Wednesday, October 1, 2014

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

 
နေပြည်တော် အောက်တိုဘာ ၁
မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းလျက်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာကြည့်ရှုတဲ့အခါမှာ အဆင့်တစ်ခုကို ရောက် ရှိနေပြီ ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များရဲ့ အောင်မြင်ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနိုင်တယ်ဆိုတာ လက်ခံ ထားပါတယ်။ ကျွန်တော့် အနေနဲ့ အထူးပြု ပြောကြားလိုတဲ့အချက်ကတော့ ဒီကနေ့ ရရှိထားတဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ဟာ မိမိတို့ရဲ့ အနာဂတ်ကို ပြဋ္ဌာန်းသတ်မှတ်နိုင်ပြီး ကျွန်တော်တို့ တည်ဆောက်လိုတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း တခုအဖြစ် တက်လှမ်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ အခုလို ပြောကြားရခြင်း ဟာလည်း ဒီကနေ့ ကျွန်တော်တို့ရရှိ ပိုင်ဆိုင်ထားတဲ့ အခြေအနေကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံရေးဖြစ်စဉ် ဆက်လက် ရှင်သန်နေဖို့ အတွက် နိုင်ငံသားအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အချိန်အခါ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုမိစေရေး အတွက်ပဲဖြစ်ပါတယ်။

နိုင်ငံရေးဖြစ်စဉ်များ ဆက်လက်ရှင်သန်ရေးအတွက် အခြေခံ အကျဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အလေးထား တိုက်တွန်းလိုတဲ့ အချက်ကတော့ ဆွေးနွေးဘက်များဖြစ်တဲ့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေး အတွက် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ မာရသွန် ပြေးပွဲ များမှာ ပန်းတိုင်နဲ့နီးလာလေလေ၊ ပိုပြီးအားစိုက်ရလေ ဖြစ်တယ် ဆိုသလိုပဲ ဒီကနေ့ မိမိတို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုမှ ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ပိုမို၍ အားထည့်ဆောင်ရွက် ကြရမယ့် အချိန် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံရေး အင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်းအားထုတ်မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါ လည်းဖြစ်သလို အခုလိုအလွန် အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလို ပါတယ်။ အထက်မှာ ကျွန်တော်ပြောကြားခဲ့တဲ့ အချက်များကို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

ကျွန်တော့်အနေနဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံများကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတကာထောက်ခံမှု ပိုမိုလိုအပ်တာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အခုလို ပြည်ပခရီးစဉ်များကို စီစဉ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတကာကို အသိပေး သတင်းစကား ပါးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ အမြင်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာများစွာ အကျိုးဖြစ်ထွန်း လာမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံရေးတည်ငြိမ်မှုအတွက် အထူးအရေးကြီးသလို ဒီနိုင်ငံရေး တည်ငြိမ်မှုကသာလျှင် လက်ရှိကျွန်တော်တို့ လူ့အဖွဲ့အစည်း ချီတက်နေတဲ့ ဒီမိုကရေစီ အခြေတည် ခိုင်မာရေးကို အဓိကမဏ္ဍိုင်တစ်ရပ် အနေနဲ့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် အခုခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ နိုင်ငံများဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သက်သက်သာမက လူသားအရင်းအမြစ်၊ နည်းပညာပိုင်းနဲ့ နိုင်ငံရေးစနစ်များမှာ များစွာမှပင် ရှေ့တန်းက ချီတက်နေတဲ့ နိုင်ငံများဖြစ်တဲ့ အတွက် ဒီခရီးစဉ်က ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့် အတွေအကြုံ များစွာရရှိခဲ့ပါတယ်။

ဒီနိုင်ငံများရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်များ၊ လူသားအရင်းအမြစ် ပျိုးထောင်မှု၊ ပညာရေးစနစ်များ၊ အင်စတီကျူးရှင်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ကုမ္ပဏီကြီးများရဲ့ စီးပွားရေး မဟာဗျူဟာ အမြင်များကို လေ့လာခဲ့ပြီး ကျွန်တော်တို့နိုင်ငံအတွက် လေ့လာသင်ယူစရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ရာများကို လေ့လာခဲ့ပါတယ်။ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်းမှာ သဘာဝသယံဇာတ ထုတ်ယူတဲ့ စီးပွားရေး ကဏ္ဍများမှာထက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍများမှာ ပိုမို ပူးပေါင်းဆောင်ရွက် ဖို့နဲ့ လတ်တလောမှာ လုပ်ငန်းခွင် ဝင်ရောက်ရေး အတွက် ကျွမ်းကျင် လုပ်သားများ လေ့ကျင့်မွမ်းမံပေးနိုင်မယ့် အလားအလာများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါတယ်။

နိုင်ငံတကာမိတ်ဖက်များ တိုးတက်ရရှိလာတာနဲ့အမျှ ကူးလူးဆက်ဆံမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံး အနေနဲ့လည်း ဒီအခွင့် အရေးများကို အမိအရ ဆုပ်ကိုင်ထားပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက်သင်ယူ လုပ်ကိုင်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ (၃၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ ဒေသတွင်းက သက်ဆိုင်ရာ ဝန်ကြီး များကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရေ၊ မြေ အနေအထားများဟာ လယ်ယာကဏ္ဍ အတွက် သဘာဝက ပေးထားတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ရိုးရာနည်းစနစ်နဲ့ စိုက်ပျိုးရေး စနစ်များကနေ လုပ်သားအင်အား နည်းနည်းသာသုံးရတဲ့၊ အရင်းအနှီးနည်းပြီး အကျိုးအမြတ်များတဲ့ အရည်အသွေးမြင့် လယ်ယာထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင် မှုဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် များစွာ အရေးပါတဲ့ ကိစ္စများဖြစ်တဲ့ အတွက် လယ်ယာ ကဏ္ဍကိုလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာ ကဏ္ဍတစ်ရပ် အဖြစ်ရှုမြင် အကောင်အထည်ဖော်လျက် ရှိပါတယ်။

လက်ရှိမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသ အတွက် စိုးရိမ်ပူပန်မှု တိုးပွားစရာဖြစ်လာတဲ့ ကိစ္စရပ် နှစ်ရပ်ရှိပါတယ်။  ပထမတစ်ခုကတော့ ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ ကူးစက်မြန်ရောဂါတွေပဲ ဖြစ်ပါတယ်။ ကူးစက်မြန်ရောဂါများရဲ့ စိန်ခေါ်မှုဟာ အသစ်မဟုတ်ပေမယ့် နိုင်ငံတကာမှာ ကူးလူး ဆက်ဆံမှုတွေ မြင့်မားလာတာ၊ လူဦးရေသိပ်သည်းဆ မြင့်မားလာတာတွေကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန် လာပါတယ်။ အနောက်အာဖရိကမှာ စတင်ခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်ခံနိုင်ငံများကို ကျွန်တော်တို့အနေနဲ့ လူသားချင်း စာနာနားလည်ပေးနိုင်သလို ကျွန်တော်တို့ ဒေသတွင်း အတွက်လည်း စိုးရိမ်ပူပန်ရပါတယ်။ ဒါ့အပြင် ဇီဝလက်နက်များ အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက် လာနိုင်ခြေများကလည်း စိုးရိမ်ပူပန်မှု များကို ပိုမိုတိုးပွားစေ ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ သာမက အာဆီယံဒေသ အနေနဲ့ပါ ဒီလိုကူးစက်မြန်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ဖို့ ဝိုင်းဝန်းကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။

ဒုတိယစိန်ခေါ်မှုကတော့ ရာသီဥတုဖောက်ပြန်မှုများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စဖြစ်ပြီး အာဆီယံဒေသက မြို့ကြီးအတော် များများဟာ ရေကြီးမှုအန္တရာယ်ကို တွေ့ကြုံခံစား လာရပြီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တွေကြောင့် ပေါ်ပေါက်လာတဲ့ ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုများရဲ့ ဒဏ်တွေကို ရှေ့မှာ မလွဲမသွေ ပိုပြီးရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်တစ်ခုကြောင့် လူ့အသက်ပေါင်း တစ်သိန်း ကျော် ဆုံးရှုံးခဲ့ရတဲ့ နာကျင်ခံစားမှုမျိုး ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံခံစားခဲ့ရဖူးပါတယ်။ မုန်တိုင်းကာလအလွန် ပြန်လည် ထူထောင်ရေးတွေကို အထိုက်အလျောက် လုပ်ကိုင်နိုင်သည့်တိုင် မုန်တိုင်းဒဏ်ခံပြည်သူများရဲ့ ပျက်စီးသွားတဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိဖို့ ဒီကနေ့အချိန်ထိ ကုစားမှုတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အဖြစ်အပျက်သင်ခန်းစာတွေကနေတဆင့် ရာသီဥတုဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တုန့်ပြန် ရင်ဆိုင်နိုင်ဖို့ ဒေသတွင်း မဟာဗျူဟာတစ်ခုကို နောင်ဆယ်စုနှစ် သုံးလေးခုစာလောက် မျှော်မှန်းပြီး ချမှတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာလုံးချီတဲ့ ရာသီဥတုဆိုးဝါးဖောက်ပြန်မှုတွေကို တုန့်ပြန်ရင်ဆိုင်ဖို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူပေါင်းဆောင်ရွက်မှု တွေ လုပ်ကြတဲ့အခါ အာဆီယံနိုင်ငံတွေရဲ့ အသံ၊ အမြင်၊ ရပ်တည်ချက်တွေ ပါဝင်ဖို့ အတူတကွ ခိုင်ခိုင်မာမာ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ကမ္ဘာ့လူသားများရဲ့ လူ့အခွင့်အရေးနဲ့ အေးချမ်းသာယာစွာ ရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ကတော့ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကျွန်တော်တို့ မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှုများဟာ သိပ်ပြီးစိုးရိမ်စရာ မရှိသည့်တိုင် လုံခြုံရေး အသိ၊ သတိရှိရှိနဲ့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကနေ တစ်ဆင့် ရရှိလာတဲ့ ဖြေလျှော့မှုများ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်များကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့် ကိစ္စရပ်များ၊ ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခများ ဟာလည်း အခုလို လုပ်ရပ်တွေကြောင့် ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားတဲ့ အဟန့်အတားပြုလိုတဲ့ အင်အားစုများကလည်း သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ဒီလိုကိစ္စရပ်များကို အသိရှိရှိ တုံ့ပြန်ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းရာနဲ့ချီပြီး မတူကွဲပြားမှုများကို နားလည် လက်ခံ စည်းလုံးညီညွတ်စွာ နေထိုင် လာတဲ့ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

မျိုးနွယ်စုနဲ့ ကိုးကွယ် ယုံကြည်မှုများ မည်သို့ပင် ကွဲပြားစေကာမူ အားလုံးမှာ တူညီတဲ့ အချက်ကတော့ မြန်မာ့ရေမြေပေါ်မှာ ဒိုးတူဘောင်ဘက် နေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြပြီး နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအပေါ်မှာ ချစ်ခင်ကြတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်တန်ဖိုး များကို အခြေခံပြီး နိုင်ငံသား အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုများ မဖြစ်စေဖို့နဲ့ ဘေးပယောဂ အဖျက်အမှောင့်များကို နားမယောင်ဘဲ ဆန့်ကျင် တုန့်ပြန်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ တရားစီရင်ရေး အဖွဲ့များ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်း များနဲ့ နိုင်ငံသားအားလုံးက တစ်စိတ်တစ်ဝမ်းတည်း တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ် အပြည့်အဝနဲ့ လက်တွဲ ပူးပေါင်းပြီး အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တားဆီးရာမှာ ပူးပေါင်းပါဝင် ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။
နိုင်ငံတော်သမ္မတရုံး

ဝ၉-၇၃ ဖုန်းများ လတ်တလောပြန်သိမ်းမည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးဆို



ရန်ကုန်၊ စက်တင်ဘာ ၃ဝ။
ဝ၉- ၇၃ဖြင့်စသည့် မိုဘိုင်းဖုန်းများကို လတ်တလော ပြန်လည်သိမ်းဆည်း မည်မဟုတ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါ CDMA 800MHz ဖုန်းများ ပြန်လည်သိမ်းယူမည်ဆိုပါ က ချက်ချင်းဆောင်ရွက်မည်မဟုတ် ဘဲ လအတန်ကြာအချိန်ပေးသွားမည် ဖြစ်ကာဆက်သွယ်ရေးမှ တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယင်းက ''၇၃ဖုန်းကတ်တွေကို လတ်တလောပြန်သိမ်းဖို့အစီအစဉ် မရှိသေးပါဘူး။ တကယ်လို့ပြန်သိမ်း လို့ရှိရင်လဲ ကတ်အစားထိုးပြန်ထုတ် ပေးတဲ့ပုံစံနဲ့ သွားမှာပါ။ ပြန်သိမ်းဖို့ တွေရှိတယ်ဆိုရင် တရားဝင် အ ကြောင်းကြားပါမယ်'' ဟုပြောသည်။
အဆိုပါ CDMA 800MHz ဖုန်းများကို ၂ဝ၁ဝပြည့်နှစ်ဝန်းကျင် ခန့်က ကျပ်ငါးသိန်းဖြင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျပ်ငါးသိန်းဖြင့် ၇၃ဖုန်းဝယ် ယူအသုံးပြုနေသူ ဦးကိုကိုအောင်က ''ဖုန်းတွေ ဈေးမပေါခင်ကတည်းက ကျွန်တော်တို့က ၇၃ဖုန်းကိုဝယ်ခဲ့တာ ပါ။ ဒါလဲ ဖုန်းလိုင်းတစ်ခုအနေနဲ့ပေး သုံးလို့ရတာပဲလေ။ ဆင်းမ်ကတ်လဲ ပေးတယ်ပြောပြော၊ ကျွန်တော်တို့က ငါးသိန်းပေးပြီး ဝယ်ထားတာ နစ်နာ တာပါပဲ''ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ် အမ်၊ WCDMA ဖုန်းများကိုသာ ဦးစားပေး ချထားပေးလျက်ရှိပြီး CDMA 800MHz ဆင်းမ်ကတ်များ ကို လက်ရှိတွင် ရောင်းချပေးခြင်းမရှိ တော့ကြောင်း သိရသည်။
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

အကြမ်းဖက်ဝါဒ မြန်မာသို့ဦးတည်ခြိမ်းခြောက်မှုများအား သတိဖြင့် ကာကွယ်ရန် သမ္မတတိုက်တွန်း

- ဇွဲမာန်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
ရန်ကုန်၊ အဖွဲ့အစည်းတချို့၏ အကြမ်း ဖက်ဝါဒဖြင့် မြန်မာနိုင်ငံသို့ဦးတည်ခြိမ်း ခြောက်မှုများအား သတိရှိရှိဖြင့်ကြိုတင် ကာကွယ်မှုပြုလုပ်ရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြားလိုက်သည်။
မကြာသေးမီက ဘာသာရေးအ စွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း တစ်ခု၏ မြန်မာနိုင်ငံသို့ ဦးတည်ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ သမ္မတက အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ အကြမ်းဖက်ဝါဒအ ဖွဲ့အစည်းတချို့၏ မြန်မာနိုင်ငံသို့ ဦး တည်ခြိမ်းခြောက်မှုများမှာ သိပ်စိုးရိမ် စရာမရှိသော်လည်း လုံခြုံရေးအသိဖြင့် သတိရှိရှိ ကြိုတင်ကာကွယ်မှုများ ပြု လုပ်ထားရန် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ၄င်း၏ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။
''ကမ္ဘာ့လူသားတွေရဲ့ လူ့အခွင့် အရေးနဲ့ အေးချမ်းသာယာစွာရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာ တာ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပါ။ လက်ရှိ မြန်မာနိုင်ငံကို ဦးတည်ခြိမ်း ခြောက်မှုများရှိနေလို့ စိုးရိမ်စရာရှိပေ မယ့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြ ရမှာဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထိုသို့ အကြမ်းဖက်အန္တရာယ်များ အား ကာကွယ်တားဆီးရန် အစိုးရအ ဖွဲ့၊ လွှတ်တော်၊ တရားစီရင်ရေးအဖွဲ့၊ တပ်မတော် လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများစသည့် အဖွဲ့အစည်းများ ပူး ပေါင်းလုပ်ကိုင်ရန်လိုအပ်ကြောင်း သမ္မတ က တိုက်တွန်းပြောကြားခဲ့သည်။
လွန်ခဲ့သော စက်တင်ဘာ ၂၅ရက် တွင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် RSO အကြမ်းဖက်သူဟု ယူဆရသော သ တင်းတပ်သားဖြစ်သူ ဘင်္ဂါလီလူမျိုး ယာ ဆိမ်းအဲဖာရာကို ကျီးကန်းပြင်စစ်ဆေး ရေးဂိတ်တွင်လည်းကောင်း၊ စက်တင် ဘာ ၂၈ရက်တွင် မိုဟာမက်အီဒရိရ်နှင့် နူမာမောက်တို့ကိုလည်းကောင်း ဖော် ထုတ်ဖမ်းဆီးမိခဲ့ကြောင်း မြန်မာနိုင်ငံ နယ်ခြားစောင့်အဖွဲ့မှ ထုတ်ပြန်ချက် များအရ သိရသည်။
‪#‎TheYangonTimes‬

လေကြောင်းတိုက်ခိုက်မှုများကို IS အဖွဲ့က စနစ်တကျ ရှောင်လွှဲနိုင်စွမ်းရှိလာ

အမေရိကန်နှင့် မဟာမိတ် တပ်ဖွဲ့များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များက စနစ်တကျ ရှောင်လွှဲနိုင်စွမ်း ရှိလာကြောင်း သတင်းရရှိသည်။
IS တပ်ဖွဲ့၏ ထိန်းချုပ်ခြင်းကို ခံနေရသည့် နယ်မြေများတွင် နေထိုင်သည့် ဒေသခံ အချို့က ကမ္ဘာကျော် အစွန်းရောက် စစ်သွေးကြွများသည် လေကြောင်းမှ တိုက်ခိုက်မှုများတွင် ပစ်မှတ်ဖြစ်နိုင်ခြေကို လျှော့ချပေးမည့် နည်းလမ်းများကို ကျင့်သုံးနေကြောင်း ပြောကြားခဲ့သည်။
မျက်မြင်များက IS စစ်သွေးကြွများသည် ၎င်းတို့၏ စစ်ဆေးရေးဂိတ် အများအပြားကို ဖျက်သိမ်းလိုက်ခြင်းဖြင့် တိုက်လေယာဉ်များ၏ ပစ်မှတ်နေရာ သတ်မှတ်နိုင်ခြေကို လျော့ကျသွားစေကြောင်း ဆိုသည်။ ထို့အပြင် စစ်သွေးကြွ အများအပြားသည် မိုဘိုင်းဖုန်းများ အသုံးပြုပြီး ဆက်သွယ်မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားနေကြောင်းလည်း သိရသည်။
စစ်သွေးကြွများသည် ၎င်းတို့ အသုံးပြုနေသည့် သံချပ်ကာယာဉ်များနှင့် အခြားသော မော်တော်ကားများကို အလွန်တောက်ပသည့် အရောင်များ ခြယ်သခြင်းမျိုးကိုလည်း စွန့်လွှတ်လိုက်သည်။ တောက်ပလွန်းသော အရောင်အမျိုးမျိုးနှင့် ယာဉ်တန်းတစ်ခုသည် ဝေဟင်ထက်မှ တိုက်လေယာဉ်မှူးများကို ဗုံးခလုတ် ဖြုတ်ချင်အောင် ဆွဲဆောင် ဖိတ်ခေါ်နေမှန်း IS အဖွဲ့သားများ ရိပ်မိလာခြင်း ဖြစ်သည်။
ထို့အပြင် IS တပ်ဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေများရှိ နေအိမ်အမြောက်အမြား၏ ခေါင်မိုးထက်တွင် အနက်ရောင် IS အလံများကို ခြယ်သရေးဆွဲထားသည်။ ထိုအခြေအနေက လေယာဉ်မှူးများ အနေဖြင့် ပစ်မှတ်ကို ရွေးချယ်ချိန်တွင် အာရုံထွေပြားစေမည် ဖြစ်သည်။ IS တပ်ဖွဲ့၏ ထိန်းချုပ်ခံ နယ်မြေများမှ ဒေသခံ အများအပြားက ယခုအခါ စစ်သွေးကြွများသည် ၎င်းတို့ အခြေစိုက်ရာ အဆောက်အအုံတစ်ခု ဗုံးကြဲ ဖျက်ဆီးမခံရမီ ကြိုတင် သတင်းရ လွတ်မြောက်အောင် စီမံ ခန့်ခွဲနေနိုင်ပြီဟု ပြောကြားခဲ့သည်။
IS က အသုံးပြုသည့် စစ်လက်နက်များသည် အပေါ့စားများ ဖြစ်သောကြောင့် အလွယ်တကူ ကိုယ်ယောင်ဖျောက်နိုင်သလို မြန်မြန်ဆန်ဆန် ပြန်လည် စုရုံးနိုင်သည်။ ယင်းသည် ကမ္ဘာပေါ်ရှိ စစ်တပ် အများအပြားထက် အားသာချက်တစ်ခု ဖြစ်နေကြောင်း ဗြိတိသျှ ကာကွယ်ရေးနှင့် လုံခြုံရေး သုတေသီ ပေါလ်ဂစ်ဘ်ဆန်က ဆိုသည်။
“သူတို့တွေ အနေနဲ့ အကြိမ်ကြိမ် အစမ်းသပ်ခံရတဲ့နောက် သင့်တော်တဲ့ ပုံသေနည်းတွေကို ရှာတွေ့သွားပုံပဲ။ တကယ်လို့ စစ်သွေးကြွတွေကို လေကြောင်းက တိုက်ခိုက်လာပြီ ဆိုတာနဲ့ IS က အရင်ဆုံး လုပ်တာက ပူးပေါင်း လေတပ်ရဲ့ ပစ်မှတ် သတ်မှတ်ချက်ကို လျှော့ချလိုက်ဖို့ပဲ။ ပြီးတော့ ဆက်သွယ်ရေး ကဏ္ဍမှာ မိုဘိုင်းဖုန်းနဲ့ ရေဒီယိုတွေ အသုံးပြုတာ နည်းသွားတယ်။ ဒီအတွက် သူတို့ဆီက ထွက်ပေါ်လာတဲ့ ရေဒီယိုလှိုင်းကို ဖမ်းယူရတာ ပိုပြီး ခက်သွားတယ်”ဟု ဂစ်ဘ်ဆန်က မှတ်ချက်ပြုခဲ့သည်။
ထို့အပြင် IS တပ်ဖွဲ့က စုစည်းထားသည့် နိုင်ငံတကာ တိုက်ခိုက်ရေးသမားများတွင် အာဖဂန်နစ္စတန်၊ ချေချင်းညာ၊ လစ်ဗျားတို့မှ တိုက်ပွဲအတွေ့အကြုံ ရှိသူများ ပါဝင်နေသောကြောင့် လေကြောင်းထိုးစစ်ကို မည်သို့တုံ့ပြန်ရမည်ကို ပိုမို နားလည်တတ်သိ လွယ်လာကြောင်းလည်း ဂစ်ဘ်ဆန်က ဆိုသည်။ “လေကြောင်း တိုက်ခိုက်မှု တစ်ရပ် ကြုံလာပြီဆိုရင် ဘယ်လို နေထိုင် ပြုမူမှုမျိုးက အံအဝင်ဆုံး ဖြစ်မလဲ ဆိုတာကို သူတို့တွေ လျင်လျင်မြန်မြန် သင်ယူနိုင်ခဲ့ပုံပဲ။ အခြေခံ အချက်တွေအရ ကိုယ့်ဆီမှာ မိုဘိုင်းဖုန်းတစ်လုံး ရှိနေရင် ဗုံးတစ်လုံး ချက်ချင်းရောက်လာနိုင်တာကို သိထားရမယ်လေ”ဟု ၎င်းက ပြောကြားသွားသည်။
_Ref: BBC

ဘေးမသီရန်မခ ပြန်လည်တွေ့ရှိပါစေကြောင်း ထူးဖောင်ဒေးရှင်းမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်


စက်တင်ဘာလ(၂၇)ရက်နေ့က ပျောက်ဆုံးတောင်တက်သမား (၂)ဦးကို ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေသော ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်မှာ တဟွန်ဒမ်း ကျေးရွာသို့ သွားရောက်ရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါသည်။ အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းမှ နာယကကြီး ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ လိုက်ပါသွားခဲ့ကြသည်။ ၎င်းတို့အား ကယ်ဆယ်ရေးအဖွဲ့များက ဘေးမသီရန်မခဘဲ ပြန်လည်တွေ့ရှိပါစေကြောင်း ထူးဖောင်ဒေးရှင်းမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Htoo Foundadtion

တရားမဝင် ဝင်ရောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ဦးလွှဲပြောင်းပေး


မောင်တော၊ စက်တင်ဘာ ၃ဝ။
...
တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင် ရောက်လာမှုကြောင့် လဝကဥပဒေ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၂ဦးကို စက်တင်ဘာ ၃ဝရက်နေ့ နံနက် ၉နာရီခွဲက မောင်တောနယ်စပ် အမှတ်(၁) ဝင်/ ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်သို့ လွှဲပြောင်းပေးလိုက် ကြောင်း သတင်းရရှိသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများကို မောင်တောခရိုင် ဒုတိ ယခရိုင်လဝကဦးစီးဌာနမှူး ဦးထွန်း ထွန်း ဦးဆောင်ကာ အဖွဲ့ဝင် ၁၃ ဦးမှ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဘင်္ဂ လားဒေ့ရှ်နိုင်ငံဖက်မှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ Additional Director, Staff Officer Md.Nazmus Sadat Soimmo ဦးဆောင်ကာ အဖွဲ့ဝင် ကိုးဦးတို့မှ လွှဲပြောင်းလက်ခံခဲ့ကြောင်း ခရိုင်လဝကဦးစီးမှူးက ပြောကြား သည်။
အကျဉ်းကျလွတ်မြောက်လာ သူများလက်ခံရေးအဖွဲ့ Additional Director, Staff Officer Md.Nazmus Sadat Soimmo ဦး ဆောင်ကာ အဖွဲ့ဝင်များမှာ မောင် တောမြို့မ စည်ပင်သာယာဈေးကြီး နှင့် မြို့မကျောင်းတိုက်ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်လေ့လာ ခဲ့ပြီး မွန်းလွဲ ၁နာရီကျော်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိ ရသည်။ ပြစ်ဒဏ်လွှတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လွှဲပြောင်းပေးနိုင်ရန်အ တွက် မောင်တောခရိုင် လဝကဦးစီး ဌာနမှူး ဦးစောနိုင် (ဒု-ညွှန်ကြား ရေးမှူး)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၄၂) နယ်ခြားစောင့်တပ်ရင်း မှူးတို့၏ အပြန်အလှန်ဆက်သွယ် ညှိနှိုင်းဆောင်ရွက်မှုအရ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ဇူ လိုင်လမှ ယခုလ ၃ဝရက်အထိ ခြောက်ကြိမ်လွှဲပြောင်းပေးခဲ့ပြီး ပြစ် ဒဏ်လွှတ် အကျဉ်းသား ၁၇၁ဦးကို လွှဲပြောင်းပေးထားပြီဖြစ်ကြောင်း မောင်တောခရိုင် လဝကဦးစီးဌာန မှူး ဦးစောနိုင်(ဒု-ညွှန်ကြားရေးမှူး) က ပြောကြားသည်။
NT
MYG

မြန်မာနိုင်ငံအတွက် အသုံးပြုသင့်ဆုံးရွေးကောက်ပွဲစနစ်မှာ အပိတ်စနစ် (Closed List PR) ဖြစ်ဟုဆို



ရန်ကုန်၊ စက်တင်ဘာ ၂၉။
...
အချိုး ကျကိုယ်စားပြုစနစ် (Propositional Representative)အမျိုး မျိုးရှိသည့် အနက် မြန်မာနိုင်ငံအ တွက် အသုံးပြုရန် အသင့်တော်ဆုံး ရွေးကောက်ပွဲစနစ်မှာ အပိတ်စနစ် (Closed List PR) ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကပြောသည်။
အပိတ်စနစ် (Closed List PR) သည် ဝင်ပြိုင်သည့် ကိုယ်စား လှယ်အမည်ကို မဖော်ပြဘဲ ပါတီ အမည်ကိုသာ ဖော်ပြထားခြင်းကြောင့် မဲပေးရမည့် ပြည်သူများ အနေဖြင့် မိမိကြိုက်နှစ်သက်သော ပါတီကို သာ ရွေးချယ်ရသည့်စနစ်ဖြစ်သည်။
အဖွင့်စနစ် (Open List PR)မှာ ပါတီအမည်အပြင်ကိုယ်စား လှယ်လောင်း အမည်ပါ ဖော်ပြထား သည့်အတွက် ပြည်သူလူထုအနေ ဖြင့် ပါတီကိုသာမက ခေါင်းဆောင် ကိုလည်း ရွေးချယ်နိုင်သည်။
ဦးသုဝေက ''Party List Closed List PR လို့လဲ ခေါ်တာပေါ့။ ဒီစနစ် က လက်ရှိကျင့်သုံးခဲ့တဲ့ FPTP စနစ်နဲ့တူတယ်။ မြန်မာနိုင်ငံနဲ့ အ ကိုက်ညီဆုံးစနစ်ပဲ ''ဟု ဦးသုဝေက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် သင့်တော်မည့်ရွေးကောက်ပွဲကို လေ့ လာရန်အတွက် ပြည်သူ့လွှတ်တော် တွင် ရွေးကောက်ပွဲစနစ်လေ့လာ သုံးသပ်ရေး ကော်မရှင်ကိုဖွဲ့စည်း ထားသည်။
လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးအပြင် အခြားအဖွဲ့ဝင်များလည်း ပါဝင်သည့် အဆိုပါကော်မရှင်သည် ရွေးကောက်ပွဲစနစ်အမျိုးမျိုးကို လေ့ လာလျက်ရှိပြီး ယခု ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင် အစီ ရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အချိုးကျကိုယ်စား ပြုစနစ်များနှင့် ပတ်သက်ပြီး လူထု ဟောပြောပွဲတစ်ခုကိုလည်း လာ မည့် အောက်တိုဘာလတွင် မန္တလေး မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသုဝေကဆက်လက် ပြောသည်။
ထိုလူထုဟောပြောပွဲတွင် PR စနစ်အကြောင်းဟောပြောရန် ပါတီ ခေါင်းဆောင်အများစုနှင့် ပြင်ပပညာ ရှင်များကိုလည်း ဖိတ်ထားပြီးပြုလုပ် မည့် ရက်အတိအကျမသိရသေးပေ။
''PR စနစ်အကြောင်းနဲ့ ဒီ စနစ်က ကောင်းတယ်ဆိုတဲ့အကြောင်း တွေကို ဟောပြောသွားမယ်'' ဟုဦးသု ဝေကပြောသည်။
အချိုးကျကိုယ်စားပြုစနစ် (PR) ကို အသုံးပြုရန်အတွက်ပြီးခဲ့ သည့် လွှတ်တော် အစည်းအဝေး ကျင်းပစဉ်က တင်သွင်းခဲ့ခြင်း ဖြစ် သည်။
အမျိုးသားလွှတ်တော်တွင် အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်း ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ လွှတ်တော် တွင် ပုဇွန်တောင်မဲဆန္ဒနယ်မှ ကိုယ် စားလှယ် ဦးအောင်ဇင်ကတင်သွင်း ခဲ့ခြင်းဖြစ်သည်။
NTDW
YMG

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ