အကောင်းဆုံးယတြာ
၁။ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာအ ကောင်းဆုံး ယတြာ၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့ အတွက် အ ကောင်းဆုံးယတြာ
၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာအ ကောင်းဆုံး ယတြာ
၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာ အ ကောင်းဆုံးယတြာ
၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးအောင်ကံ ကံရဲ့အကျိုး ကို လက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်းဆုံးယတြာ
၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာကြီးပွား ရာ ကြီးပွားကြောင်း အတွက် အ ကောင်းဆုံးယတြာ
၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ
အသိအလိမ္မာတိုး တက်စေဖို့အတွက် အ ကောင်းဆုံး ယတြာ
၈။ကံဆိုးချိန်မှာရတနာသုံးပါးကိုအထူးတလည်ဆည်းကပ် ကိုးကွယ်တာသည် ကံကောင်းတွေရောက်စေဖို့ အတွက် အ ကောင်းဆုံးယတြာ
၉။ တစ်စုံတရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်
တစ်ဦးအဖြစ် မ မေ့အပ်တာ အ ကောင်းဆုံးယတြာ
၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး
တာဝန်ကျေပွန်စွာ လုပ်တာ အ ကောင်းဆုံးယတြာ
၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမမှုကို လိုက်နာတာ အ ကောင်းဆုံးယတြာ
၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမ တောင့်တ မလိုချင် တာစိတ် ချမ်း သာစေဖို့ အတွက် အ ကောင်းဆုံးယတြာ
၁၃။ တတ်နိုင် သ လောက်စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက် အ ကောင်းဆုံးယတြာ
၁၄။ ဘဝအ ရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကိုကြံ့ကြံ့ခံ နိုင် အောင်သတိထားမွေးမြူခြင်းဟာမိမိ မပျက်စီးဖို့ အတွက်အ ကောင်းဆုံးယတြာ
၁၅။ စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင်သတိ တရားနဲ့နေထိုင် တာ အ ကောင်းဆုံးယတြာ
၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာပညာတတ်ရေး တစ်ခုတည်းကိုရှေ့ရှု့ပြီးတစိုက် မတ်မတ် ကြိုးစားခြင်း ဟာနောင် ရေးအတွက် အ ကောင်းဆုံး ယတြာ
၁၇။ အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့ တန်း တင်ပြီးအမိအရဆုပ်ကိုင် လိုက်ခြင်း ဟာအောင်မြင်ကြီး ပွားဖို့အတွက်အ ကောင်းဆုံး ယတြာ
၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမ ပြောတာ နောင်
မှနောင် တ ရ တယ်ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့
အတွက်အ ကောင်းဆုံးယတြာ
၁၉။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာနောင် စိတ်ဆင်းရဲစရာ
မကြုံဖို့အတွက်အ ကောင်းဆုံးယတြာ
၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ
နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ ရင်မဆိုင်ရဖို့ အတွက် အ ကောင်းဆုံးယတြာ
၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာ
လုပ်ကိုင် တာသည်ရေရှည်လက်တွဲဖို့အတွက် အ ကောင်းဆုံးယတြာ
၂၂။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာအသက်ရှည်ဖို့ အတွက် အ ကောင်း ဆုံးယတြာ
၂၃။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှဝေဖန်သုံးသပ် တာဟာရှေ့လျှောက်ရမယ့်ဘဝခရီးမှာပန်းခင်းလမ်းဖြစ်ဖို့ အတွက်အ ကောင်းဆုံးယတြာ
၂၄။ ဒေါသကိုအပြင် မထွက်အောင်ထိန်းနိုင် တာဟာ
အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက်အ ကောင်းဆုံး ယတြာ
၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကိုဆင်ခြင်
သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာ ရှေ့ ခရီး ချောမော ဖို့အတွက်အ ကောင်းဆုံးယတြာ
၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး အနာဂတ် အ ရေးကိုလှမ်းမျှော်ပြီးလည်းမပူပန် ပစ္စုပ္ပန်တည့်တည့် မှာသာရပ်ပြီးလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင် သွားတာဟာတိုးတတ် ဖို့အတွက်အ ကောင်းဆုံးယတြာ
၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာ
အ ကောင်းဆုံးယတြာ
၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှု
မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင် ရှားတာဟာ
အသက် ရှည် ကျန်းမာစေ ဖို့အတွက် အ ကောင်းဆုံး ယတြာပါ။
နေ့စဉ်ဒီအချက်က လေးတွေနဲ့အညီကျင့်ကြံနေထိုင်
သွားကြမယ်ဆိုရင်တော့ယတြာဆိုတာအထူးချေစရာမလိုပါဘူး
လို့ပြောချင် ပါတယ် သူငယ်ချင်းတို့
ဒါ့ကြောင့်—-
”အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ် ယတြာချေကြစို့”
ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ
No comments:
Post a Comment