Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Tuesday, September 1, 2015
ထိုင်းဘုရင့်တပ်မတော်မှ ဆေးအဖွဲ့ ရေဘေးသင့်ပြည်သူများအား ဆေးကုသမှုဆောင်ရွက်နေ
ထိုင်းဘုရင့်တပ်မတော်မှ ဆေးအဖွဲ့နှင့်ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ပူးတွဲအဖွဲ့ သည် ဧရာဝတီတိုင်းရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြီဖြစ်သည်။
သြဂုတ် ၃၀ ၌ ဟင်္သာတခရိုင် မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့တို့တွင် ဆေးကုသခဲ့ရာ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ခန်းမတွင် ပြင်ပလူနာ ၃၀၈ ဦး၊ ထူးကြီးမြို့ခန်းမတွင် ပြင်ပလူနာ ၅၃၂ ဦး ပေါင်း ၈၄၀ ကို ဆေးကုသပေးခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြ
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက တစ်နိုင်ငံလုံး ၆၉၉ နေရာဝင်ပြိုင်မည်
တိုင်းရင်းသားပါတီ ၂၃ ပါတီဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားများ ဖယ်ဒရေးရှင်း (NBF) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာရွေးကောက်ပွဲတွင် ၆၉၉ နေရာ ဝင်ယှဉ်ပြိုင်မည်ဟု အဖွဲ့တာဝန်ရှိ သူ ဆရာမချင်းချင်းက မဇ္ဈိမသို့ ပြောသည်။
စက်တင်ဘာ ၂ ရက်တွင် ရွေးကောက်ပွဲဝင်ရခြင်း ရည်ရွယ်ချက်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာချက်တစ်ရပ် ထုပ်ပြန်မည်ဟု ၎င်းက ဆို
အနည်းဆုံး အခကြေးငွေကင်းလွတ်ခွင့်ရသည့် လုပ်ငန်းငယ်များ အလုပ်ရှင်၊ အလုပ်သမား သဘောတူလစာနှုန်း စာချုပ်ချုပ်ရမည်
အနည်းဆုံးအခကြေးငွေ ကင်းလွတ်ခွင့်ရရှိထားသည့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများနှင့် အလုပ်သမား ၁၅ ဦး အောက် လုပ်ငန်းများ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီထားသည့် လစာနှုန်းထားဖြင့် အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရမည်ဟု သတင်းရရှိ သည်။
ပညာရေးဝန်ထမ်းများ၏ လစာထုပ်အတွင်း ငွေစက္ကူအဖြူများ ပါဝင်သည့်ကိစ္စ မသင်္ကာသူ မူလတန်းပြဆရာကို ဖမ်းဆီးစစ်ဆေးနေ
မအူပင်မြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား လစာထုတ်ပေးရန် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်သိန်းနှစ်ထောင်ခန့်ထုတ်ယူရာတွင် ငွေကျပ်သိန်းငါးဆယ်ထုပ်အတွင်း၌ စက္ကူအဖြူများ ပါဝင်နေသည့် ကိစ္စနှင့်ပတ်သက်၍ မသင်္ကာသူ မူလတန်းပြဆရာတစ်ဦးကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ) က ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။
မသင်္ကာသူ မူလတန်းပြ ဆရာသည် လစာငွေသွားရောက် ထုတ်ယူသော မအူပင်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမြင့်စိုးဦးဆောင်သည့်အဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်ပြီး ၎င်းကို မသင်္ကာသောကြောင့် သြဂုတ် ၂၃ ရက်၌ ပုသိမ်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့ခွဲက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)မှ ရဲမှူး တစ်ဦးက ပြောသည်။
ကချင်၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးပြီး ရေလွှမ်းနိုင်
၂၀၁၅ ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၁ -၉-၂၀၁၅)ရက်နံနက်(၀၉း ၄၅)နာရီအချိန် KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင် လယ်ပြင် ၊ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်း နှင့် တောင်ပိုင်း တို့မှာ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသတွေမှာ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားအသင့်အတင့်
မြန်မာ ၂ ဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသူ ၂၀ လွတ်မြောက်ရေး အမေရိကန်လှုပ်ရှားမှု စတင်
မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ အမျိုးသမီးနဲ့ လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားနေသူ နော်အုန်းလှတို့ နှစ်ဦး အပါအ၀င် အခြားကမ္ဘာတ၀ှမ်းက အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၂၀ ဦး လွတ်မြောက်ရေး လှုပ်ရှားမှုကို အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က စတင်လိုက်ပါတယ်။ ဒီလှုပ်ရှားမှု ဘာကြောင့် ဆောင်ရွက်ရသလဲ ဆိုတာကိုတော့ မအင်ကြင်းနိုင် က တင်ပြထားပါတယ်။
Free The 20 ဆိုတဲ့ လှုပ်ရှားမှုကို အမေရိကန် နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ စက်တင်ဘာလတစ်လလုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာရှိနေတဲ့ အမျိုးသမီးနိုင်ငံရေး အကျဉ်းသားတွေအပါအ၀င် အခြားစိုးရိမ်မကင်းဖြစ်ဖွယ် အခြေအနေရှိနေတဲ့ အမျိုးသမီးအကျဉ်းသား ၂၀ ဦး လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က မနေ့က အမေရိကန်နိုင်ငံခြားရေးဌာနမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို
Subscribe to:
Posts (Atom)






