Wednesday, September 2, 2015

မုန်တိုင်းဖြစ်နိုင်ဖွယ် အလားအလာမြင်နေ

ယနေ့ စက်တင်ဘာ ၂ရက် နံနက်အစောပိုင်း ၀၀း၃၀ နာရီအချိန်တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်နေရာမှ မုန်တိုင်းတစ်လုံးဖြစ်လာရန် အလားအလာ များကို စတင်တွေ့ရှိနေသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

"လောလောဆယ်မှာတော့ မုန်တိုင်းဖြစ်ဖို့အလားအလာဟာ ၄% မှ ၅% ခန့်သာရှိပါသေးတယ်"ဟု ဆို သည်။

http://mizzimaburmese.com

Tuesday, September 1, 2015

သူ့သက်တမ်းမှာ ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ သမ္မတ ကတိပေး

တိုင်းပြည် ခေတ်နောက်ကျကျန်ခဲ့ရသည့် အကြောင်းအချက်များတွင် လက်နက်ကိုင် ပဋိပက္ခများသည် လည်း အကြောင်းအရာ တစ်ရပ်အဖြစ်ပါဝင်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပြီး တိုင်းပြည် ငြိမ်းချမ်းရေးရရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု စက်တင်ဘာ ၂ ရက် ရေဒီယို မိန့်ခွန်းမှတစ်ဆင့် ကတိပေးလိုက်သည်။

"တိုင်းပြည်ရဲ့ အနာဂတ်အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ကျွန်တော်တာဝန် ယူတဲ့ ကာလအတွင်းမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း လည်း ကတိပြုပြောကြားအပ်ပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ပြော

တိုင်းဧရာနယ်လုံ ၀န်ကြီးအစားထိုးခန့်အပ်မှု NLD အမတ်ကန့်ကွက်သဖြင့် လွှတ်တော်၌ ဆိုင်းငံ့ထားရ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးနယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီးအစားထိုးခန့်အပ်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေး က ကန့်ကွက်ဆွေးနွေးခဲ့သဖြင့် ဆိုင်းငံ့ထားရကြောင်း သိရှိရသည်။

လက်ရှိဧရာဝတီတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဗိုလ်မှူး မောင်မောင်ဝင်းနေရာတွင် ဗိုလ်မှုးကျော်စွာလှိုင်အား အစားထိုးခန့်အပ်ရေး ဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို တစ်နာရီသာ အချိန်ပေးခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ဂုဏ်သိက္ခာနှင့် ခန့်အပ်ခံရသည့် ၀န်ကြီးအသစ်၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ရာကျသည့်လုပ်ရပ်ဖြစ်သည်ဟုဆိုကာ ဒေါက်တာလှမြတ်သွေးက ကန့်ကွက်ခဲ့ခြင်း ဖြစ်

နိုင်ငံခြားရောက်မဲပေးမည့်သူစာရင်း ၁၈,၀၀၀ ဦးရေသာ ကော်မရှင်ရထား

နိုင်ငံခြားကိုရောက် မြန်မာနိုင်ငံသား မဲပေးမည့်သူ ၁၈,၀၀၀ ဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရရှိထားသည်ဟု ကော်မရှင်ဥက္ကဌ ဦးတင်အေးက စက်တင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ ကိုပြောသည်။

"အခုချိန်ထိ တစ်သောင်းရှစ်ထောင်ရထားတယ်။ ဆက်ပြီးဝင်လာဦးမှာ။ အဲဒါကို သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်ဆီပို့ပြီး မဲစာရင်းထဲပါမယ်ဆိုရင် ကြိုတင်မဲလတ်မှတ်တွေထုတ်ပေးပြီးမဲပေးရမှာပေါ့။ တစ်ထောင် ရှိရင် ဟိုကပေးသလောက်လာမယ်။ ပြည့်ချင်ပြည့်မယ် လျော့ချင်လည်းလျော့မယ်။ ကျော်တာတော့ မဖြစ် ရဘူးပေါ့။" ဟု ၄င်းကဆို

ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်မှတ်ကျော်လွန်၍ စာသင်ကျောင်းနှင့် ဈေးဆိုင်များ ပိတ်ထားရ

ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေလျှံမှုမှာ စိုးရိမ်ရေမှတ်ကျော်လွန်လာပြီးမြို့တွင်းသို့ ရေများဝင်ရောက်လာ၍ စာသင်ကျောင်းများနှင့် ဈေးဆိုင်များ ပိတ်ထားရကြောင်း ခန္တီးမြို့ခံတစ်ဦးက ပြောသည်။

မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေလျှံတက်လာပြီး ခန္တီးမြို့ရှိ အောင်သာရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်များ ရေလျှံနေ၍ စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့မနက်ပိုင်းကစပြီး ရေတွေတိုးလာတယ်။ အထက်ဘက်ကို ရေတွေလျှံတက်လာတယ်။ အခုက မြို့ထဲ ကို တော်တော်လည်း ရေတွေဝင်လာတဲ့အနေအထားဖြစ်နေတယ်။ စိုးရိမ်ရေမှတ် ကျော်လွန်ပြီးတော့ မြို့ထဲ ကို ရေတွေ တောက်လျှောက်ဝင်လာတယ်’’ဟု ခန္တီးမြို့ခံ ဦးနော်အောင်ဆန်းက ပြော

ဘာသာရေးကို ထိခိုက် မဲမဆွယ်ဖို့ သမ္မတ သတိပေး -

ရန်ကုန်၊ စက်တင်ဘာ ၂ ။ ။ နိုဝင်ဘာလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ယခုလ ၈ ရကတွင်  နိုင်ငံရေးပါတီများ မဲဆွယ် စည်းရုံးနိုင်တော့မည်ဖြစ်ရာ အဆိုပါ မဲဆွယ်မှုများတွင် ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခုခုနှင့် ပတ်သက်၍ ထိခိုက်ပြောဆိုစည်းရုံးမှု မလုပ်ရန် သမ္မတ ဦးသိန်းစိန်က သတိပေးလိုက်သည်။

စက်တင်ဘာ ၂ ရက် လစဉ် ရေဒီယို မိန့်ခွန်းတွင် သမ္မတက ပြောဆိုခြင်းဖြစ်ပြီး "ကိုးကွယ် ယုံကြည်မှု ပေါင်းစုံရှိတဲ့ လူမျိုးစုများစွာ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် မိမိတို့ရဲ့ မဲဆွယ် စည်းရုံးရေး လုပ်ငန်းစဉ်များသည် နိုင်ငံရဲ့လူမှု သဟဇာတဖြစ်မှုနဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုများအပေါ် ထိခိုက်နစ်နာစေမယ့် ကိစ္စရပ်တွေ မပေါ်ပေါက်ဖို့ အထူးသတိပြု ကြရမှာဖြစ်ပါတယ်" ဟု သမ္မတကပြော သည်။

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်ဖက် ရည်ကြမ်း) သောက်သင့် မသောက်သင့်


Teaလို့ခေါ်တဲ့ လက်ဖက်ရွက်မှရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင်လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။

လက်ဖက်ရဲ့ အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဖက်ဆိုတာ ကယ်လိုရီကို လျှင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါ

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ