Tuesday, May 26, 2015

NLD ပါတီဝင်တစ်ဦး နှုတ်ထွက်သည့်စာတွင် ဘာတွေရေးထားသလဲ

၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှ ပါတီဝင်များ ထွက်ခွာခြင်း ၊ နှုတ်ထွက်ခြင်းများ ဖြစ်လာကြောင်း သတင်းရရှိသည်။၎င်းတို့၏ နှုတ်ထွက်စာတိုင်းလိုလိုတွင် ..အောက်ဖော်ပြပါ အချက်များမှာ တူညီနေကြကြောင်း သိရသည်။

သို့ / 

ဒေါ်အောင်ဆန်းစုကြည်

● NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၁)
သမာသမတ်မဲ့စွာ ၊ အထက်ဖားအောက်ဖိ ၊ အမျှော်အမြင်နည်းပါးစွာဖြင့် လူကောင်းများအားမထေမဲ့ မြင် ပြုမူခဲ့ခြင်း

● NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၂)

 မြို့နယ်ပါတီဥက္ကဌတစ်ဦးသည် ရပ်ရွာ၊ လူကြီး ၊လူငယ်အားလုံး ဆုတ်ယုတ်ပျက်စီးစေသည့် သေရည်၊ သေရက်ရောင်းချသူတစ်ဦး ဖြစ်ရခြင်း

●NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၃)

ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်ပါလျက် ပါတီ၏ မြို့နယ်ဒုဥက္ကဌကို  လောင်းကစားဒိုင်ဖြစ်သူအား ခန့်အပ်ခဲ့ခြင်း

●NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၄)

ပါတီအတွင်း အုပ်စုဂိုဏ်းဖွဲ့ အနိုင်ထက်ပြုအရှက်ရစရာပြုမူကြခြင်း ၊ အပြန်အလှန်လေးစားခြင်းမဲ့ပြီး လူ့ ပတ်ဝန်းကျင်တွင် လူ့ဂုဏ်သိက္ခာ ကိုစော်ကားခြင်း

●NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းအရင်း (၅)

မြို့နယ် အတွင်းရေးမှုးမှ မြို့နယ်လုပ်ပိုင်ခွင့်အခွင့်အာဏာကို မလိုဩဇာသုံး၍ စေခိုင်းခြင်း ၊မြို့နယ် အတွင်းရေးမှုးမှပင် ဗိုလ်ချုပ် နှစ်(၁၀၀)ပြည့်ကို


အကြောင်းပြုကာ အုပ်စုဖွဲ့လုပ်စားသူတို့အား ကျောထောက်နောက်ခံပေးထားခြင်း

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ