တရားဥပဒေစိုးမိုးရေးဗဟိုဌာန(Rule of Law Centres)များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Thu, 24/04/2014
တရားဥပဒေစိုးမိုးရေးဗဟိုဌာန(Rule of Law Centres) များအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်း အမှတ်(၅၉)ရှိ လွှတ်တော်ရုံး ခွဲအစည်း အဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာ စကား ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မတီ အဖွဲ့ဝင် များ၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ဥပဒရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေး ရာကော်မရှင်တို့မှအဖွဲ့ဝင်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီ အစဉ် (UNDP)မှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုတရား လွှတ်တော် ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ ပြည်ထဲေ
ရး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ၊ ပြည်ထောင်စု လွှတ်တော် ရုံး နှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမှာစကား ပြောကြားရာတွင် တရား ဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက်၊ လူ့အဖွဲ့ အစည်းအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စဖြစ် ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှသာ တိုင်းပြည် တည်ငြိမ်အေး ချမ်းမှုရှိမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှ တရားဥပဒေစိုးမိုးမှု ရှိမည်ဖြစ်ကြောင်း၊ တစ်ခုနှင့်တစ်ခု ယှဉ်တွဲ၍ အထောက် အကူပြုနေသည့် ကိစ္စများ ပင်ဖြစ် ကြောင်း၊ ခေတ်ပြောင်း စနစ်ပြောင်း ကာလတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီး ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ ဒိမိုကရေစီရရှိရန် ခက်ခဲနိုင်ပါကြောင်း၊ သို့ဖြစ်၍ တရား ဥပဒေစိုးမိုးရေးကိုလိုလိုလားလား ဆောင်ရွက်
နေခြင်းဖြစ်ပါကြောင်း၊အားသွန်ခွန်စိုက် ဆောင်ရွက်နေ သကဲ့သို့ အကူအညီများလည်း ပေးနေ ပါကြောင်း၊ ယနေ့ အစည်း အဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်း၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ထားပြီး ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်၍ များစွာအကျိုး ဖြစ်ထွန်း မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တရား စီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံ စာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌသူရ ဦးအောင်ကိုတို့က တရားဥပဒေ စိုးမိုးရေး ဗဟိုဌာနနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု
ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကတရားဥပဒေစိုးမိုးရေးဗဟိုဌာန ဖြစ်ပေါ် လာရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အထွေေ ထွဆွေးနွေးကြပြီး ပြည်ထောင်စု လွှတ်တော်နာယက က တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ် အမှာစကားပွောကြား ရာတွင် တင်ပြချက်များ၌ ဥပဒေနှင့် ညီညွတ်သည်ဟု ပြောကြားမှုများ ရှိသကဲ့သို့ အချို့က မခိုင်လုံဟုတင်ပြမှုများရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကအမိန့်ကြော်ငြာစာထုတ်ပေးရန်တာဝန်ရှိပါကထုတ်ပေး ရန်အသင့်ရှိကြောင်း၊ သို့မဟုတ်ပါက တာဝန်ရှိ သည့် ဌာနကအမိန့်ကြော်ငြာစာထုတ်ပေးရန် ဖြစ်ပါကြောင်း၊
လေ့ကျင့်ပေးသင့် သူများကို လေ့ကျင့်ပေးရန်နှင့် ပါသင့် သူများကို ရွေးချယ်ပေးရန်လိုအပ်ပါကြောင်း၊ Centre များမှ တရားဥပဒေ စိုးမိုးမှုမရှိခြင်းမှာ မည်သည့် အတွက်ကြောင့် ဖြစ်ရသည်ကို စဉ်းစားသုံးသပ်၍ သုတေသန လုပ်ပေးရန် လိုအပ်ပါကြောင်း။ တရားဥပဒေစိုးမိုးရေးသည် ပြည်သူတစ်ရပ်လုံးနှင့်လည်း ပတ်သက်ဆက်စပ်နေပါကြောင်း၊ ပြည်သူအားလုံး သိထား သင့်ပါကြောင်း၊ ပြည်သူအားလုံးပါဝင် ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားဥပဒေပြုလွှတ်တော် များပါဝင်ရမည် ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားအုပ်ချုပ်ရေး အဖွဲ့မှ သက်ဆိုင်သော တာဝန်ရှိ အဖွဲ့ အစည်း များနှင့် တာဝန်ရှိသူများ ပါဝင် ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ ကိုယ်စား တရားရေးအဖွဲ့အစည်းများသည် ကဏ္ဍ အလိုက်ပါဝင်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေပြုရေးအပိုင်းက စပြီး ဆောင်ရွက်ရ မှာဖြစ်ကြောင်း၊ တရားမျှတသောဥပဒေ၊ အများပြည်သူ လိုက်နာနိုင်သောဥပဒေ၊ ၎င်းဥပဒေများနှင့် ရှေ့နောက်ညီညွတ်သော Rule & Regulationများ ထုတ်ပြန်ရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး အပိုင်းကဥပဒေအတိုင်းလိုက်နာပြုကျင့်ဖို့အတွက်
ပြည်ထောင်စု အစိုးရက ကြီးကြပ် အကောင် အထည် ဖော်ရ မည်ဖြစ်ကြောင်း၊ ပြည်သူအားလုံး ကလည်း လိုက်နာရမည် ဖြစ်ကြောင်း၊ လိုက်နာမှုမရှိသူ အား ဥပဒေနှင့်အညီအရေးယူသလို ကြီးကြပ် အကောင်အထည် ဖော်သူများအပိုင်းက ပျက်ကွက် ခဲ့လျင်လည်းဥပဒေနှင့်အညီအရေးယူရမှာ ဖြစ်ပါကြောင်း။
ထို့သို့ဆောင်ရွက်ရာတွင် တရားသူကြီးများ၊ Law Enforcement အဖွဲ့များ၊ ရှေ့နေရှေ့ရပ်များ၊ ရုံးအဖွဲ့ဝင် များ၊ သက်သေများ၊ တရားခံ/တရားလို၊ တရားလို/ တရားပြိုင်များ၊ ပြည်သူလူထုများ၊ သတင်းမီဒီယာများ အားလုံးပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်သူ လူထု၏ စိတ်ပိုင်းဆိုင်ရာ Mindset များ ပြုပြင်ပြောင်းလဲ ရန်အတွက် စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လက်ငင်း ရေတို/ ရေရှည် လုပ်ငန်းစဉ်များချမှတ်ခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေး အတွက် လိုအပ်ပါက ဘတ်ဂျက်ရေးဆွဲ ၍ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အနှစ်ချုပ်ရမည်ဆို ပါက တရားဥပဒေစိုးမိုးမှ တည်ငြိမ်အေးချမ်းမယ်၊ တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်နိုင် မည် ဖြစ်ပါကြောင်း၊ အဲဒီလိုပဲ ဖွံ့ဖြိုးတိုးတက်မှ တရားဥပဒေစိုးမိုးမှု ရှိမယ်ဆိုပြီး သံသရာလည်နေ သလို ကြောင်လိမ် လှေကားပမာ ပို၍ ပို၍ တိုးတက်လာ မှာ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ နည်းကျကျ အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း။ တည်ငြိမ်အေးချမ်းရေးရရှိရန် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်း အချင်းချင်း ရန်လိုသော စကားနှင့် အပြုအမူ၊အထင်သေးအမြင်သေးစသော ပြော ဆိုပြုမူမှု၊ ခွဲခြားပြောဆို ပြုမူမှုများ၊ စိတ်ဝမ်း ကွဲစေသော ပြော ဆိုပြုမူမှုများ မဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်း၊ ထို့အတူ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ရရှိဖို့လိုပါကြောင်း၊ အမျိုးသား ပြန်လည် သွေးစည်း ညီညွတ်ဖို့လိုပါကြောင်း၊ ဒါကြောင့်မိမိတို့ နိုင်ငံသား များသည်ပါတီစွဲ၊ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် ဘာသာအစွဲများ မထားရှိ ဘဲ နိုင်ငံတော်အတွက် အများပြည်သူ အတွက်ဆိုလျင် ပါဝင်ပူးပေါင်းဆောင် ရွက်ရေးကို တိုက်တွန်း အားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုက် သင့်သော အောင်မြင်အဆင်ပြေမှု များရရှိထားသော်လည်း လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင် ပ တွင် ယခု ထက် ပိုမိုဆောင် ရွက်ပေးရေး အတွက် နိုင်ငံသား များနှင့်စွမ်းဆောင်နိုင်ကြ သူများမှပါဝင်ပေးကြ စေ လိုကြောင်း၊ နိုင်ငံအတွက် တိုင်းပြည် အတွက် မိမိတို့ အတွက် ဝိုင်းဝန်းပါဝင်ပေး ကြပါလို့တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ပြောကြား သည်။
No comments:
Post a Comment