ပညာသည် ' အတိုင်းအဆ ' မထင်။ အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ် အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုတို့သည် ပုခက် တွင်းထဲမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။
ထို့ကြောင့် ပညာသင်ကြားခြင်းသည် အမှန်စင်စစ်အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင် ပေ။ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်ပညာကိုလည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကိုလည်းကောင်း၊ (EMOTION OF THE EDUCATION) ပြုပြင်ပြုစု စီမံထားသူ သာလျှင် ဖြစ်သည်။ ဘီ-အေပင် အောင်စေကားမူ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ပထမကျော်ပင် ဖြစ်စေကာမူ အသက်အရွယ်မည်မျှပင် ကြီးရင်စေကာမူ ပညာဆိုသော သဘာဝ၏အဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက်၊ အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌ ရှိသည်မဟုတ် စာအုပ်များတွင် ကျော်၍ မြင် စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရေပေမည်။
ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆ များကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင် သိရုံသာမဟုတ်။ ရာဇဝင်ကို ဖန်တီး နိုင်ရမည်။ လောကဓာတ်ပညာကို သိရုံသာ မဟုတ်။ လောက ဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထမပညာကို သိရုံသာမဟုတ်။ မြေသစ် ရေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းစေရမည်။ လောက အကြောင်းကို နားလည်စေ ရုံသာ မဟုတ်။ သည်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်ရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်း မျှပင်တည်း။
မှတ်ချက် ။ ။ ဖော်ပြပါ ဆောင်းပါးကို ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှ ကောက်နုတ် ဖော်ပြပေးခြင်း ဖြစ်ပါသည်။
credit to;ကျော်လင်းနိုင်
No comments:
Post a Comment