ဆေးတက္ကသိုလ်လေးခု တို့မှ ကလေးအထူးကုဆရာဝန် ဦးရေ ၆၀ ကို ယခုနှစ်တွင် ခေါ်ယူ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
လက်ရှိမြန်မာနိုင်ငံလူဦးရေ သန်း ၅၀ ကျော်တွင် ကလေးအ ထူးကုဆရာဝန်ဦးရေမှာ ၄၀၀ ခန့် သာရှိခြင်းကြောင့် ယခုကဲ့သို့ ဆ ရာဝန်ဦးရေ တိုးမြှင့်ခေါ်ယူခြင်း ဖြစ်ကြောင်း ရန်ကုန်ဆေးတက္က သိုလ် (၁)မှ ပါမောက္ခဒေါက်တာ ရဲမြင့်ကျော်ကပြောကြားသည်။
‘‘ဒီနှစ်မှာ ကလေးအထူးကု ၆၀ မွေးထုတ်မယ်။ လူဦးရေသန်း ၆၀ လောက်မှာမှ ကလေးအထူး ကုက ၄၀၀ ပဲရှိသေးတော့ ဒီထက် ပိုတိုးပြီးထုတ်ရမယ်။ ဆရာဝန် ပမာဏကိုချဲ့ရမှာ။ ဖြေတဲ့သူက တော့ ၃၀၀၊ ၄၀၀ လောက်ရှိ တယ်။ ရေးဖြေ၊နှုတ်ဖြေအဲဒီအထဲ ကမှ အတော်ဆုံး ၆၀ ကိုမွေးထုတ် မှာပါ’’ဟု ၎င်းကပြောကြားသည်။
ကလေးအထူးကုဘာသာ ရပ်သင်တန်းမှာ သုံးနှစ်တက်ရ မည်ဖြစ်ပြီး ကလေးဆိုင်ရာ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာစသော ဘာသာရပ်ဆိုင်ရာ အထူးကုသင် တန်းများဖြစ်သည်။ ရန်ကုန်ဆေး တက္ကသိုလ်(၁)၊ (၂)၊ မန္တလေး ဆေးတက္ကသိုလ်နှင့် မကွေးဆေး တက္ကသိုလ်တို့မှ ဆရာဝန်များကို ခေါ်ယူမည်ဖြစ်ပြီး သင်တန်းကိုမူ ပြည်ပနိုင်ငံများတွင် ပေးမည်ဖြစ် သည်။
‘‘ဟိုတစ်နေ့က သမီးလေး ဖျားတော့ ကလေးအထူးကုသွား ပြတာ။ တိုကင်ယူထားတာတောင် တော်တော်စောင့်လိုက်ရတယ်။ လူနာတွေလည်း တန်းစီနေတာ ပဲ။ ကလေးဆရာဝန်ရှားတာတွေ ပဲလား၊ ဘာလားတော့မသိပါဘူး။ ဘာပဲပြောပြော ဆရာဝန်တွေများ များရှိလာမယ်ဆိုရင်တော့ကောင်း တာပေါ့’’ဟု မြောက်ဒဂုံမြို့နယ် နေ ကလေး လေးဦးမိခင် ဒေါ်ချို ကပြောသည်။
၁၉၉၀ က တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ကလေးအထူးကု ဆရာဝန် ၁၀ ဦးသာရှိခဲ့ရာမှ၂၀၁၄ တွင် ကလေးအထူးကုဆရာဝန်ဦး ရေ ၅၀ ထိ တိုးမြှင့်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ကလေးသူ ငယ်များမှာ အဆုတ်ရောင်ရောဂါ နှင့်ဝမ်းပျက်ဝမ်းလျှောရောဂါများ ကြောင့် နှစ်စဉ်သေဆုံးနေရကာ အဆိုပါကလေးအထူးကုဆရာ ၀န်ဦးရေ တိုးမြှင့်မွေးထုတ်လိုက် ခြင်းဖြင့် ကလေးသေဆုံးမှုနှုန်း လျော့ကျလာနိုင်ကြောင်း ကလေး ဆရာဝန်ကြီးများက သုံးသပ်ပြော ကြားသည်။
No comments:
Post a Comment