ရုရှားနိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် အကြွေးများကိုမပေးရန် ယူကရိန်းအစိုးရက ဆုံးဖြတ်ပါက ယူကရိန်းကို တင်းတင်းမာမာ ကိုင်တွယ်သွားမည်ဟု ရုရှားဝန်ကြီးချုပ် ဒီမီထရီမတ်ဗီဒက်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားကြွေးမြီများကို ဆိုင်းငံ့ပိုင်ခွင့် ရှိကြောင်း ဖော်ပြထားသည့် ဥပဒေသစ်တစ်ရပ်ကို ယူကရိန်းနိုင်ငံက အတည်ပြုလိုက်သဖြင့် ကီးယက်ထံမှ ဒေါ်လာသုံးဘီလီယံ ရစရာရှိ
သည့် ရုရှားနိုင်ငံက ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
“သူတို့က ပုဂ္ဂလိကချေးငွေကို ပြောနေတာပါ။ ဒါပေမဲ့လည်း ယာနျူကိုဗစ် (ယခင် ယူကရိန်းသမ္မတဟောင်း) လက်ထက်တုန်းက ယူထားတဲ့ ငွေတွေ ပြန်မပေးနိုင်ဘူးလို့လည်း စောင်းပါးရိပ်ခြည် ပြောနေပါတယ်” ဟု ရုရှားဝန်ကြီးချုပ် မတ်ဗီဒက်က ပြောကြားသွားသည်။
ယင်းကဲ့သို့သော ဖြစ်ရပ် လက်တွေ့ပေါ်ပေါက်လာပါက ရုရှား အကျိုးစီးပွား များကို ကာကွယ်နိုင်ရန် ယူကရိန်းကို တင်းတင်းမာမာ တုံ့ပြန်သွား မည်ဟု ရုရှားနိုင်ငံပိုင်သတင်းနှင့် အင်တာဗျူးတွင် ဝန်ကြီးချုပ်က ခြိမ်းခြောက် လိုက်သည်။
ထို့အပြင် ရုရှားဘဏ်များထံမှ သာမကဘဲ ရုရှားနိုင်ငံသားများထံမှ ယူကရိန်းချေးယူထားသည့် ငွေကြေးများ
ကိုလည်း တစ်သားတည်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ခွဲခြားမည် မဟုတ်ကြောင်း၊ ငွေပြန်ဆပ်ရန် ပျက်ကွက်ပါက ယူကရိန်းအပေါ်ထားသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၏ ယုံကြည်မှု ပျက်ယွင်းသွားနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုလိုက်သည်။
No comments:
Post a Comment