဖြစ်၏။ ထိုအခါ ဒေါသတွေ မာန်မာနတွေ ပြေလျော့လာမည်ဖြစ်၏။သတိထားမိသော အချက်များတွင် လူချစ်လူခင်မျုားသူတို့ သည်သူတစ်ပါး၏ စိတ်ကိုနားကြည်းအောင်မလုပ်တတ်ခြင်းနှင့်နာကြည်းစရာ ကြုံလာပါက ခွင့်လွှတ်တတ်သော စိတ်ဖြင့် ဖြေသိမ့်စရာ ရှာတတ်ခြင်းကြောင့်ဖြစ်ပေသည်။ နှလုံးသွင်းတတ်ပါက
ပြေပြစ်သွားမည်ဖြစ်ပါသည်။ ယခု ကာလပြောလေ့ဆို ထ ရှိသော”နာကျင်သည်ထက်နာကြည်းခြင်းက ပိုပြီး ဆိုးရွားသည်” ဆိုသော စကားအမှတ် အသားလေးက အဓိပ္ပာယ်ရှိလွန်းသည်။အခန့်မသင့်စိတ်ကိုနာကြည်းအောင် ချဲ့ထွင်ခြင်းမရှိဖြစ်သည်။ စာသံ ပေသံနှင့်ပြောရပါက ၀ိရောဓိမှပဋိမက္ခမဆောင်ရေးပင်ဖြစ်လေသည်။
ငြိုငြင်စရာ စိတ်အခန့်မသင့်စရာကြုံတွေ့ရပါက ကာယကံ ရှင်များ ဖြေရှင်းရသကဲ့သို့ ကြားဝင်စေ့စပ် ညိုနှိုင်းအဖြေ ရှာ ရလဒ်ကောင်းရအောင်ရွကဆောင်ရသူများ လည်းရှိ ၏။ ဆိုထုံးဥပမာပြရုပ်သရုပ်သကန်များစွာ ရှိပေရာ စာပေ အရာဝင်ဂ န္တ၀င်အရာမြောက်သောအကြောင်းအရာများစွာ ရှိပေသည်။
ကုန်းဘောင်ခောတ်ဘိုးတော်လက်ထက်ကဖြစ်လေသည်။ ဘိုးတော်မင်းလက်ထက်နန်းသက်ရှည်ကြာ သည်နှင့်အမျှ နိုင်ငံရေးအရာနှင့် လူမူစီးပွားရေး၊ယဉ်ကျေးမူအဖြာဖြာကို ဘက်စုံဆောင်ရွက်သည်။ ၀န်းရံနေ သောပညာ ရှိကြီးများလဲပြည့်စုံသည်။ ယင်းတို့တွင်တွင်းသင်မင်းကြီး ဦးထွန်းညိုလည်းပါဝင်သည်။ ဦးထွန်းညို သည်လည်း ရဟန်းဘ၀ရှင်လင်္ကာသာရမှ လူထွက်ခဲ့သူ နာမည်းကျော် မုဒုလက္ခဏာပျို့ကိုရေးဖွဲ့ခဲ့သူ၊ တွင်းသင်း ရာဇ၀င်ပြုစုခဲ့သူ အဖြစ်ကျော်ကြားပြီး စာပေအလင်္ကာမျိုးစုံရေးဖွဲ့ခဲ့သူဖြစ်၏။
တစ်ခါတွင် ဘိုးတော်ဘုရားသည် မိဖုရားကြီှးနှင့် စိတ် အခန့် မသင့်ဖြစ်သည်ဆို၏။ စိတ်မသက်မသာရှိ ရ သော အခြေ အနေတွင် တွင်းသင်းမင်းကြီး မနေ သာတော့ ဘလ္လတိယပျို့သည် တစ်ညတာခွဲခွာရသော ကိန္နရီ ကိန္နရာမောင်နှံတို့ နှစ်ခုနှစ်ရာတိုင်တိုင်ငိုကြွေးရသည့် အလွမ်းအဆွေးဇာတ်လမ်းမေတ္တာတရား၊သံရောဇဉ် တရားအကြောင်းဖြစ်၏။ အများသိသောအကြောင်းရပ်ကို ဂ န္တ၀င်မြောက်စွာဖြင့် ဂုဏ်အင်္လာရသဘက်စုံ ပြည့်ဝစေ ဖို့ကြိုးစားရေးသားလေသည်။ ပြီးလျှင်မင်းမိဖရားကြီးထံ ဆက်သ၏။ ထိုအခါ မိဖုရားကြီးစိတ်ငြိုငြင် အခန့်မသင့် သည့်အခြေအနေကရွှင်လန်းဝမ်းမြောက်အဆင်ပြေတော့ သည်။ ဘိုးတော်ဘုရားကကျေနပ်၏။ သို့ဖြင့် တွင်းသင်း မင်းကြီးအား ဆုလာဘ်များချီးမြင့်ရန်စီစဉ်သည်။ မင်းကြီး ၏ရှေ့၌ ငွေပုံကြီးချပေးကာကျုံး၍ ယူနိုင်သလောက် ယူစေ ၏။ တွင်းသင်မင်းကြီးက ရနိုင်သမျှကျုံးယူပါ၏။ သူသည် ထိုငွေများကိုကိုယ်အကျိုး အတွက်မသုံး။ မိမိ ၏မွေးဖွား ခဲ့ရာ မောင်းထောင်ရွာ၌သုံး၏။ ရွာ၏ အရှေ့ ဘက်တွင်ကန်ကြီးတစ်ခုတူး၏။ ကြီးမားပေ၏။ အမည် အရည်ကိုဘလ္လတိယပျို့ကိုရေးဖွဲ့သည်ကိုအကြောင်းပြု၍ ဘလ္လတိယကန်ဟုခေါ်တွင် ပေသည်။ ယခုတိုင်တည်တံ့ စွာသုံးစွဲကြရသည်။ ခြေခြေမြစ်မြစ်ဖြစ်စေသည့် ပြေပြစ် မူလမ်းကြောင်းမှန်ဖြစ် လေသည်။
ယနေ့ကမ္ဘာတွင် လူမူအနိဌာနရုံသွေးထွက်သံယိုပဋိပက္ခတွေ၊ စစ်ရေး၊ စီးပွားရေး၊ဘာသာရေးပဋိပက္ခ တွေ မကြားချင်လောက်အောင် ကြုံကြရသည်။ ညှိနှိုင်း အဖြေရှာကြဆဲဖြစ်သည်။ အတ္တတွေ၊ မာန်မာနတွေ ကြီးမားလျက်ကိုယ်အကျိုးစီးပွားကာကွယ်ရေးဝါဒတွေ စွဲကိုင်လျက်စွဲကြသည်။အလျော့အတင်းတွင်အလျော့ ပေး လိုစိတ်ကင်းကြဆဲဖြစ်သည်။ ကြားဝင်ကြသော်လည်း အရာမထင်၊ အိမ်နီးချင်း နိုင်ငံများတွင်လည်း ထိုသဘော ကိုတွေ့ရသည်။ မည်သည့်အခါမျှ ပြီးဆုံးမည်မသိရ။ ခက်လှပါဘိ၏။
ဆရာကြီးပီမိုးနှင်းရေးသားသကဲ့သို့ အဆင် မပြေသောလောကကြီးပင်ဖြစ်စေ၏။ လောကကြီးသည် အဆင်ပြေလှသည်မဟုတ်။ မိမိကသာလောကကြီးနှင့်အဆင်ပြေသင့်မြတ်အောင် အလိုက်သင့်အလျားသင့် ကျင့်သုံးဖို့ဖြစ်ကြောင်း ညွန်ပြခြင်းဖြစ်ပေသည်။ ကျွန်တော်တို့တွင် ရင်တွင်း ပဋိပက္ခတွေ၊ ဘ၀င်မကျစရာတွေ၊ စိတ်အလိုမပြည့်နိုင် တာတွေ အများအပြားရှိ၏။ ရှိတိုင်းသာစိတ်နောက်ကိုယ် ပါပြုနေလျှင်စိတ်ထောင်းကိုယ်ကြေဖို့သာရှိ၏။ ရောက်ဆဲ ကာလ လှပသောဘ၀၊ ခိုင်မာသောအလုပ်၊ နေသာ ထိုင်သာရှိဖို့အရေးတွင် မြန်မာဇာတိနွယ်လက်ရည်တစ်ပြင် တည်း ညီညွတ်ရေးစိတ်ထားဖြင့် ခင်ခင်မင်မင်စိတ် ထားဖြင့် ခင်ခင်မင်မင် ကြင်ကြင်နာနာအသက်ရှည်စွာ ရပါတည်ခွင့်အတွက် အားထည့်ဖို့သာရှိပေသည်။
ညွန့်ဟံ(ကြူတော)
No comments:
Post a Comment