မွန်ပြည်နယ် သမိုင်းဝင်စေတီပုထိုးများ လွှတ်တော်နာယကဖူးမြော်၊
ရဟန်းရှင်လူပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်
၂၅.၄.၂၀၁၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာ ယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်ဇနီးဒေါ် ခင်လေးသက်တို့ နှင့်အတူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့သည် ကျိုက္ခမီရေလည်ဘုရား၌ ရွှေသင်္ကန်းဆက်ကပ်ခြင်း၊ အလှူငွေပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်းတွင်လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ဂေါပကအဖွဲ့က စေတီတော်ပုံပါ ဓာတ်ပုံ ပန်းချီကားများကို ပြန်လည်ပေးအပ်သည်။ရဟန်းရှင်လူပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်
ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းတွင်မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဆံတော်ရှင်စေတီသို့ သွားရောက်ဖူးမြော် ခဲ့ပြီး ရွှေသင်္ကန်းဆက်ကပ်ခြင်း၊ လှူဒါန်းငွေပေး အပ် ခြင်းများပြုလုပ်ကာ ဧည့်သည်တော် မှတ်တမ်း တွင်လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် ကျိုက်ထိုးရိုးဆံတော်ရှင်စေတီတော်သို့ လာရောက် ဖူးမြော်ကြသော ရဟန်းရှင်လူ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြောင်းသိရှိရသည်။
No comments:
Post a Comment