Thursday, November 6, 2014

မိုးရေလျှံ၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့တွင်းခရီးသည်တင်ကားအများစု ကားမထွက်


 နိုဝင်ဘာ ၆ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် မိုး အဆက်မပြတ်   ရွာသွန်းခဲ့ခြင်းကြောင့် မြို့တွင်းအခြေပြုပြေးဆွဲ သော ယာဉ်လိုင်းများမှ ယာဉ် အစီးရေအများစု  ရပ်နားထားခဲ့ ရကြောင်း ယာဉ်ပိုင်ရှင်များ၊ ခရီး သွားများကပြောသည်။
‘‘လပြည့်နေ့လည်းဖြစ်တယ် ရာသီဥတုလည်းမကောင်းတော့ ယာဉ်တော်တော်များများ လိုင်းမထွက်နိုင်ကြဘူး။ ထွက်တဲ့ ကားတချို့ဆိုလည်း တစ်ကြောင်းလောက်ဆွဲပြီး ပြန်သိမ်းလိုက်ကြတာရှိတယ်။ အရင်လပြည့်နေ့တွေကထက် ဒီနေ့ကရာသီဥတုကြောင့် ပိုဆိုးသွားတဲ့သဘောပါ’’ ဟု(၄၈)ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုတရုတ်လေးက ပြောသည်။
ယာဉ်အများစု ပြေးဆွဲခြင်းမရှိသောကြောင့် ပုံမှန်ခရီးသွားများမှာ ဘတ်စ်ကားမှတ်တိုင်များ၌ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ရပြီး ကျပ်ညပ်စွာစီးနင်းခဲ့ရကြောင်း ခရီးသွားများကပြောသည်။
‘‘အခါတိုင်းပိတ်ရက်တွေမှာလည်း ကားရှားတတ်ပါတယ်။ ဒီနေ့ကတော့ အဆိုးဆုံးပဲ။ ရှားရှားပါးပါးထွက်တဲ့ကားတွေဆိုလည်း လမ်းတစ်ဝက်ပြန်လှည့်တာတွေရှိခဲ့တယ်။ ကားကရှားတော့ နေ့လယ်မှာတောင် ကျပ်ညပ်နေတာပဲ’’ဟု မရမ်းကုန်းမြို့နယ်တွင်နေထိုင်သည့် ကိုအောင်သူကပြောသည်။
ယင်းနေ့တွင် လိုင်းမထွက်သောယာဉ်အစီးရေမှာ စုစုပေါင်း လိုင်းကားများ၏ ထက်ဝက်ကျော် ရှိသည်ဟု ယာဉ်မောင်းအချို့က ခန့်မှန်းပြောကြားခဲ့ပြီး မထသ ဥက္ကဋ္ဌ ဦးလှအောင်ကမူ   ယာဉ်လိုင်းမထွက်သည့်ကိစ္စနှင့် ပတ်သက်၍ ယာဉ်ပိုင်ရှင်များက ကြိုတင်အသိပေးအကြောင်းကြားထားခြင်းမရှိသောကြောင့် အရေအတွက်   အတိအကျ   မသိနိုင်ကြောင်းပြောသည်။
‘‘အင်းစိန်ဘက်ကတော့ ဆိုးတယ်။ သစ်ပင်တွေလဲ၊ ရေကကြီးဆိုတော့ အချို့ကားတွေ ယာဉ်လုပ်သားတွေ ခွင့်ယူကြတော့ မထွက်နိုင်ကြတာရှိတယ်။ ယာဉ်ပိုင်ရှင်တွေက ယာဉ်မထွက်နိုင်လို့ ကျွန်တော်တို့ဆီ ကြိုစာရင်းတင်ရတဲ့စနစ်က မရှိသေးဘူး။ ယာဉ်ပိုင်ရှင်က အလှူရှိတာမျိုးကျ သူတို့ မထွက်နိုင်တာမျိုးတွေရှိနိုင်တာပဲ။ ဒါကျတော့ ကျွန်တော်တို့သွား ပြောလို့မရပြန်ဘူး’’ဟု ဦးလှအောင်ကပြောသည်။
ယင်းနေ့တွင် ၄၈ အထူး ယာဉ်လိုင်းမှ ယာဉ်စီးရေ ၅၀ ကျော် ရှိသည့်အနက် အစီးနှစ်ဆယ်ခန့်သာ ပြေးဆွဲနိုင်ခဲ့သည်ဟု ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။
7Day

ဧရာဝတီလိမ်တာလို့ဆိုတဲ့ဦးလှဆွေ



ကျနော့်ကို ဧရာဝတီကမေးတော့ ဖြေတဲ့ထဲမှာ ဦးအောင်သောင်းကိစ္စ nld လက်ချက် မကင်း လို့ မပြောခဲ့ဘူးဗျ ။ကျနော်က အသံအမြဲဖမ်းထားပါတယ် ။ မဟုတ်တာပြောမှာစိုးလို့ သတင်းဌာနအချို့က တခါတလေ ကိုယ်တွေ မပြောဘဲအပိုပြောတတ်ကြလွန်းလို့။ nld နဲ့ အမေရိကန်နဲ့ ပေါင်းတယ်ဆိုတာ လူတိုင်းသိနေတဲ့ ကိစ္စ ဘဲ ။ကျနော်မပြောလည်းသိနေကြတာဘဲ ။သူတို့ငြင်းလည်းအပိုဘဲ။ ဒါပေမဲ့ nld လက်ချက်မကင်း ဆိုတာ ဧရာဝတီကကောက်ချက်ဆွဲတာနေမှာပေါ့ ။သူ့အာဘော် နေမှာပေါ့ ။

ဥပမာ ဦးအောင်သောင်းဟာ ရခိုင်မှာ မသီတာထွေးကို အကွက်ဆင်ပြီး မဒိမ်းကျင့်ခိုင်းနေပါပြီ မြောက်ပေးနေပါပြီ မိတ္ထီလာမှာ မီးရှို့ဘို့မြောက်ပေးနေပါပြီ တပ်က ပါကြီးကို သတ်ပစ်လိုက် ဘို့ အကြံပေးနေပါပြီ စသဖြင့် ထွေရာလေးပါးတွေ ရှိမှာပေါ့ ။ဒီကိစ္စ က မဟုတ်ကို အဟုတ်ပြောမှဖြစ်မှာကိုး။ ဒီပဲယင်းရိုက်ပွဲ ဆိုတာ ကလည်း ထောက်ခံသူနဲ့ ကန့်ကွက်သူအကြား ကခိုက်ရန်ဖြစ်ပွားမှု့ဘဲ။ခရီးလှည့်လာတဲ့ခေါင်းစီးနီတွေကလည်း ဟေ့ စစ်ခွေးတွေ မိုက်လား ဘာညာ မခံမရပ်နိုင်အောင် ရန်စပါသတဲ့ ။အဲ့မှာငြမ်းချမ်းစွာဆန္ဒပြမယ့် လူတွေက စိတ်တိုပြီးချကုန်ရော people kill people လို့ပြောရမှာ ပေါ့ ။ အဲ့အချိန်က တပ်မတော်သား ထောက်လှမ်းရေးက အနီးဆုံးရှိနေတော့ အမြန်ဆုံးကယ်ထုတ်သွားပေးခဲ့တာဘဲ။ကျေးဇူးတင်သင့်တာပါ ။

အမေရိကန်အနေနဲ့လည်းမြန်မာပြည်က သူပုန် အားလုံးကကိုင်နေတဲ့ m16 တို့ AR15a1 တို့ m14 နင်းမိုင်းတို့လို အမေရိကန်ထုတ် လက်နက်တွေကို မြန်မာ့သူပုန်လောကထဲ ပေါပေါသီသီကိုင်နိုင်အောင် လမ်းဖွင့်ပေးထားသလိုဖြစ်နေတဲ့ လက်နက်စီးကြောင်းကြီး ဖြစ်ထွန်းပေါ်ပေါက် နေမှု့ကိုမတားဆီးနိုင်ရင် သူတို့ ဆီက တာဝန်ရှိသူတွေကို အလားတူဘဲ ပြည်ဝင်ခွင့်ပိတ်တာတို့ နေပြည်တော် မလာရ တို့ တန်ပြန် ဆိုင်ရှင် လုပ်သင့်တာပေါ့ လွှတ်တော်မှာ မြန်မာ့ ဆိုင်ရှင်ဥပဒေ ပြဋ္ဌာန်းသင့်တာပေါ့ ။သူတို့ချည်းဘဲ တဖက်သပ် ပိတ်ခွင့်ရှိနေတာက မဟုတ်သေးဘူးလေ။သူပုန်အားလုံးကို ငွေကြေးထောက်ပံ့နေတဲ့ အမေရိကန် သူဌေးကြီးတယောက် ဆိုလည်း မြန်မာပြည်မှာ တခါးမရှိ ဒါးမရှိ ဝင်ထွက်နေတာပါဗျာ ။ဦးအောင်သောင်း သူ့ဟာသူချမ်းသာကြွယ်ဝတာ မွဲတာ မပြောလိုဘူး။ 

ပဋိပက္ခတွေဖန်တီးတယ်ဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးနေတာပါ။ဦးအောင်သောင်းကို ပုဂ္ဂလိက ဘာမှ ကာဘာ လုပ်ပေးစရာအကြောင်းမရှိဘူး ။ ခုဟာက ကြံ့ခိုင်ရေး ပါတီ ကိုထိုးနှက်ချက် လို့ မြင်လို့ပြောတာ ။ ၂၀၁၅ အကြို အမေရိကန်ရဲ့ ဒတ်တီးဆိုင်ရှင် dirty sanction လို့ခေါ်ရမှာ ပါ ဗျာ။ဒါတင်ပြီးမယ်မထင်ဘူး ။ကြံကြဦးမှာဘဲ။ကြံ့ခိုင်ရေးပါတီကိုထိုးနှက်ချက်တွေ လာဦးမှာ ။ ကောင်းတာက ရိုးရိုးဘဲ တောင်သာမှာသွားပြိုင်ကြ ။ နိုင်တဲ့သူလာ ရှုံးရင် နားပေါ့ ။ဘာခက်တာမှတ်လို့။တခုရှိတာက အမေရိကန်က ဦးအောင်သောင်းနဲ့ပေါင်းပြီး ပရိုမိုးရှင်း လုပ်တာလည်းဖြစ်နိုင်တယ် ဗျ ။ ဒါမှဇတ်နာပြီး မဲပိုရမှာလေ ။မစဉ်းစားတတ်တော့ပါဘူးဗျာ နိုင်ငံရေးဆိုတာအခက်သား ကလား။ဒါကြောင့် ၂၀၁၅ မှာ မပါတော့ဘူးလို့ပြောတာ။ဒါပေမဲ့ myanmar sanction law တော့ဂုဏ်သိက္ခါအရ မျှတသွားအောင်ပြဌာန်းသင့်နေပြီ ။

ဦးလှဆွေ

Tuesday, November 4, 2014

မေမေတစ်ယောက်တည်းပဲ .......


မူကြို
ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက "အစ်မရဲ့ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။ ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်"
အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃ဝထဲမှာ သားက အညံ့ဆုံး၊ ဆရာမတွေကို စိတ်ဒုက္ခအပေးဆုံး... ဒါပေမယ့် သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။
"ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင်တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့ မေမေတွေက မေမေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့"
အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်းကန် ကုန်အောင်စားလိုက်တယ်။
၂)
မူလတန်း
ဆရာမိဘအစည်းအဝေးမှာ ဆရာမက "ကျောင်းသား ၅ဝမှာ အစ်မရဲ့သားက အဆင့်၎ဝ၊ သူ့အသိဥာဏ် ဖွံ့ဖြိုးမှုကို ကျွန်မတို့ သံသယဖြစ်တယ်။ ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးကြည့်ပါဦး"
အိမ်အပြန်လမ်းမှာ သူမျက်ရည်ကျမိပြန်ပေမယ့် ကားရှေ့ခုံမှာ ထိုင်နေတဲ့သားကို "ဆရာမက သားကို စိတ်ချယုံကြည်တယ်တဲ့။ သားက မတုံး၊ မအပေမယ့် စာထဲစိတ်ပါပါနဲ့ နည်းနည်း ထပ်ကြိုးစားလိုက်ရင် သားဘေးမှာထိုင်တဲ့ အဆင့်၂၁ရတဲ့ ကျောင်းသားကိုတောင် ကျော်နိုင်တယ်တဲ့" လို့ ပြောလိုက်တယ်။
သူ့စကားကို ကြားတော့ ငေးမှိန်နေတဲ့ သားမျက်လုံးက အရောင်လက်သွားခဲ့တယ်။ ညှိုးငယ်နေတဲ့မျက်နှာလည်း ရွှင်လန်းလို့လာတယ်။ သားတဖြေးဖြေး သိတတ်နားလည် ကြီးပြင်းလာမှန်း သူသတိထားလိုက်မိတယ်။
နောက်တစ်နေ့ ကျောင်းတက်ဖို့ ခါတိုင်းထနေကျအချိန်ထက် သားအစောကြီး နိုးနေခဲ့တယ်။
၃)
အလယ်တန်း
ဆရာမိဘအစည်းအဝေးမှာ သားရဲ့ ထိုင်ခုံနေရာမှာ သူသွားထိုင်နေခဲ့ပြီး သားနာမည် အခေါ်ခံရဖို့ကို သူစောင့်နေခဲ့တယ်။ အစည်းအဝေးတိုင်းမှာ သားနာမည်ဟာ မပါမဖြစ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အစည်းအဝေးပြီးတဲ့အထိ သားနာမည် မပါခဲ့ဘူး။ တစ်ခုခုမှားတယ် အထင်နဲ့ တာဝန်ကျဆရာမကို သူမေးလိုက်တယ်။
"အခုရမှတ်နဲ့ဆိုရင် အစ်မရဲ့သားက နာမည်ကြီးကျောင်းရဖို့ သိပ်မလွယ်ဘူး"
စိတ်ထဲမှာ သူဝမ်းသာသွားမိတယ်။ အခန်းဝမှာ စောင့်နေတဲ့ သားရဲ့ပုခုံးကို သိုင်းဖက်ပြီး ဝမ်းသာအားရတဲ့ အသံနဲ့ " သား... သားရဲ့အတန်းပိုင် ဆရာမက ပြောတယ်။ သားဒီ့ထက် နည်းနည်းထပ်ကြိုးစားရင် နာမည်ကြီးတဲ့ အထက်တန်းကျောင်းကို ဝင်နိုင်တယ်တဲ့"
၎)
သား အထက်တန်းအောင်ခဲ့ပါပြီ။
တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာ လာယူဖို့ ကျောင်းကဖုန်းဆက်တော့ သားကို သူလွတ်လိုက်တယ်။
သူ့အသိစိတ်ထဲမှာ နာမည်ကြီးတက္ကသိုလ်တစ်ခုကို သားရမယ်လို့ ကြိုသိနေခဲ့တယ်။ စာမေးပွဲ မဖြေခင်တုန်းက ဒီတက္ကသိုလ်အတွက် သားအမှတ်မီနိုင်တယ်လို့ သားကို သူပြောခဲ့လို့ဖြစ်တယ်။
အိမ်တံခါးဝမှာ ဆီးကြိုနေတဲ့ သူ့လက်ထဲ သူမှန်းထားတဲ့ တက္ကသိုလ်က အကြောင်းကြားစာကို သားက ကမ်းပေးလိုက်တယ်။ သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်။
"မေမေ... သားဟာ ဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက် မဟုတ်မှန်း သားကိုယ်သား သိတယ်။ ဒါပေမယ့် ဒီလောကမှာ သားကို အလေးအနက်ထား နှစ်သက်ခဲ့တာ မေမေတစ်ယောက်တည်းပဲ ရှိခဲ့တယ်။ ကျေးဇူးပါ မေမေ"
သားစကားကြောင့် ၁ဝနှစ်ကျော်ကြာ ရင်ထဲ တိတ်တခိုးသိမ်းဆည်းထားတဲ့ မိခင်ဖြစ်သူ၏ ပူဆွေးသောကတွေက သူ့ပါးပြင်ပေါ် ဝမ်းသာကြည်နူးတဲ့ မျက်ရည်အသွင်ဖြင့် စီးကျလာခဲ့လေသည်
ထိုကလေးသည် နောင်တစ်ချိန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ၂၄ ဆက်မြောက်သမ္မတ ဘီလ်ကလင်တန်ဟူသောအမည်ဖြင့် ထင်ရှားလာခဲ့လေသည်
Credit - Original Writer

မိမိတောင်းဆိုထားသည့် ကြုံထောင့်ကြုံခဲ အခွင့်အရေးကို စိုးစဉ်းမျှ အသုံးမချနိုင်ဘဲ ဗလာဖြင့် ပြန်ခဲ့သည့် ဒေါ်စုအရည်အချင်းကို သံသယဖြစ်မိပါတယ်


၂၀၁၃ ခု၊ နှစ်ဆန်းပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည် တွင်တွင်ကျယ်ကျယ် တောင်းဆိုခဲ့ခြင်းမှာ သမ္မတ၊ လွှတ်တော်၊ ကာချုပ်တို့နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးရေးဖြစ်သည်။ မိန့်ခွန်းတိုင်း၊ အင်တာဗျူးတိုင်း တွင် ထည့်သွင်းပြောဆိုလေ့ရှိသည်။ အထူးသဖြင့် ကာချုပ်နှင့် ပြင်းပြင်းထန်ထန် တွေ့ဆုံလိုစိတ် ဒေါ်အောင်ဆန်းစုကြည်တွင် ရှိသည်ဟု ထင်ရပြီး တွေ့ဆုံပါက မနားတမ်းပြောမည့် အနေအထားများလည်း တွေ့ရသည်။ မန္တလေး အောင်ပင်လယ်ကွင်းတွင် ကာချုပ်နှင့် တပ်မတော်ကို စိန်ခေါ်ကြောင်း ပြောခဲ့ဖူးသလို ရန်ကုန်မြို့ NLD ရုံးခန်းတွင် မိမိတို့က ကြောက်စရာကောင်းလို့ ကာချုပ်က မတွေ့တာလားဟု သတင်းထောက် များကို ပြောဆိုခဲ့ဖူးသည်။
မည်သူမျှ မျှော်လင့်မထားချိန်တွင် အာရုံလွှဲဖို့ဖြစ်စေ၊ အိုဘားမားကို ဇတ်ကြောဆွဲဖို့ဖြစ်စေ သမ္မတမှ ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားပုဂ္ဂိုလ်များနှင့် စားပွဲဝိုင်းတစ်ခုတည်း ထိုင်ဆွေးနွေး မည်ဟု ကြားသိရခြင်းက လူထုအခြား လှုပ်ရှားစေခဲ့သည်။ အစည်းအဝေးအတွက် မျှော်လင့်ချက်များ ထားရှိ ခဲ့ကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းသာခဲ့ကြရသည်။ သူမ တောင်းဆိုနေသည့် အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ကာ မျှော်လင့်ချက်ကြီးမားစွာ ထားရှိခဲ့ကြသည်။
စင်ပေါ်တက်ပြီး မိုင်ကရိုဖုန်းကိုင်မိချိန်များ၊ နိုင်ငံခြားက ပုဂ္ဂိုလ်များနဲ့ ပြည်တွင်း/ပြည်ပမှာ တွေ့ချိန်တိုင်း တွင် ရေပတ်မဝင်အောင် ပြောတတ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ကျင်းပတဲ့ ၅ ပွင့်ဆိုင် ထိပ်သီးအစည်းအဝေး၌ ပြည်သူအများမျှော်လင့်သလို ဖြစ်မလာဘဲ ပါးစပ်ပိတ် စွံ့အ နေခဲ့သည်။ အသိနောက်ကျလို့ ဘာမှ ဆွေးနွေးစရာမရှိဘူးဟု ဆိုကာ မျက်နှာလွှဲနေခဲ့သည်။
ဖြစ်သင့်သည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို မမျှော်လင့်ဘဲ မျက်နှာချင်းဆိုင်ဆွေးနွေးရ သည့် အခွင့်အရေးကို အရအမိ အကောင်းဆုံး အသုံးချရမည်ဖြစ်သည်။ ပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတကြီး မျော်လင့်ထားကြသည်ကို စဉ်းစားသင့်သည်။ သို့သော် ပြည်သူ့ မျှော်လင့်ချက်များ အချည်းအနှီးဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် ရိုက်ချိုးပစ်ခဲ့သည်။
“ကျွန်မမှာ အချိန်ကပ်ပြီးမှသိရလို့ ပြင်ဆင်ချိန်မရခဲ့ဘူး၊ ဗဟိုကော်မတီနဲ့ မဆွေးနွေးခဲ့ရလို့ ဘာမှ ဆွေးနွေးစရာမရှိဘူး” ဟုဆိုပြီး မျက်နှာလွဲသွားခြင်းက ခေါင်းဆောင်ကောင်းတစ်ယောက် မပီသဟု လူအများက သုံးသပ်ကြသည်။ ယခုကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ဘယ်တော့ရမလဲ မသေချာပေ။ ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ ကျန်ပုဂ္ဂိုလ်အများစုမှာ နောက်တစ်နှစ်စာအတွင်းလုပ်ရမည့် အချိန်စာရင်းနှင့် အလုပ်များပြည့်နေသူများဖြစ်သည်။ နောက်တစ်ကြိမ် အားလုံးအားလပ်မည့်ရက်မှာ မသေချာလှသလို ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန်မှာလည်း တစ်နှစ်ပင် ကျန်တော့ပေသည်။ တောင်းဆိုခဲ့သည့် မဟာအခွင့်အရေး တစ်ခုကို ကောင်းစွာအသုံးမချနိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရည်အချင်းကို သံသယဝင်မိ သည်။
လူထုခေါင်းဆောင် (သို့) လူထုအကျိုး ခေါင်းထဲထည့်ထားသူတစ်ဦးအတွက် ပြည်သူ့အကျိုးအတွက် ပြောဆိုစရာအများအပြား နှုတ်ဖျားတွင် အဆင်သင့်ရှိနေရမည်ဖြစ်သည်။ ၅ မိနစ် ၁၀ မိနစ်အတွင်း တောင်းဆို စရာများ၊ ထောက်ပြစရာများ၊ ဆွေးနွေးစရာများကို တစ်ရေးနိုးထမေးလျှင်တောင် ပြောဆိုနိုင်ရမည်ဖြစ်သည်။ ၅၉(စ) နှင့် ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းထဲတွင် ပြည်သူ့အရေး ထက် ၎င်းသမ္မတဖြစ်ရေးနှင့် ပါတီအာဏာရှင်ဖြစ်ရေးသာရှိသူဟု ဝေဖန်မှုများရှိခဲ့သည်။ ၅ ပွင့်ဆိုင်ဆွေးနွေးပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့အရေး ဘာမှ ဆွေးနွေးစရာမရှိခြင်းက လူထုအရေးထက် ပါတီအရေး၊ သမ္မတဖြစ်ရေး ဦးစားပေနေမှုကို သက်သေပြသကဲ့သို့ ဖြစ်စေသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြားသူများဆွေးနွေးခဲ့သည့် ပညာရေး၊ ကျန်းမာရေးကို ပါဝင် ဆွေးနွေးသင့်ပေသည်။ ပညာရေး၊ ကျန်းမာရေးကို ၅ ပွင့်ဆိုင် ဆွေးနွေးမှု ခေါင်းစဉ်နှင့် မဆိုင်ဟု သတ်မှတ်ထား လျှင်လည်း ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို ထဲထဲဝင်ဝင် ဆွေးနွေးသင့် သည်။ မြန်မာပြည်ရှိ တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီးက ငြိမ်းချမ်းရေး လက်တွေ့မလုပ်နိုင်ဟု လူအများက ဝေဖန်နေကြချိန်တွင် ယခုကဲ့သို့ ကြုံတောင့်ကြုံခဲ အခွင့်အရေးတွင် ငြိမ်းချမ်းရေးစကားလုံးများကို အားရပါးရ ဆွေးနွေးသင့်သည်။ သို့သော် ဦးခင်မောင်ဆွေ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုသာ နားထောင် ပြန်ခဲ့ရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိမှုကိုပင် သံသယဝင်မိပြန်သည်။
နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရေပတ်မဝင်အောင် ပြောခဲ့သည့် အချိန်တိုင်းသည် ၎င်းအား ထောက်ခံသည့် လူအများရှေ့၊ ၎င်းအား ထောက်ခံမေးမြန်းသည့် မီဒီယာများရှေ့တွင် ဖြစ်သည်။ ယခုနှစ် အတွင်း တပ်ကုန်းမြို့က အဘိုးအိုတစ်ဦး၏ ထောက်ပြချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် ပညာသားပါပါ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ စကားလုံးအကျအနသာ ကောက်ခဲ့ရသည်။ ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ၏ ဒီဘိတ် အရည်အချင်းကို လူအများသံသယ ဖြစ်ခဲ့ကြဖူးသည်။ ယခု တွေ့ဆုံပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမဘက်က တစ်ခွန်းပြောလိုက်သည်နှင့် တစ်ဖက်မှ ပညာသားပါပါ ထောက်ပြမည်ကို ကြောက်ရွံ့နေဟန်ရှိပေသည်။ မိမိကိုယ်ကို ယုံကြည်မှု နည်းဟန်ရှိသလို တပ်ကုန်းအဖိုးအိုနှင့် ရန်ပွဲကဲ့သို့ ဒုတိယအကြိမ် အရှက်ကွဲမည်ကိုလည်း စိုးရိမ်ဟန်ရှိပေသည်။ ထို့ကြောင့် အခွင့်အရေးကို လက်လွှတ်ကာ ဘာမှမဆွေးနွေးဘဲ ငူငူကြီးထိုင်ကာ ပြန်လာခြင်းဖြစ်နိုင်သည်။
အစည်းအဝေးပြီးချိန် ဒေါ်အောင်ဆန်းစုကြည်အား ရလဒ်များကို မေးမြန်းချိန်တွင် တွေ့ဆုံလိုသည့် ၃ ဦးလုံး ယခုဆွေးနွေးပွဲတွင် ပါနေသည်ဖြစ်သော်လည်း ယခုဆွေးနွေးပွဲသည် လေးပွင့်ဆိုင်မဟုတ်ကြောင်း ဖြေကြားခဲ့သည်။ ၄ ဦးအပြင် အခြားသူများ ပါဝင်ခြင်းက အနှောက်အယှက်ဖြစ်စရာဟု အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ထင်သနည်းကို မည်သူမျှ မမေးရဲခဲ့ပေ။ ၄ ဦးတည်းတွေ့ချိန်တွင် ပြောမည့်စကားကို ၄ ဦး တွေ့ချိန်တွင် ဘာကြောင့် မပြောနိုင်ရသနည်း။ မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ ၄ ဦးသာ အရေးပါသူဟု ဒေါ်အောင်ဆန်းစုကြည် အဘယ်ကြောင့် ထင်နေသနည်း။ စဉ်းစားစရာဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ မိမိတောင်းဆိုထားသည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးကို စိုးစဉ်းမျှ အသုံးမချနိုင်ဘဲ လက်ဗလာဖြင့် ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းကို သံသယဖြစ်မိပါသည်။
(ဒေါက်တာ မျိုးချစ်)

ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီတွင် သွားရောက်လေ့ကျင့်မည် ဖြစ်သော်လည်း ဂျာမနီယူ-၂ဝနှင့် ခြေစမ်းခွင့်ရရန်မလွယ်ကူ



ရန်ကုန်၊ နိုဝင်ဘာ ၃
ဂျာမနီတွင် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားသည့် မြန်မာ အသင်းသည် ဂျာမနီသို့ သွားရောက် လေ့ကျင့်မည်ဖြစ်သော်လည်း ဂျာမနီ ယူ-၂ဝအသင်းနှင့် ခြေစမ်းခွင့်ရရှိရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ သိရသည်။
ယူ-၂ဝကမ္ဘာ့ဖလားပြိုင်ပွဲအ တွက် မြန်မာအသင်းသည် ၂ဝ၁၅ မတ်လအတွင်း ဂျာမနီနိုင်ငံသို့တစ် လကြာသွားရောက်လေ့ကျင့်ရန်စီ စဉ်ထားပြီး ခြေစမ်းပွဲများ ကစားမည် ဖြစ်သော်လည်း ဥရောပဇုန်မှခြေစစ် ပွဲအောင်မြင်ထားသည့် ဂျာမနီယူ-၂ဝ အသင်းနှင့်ခြေစမ်းပွဲကစားရန်မှာ ဖြစ် မြောက်နိုင်ဖွယ်မရှိပေ။
ထို့အပြင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌကလည်း ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း ဂျပန်၊ ဂျာမနီအစရှိ သည့် အသင်းများသည် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် အတွေ့ အကြုံရှိသည့် အသင်းများဖြစ်သည့် အတွက် ယင်းနိုင်ငံများ၏ ပြင်ဆင်မှု အတိုင်း အနီးစပ်ဆုံးပြင်ဆင်ကာ ယူ-၂ဝကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းပြောကြား ထားသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူက''ဂျာမနီမှာ သွားရောက်လေ့ကျင့် မှာဖြစ်ပေမယ့် ဂျာမနီယူ-၂ဝ အသင်း နှင့်ခြေစမ်းပွဲကစားခွင့်ရဖို့က မလွယ် ကူပါဘူး။ အခြားကလပ်အသင်းတွေ နဲ့ပဲ ခြေစမ်းပွဲကစားဖြစ်ဖို့များပါတယ်'' ဟုဆိုသည်။
ယူ-၂ဝကမ္ဘာ့ဖလားပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် ကျင်းပပြီး ခဲ့သည့် အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင် ပွဲတွင် အာရှအဆင့်ကစားသမား ၁၆ ဦးကို အမာခံထားကာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ကစားသမား အင်အားနည်းပါးခဲ့သော်လည်း ပူး တွဲတတိယရရှိခဲ့သည့် အသင်းဖြစ်ပြီး မြန်မာယူ-၁၉ အသင်းသည် ယင်း ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ခုနစ်လ နီးပါးအတွင်း ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ၊ နိုင်ငံတကာခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်း သိရသည်။
‪#‎Democracytoday‬

အာဆီယံထိပ်သီး အစည်းအဝေးကာလတွင် ခရီးသွားသူများကို မှတ်ပုံတင် စစ်ဆေးမည်


အာဆီယံထိပ်သီးအ စည်းအဝေးကျင်းပစဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာသူအားလုံးကို လုံခြုံရေးအရာရှိများက ယာဉ်ပေါ် တက်၍ ရှာဖွေစစ်ဆေးမည်ဖြစ် သဖြင့် ခရီးသွားသူများ မှတ်ပုံ တင်အပါအ၀င် သက်ဆိုင်ရာ အထောက်အထား စာရွက် စာတမ်းများ ဆောင်ထားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ကြေညာချက်ထုတ်ပြန်သည်။
မြို့အ၀င်အထွက်များတွင် ခရီးသွားများကို ကားပေါ်မှ ဆင်း စေ၍ မှတ်ပုံတင်နှင့် လူတိုက်ဆိုင် စစ်ဆေးခြင်းအစီအစဉ် ရပ် တန့်ခဲ့ပြီးနောက် ငါးနှစ်အကြာ အာဆီယံ ထိပ်သီးအစည်း အဝေးအတွက် ယင်းအစီအစဉ်ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ပြန်လည်စတင်မည်ဖြစ်သည်။
‘‘မှတ်ပုံတင်မရှိရင်တောင်မှ အနည်းဆုံးရပ်ကွက်ထောက်ခံစာ တော့ ယူလာခဲ့ဖို့ မေတ္တာရပ်ခံချင် ပါတယ်။ မှတ်ပုံတင်ပျောက်နေ ရင်လည်း ပျောက်ဆုံးကြောင်း ထောက်ခံစာပါရပါမယ်။ အဲဒါ တွေ မပါရင်တော့ လုံခြုံရေး ဆောင်ရွက်သူတွေမှာ  အနှောင့် အယှက်ဖြစ်မှာပါ။ အခုယာဉ် လိုင်းအားလုံးနဲ့လည်း ဆွေးနွေးပြီး ပါပြီ။ နေပြည်တော်မှာဆိုရင် အ၀င်အထွက်အားလုံးမှာ လုံခြုံရေးအရာရှိရှိမယ်။ ကားပေါ်တက်ပြီးစစ်မယ်။ သူမသင်္ကာတဲ့သူကို မှတ်ပုံတင်ကအစ လိုအပ်တဲ့ အ ထောက်အထားတောင်းကြည့်မှာ ဖြစ်တယ်။ ပူးပေါင်းကူညီပေးဖို့ တောင်းဆိုပါတယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့် မြင့်အရာရှိကြီးတစ်ဦးက ပြော ကြားသည်။
ယခုလုံခြုံရေးအစီအစဉ်ကို နေပြည်တော်တင်မကဘဲ တစ် ပြည်လုံး လေဆိပ်၊ ရေဆိပ်၊ ကားဂိတ်ဝင်ပေါက်၊ ထွက်ပေါက် အားလုံးတွင် ရဲမှူးကြီးအဆင့်ရှိ လုံခြုံရေးအရာရှိတစ်ဦး ခေါင်း ဆောင်၍ သက်ဆိုင်ရာယာဉ်ပေါ် တက်ကာ ရှောင်တခင်(Random) စနစ်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း၎င်းကပြောသည်။
ခရီးသွားမည့်သူများအနေ ဖြင့် နိုင်ငံသားစိစစ်ရေးလက်မှတ်၊ သက်ဆိုင်ရာ နိုင်ငံသား အ ထောက်အထားလက်မှတ်၊ ၀န် ထမ်းစိစစ်ရေးလက်မှတ်၊ ခရီး သွားလာခွင့်(သို့) ခိုင်လုံသော အထောက်အထားများ၊ လိုအပ် သော စာရွက်စာတမ်းများနှင့် သက်ဆိုင်ရာ ယာဉ်အထောက် အထားများ မပျက်မကွက် ကိုင် ဆောင်၍ ခရီးသွားကြရန်နှင့် တာ ၀န်ရှိသူများက တာဝန်အရ စစ်ဆေး မေးမြန်းခြင်းအပေါ် ကြည်ဖြူစွာ ကူညီရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
စာရွက်စာတမ်း မပြည့်စုံပါ က လုံခြုံရေးအရာရှိများအတွက် သာမက အခြားခရီးသွားများ အတွက်ပါ အနှောင့်အယှက်ဖြစ် နိုင်သဖြင့် အနည်းဆုံးသက်ဆိုင် ရာထံမှ အထောက်အထားတစ်ခု ခုမဖြစ်မနေယူလာရန် လိုကြောင်း အဆိုပါအရာရှိကြီးကပြောသည်။
အာဆီယံထိပ်သီး အစည်း အဝေးသို့ အမေရိကန်သမ္မတ အို ဘားမား၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အိန္ဒိယ၀န်ကြီး ချုပ် နရန်ဒရာမိုဒီ၊ သြစတြေးလျ ၀န်ကြီးချုပ် တိုနီအဘော့၊ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုအပါ အ၀င် အာရှနှင့်အာဆီယံဒေသမှ ထိပ်တန်းခေါင်းဆောင် ၂၀ ဦးခန့် တက်ရောက်ကြမည်ဖြစ်ပြီး လုံခြုံရေးစည်းကိုလည်း အမြင့်ဆုံးအဆင့် သတ်မှတ်ထားသည်။
ခေါင်းဆောင်များ လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀,၀၀၀ ကျော် အသုံးပြုမည်ဖြစ် ပြီး ခရီးသွားများစိစစ်ခြင်းအတွက် မငြိမ်းချမ်းသေးသော နယ်မြေများ တွင် တပ်မတော်အရာရှိများက ပူးတွဲတာဝန်ယူမည်ဖြစ်သည်။
7Day

World Trade Center မိုးမျှော်အဆောက်ဦးသစ်ကြီး ၁၃ နှစ်အကြာ ပြန်ဖွင့်

စက်တင်ဘာ (၁၁) ရက် New York မြို့က ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန မျှော်စင်အဆောက်အုံကြီး အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရပြီးနောက် ၁၃ နှစ်ခန့်အကြာ အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အုံကို New York မြို့တော်မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။
၁၇၇၅ ပေအမြင့်ရှိတဲ့ မိုးမျှော်အဆောက်အုံကြီးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင့် ၉ ရာ ဖြစ်ပြီး ထင်ရှားလူသိများတဲ့ နယူးယောက် မန်ဟက်တန် ရပ်ကွက်ကြီး အုပ်မိုးနေသလို၊ ဒီအဆောက်ဦကြီးဟာ မြောက်အမေရိကတခွင်မှာ အမြင့်မားဆုံးဖြစ်ပါတယ်။
ဒီအဆောက်အုံကြီးကို ပြိုကျပျက်စီးခဲ့ရတဲ့ ညီနောင် မျှော်စဉ်အဆောက်အအုံကြီး တည်ရှိခဲ့တဲ့ နေရာမှာပဲ ပြန်လည် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အဆောက်အအုံမှာ Conde Nest ပုံနှိပ် ဖြန့်ချီရေးလုပ်ငန်းရုံးခန်း၊ အစိုးရရဲ့ အထွေထွေဝန်ဆောင်မှု စီမံခန့်ခွဲရေးဌာန၊ China Center တို့ ပါရှိသလို တခြား ငှားရမ်းထားသူတွေထဲမှာ ကြော်ငြာကုမ္ပဏီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေ ပါဝင်ပါတယ်။
မူလ ညီနောင်မျှော်စဉ်အဆောက်ဦကြီးကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေက အပိုင်စီးလာတဲ့ ခရီးသည်တင် လေယာဉ်ကြီး ၂ စီးနဲ့ ၀င်တိုက်ပြီး ဖျက်ဆီးခဲ့ကြတာပါ။ အဆောက်အဦကြီး ၂ လုံးစလုံးပြိုကျခဲ့သလို လူပေါင်း ၂၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
VOA Myanmar

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ