Thursday, April 24, 2014

တရားဥပဒေစိုးမိုးရေးဗဟိုဌာန(Rule of Law Centres)များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တရားဥပဒေစိုးမိုးရေးဗဟိုဌာန(Rule of Law Centres)များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Thu, 24/04/2014






တရားဥပဒေစိုးမိုးရေးဗဟိုဌာန(Rule of Law Centres) များအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်း အမှတ်(၅၉)ရှိ လွှတ်တော်ရုံး ခွဲအစည်း အဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာ စကား ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့်‌ တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်‌ ကော်မတီ အဖွဲ့ဝင် များ၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်‌ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုနှင့်‌ ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ဥပဒရေးရာနှင့်‌အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့်‌ အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့်‌ ဥပဒေရေး ရာကော်မရှင်တို့မှအဖွဲ့ဝင်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီ အစဉ် (UNDP)မှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုတရား လွှတ်တော် ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ ပြည်ထဲေ
ရး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့်‌ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ၊ ပြည်ထောင်စု လွှတ်တော် ရုံး နှင့်‌ ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမှာစကား ပြောကြားရာတွင် တရား ဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက်၊ လူ့အဖွဲ့ အစည်းအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စဖြစ် ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှသာ တိုင်းပြည် တည်ငြိမ်အေး ချမ်းမှုရှိမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့်‌ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှ တရားဥပဒေစိုးမိုးမှု ရှိမည်ဖြစ်ကြောင်း၊ တစ်ခုနှင့်တစ်ခု ယှဉ်တွဲ၍ အထောက် အကူပြုနေသည့် ကိစ္စများ ပင်ဖြစ် ကြောင်း၊ ခေတ်ပြောင်း စနစ်ပြောင်း ကာလတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီး ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ ဒိမိုကရေစီရရှိရန် ခက်ခဲနိုင်ပါကြောင်း၊ သို့ဖြစ်၍ တရား ဥပဒေစိုးမိုးရေးကိုလိုလိုလားလား ဆောင်ရွက်
 နေခြင်းဖြစ်ပါကြောင်း၊အားသွန်ခွန်စိုက်  ဆောင်ရွက်နေ သကဲ့သို့ အကူအညီများလည်း ပေးနေ ပါကြောင်း၊ ယနေ့ အစည်း အဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့်‌စပ်လျဉ်း၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ထားပြီး ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်၍ များစွာအကျိုး ဖြစ်ထွန်း မည် ဖြစ်ပါကြောင်းဖြင့်‌ ပြောကြားသည်။

ထို့နောက် တရားဥပဒေစိုးမိုးရေးနှင့်‌ တည်ငြိမ်အေး ချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တရား စီရင်ရေး၊ ဥပ‌ဒေ‌ရေးရာနှင့်‌ တိုင်ကြားစာများ၊ အသနားခံ စာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌသူရ ဦးအောင်ကိုတို့က တရားဥပဒေ စိုးမိုးရေး ဗဟိုဌာနနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)၊
 ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု
 ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်‌ အမျိုးသားစီမံ ကိန်းနှင့်‌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကတရားဥပဒေစိုးမိုးရေးဗဟိုဌာန  ဖြစ်ပေါ် လာရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အထွေေ ထွဆွေးနွေးကြပြီး ပြည်ထောင်စု လွှတ်တော်နာယက က တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ် အမှာစကားပွောကြား ရာတွင် တင်ပြချက်များ၌ ဥပ‌ဒေနှင့်‌ ညီညွတ်သည်ဟု ပြောကြားမှုများ ရှိသကဲ့သို့ အချို့က မခိုင်လုံဟုတင်ပြမှုများရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကအမိန့်ကြော်ငြာစာထုတ်ပေးရန်တာဝန်ရှိပါကထုတ်ပေး ရန်အသင့်‌ရှိကြောင်း၊ သို့မဟုတ်ပါက တာဝန်ရှိ သည့် ဌာနကအမိန့်ကြော်ငြာစာထုတ်ပေးရန် ဖြစ်ပါကြောင်း၊
 လေ့ကျင့်‌ပေးသင့် သူများကို လေ့ကျင့်‌ပေးရန်နှင့်‌ ပါသင့်‌ သူများကို ရွေးချယ်ပေးရန်လိုအပ်ပါကြောင်း၊ Centre များမှ တရားဥပဒေ စိုးမိုးမှုမရှိခြင်းမှာ မည်သည့် အတွက်ကြောင့့် ဖြစ်ရသည်ကို စဉ်းစားသုံးသပ်၍ သုတေသန လုပ်ပေးရန် လိုအပ်ပါကြောင်း။ တရားဥပ‌ဒေစိုးမိုးရေးသည် ပြည်သူတစ်ရပ်လုံးနှင့်‌လည်း ပတ်သက်ဆက်စပ်နေပါကြောင်း၊ ပြည်သူအားလုံး သိထား သင့်‌ပါကြောင်း၊ ပြည်သူအားလုံးပါဝင် ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားဥပဒေပြုလွှတ်တော် များပါဝင်ရမည် ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားအုပ်ချုပ်ရေး  အဖွဲ့မှ သက်ဆိုင်သော တာဝန်ရှိ အဖွဲ့ အစည်း များနှင့်‌ တာဝန်ရှိသူများ ပါဝင် ရမည်ဖြစ်ကြောင်း၊  ပြည်သူ့ ကိုယ်စား တရားရေးအဖွဲ့အစည်းများသည် ကဏ္ဍ အလိုက်ပါဝင်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေပြုရေးအပိုင်းက စပြီး ဆောင်ရွက်ရ မှာဖြစ်ကြောင်း၊ တရားမျှတသောဥပဒေ၊ အများပြည်သူ လိုက်နာနိုင်သောဥပဒေ၊ ၎င်းဥပဒေများနှင့်‌ ရှေ့နောက်ညီညွတ်သော Rule & Regulationများ ထုတ်ပြန်ရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး အပိုင်းကဥပဒေအတိုင်းလိုက်နာပြုကျင့်‌ဖို့အတွက်
 ပြည်ထောင်စု အစိုးရက ကြီးကြပ် အကောင် အထည် ဖော်ရ မည်ဖြစ်ကြောင်း၊ ပြည်သူအားလုံး ကလည်း လိုက်နာရမည် ဖြစ်ကြောင်း၊ လိုက်နာမှုမရှိသူ အား ဥပဒေနှင့်‌အညီအရေးယူသလို ကြီးကြပ် အကောင်အထည် ဖော်သူများအပိုင်းက ပျက်ကွက် ခဲ့လျင်လည်းဥပဒေနှင့်အညီအရေးယူရမှာ  ဖြစ်ပါကြောင်း။

ထို့သို့ဆောင်ရွက်ရာတွင် တရားသူကြီးများ၊ Law Enforcement အဖွဲ့များ၊ ရှေ့နေရှေ့ရပ်များ၊ ရုံးအဖွဲ့ဝင် များ၊ သက်သေများ၊ တရားခံ/တရားလို၊ တရားလို/ တရားပြိုင်များ၊ ပြည်သူလူထုများ၊ သတင်းမီဒီယာများ အားလုံးပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်သူ လူထု၏ စိတ်ပိုင်းဆိုင်ရာ Mindset များ ပြုပြင်ပြောင်းလဲ ရန်အတွက် စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လက်ငင်း ရေတို/ ရေရှည် လုပ်ငန်းစဉ်များချမှတ်ခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေး အတွက် လိုအပ်ပါက ဘတ်ဂျက်ရေးဆွဲ ၍ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အနှစ်ချုပ်ရမည်ဆို ပါက တရားဥပ‌ဒေစိုးမိုးမှ တည်ငြိမ်အေးချမ်းမယ်၊ တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်နိုင် မည် ဖြစ်ပါကြောင်း၊ အဲဒီလိုပဲ ဖွံ့ဖြိုးတိုးတက်မှ တရားဥပ‌ဒေစိုးမိုးမှု ရှိမယ်ဆိုပြီး သံသရာလည်နေ သလို ကြောင်လိမ် လှေကားပမာ ပို၍ ပို၍ တိုးတက်လာ မှာ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ နည်းကျကျ အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း။ တည်ငြိမ်အေးချမ်းရေးရရှိရန် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့်‌ လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်း အချင်းချင်း ရန်လိုသော စကားနှင့်‌ အပြုအမူ၊အထင်သေးအမြင်သေးစသော ပြော ဆိုပြုမူမှု၊ ခွဲခြားပြောဆို ပြုမူမှုများ၊ စိတ်ဝမ်း ကွဲစေသော ပြော ဆိုပြုမူမှုများ မဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်း၊ ထို့အတူ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ရရှိဖို့လိုပါကြောင်း၊ အမျိုးသား ပြန်လည် သွေးစည်း ညီညွတ်ဖို့လိုပါကြောင်း၊ ဒါကြောင့်‌မိမိတို့ နိုင်ငံသား များသည်ပါတီစွဲ၊ဝါဒစွဲ၊  ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်‌ ဘာသာအစွဲများ မထားရှိ ဘဲ နိုင်ငံတော်အတွက် အများပြည်သူ အတွက်ဆိုလျင် ပါဝင်ပူးပေါင်းဆောင် ရွက်ရေးကို တိုက်တွန်း အားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုက် သင့်‌သော အောင်မြင်အဆင်ပြေမှု များရရှိထားသော်လည်း လွှတ်တော်အတွင်းနှင့်‌ လွှတ်တော်ပြင် ပ တွင် ယခု ထက် ပိုမိုဆောင် ရွက်ပေးရေး အတွက် နိုင်ငံသား များနှင့်‌စွမ်းဆောင်နိုင်ကြ သူများမှပါဝင်ပေးကြ စေ လိုကြောင်း၊ နိုင်ငံအတွက် တိုင်းပြည် အတွက် မိမိတို့ အတွက် ဝိုင်းဝန်းပါဝင်ပေး ကြပါလို့တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့်‌  ပြောကြား သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ဆဲဥပဒေများနှင့်‌ ပြင်ဆင်၊ ပယ်ဖျက် အသစ်ရေးဆွဲသင့်သော ဥပဒေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ဆဲဥပဒေများနှင့်‌ ပြင်ဆင်၊ ပယ်ဖျက် အသစ်ရေးဆွဲသင့်သော ဥပဒေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ဆဲဥပဒေများနှင့်‌ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲ သင့်‌သော ဥပဒေများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းတည့်(၁၂)နာရီ တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊အင်းလျားလမ်း အမှတ်(၅၉) ရှိ လွှတ်တော်ရုံးခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့်‌ အထူး ကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး   ကော်မရှင်နှင့်‌ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့်‌ ဥပဒေရေးရာ   ကော်မရှင်တို့မှ အဖွဲ့ဝင် များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့့် ပြည်သူ့လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမှာစကား   ပြောကြား ရာတွင် နှစ်သစ်တွင် ပထမဆုံးကျင်းပသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ လွှတ်တော်များက တာဝန် ယူ   ဆောင်ရွက်သည့် ဥပဒေပြုရေး ကိစ္စများနှင့်‌ စပ်လျဉ်း ၍ တည်ဆဲ ဥပဒေများထဲမှ ပြင်ဆင်၊ ပယ်ဖျက်ရန်လိုအပ် သည့် ကိစ္စရပ်များကို ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ပြီးပြတ်အောင် လုပ်ဆောင် ရမည်ဖြစ် ကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက် တွင် လွှတ်တော်များ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ သက်တမ်းအားဖြင့်‌ (၃)နှစ်နှင့် (၂)လကျော် ခဲ့ပြီဖြစ်ကြောင်း၊ ယင်းသက်တမ်း ကာလအတွင်း ဥပဒေပေါင်း (၉၈)ခု ပြဋ္ဌာန်း နိုင်ခဲ့ပြီ   ဖြစ်ကြောင်း၊ပြည်သူ့ လွှတ်တော်နှင့်‌ အမျိုးသားလွှတ်တော် တို့၌ ဥပဒေပေါင်း(၅၄)ခုကို   ဆွေးနွေးဆဲ   ဖြစ်ပါ ကြောင်း။ 
လွှတ်တော်ကော်မတီ /ကော်မရှင်များနှင့်‌ ညှိနှိုင်းပြီး တည်ဆဲဥပဒေများ ပြင်ဆင်၊ အတည်ပြုရန် အတွက် အစိုးရအဖွဲ့သို့ ပေးပို့ထားသည့်ဥပဒေ(၁၃၄)ခု၊
 ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ပေးပို့ထားသည့် ဥပဒေ(၂)ခု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ပေးပို့ထားသည့်ဥပဒေ(၁)ခု ရှိ ပါကြောင်း၊ သို့ဖြစ်၍ အကြမ်းအားဖြင့်‌ ဥပဒေပေါင်း (၂၀၀)ခန့် ပြင်ဆင်၊ ပြဋ္ဌာန်း  အတည်ပြုပေးရန် ရှိ ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ မတိုင်မီ   ဆောင်ရွက်နိုင် မှသာ အဆင်ပြေမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၁၄-၂၀၁၅ အောက်တိုဘာအထိဆိုလျင် (၁)နှစ်နှင့်‌ (၆)လ အချိန်ကြာမြင့်‌မည် ဖြစ်ကြောင်း၊ အဆိုပါ ကာလအတွင်း ဥပဒေပေါင်း(၂၀၀)ခန့် အတည်ပြုပေး ရန်မှာ များပြား   သောကိစ္စ ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော် သက်တမ်း(၅)နှစ်အတွင်း၌ ဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်ခြင်း မပြုနိုင်လျင် တာဝန်ကျေမည် မဟုတ်ပါကြောင်း၊ ဥပဒေများ ပြင်ဆင်၊ ပယ်ဖျက်၊ ပြဋ္ဌာန်းနိုင်မှသာ   ခေတ်ပြောင်း စနစ်ပြောင်းနှင့် လိုက်လျောညီထွေ ဆောင် ရွက်နိုင် မှာ ဖြစ်ပါကြောင်း။ 
ပြီးခဲ့သည့်‌ လွှတ်တော် သက်တမ်းအတွင်း ဥပဒေပေါင်း(၉၈)ခု ပြဋ္ဌာန်းနိုင်ခဲ့ခြင်း အတွက်အခြားနိုင်ငံ များ မှ လွှတ်တော်များကပင် အသိ အမှတ်ပြုခြင်း ခံရပါကြောင်း၊ မိမိတို့ မည်မျှကြိုးပမ်း စွမ်းဆောင်ခဲ့ သည်ကို မိမိတို့ အသိဆုံး ပင်ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် များ၌ စတင်ဆွေးနွေးကြပြီး သဘောထားကွဲလွဲမှုရှိပါ က ပြည်ထောင်စု လွှတ်တော်သို့   ပေးပို့၍   ဆွေးနွေးရ သဖြင့်‌ အချိန်များစွာ ယူရပါကြောင်း၊ မိမိတို့အနေဖြင့်‌ Procedure အရ မည်သည့် အချက်များ   ပြင်ဆင်ရန် လိုအပ်မည်ကို ပြန်လည်သုံးသပ်ရန် လိုပါကြောင်း၊ မိမိ တို့ ဆောင်ရွက်နေသောProcedureများသည်ဥပဒေပြုရေး ၌ နှောင့်‌နှေးမှုများ ဖြစ်နေပါက ပြင်ဆင်သွားရန်လိုအပ် မည် ဖြစ်ကြောင်း။ယနေ့ တက်ရောက် လာ ကြသူများ သည် ပညာရှင်များ၊ အတွေ့အကြံ ရှိသူများဖြစ်၍ အကြံ ဉာဏ် ကောင်းများ  ပေးနိုင်သူ များဖြစ် ပါကြောင်း၊ ယနေ့ အစည်းအဝေးမှ ပေါ်ထွက်လာမည့် သုံးသပ်ချက်များအရ လက်တွေ့အကောင် အထည်ဖော် လုပ်ဆောင်ရမည်ဖြစ် ၍ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန်လိုပါကြောင်း ဖြင့်‌ ပြော
ကြားသည်။
 ထို့နောက် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စိုးက ဆောင်ရွက်ဆဲ ဥပဒေဆိုင်ရာ လုပ်ငန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
 ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ နှင့်‌ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းတို့က ဆောင်ရွက်ဆဲ ဥပဒေများနှင့်‌ ပြင်ဆင်၊ ပယ်ဖျက် အသစ်ရေး ဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်‌စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြ ကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့်‌ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး  ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်ကော် မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်သန်းသန်းရီ၊ ဦးညီညီ၊  ဦးထင်ဇော်၊ ဦးဝင်းသိမ်း နှင့် ဦးသန်းမောင်တို့ က အသစ်ရေး ဆွဲမည့် ဥပဒေများအနက် ဦးစားပေးသင့်‌ သည့်ဥပဒေများကိုဦးစားပေးဆောင်ရွက်ရန်၊ ကော်မတီ/ 
 ကော်မရှင်နှင့် လွှတ်တော်တို့၌ ဆွေးနွေးသည့်အခါ   ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့်‌ ပူးပေါင်း ဆောင်ရွက်ရန်၊ ဥပဒေပြုရေးနှင့်‌ စပ်လျဉ်း၍ Procedure ပြင်သင့်၊ မပြင်သင့်‌ စဉ်းစားသုံးသပ်ရန်၊ လွှတ်တော်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့်‌ ရှေ့နေ ချုပ်ရုံးတို့ပူးပေါင်း၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ သည့် ဥပဒေကြမ်းကို ထပ်မံ၍ မှတ်ချက် ပြုစရာ မလိုအောင် ပူးပေါင်းဆောင်ရွက်ရန်၊ ရှေ့နေချုပ်ရုံး၊ ဥပဒေများ ပြဋ္ဌာန်းရာတွင် မြန်ဆန်ပြီးမြောက်နိုင်ရေး အတွက်   ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သို့ အပြန်အလှန်သိရှိ ဆောင်ရွက်နိုင်ရန်၊ အချိန်ကန့် သတ်ချက်အရ ဥပဒေများ   ပြဋ္ဌာန်းရာ တွင် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ဦးစားပေးလုပ် ငန်း အစီအစဉ်များ ရေးဆွဲရန်၊အတည်ပြု ပြဋ္ဌာန်းပြီးသည့်  ဥပဒေများကို ဖော်ပြရာ၌ စာမူများ ကွဲလွဲမှုမရှိစေရေး စိစစ်ဆောင်ရွက်ရန်နှင့်‌ အင်္ဂလိပ်ဘာသာ ဖြင့်‌   ပြန်ဆိုရန် ကိစ္စရပ်များကို အကြံပြု ဆွေးနွေး တင်ပြကြသည်။
 ထို့အတူ အမျိုးသားလွှတ်တော် ကော်မရှင် အဖွဲ့ဝင် များဖြစ်သော ဦးစိန်လှ၊ ဦးစန်းလွင်နှင့်‌ ဦးကျော်စိန်တို့က လွှတ်တော်တွင် ဆုံးဖြတ်ပြီးသော ဥပဒေများနှင့်‌ ပတ် သက် ၍ သဘောထား ကွဲလွဲမှုများသည် မဖြစ် သင့်‌သော ကိစ္စရပ်ဖြစ်၍ ဥပဒေများ ပြဋ္ဌာန်းရာတွင် နည်းလမ်းများ ရှာဖွေလုပ်ဆောင်သွားရန်၊ လက်ရှိ ဥပဒေများတွင် ရုပ်သိမ်းသင့်သည့် ဥပဒေများရှိပြီး မရှိသေးသော ဥပဒေများကိုအသစ်ရေးဆွဲ ပြဋ္ဌာန်း ပေးရန်၊  ပြင်ဆင်ပြ
ဋ္ဌာန်းမည့် ဥပဒေ(၂၀၀)ခန့်ကို သက်ဆိုင်ရာဝန်ကြီးဌာန များမှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန် လို အပ်ကြောင်း၊ မြန်မာစာ   ရေးထုံးများနှင့်‌ ညီညွတ်စေ ရန်လည်း စိစစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးတင်ပြသည်။
 တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား   ပြောကြားရာတွင် ယနေ့ ဆွေးနွေးတင်ပြချက်များသည် ဥပဒေများ ပြင်ဆင်၊ ပယ်ဖျက်ရေး   ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုပါကြောင်း၊ လာမည့် (၁၈)လ ကာလအတွင်း၌ ပြဋ္ဌာန်းရမည့် ဥပဒေများအပြီးပြဋ္ဌာန်းနိုင် ရန်ယနေ့ ဆွေးနွေးချက်များသည်အရေးပါပါကြောင်း၊ 
 ကောင်းမွန်သော ဥပဒေများ   ဖြစ်ပေါ်လာရေး အတွက်   ကော်မရှင်၊ ကော်မတီများမှ ပညာရှင်များနှင့်‌ ရှေ့နေချုပ်ရုံးတို့မှ ပညာရှင်များက မှန်မှန်ကန်ကန် အကြံဉာဏ်များ   ပေးရန်လိုအပ်ပါကြောင်း၊ လွှတ်တော်က ဥပဒေများ ရေးဆွဲ   ပြဋ္ဌာန်းပြီးသည့်အခါ   နိုင်ငံတော်သမ္မတက ဂုဏ်သိက္ခာရှိစွာ လက်မှတ် ရေးထိုး နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဋ္ဌာန်းရန်ကိစ္စရပ်များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက မိမိတို့ လွှတ်တော် ကိုယ်စားလှယ် များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းရေးကိစ္စသည် မိမိတို့ လွှတ်တော်တွင်သာ အဓိကတာဝန်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် လွှတ်တော်ကော်မတီများမှ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ အကောင်းဆုံးဥပဒေများ   ဖြစ်ပေါ် လာမည်   ဖြစ်ပြီး လွှတ်တော်အစည်းအဝေး ကျင်းပချိန်တွင် အချိန်ကုန် သက်သာမည်ဖြစ်ကြောင်း၊ ဥပဒေပြုရာတွင် တာထွက် သည်မှ ပန်းဝင်သည်အထိ အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ လွှတ်တော်၊ အစိုးရအဖွဲ့နှင့်‌   နိုင်ငံတော်လည်း ဂုဏ်သိက္ခာ ရှိမည်ဖြစ်ကြောင်း၊ ဥပဒေများ ပြဋ္ဌာန်းပြီးသော်လည်း လုပ်ထုံးလုပ်နည်းများ   ပေါ်ထွက်လာခြင်း မရှိသေးသည့် ကိစ္စရပ်များကိုလည်း ညှိနှိုင်းဆောင်ရွက်သွားကြရမည်   ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်သက်တမ်း(၅)နှစ်အတွင်း နိုင်ငံတော်နှင့်‌
 နိုင်ငံသားများ အကျိုးဖြစ်ထွန်း   စေမည့်ဥပဒေများ   ပေါ်ထွက် လာရေးအတွက် အားလုံးပူးပေါင်းကြိုး ပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့်   ပြောကြားသည်။
                                           ၂၂- ၄- ၂၀၁၄

ဦးရွှေမန်းဘက်မှရပ်တည်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဦးရွှေမန်းဘက်မှရပ်တည်မည်ဟု
               ဒေါ်အောင်ဆန်းစုကြည်ပြောကြား



သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရ အုပ်ချုပ်ရေး ယန္တရားနှင့် သူရဦးရွှေမန်းဦးဆောင်သော ဥပဒေပြုရေး လွှတ်တော်အကြား မပြေလည်မှုများရှိနေပြီး ယင်းမပြေ လည်မှုများတွင် လွှတ်တော်နာယက ဦးရွှေမန်းဘက်မှ တရားဝင် ရပ်တည်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။

နေပြည်တော်တွင် မတ်လ ၂၆ ရက်နေ့ ကျင်း ပသော  ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့၏ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ တရားဝင် ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြစ်ပြီး ဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်း စုကြည်၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေးပွင့် ဆိုင် ဆွေးနွေးရေး တောင်းဆိုမှုကို မှန်ကန်သော လုပ်ရပ်ဖြစ်၍ ထောက်ခံ ကြောင်း ပြောဆိုလိုက်သည်။

“ဥပဒေပြုရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် က မပြေလည်တာတွေရှိပါတယ်။ ဒါဟာကြောက်စရာ မဟုတ်ပါဘူး။ ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲ အရေးကြီး တာပါ။ ဒါကြောင့် ကျမကတော့ ပြတ်ပြတ်သားသားကို လွှတ်တော်ဘက်က ပါမှာပါ၊ ကျမအမြင်မှာလည်း နာယကကြီးက ဖြောင်ဖြောင့်မတ်မတ်ပါပဲ´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ဦးရွှေမန်းကလည်း စစ်အာဏာရှင်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် သမ္မတ၊ ကာ ကွယ်ရေး ဦးစီးချုပ်၊ ဦးရွှေမန်း တို့နှင့်အတူ လေးပွင့် ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုမှုကို အပြည့်အ၀ ထောက်ခံကြောင်း တရားဝင်ထုတ်ဖော်ပြော ဆိုသည်။

“လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အလုပ်တခုလုပ်တဲ့နေရာ မှာ တွေ့ဆုံညှိနှိုင်းပူးပေါင်းတာက လုပ်ငန်း ကို အောင်မြင်စေပါတယ်၊
တွေ့ဆုံညှိနှိုင်း မှုတိုင်းကို အားပေးတယ်၊  လေးပွင့် ဆိုင်တွေ့ဆုံဖို့ကိုလည်း အားပေးဖို့ အသင့်ရှိပါ တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတင်မဟုတ်ဘူး။ ဘယ်ကိစ္စမဆို တာဝန်ရှိသူတွေရဲ့ တွေ့ဆုံမှုက အရေးကြီးပါတယ်၊ စားပွဲဝိုင်းထဲ တွေ့ဆုံ ဆွေးနွေးမှုက အဖြေပေါ်မှာပါ။ ဒါကြောင့်မို့လို့ လေးပွင့်ဆိုင်တွေ့ဆုံဖို့ လိုအပ်တယ်ဆိုတာ မှန်ပါတယ်´´ဟု ဦးရွှေမန်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ကိုယ်တိုင်ပါ ၀င်ခဲ့သူဖြစ်ပြီး သမ္မတထံ လေးပွင့်ဆိုင် တွေ့ဆုံရေး တရားဝင်စာပို့တောင်းဆိုရခြင်းမှာ သမ္မတသည် အရေးကြီးဆုံးဖြစ်သည့်အတွက် တိုက်ရိုက် စာပို့တောင်းဆိုရခြင်းဖြစ်ကြောင်း ပြောသည်။

“လေးဦးလုံးဆုံဖို့ တွေ့ဆုံဖို့ကိစ္စမှာ သမ္မတကြီးက အရေးအကြီးဆုံးလို့ ထင်လို့ တိုက်ရိုက်စာပို့တာဖြစ် တယ်။ ၂၀၀၈ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တဲ့သူကလည်း သမ္မတကြီးကိုယ်တိုင်ပါတယ်။ ဒါပေမယ့် NLD အနေနဲ့ ဖွဲ့စည်းပုံ စတင်ရေးဆွဲခဲ့ကတည်းက တစိုက်မတ်မတ် ကန့်ကွက်ခဲ့တာပါ။ ဖွဲ့စည်းပုံကို သဘောမတူလို့ တခုလုံးကို ပြောင်းမယ် လို့တော့ ပြောတာမဟုတ်ပါ ဘူး´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သမ္မတဦးသိန်းစိန်က ယနေ့ လွှတ်တော်တွင် ပြော ကြားသော မိန့်ခွန်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ  ပြင်ဆင်ရေး ကို နိုင်ငံရေး အကျပ်အတည်း ဦးတည်အောင် ဆောင်ရွက်ခြင်းမပြုရန် သတိပေး လိုက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေး ရှိရန် အရေးကြီးသည်ဟု ထပ်လောင်းပြောဆိုသွားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စက နိုင်ငံရေး အကျပ် အတည်း ကို ဦးတည်စရာမရှိပါဘူး၊ ဘယ်ပြဿနာ မှာဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးဖို့ဆိုတာကို အမြဲတောင်းဆို ပါတယ်၊ တွေ့ဆုံညှိနှိုင်းရေးသည် အရေးကြီးပါတယ်။ အမျိုးသား ဒီမိုကရေစီလမ်းစဉ်ဆို တာ တွေ့ဆုံဆွေးနွေး မှုပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးမှာ သဘောမတူ တာတွေ ရှိတာတွေ အကျပ်အတည်းတွေ မဖြစ်စေချင် လို့လေးပွင့် ဆိုင် တွေ့ဆုံရေးကို တောင်းဆိုတာ ပါ။ ပေါ်လာတဲ့အခက်အခဲ ညှိနှိုင်းဖို့ လိုပါတယ်၊ ကျမတို့ အဆင်မပြေတာ ရှိရင် ညှိနှိုင်းဆွေးနွေးဖို့ မလုပ်နိုင် စရာမရှိပါဘူး´´ ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ အခန်း ကဏ္ဍနှင့်ပတ်သက်၍ တပ်မတော် သည် ပြည်သူက အားကိုးသော နိုင်ငံတကာ အဆင့်မီ ဖြစ်စေချင်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေးအတွက် တပ်မတော်သည် ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ရန်လိုအပ်ကြောင်း ပြောဆိုသည်။

“NLD ကတော့ တပ်မတော်ကို လေးစားတယ်။ အားကိုးတယ်။ တကယ့် အဆင့်မြင့်ပြီး  နိုင်ငံတာအဆင့်မီတဲ့ တပ်မတော် ဖြစ်စေ ချင်တယ်။ ငြိမ်းချမ်းရေး ရဖို့ဆိုတဲ့ကိစ္စမှာ ရေရှည် တည်တံ့ခိုင်မြဲရေး ဖြစ်တဲ့ နိုင်ငံရေးဖြစ်အောင်၊ တကယ် ဒီမိုကရေစီ ကို တည်ဆောက် ရမှာ ဖြစ်တယ်။ တပ်မတော် ဆိုတာ ပြည်သူ့လူထုလိုလားတဲ့ နိုင်ငံရေး စနစ်ပေါ်ပေါက်လာအောင် မားမားမတ်မတ်ရပ်တည်ဖို့လို ပါ တယ်။ တပ်မတော်က လွှတ်တော်ကို အများကြီး ပံ့ပိုးဖို့လိုတယ်´´ ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အယုဒ္ဓယ သို့မဟုတ် နာကျည်းချက်မြို့တော်

အယုဒ္ဓယ သို့မဟုတ် နာကျည်းချက်မြို့တော်
***************************





ယိုးဒယားလို့ပြောလိုက်ရင်ထိုင်းနိုင်ငံကို ပြောတာပဲဆိုတာကို မြန်မာလူမျိုးအားလုံးနီးပါးသိကြပါတယ်။ ရှေးမြန်မာဘုရင်တွေဘုန်းမီးနေလတောက်ပချိန်၊ မြန်မာဘုရင်ရဲ့ထီးဖြူရိပ်သက်ရောက်တဲ့ကျယ်ပြန့်လွန်းတဲ့အရှေ့တောင်အာရှနယ်မြေတလွှားမှာ အယုဒ္ဓယလို့ခေါ်တဲ့ ထိုင်းနိုင်ငံဟာလည်းလက်အောက်ခံ အဖြစ်ပါဝင်ခဲ့တယ်။ စစ်တိုက်၍မရသောနိုင်ငံ အဓိပ္ပါယ် ရှိတဲ့ အယုဒ္ဓယဆိုတဲ့ထိုင်းနိုင်ငံကို ယုဒ္ဓယ လို့ ခေါ် ခဲ့ကြရာက နောက်ပိုင်းမှာယိုးဒယားအဖြစ်အမည် တွင်ခဲ့ တယ်လို့ယိုးဒယားအမည်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး ဖတ်ဖူးမှတ်သားခဲ့ဖူးတယ်။

တောင်ငူနန်းဆက်ဘုရင့်နောင်မင်းတရား နန်းတက်တဲ့ အချိန်မှာ အယုဒ္ဓယကိုအနိုင်ယူသိမ်းပိုက်ခဲ့ပြီး ဘုရင့်နောင် နတ်ရွာစံပြီး ၃နှစ်အကြာထိ အယုဒ္ဓယ ဟာ မြန်မာ တို့ရဲ့လက်အောက်ခံအဖြစ် ခရစ်နှစ် ၁၅၆၄ ခုနှစ်ကနေ ၁၅၈၄ခုထိ နှစ်ပေါင်း ၂၀ကျော်နေထိုင် ခဲ့ရတယ်။

ဘုရင့်နောင်နတ်ရွာစံပြီး တောင်ငူနန်းဆက်စည်းလုံးမှုပြိုကွဲကာ စစ်ဘုရင်တွေ သူတစ်လူငါတမင်း ဗိုလ်လု၊ ပြည်တွင်းရေး ရှုတ်ထွေးနေချိန်မှာ အယုဒ္ဓယဟာ မြန်မာဘုရင်ရဲ့ လက်အောက်ခံနယ်မြေအဖြစ်ကနေ ကင်းလွတ်ခွင့် ရခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်း ၂၀၀ခန့်အကြာ ခရစ်နှစ် ၁၇၆၇ခုနှစ်မှာတော့ ကုန်းဘောင်မင်းဆက် အလောင်း ဘုရားရဲ့အရိုက်အရာကိုဆက်ခံသူ ဒုတိယသားတော် ဆင်ဖြူရှင်မင်းလက်ထက်မှာအယုဒ္ဓယနေပြည်တော်ဟာ   မြန်မာဘုရင်ရဲ့အပြီးတိုင်သိမ်းပိုက်မှုကိုခံခဲ့ရပြီး အယုဒ္ဓယနန်းဆက်လည်းပျက်၊ အယုဒ္ဓယမြို့ဟာလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ဆင်ဖြူရှင်မင်းတရားလက်ထက်မှာ မြန်မာနိုင်ငံဟာ သမိုင်းတစ်လျောက် အကျယ်ပြန့်ဆုံး အင်ပါယာကို ထူထောင်နိုင်ခဲ့ပြီး ဆင်ဖြူရှင်မင်းဟာလည်း သမိုင်း တစ်လျှောက်အအောင်မြင်ဆုံး စစ်ဘုရင်တစ်ပါးဖြစ် ခဲ့တယ်။ ဆင်ဖြူရှင်မင်း အယုဒ္ဓယကိုအောင်နိုင်ပြီး ချိန်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ကျူးကျော်မှုနဲ့ ရင်ဆိုင်ရတယ်။အဲဒီအချိန်မှာဆင်ဖြူရှင်မင်းဟာစစ်မျက်နှာနှစ်ဘက်ဖွင့်ရမယ့်အခြေအနေကို ရှောင်ရှားနိုင်ဖို့အတွက် အယုဒ္ဓယကိုပြန်မထကြွနိုင်တော့အောင် ဖျက်ဆီးခဲ့လိုက် တာကြောင့် အယုဒ္ဓယဟာ မြို့ပျက်ခဲ့ရတယ်။

အယုဒ္ဓယနန်းပျက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဟာ မြန်မာနိုင်ငံအပေါ် အတော်လေးနာကျည်းခဲ့ပြီး အယုဒ္ဓယနန်းတော်ပျက်နေရာကို ပြန်လည်ပြုပြင်ခြင်း မပြုတော့ဘဲ မြန်မာတို့ဖျက်ဆီးခဲ့တဲ့အထိမ်းအမှတ်နေရာ အဖြစ်သာ ထားရှိခဲ့ပါတယ်။အခုတော့သမိုင်းမှာမကြာ ခဏကြားဖူးခဲ့တဲ့အယုဒ္ဓယဆိုတဲ့နေရာကို ခြေချခွင့်ရ ခဲ့ပြီဖြစ်ပါတယ်။

အယုဒ္ဓယကို ဘယ်ခုနှစ်မှာ စတည်ထောင်ခဲ့လဲ ဆိုတာနဲ့ပတ်သက်လို့တော့ တိကျရေရာတဲ့ အထောက် အထားတွေမရှိဘူး။ ခန့်မှန်းခြေများအရတော့ အယုဒ္ဓယ ကို ခရစ်နှစ် ၁၃၅၀၀န်းကျင်မှာ စတင်တည်ထောင်ခဲ့ တယ်လို့ ယူဆကြတယ်။ ဘန်ကောက်မြို့ကနေ ကားနဲ့ သွားမယ်ဆိုရင် ၂နာရီခရီးအကွာအဝေးလောက် မှာရှိပါ တယ်။ အယုဒ္ဓယကိုသွားဖို့အတွက် မနက် ၈နာရီ ခွဲလောက် ကနေဘန်ကောက်ကစတင် ထွက်ခွာလာခဲ့ ရာမှာ မနက်ပိုင်း ၁၀နာရီခွဲ အချိန်လောက်မှာ အယုဒ္ဓယမြို့ဟောင်းကိုရောက်ပါတယ်။

နွေရာသီရဲ့နေကတော့ အယုဒ္ဓယမှာ ခြစ်ခြစ်တောက်အောင် ပူပြနေတယ်။ တစ်ချိန်ကအာရှရဲ့အခမ်းနား ဆုံးမြို့တွေထဲမှာပါခဲ့တယ်ဆိုတဲ့အယုဒ္ဓယမြို့ဟောင်းရဲ့ တချို့နေရာတွေမှာ ခမ်းနားခြင်းတွေကျန်ရှိနေသေးပေ မယ့် အပျက်အစီးတွေကသာ ကြီးစိုးလို့နေပါတယ်။

ဒီအယုဒ္ဓယမြို့ဟောင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲမှာပါဝင်တဲ့ အကြောင်း ကို သိရှိရတဲ့အခါမှာတော့ အယုဒ္ဓယထက် နှစ်ပေါင်း ၅၀၀ကျော်စောပြီး ပိုခမ်းနားပါသော်လည်း အခုအချိန်ထိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ မ၀င်နိုင်သေးတဲ့ ပုဂံမြို့ဟောင်းကို သွားသတိရမိတယ်။

ပုဂံမြို့ဟောင်းလိုပဲ အယုဒ္ဓယမြို့ဟောင်းဟာလည်း ခရီး သွားလာရေးလုပ်ငန်းကနေ၀င်ငွေအဓိကရနေတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ၊လက်ဆောင်ရောင်းချတဲ့ဆိုင်တွေ၊   ရှေးဟောင်းပစ္စည်းရောင်းချတဲ့ဆိုင်တွေနဲ့ အယုဒ္ဓယရဲ့ ဘုရားကျောင်းပျက်တွေဟာ စည်ကားနေပါတယ်။

ပထမဆုံးရောက်ခဲ့တဲ့နေရာကတော့ ၀က်ရိုင်ချိုင်မွန်ဂောာ (Wat Rai Chai Mongkol) ဆိုတဲ့ဘုရားကျောင်း ပျက်နေရာပါ။ Wat ဆိုတဲ့စကားလုံးဟာ ကျောင်းတော်ကို ရည်ညွှန်းတာဖြစ်တဲ့အတွက်ကြောင့် အယုဒ္ဓယက ဘုရားကျောင်းတွေအားလုံးရဲ့ရှေ့မှာ Wat ဆိုတဲ့စကား လုံးပါဝင်ပါတယ်။ဒီကျောင်းတော်ဟာအယုဒ္ဓယမြို့ဟောင်း ရဲ့ ထင်ရှားတဲ့ဘုရားကျောင်းတော်တွေထဲက တစ်ခုဖြစ်ပါ တယ်။

ကျောင်းတော်ကိုရောက်သွားတဲ့အချိန်က မနက် ၁၀နာရီခွဲ အချိန်လောက်ဖြစ်နေတော့ ကျောင်းတော်ပတ်လည်ဟာ   နေခြစ်ခြစ်တောက်ပူပြင်းလို့နေပါတယ်။ ဒီကျောင်းတော်ဟာ ဘုရင်ကိုးကွယ်တဲ့ ဘုန်းတော်ကြီး သီတင်းသုံးတဲ့ မင်းဆရာကျောင်းတော်ဖြစ် ပါတယ်။

အယုဒ္ဓယကို အုပ်ချုပ်ခဲ့တဲ့ဘုရင်တွေ နဲ့ တော်ဝင်မျိုးနွယ်တွေဟာ ဒီကျောင်းတော်မှာလာပြီး အကြံဥာဏ်တွေတောင်းခံကြလေ့ရှိကြတယ်။

ဒီဘုရားကျောင်းတော်နာမည်ကျော်ကြားရခြင်းမှာ နောက် ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်။ ဘုရင့်နောင်ကျွေးမွေးပြုစုခဲ့တဲ့ နရစွမ်ဟာ ဘုရင့်နောင် နတ်ရွာစံပြီးနောက် နန္ဒဘုရင် အုပ်ချုပ် ချိန် တောင် ငူနေပြည်တော်က ယိုးဒယားနွယ်ဝင်တွေအကုန်လုံး ကို ခေါ်ဆောင်ပြီးအယုဒ္ဓယကိုပြန်သွားကာလက်အောက်ခံ နယ်မြေအဖြစ်ကနေ ပုန်ကန်ခြားနားပါတော့တယ်။

ပုန်ကန်ခြားနားတဲ့နရစွမ်ကို နှိမ်နင်းဖို့အတွက် မြန်မာစစ်တပ်ဟာ အယုဒ္ဓယကို ချီတက်တိုက်ခိုက်တဲ့အခါ အယုဒ္ဓယဘက် က နရစွမ်ဘုရင်နဲ့ မြန်မာဘက်က နန္ဒဘုရင်ရဲ့သားတော် မင်းကြီးစွာတို့ရဲ့ ဆင်စီးခြင်းတိုက်ပွဲမှာ နရစွမ်ဘုရင်က မင်းကြီးစွာကို အနိုင်ယူခဲ့တယ်။ ဆက်တိုက်ရင် မြန်မာစစ်တပ်ကို အနိုင်တိုက် ယူနိုင်ချေရှိပေမယ့် နရစွမ်ရဲ့တပ်က အနောက်မှာ အတော်ဝေးဝေးပြတ်ကျန်ခဲ့တဲ့အတွက် နရစွမ်ဘုရင်ဟာ အကြီးအကျယ်ဒေါသထွက်ပြီး သူ့ရဲ့တပ်မှူးတွေ အကုန်လုံးကို သတ်ဖို့အမိန့်ပေးလိုက်ပါတယ်။

ဒါပေမယ့် ၀က်ရိုင်ချိုင်မွန်ကောရဲ့ အကြီးအကဲ ဘုန်းတော်ကြီးက နရစွမ်ဘုရင်ကိုအသနားခံပြီး အပြစ် ကိုချေတဲ့အနေနဲ့ထပ်ပြီးဘုရားတည်ခိုင်းခဲ့ပါတယ်။   မြန်မာတွေအပေါ်အနိုင်တိုက်နိုင်တာနဲ့ပတ်သက်ရင် ထိုင်းနိုင်ငံသားတွေဟာ အလွန်ဂုဏ်ယူလေ့ရှိကြတယ်။ အဲဒီအတွက် မြန်မာဘုရင်ကိုနရစွမ်ဘုရင်အနိုင်တိုက်ခဲ့ခြင်း အထိမ်းအမှတ် ဘုရားကျောင်းတည်ထားတာကြောင့် လည်း ဒီကျောင်းတော်ဟာ နာမည်ကြီးရခြင်းဖြစ်ပါတယ်။ အဲဒီနရစွမ်ဘုရင်ရဲ့ မင်းကြီးစွာကိုအနိုင်ယူခဲ့တဲ့ စစ်ပွဲနေ့ ကို ထိုင်းနိုင်ငံမှာ တပ်မတော်နေ့အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုကျင်းပလေ့ရှိပါတယ်။ နဂိုကျောင်းတော်ဟောင်းကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားပြီး   ကျောင်းတော် ၀င်းထဲမှာပဲ လက်ရှိဘုန်းတော်ကြီးတွေ သီတင်းသုံးနေတဲ့ဘုန်းကြီးကျောင်းလည်းရှိပါသေးတယ်။

နောက်ထပ်ရောက်ဖြစ်ခဲ့တဲ့နေရာကတော့ ၀က်မဟာသက် (Wat Maha That) ကျောင်းတော်နေရာဖြစ်ပါတယ်။ အရှေ့က၀က်ရိုင်ချိုင်မွန်ကော ကျောင်းတော်မှာအပျက်အစီးနည်းပြီး ရှေးဟောင်းအဆောက်အဦးတွေအဖြစ်တည်ရှိပေမယ့်ဝက်မဟာသက်ကျောင်းတော်မှာတော့အပျက်အစီးတွေအတော်လေးကိုများပါတယ်။

ဝက်မဟာသက်ကျောင်းတော်ဟာ၁၃၈၀၀န်းကျင်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ဘုရားကျောင်းမြေနေရာဟာ အတော်လေးကို ကျယ်ပြန့် ပါ တယ်။ ဘုရားကျောင်းရဲ့နေရာတိုင်းမှာဘုရား ဆင်းတုတော်ခေါင်းပြတ်တွေ၊  ကျောင်းတော်ရာအပျက် အစီးတွေသာကျန်ရှိတော့တယ်။ ဒီကျောင်းတော်ကြီးဟာ တော်ဝင်အခမ်းအနားတွေ၊ ပွဲတော်တွေကိုကျင်းပတဲ့ကျောင်းတော်ကြီးဖြစ်ပြီး ဘိသိက်ခံပွဲလိုမျိုးအခမ်းအနားတွေကိုပါ ကျင်းပကြပါ တယ်။

ကမ္ဘာ့နာမည်ကြီးဓာတ်ပုံတွေထဲမှာပါဝင်တဲ့ ညောင်ပင်မြစ်တွေအကြား ညပ်နေတဲ့ဘုရားဆင်းတုတော်ခေါင်းပြတ်ပုံဟာ ဒီဝက်မဟာသက်ကျောင်းတော်နေရာမှာရှိတာဖြစ်ပါတယ်။

ညောင်ပင်မြစ်တွေကြားထဲက ဘုရားဆင်း တုတော်ခေါင်းပြတ်နဲ့ မလှမ်းမကမ်းပလ္လင်ပေါ်မှာတော့ ယိုင်နဲ့နေတဲ့ ခေါင်းပြတ်နေတဲ့ကိုယ်လုံးတော်ကိုမြင်တွေ့ခဲ့ ရတယ်။ ကျောင်းတော်ရဲ့အ၀င်ဝနေရာမှာ ထောင်ထားတဲ့  ကျောင်းတော်အကြောင်းအကျဉ်းချုပ်သမိုင်းကြောင်းမှာတော့ ဒီကျောင်းတော်ဟာခရစ်နှစ်၁၇၆၇အတွင်း  နောက်    ဆုံးဖြစ်ပွားခဲ့တဲ့ မြန်မာ-ထိုင်းစစ်ပွဲ အတွင်း မီးရှို့ ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါ တယ်။

အယုဒ္ဓယမြို့ဟောင်းကနေပြန်လာတဲ့လမ်းတလျှောက်မှာ အရင်က မြန်မာဘုရင်တွေဘုန်းမီးနေလတောက်ပချိန် အယုဒ္ဓယလို့ခေါ်တဲ့ ထိုင်းနိုင်ငံကိုအကြိမ်ကြိမ်အခါခါ လက်အောက်ခံပြုနိုင်ခဲ့တာကို ပြန်စဉ်းစားမိရင်း ကျေနပ် ဂုဏ်ယူတဲ့စိတ်တွေပေါ်လာတယ်။ ဒါပေမယ့် အခုခေတ် မှာတော့ မြန်မာတွေရဲ့ငယ်နိုင်ပါဆိုတဲ့ထိုင်းနိုင်ငံမှာ မြန်မာ လူမျိုးရွှေ့ပြောင်းအလုပ်သမားအများဆုံး အောက်ကျခံ သွားအလုပ်လုပ်နေရပါရောလားဆိုတဲ့ အတွေးတွေ တဆက်တည်းခေါင်းထဲဝင်လာတဲ့အခါတော့ သက်ပြင်း ရှည်ကြီးသာရှိုက်မိတော့တယ်။

ကမ္ဘာကုလသမဂ္ဂထုတ် သတင်းစာစဉ်မှာပါရှိ တဲ့ နေ့ စဉ်နေတိုင်း လုပ်ကိုင်ရာတွင် အသုံးပြုသင့်သော စကား ၆ လုံး

ကမ္ဘာကုလသမဂ္ဂထုတ် သတင်းစာစဉ်မှာပါရှိ တဲ့ နေ့ စဉ်နေတိုင်း လုပ်ကိုင်ရာတွင်
အသုံးပြုသင့်သော စကား ၆ လုံး
 
 

 1.I think I m a mistake.
ကျွန်တော်မှားသွားတယ်ထင်တယ်။
(မှားလျှင်ဝန်ခံပါ။မမှားသောသူမရှိပါ)
2.You did a good job.
ခင်ဗျားလုပ်ဆောင်ချက်ကောင်းပါတယ်။
(ချီးကျူးထိုက်သူကို ချီးကျူးပါ။)
3.What is your opinion?
ခင်ဗျား ဘယ်လိုသဘောရလဲ။
(မေးပါ။ နားထောင်ပါ။ အကြံဥာဏ်ရယူပါ။ တိုင်ပင်ဆွေးနွေးပါ။)
4.If you please
ကျေးဇူးပြုပါ။
(မေတ္တာရပ်ခံပါ)
5.Thank you.
ကျေးဇူးတင်ပါတယ်။
(ကျေးဇူးကိုသိပါ။ထုတ်ဖော်ပြသပါ။)
6.We(not I)
ငါတို့ တတွေ(ငါမဟုတ်) ဟူသော စုပေါင်း လုပ်ဆောင်သော စိတ် သဘောထားဖြင့်ပြုလုပ်ပါ။
ငါစိတ်ကို ဖျောက်ပါ။

(ချစ်နိုင်(စိတ်ပညာ) ရေးသော အမျိုးသားစာပေဆုရ "ချစ်လို့ ပြောတယ်မှတ်ပါ" ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ဖော်ပြချက်)

သေခြင်းတရားဆိုတာ

သေခြင်းတရားဆိုတာ..................

ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။
(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။

သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။
ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။
(၁)ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော
(မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။ ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။
(၂)ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။
(ဥပမာ – ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, ဆွမ်းအလှူ စသည်)တို့ ထင်ပေါ်တတ်၏။ အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ ဒွါရခြောက်ပါး၌ ထင်၏။
(၃)ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့် ဘဝ တွေ့ကြံရလတံ့သော အာရုံ။
(ဥပမာ – အမိဝမ်းရေ၊ ငရဲဘုံ), “ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ” (ဥပမာ – လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး)ပေါ်တတ်၏။

ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြားချက် မမှန်ကြောင်း ဦးရဲထွဋ်ရှင်း

ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြားချက်
မမှန်ကြောင်း ဦးရဲထွဋ်ရှင်း
 
 

ဧပြီလ ၂၄ ရက် ၂၀၁၄ ခုနှစ်

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ   ဆွေးနွေးညှိနှိုင်းရာတွင် အစိုးရက ဖက်ဒရယ်ကို လက် မ ခံသည့် အချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြန့်ကြာနေကြောင်း KIA/KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်မှာ မှား ယွင်းကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။...
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို VOA သတင်းဌာန တို့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် အစိုးရက ဖက်ဒရယ်ပြည်ထောင်စုကို လက်မခံလိုသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အချို့ကြန့်ကြာနေကြောင်း ပြောဆို မှုကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ယင်းသို့ တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။
“ဖက်ဒရယ်ပဲ ပြောပြော၊ယူနီယံပဲ ပြောပြော မြန်မာလိုပြောရင် ပြည်ထောင်စုပါပဲ။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ထောင်စုစနစ်ရဲ့ အခြေခံမူတွေဖြစ်တဲ့ ပြည်နယ်/တိုင်းဒေသကြီးတွေနဲ့ ဗဟိုကြားမှာအာဏာခွဲဝေခြင်းတို့၊ ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်းဒေသကြီးတွေရဲ့ ဥပဒေပြုဇယားတို့ပါပြီးသားပဲ။အာဏာခွဲဝေမှုအပိုင်းမှာ   ပြင်စရာရှိတာတွေ ပြန်ပြင်ရမှာတော့ရှိတယ်။ ပြင်မယ်ဆို တာလည်းအားလုံးပြောထားပြီးသား ဖြစ်တော့ ပြည်ထောင်စုစနစ်ကို လက်မခံဘူးဆိုတာ မှားပါတယ်” ဟု ဦးရဲထွဋ်ကဆို သည်။

နိုင်ငံရေး အဓိကပြဿနာအဖြစ် တိုင်းရင်းသားများက ဖက်ဒရယ်စနစ်ကို လိုလားသော်လည်း အစိုးရက လက်မခံလိုသည့်သဘော သက်ရောက်နေကြောင်း၊ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးရာတွင် အစိုးရက ဖက်ဒရယ်စကားရပ်ကို လုံးဝ အသုံးပြုထားခြင်း မတွေ့ရကြောင်း ဧပြီလ ၂၂ ရက်နေ့က ဗွီအိုအေ သတင်းဌာနနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော် က ပြောဆိုခဲ့သည်။
ယင်းသို့ အစိုးရက ဖက်ဒရယ်စနစ်ကို လက်မခံ ဆိုသည် မှာ မဟုတ်မှန်ဘဲ အခြေခံမူနှင့် ဆက်လက်ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များအရကွဲပြားနေခြင်းသာ
  ဖြစ်ကြောင်း၊ဖက်ဒရယ်ကိစ္စရပ်ကို  နိုင်ငံရေး ဆွေးနွေးပွဲ များတွင် ထည့်သွင်းရန် အစိုးရက သဘော ထား ပေးထားကြောင်း၊ ယင်းသို့ မဟုတ်ဘဲ အခြေခံမူများ တွင် ထည့်သွင်းပါက ဖက်ဒရယ်ကို အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ နှစ်ခုကြားတွင်သာ သီးသန့် သဘောတူညီချက်အဖြစ်သက်ရောက်စေနိုင်ကြောင်း မြန် မာငြိမ်းချမ်းရေးစင်တာမှ အကြီး တန်း အကြံပေးတစ်ဦး က ရှင်းပြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကမူ အစိုးရက ဖက်ဒရယ်စနစ်ကို လက်ခံသည်ဟု ယူဆကြောင်း၊ သို့သော် အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ကွဲလွဲနိုင်သဖြင့် ညှိနှိုင်းရ မည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။
“ဖက်ဒရယ်ကတော့ အများကြီး ညှိနှိုင်းဆွေးနွေးရမှာပါ။ အမြင်မတူတာတွေကလည်း သဘာဝကျပါတယ်” ဟု ၎င်းက သုံးသပ်သည်။
အစိုးရက ပြည်ထောင်စုစနစ်ကို လက်ခံထားသော်လည်း ကွန်ဖက်ဒရေးရှင်းစနစ်ဘက်သို့တိုင်းရင်းသားခေါင်းဆောင် များက ဦးတည်ပါက လက်ခံနိုင်မည် မဟုတ်ကြောင်း ဦးရဲထွဋ်က ထပ်မံပြောဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သြဂုတ်လ မတိုင်မီ အပြီးသတ် လုပ်ဆောင်ရန် ကြိုးပမ်းနေသော်လည်း ဧပြီလဆန်းပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့များအကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး တပ်မတော်အရာရှိအချို့ အပါ အဝင် နှစ်ဘက်ကျဆုံးမှုများ ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

Credit To:The Voice Weekly

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ