Thursday, April 24, 2014

“မေတ္တာသထော အနန္တော”
မတ္တာတရားဆိုတာ ထာဝရ အေးမြချမ်းမြေ့လှပါတယ်။ သူတစ်ပါးအတွက် ကိုယ်ကပေးဆပ်လိုက်တဲ့ မေတ္တာ တရားအတွက် တုန့်ပြန်မှု ပိုင်ဆိုင်မှု စတဲ့ ကိုယ့် အတွက် မျှော်လင့်ချက်တွေ ဘာမှမရှိပါဘူး။ မေတ္တာ တရား ဆိုတာ အပေးသက်သက် သူတစ်ပါး ချမ်းမြေ့စေ ဖို့ ကိုယ်က တတ်နိုင်သလောက်ပေးဆပ်လိုက်တဲ့အရာ မျိုးပါ။ ထို့အတူ မေတ္တာတရား ဆိုတာ ရောင်ပြန်ဟပ်လေ့ လည်းရှိတယ်။
မတ္တာတရားနဲ့ပတ်သက်လို့ ဓမ္မဗျူဟာစာစောင်ထဲက ဖတ်ဖူးတဲ့ အကြောင်းအရာလေး ကို ပြောပြချင်ပါတယ်။
တစ်ခါတုန်းက ရွာတစ်ရွာ မိခင်မုဆိုးမအိုကြီးကို ပြုစု လုပ်ကျွေးနေကြတဲ့ ညီအစ်ကိုနှစ်ယောက် ရှိတယ်။ တစ်နေ့တော့ မိခင်မုဆိုးမအိုကြီး အပြင်းအထန်နာမ ကျန်းဖြစ်လို့ ဆေးဆရာခေါ်ပြတဲ့အခါ ဆေးဆရာကသူ ရဲ့ဆေးကိုယုန်သားနဲ့ကျွေးမှ ရောဂါပျောက်မည်ဖြစ်ကြောင်း မှာခဲ့တယ်။
နောက်နေ့မနက်မှာ အစ်ကိုလုပ်သူက ညီဖြစ်သူကို ယုန်ရှာဖို့ တောထဲကိုလွှတ်လိုက် တယ်။ တောထဲရောက် တဲ့အခါ ယုန်ဖမ်းဖို့ ပိုက်တွေကို ခြုံတွေမှာ လွှမ်းထား ပြီး ပိုက်ထဲကို ယုန်ဝင်အောင် တောခြောက်တော့တာပေါ့။
တောခြောက်သံကြောင့် ယုန်တွေထွက်ပြေးကြရင်း ယုန်တစ်ကောင်ကပိုက်ထဲကို ၀င်သွားပါတော့ တယ်။ ညီဖြစ်သူလည်း ၀မ်းသာအားရ ပိုက်ထဲက ယုန်လေးကို ဖမ်းတဲ့အခါ သေမယ့်ဘေးကြောင့် ကြောက်ပြီး တုန်နေ
တဲ့ ယုန်လေးကို တွေ့လိုက်ရတယ်။
ညီဖြစ်သူက သေဘေးကိုကြောက်ရွံ့ပြီး တုန်နေတဲ့ ယုန်လေးကိုကြည့်ရင်း
“ အော် သူမှာလည်း အသက်နဲ့ပဲ သေမှာကြောက် ရှာမှာပဲလေ၊ ကိုယ့်မိဘအသက်ရှင်ဖို့ ကိုယ့်အတ္တတရား အတွက် သူတစ်ပါးရဲ့အသတ်ကို သတ်ရမှာမတရား ပါဘူးလေ ” ဆိုပြီး တွေးတောရင်း ယုန်လေးကို လွှတ်လိုက်တယ်။
အိမ်ရောက်တော့ ယုန်မပါတဲ့ ညီဖြစ်သူကို အစ်ကိုဖြစ်သူ ကမေးတော့ ...အကြောင်းစုံကို ပြန်ပြောပြတဲ့အခါ အစ်ကိုဖြစ်သူက ဒေါသပုန်ထတော့တာပါ့။  ဒါပေမယ့် ဒီအကြောင်းကို သူတို့မိခင်မုဆိုးမအိုကြီးသိတဲ့အခါ အစ်ကိုဖြစ်သူကို ညီလေးလုပ်တာ မှန်ကန် တဲ့ကြောင်းပြော ရင်း သူ့သားလေးရဲ့လုပ်
ရပ်ကို ချီးကျူးရင်းစိတ်နှလုံးမှာ ချမ်းမြေ့ကြည်လင် ကာ ဖြစ်နေတဲ့ရောဂါဟာချက်ခြင်း ဆိုသလိုအရှင်းပျောက် ကင်းသွားပါတော့တယ်။
မေတ္တာတရားတွေ အပြန်အလှန်ပေးဝေကြ ရင်း မေတ္တာရောင်ပြန် ဟပ်နိုင်ကြပါစေ ...

မြ၀ဏိုးစံ(စာပေဥယျာဉ်)

ချိန်တန်ပြီ

ချိန်တန်ပြီ


  နိုင်ငံတိုင်းလူမျိုးတိုင်းတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုး အတွက် သီးခြားရာဇ၀င်များရှိကြ၏။ နိုင်ငံနှင့်
လူမျိုးကြီးထွားလေလေ တိုးတက်လေလေ ရာဇ၀င်ပြောင်လေလေဖြစ်သည်။ သို့ဖြစ်ရ်ျ လူမျိုးတစ် မျိုး၊နိုင်ငံတစ်နိုင်ငံကိုလေ့လာသုံးသပ်ရာတွင် လက်ရှိအမြင်အားဖြင့်ဆုံးဖြတ်ရ်ျမရ။သူ့ရာဇ၀င် သူ့
သမိုင်း သူ့မှတ်တမ်းများကို အသေအချာလေ့လာ ဆန်း စစ်ပြီး အဘက်ဘက်ကချိန်ထိုးကြည့်မှသာ အမှန် ကိုမြင်နိုင်စွမ်းသည်ဟု ဦးကုလားရာဇ၀င်မှာရေးသားထား သည်ကိုတွေ့ရသည်။
ရာဇ၀င်ဆိုသည်မှာ သမိုင်းစဉ်တစ်လျှောက်လူသားတို့ ၏ဖြစ်တည်မှု၊တည်ဆောက်မှု၊ကြိုးပမ်းမှု မကောင်းသော အတွေ့အကြုံအဖြစ်အပျက်တို့အား ရင်ဆိုင်တွန်းလှန်နိုင် မှုကောင်းသောအတွေ့အ ကြုံအဖြစ်အပျက်အကြောင်း အရာများကို အမူကွန်းတင်ခြင်းပင်ဖြစ်ပါသည်။ လူ့ သမိုင်းကိုလူက သာ ရေးသားခြင်းဖြစ်ရာ
ကောင်းမွန်သောရေး သားခြင်းဖြင့်သာ ရာဇ၀င်မှာ စာ တင်သင့်ပါသည်။
မြန်မာတို့သည်ရိုး သားဖြူစင်သည်။ ခွင့်လွှတ်ကျေအေး တတ်သည်။ အယုံလွယ်တတ်သည်။ဒါကို အခွင့်ကောင်း ယူကာ ကိုလိုနီနယ်ချဲ့များက နှစ်ပေါင်း (၁၀၀)ကျော်တိုင် စိုးမိုးအုပ်ချုပ်ခဲ့ကြသည်။ သူ့ကျွန်ဘ၀ကိုကျရောက် ခဲ့ရသည်မှာ မြန်မာလူမျိုးတို့၏ဗဟုသုတနည်းပါးမှု၊ရောင့်ရဲလွယ်မှုတို့ ကြောင့်လည်းဖြစ်ပါသည်။ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့်တင့်တယ်ဝင့်ထယ်စွာနေထိုင်လာခဲ့ကြ သော ကိုယ့်လူမျိုး၊ကိုယ့်သမိုင်းကြောင်းကို မေ့နေကြပြီး နယ်ချဲ့ မိစာတို့၏ကုတ်သွေးစုတ်သမျှကို ခါးဆီးခံနေခဲ့ကြရ သည်။မြန်မာတို့၏အမြင်မကျယ်မှုတို့ကြောင့် ခေတ်နောက်ကျကျန်နေခဲ့ရပြီး ယုံ လွယ်မှုကြောင့် တိုင်းပြည်နွံနစ် ကျွန်ဖြစ်ခဲ့ရဖူးပါ သည်။ တစ်ဖန်နွံနစ် ကျွန်ပြန်ဖြစ်မည်ကိုစိုးရိမ်မိပါသည်။
ယနေ့ခေတ်၊ယနေ့အချိန်အခါတွင်လည်း လူ့အခွင့် အရေး...  လူ့အခွင့်အရေးဟုကြွေးကြောနေကြ သည့်နိုင်ငံကြီးများကသာ သူတစ်ပါးနိုင်ငံ၏စီးပွားရေးကို လက်ဝါးကြီးအုပ်၊ရိုးသားသည့် မြန်မာ
ပြည်သားတို့၏လုပ်အားကိုအမြတ်ထုတ်ကာ ကုတ်သွေးစုတ်ယူနေကြပါသည်။ မြန်မာတို့သည် မူလဘူတကတည်းက ဘိုးဘေးဘီဘင်များထံမှ ဆင်းသက်လာသည့် စစ်မှန်သောအခွင့် အရေးဆို တာရှိပြီးသားပင်။ တောင်းယူစရာမလိုဘဲ ရရှိလာသော အခွင့်အရေးကို တန်ဖိုးထားရကောင်းမှန်း မသိရ်ျသာ သူတစ်ပါးစိုးမိုးခြယ်လှယ်ခြင်း ၀င်ရောက်စွက်ဖက်ခြင်းကို ခံနေကြရခြင်းဖြစ်ပါသည်။
နိုင်ငံခြားတိုင်းပြည်များမှ ဘာသာခြားလူမျိုးများသည် မြန် မာနိုင်ငံ ၏ ပကတိအခြေအနေ၊နောင်အလားအလာ မြန် မာပြည်၏ စီးပွားရေးအတိမ်အနက်၊ သယံ ဇာတ အရင်းအမြစ်တည်ရှိမှုစသည်တို့ကို အသေးစိတ်လေ့လာ ကာ ဗမာစကားကို နားလည်တတ်ကျွမ်းအောင်သင် ယူပြီး မြန်မာ့မြေမှာ အခြေချကာ စီးပွားရေးလုပ်ငန်းများ ကို လက်ဝါးကြီးအုပ်ချုပ်ကိုင်လျက်ရှိပါသည်။  မြန်မာ လူမျိုးများသည် နိုင်ငံခြားတိုင်းပြည်များကိုအထင်ကြီးကာ မိမိတို့၏ကာယအားဥာဏအားများကိုအသုံးပြုရ်ျ
ငွေတစ်ခု တည်းမျက်နှာဖြင့်ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေ ကြရသည်။နိုင်ငံခြားသားများသည် သူတို့တိုင်းပြည်မှာ လည်း လုပ်ငန်းရှင် သူများတိုင်းပြည်ကိုေ၇ာက်သော် လည်း လုပ်ငန်း ရှင်အနေ ဖြင့်သာ တွေ့မြင်နေရသည်မှာ ရင်ထဲမှာမချိပါ။
ပညာတတ်နည်းသည့်နိုင်ငံကို ပညာတတ် များသောနိုင်ငံများက စိုးမိုးခြယ်လှယ်သည်ဆိုသည်မှာ မှန်သော်လည်း မိမိတို့မြန်မာနိုင်ငံသည် ပညာတတ် များပေါကြွယ်လှပါသည်။လူမှန်နေရာမှန်မရှိရ်ျ သာ သူတစ်ပါးစိုးမိုးခြယ်လှယ်မှုကိုခံနေကြရခြင်းဖြစ်ပါသည်။
နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များသည် မန်နေဂျာတစ်ယောက်ကိုလက်ကတုံးတောင်မွှေးအ
ဖြစ် မွေးမြူပြီး လက်အောက်ဝန်ထမ်းများနှင့်မန်နေဂျာ ထိပ်တိုက်တွေ့ဆုံစေသည်။ မန်နေဂျာကလည်း (မန်နေဂျာ တိုင်းကိုမဆိုလိုပါ) မိမိမျက်နှာသာရ ရန် ၊နေရာ မြဲရန်ဟူသည့်.. ရန်ပေါင်းများစွာတို့ ၏တွန်း အားကြောင့်ဇာတိမာန်ပျောက်ပြီး တိုင်းတစ်ပါးသားတို့ ရဲ့လက်အောက်မှ နယ်ရုပ်ကလေးတရုပ်မျှသာဖြစ်နေ ကြ ရရှာပါသည်။
ဝန်ထမ်းများသည်လည်း မိမိတို့၏စားဝတ်နေရေး အတွက်ရရှိပြီးသော အလုပ်ကလေး ပြုတ်မှာစိုးရ်ျ
လည်းကောင်း၊သေချင်တဲ့ကျားတောပြောင်းကိန်းစိုက် မှာကြောက်ရ်ျလည်းကောင်း တိုင်းတစ်ပါး သားတို့၏ကုတ်သွေးစုတ်မှုများကို ခံနေကြရရှာသည်။
ယနေ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလည်းလုပ်ဆောင်နေပါသည်။ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများဆောင်ရွက်သကဲ့သို့ သမ၀ါယမလုပ်ငန်းများ၊ အသေးစား၊အလတ်စားစက်မှုလုပ်ငန်း များကိုနိုင်ငံ သားတိုင်းထူထောင်နိုင်အောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ မိုင်ထောင်ချီသည့် ခရီး ကိုခြေတစ်လှမ်းဖြင့်စတင်ရမည် မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသို့သော ကောင်းမြတ်သောအချိန်အခါတွင် အခြေ အနေကောင်းများကိုဖန်တီးပြီးနိုင်ငံသားစီးပွားရေးလုပ်ငန်း ရှင်ကြီးများကို မွေးထုတ် ရမည်။ နိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း ၀န်ထမ်းများကိုအတတ် ပညာ နည်းပညာများပြည့်ဝစေရန် နိုင်ငံခြားတိုင်းပြည် များသို့ ပညာတော်သင်များစေလွှတ်ကာ မိမိလုပ်ငန်းများ တွင် တိုက်တန်စွာနေရာပေးရပါမည်။နိုင်ငံခြားမှအတတ် ပညာနှင့် အရင်းအနှီးများကိုဖိတ်ခေါ်လျှင်လည်း အချိန် ကာလတစ်ခုသာသတ်မှတ်သင့်ပါသည်။ နောင်တွင် မိမိနိုင်ငံသားအတတ်ပညာရှင်များကို မွေးထုတ်ရ်ျနေရာပေး သင့်ပါသည်။
မိမိတို့နိုင်ငံမှာ သဘာဝသယံဇာတပေါကြွယ်သည်။ လူသားအရင်းအမြစ်လည်းရှိသည်။ နည်းပညာကျွမ်းကျင် တတ်မြောက်သည့်ပညာရှင်များမွေးထုတ်သကဲ့သို့ ဖြောင့်မတ်မှန်ကန်ကောင်းမွန် သောစီးပွားရေးလုပ်ငန်းရှင်များလည်းရှိလာပြီဆိုလျှင် ကိုယ့်နိုင်ငံကိုယ့်လူမျိုးကိုအခြားသောနိုင်ငံခြားသားလုပ်ငန်း ရှင် အချို့၏ကုတ်သွေးစုတ်နှိမ့်ချဆက်ဆံမှုဒဏ်မှလည်း ကင်းဝေးမည်ဖြစ်ပါသည်။
သမိုင်းဟူသည် စာအုပ်ထဲတွင်မေ့ထားဖို့မဟုတ်ပါ။ ရင်ထဲအသဲထဲမှာ ထားရမှာဖြစ်ပါသည်။ ရာဇ၀င် သမိုင်းကြောင်း အစကောင်းခဲ့သည့် မြန်မာ ၊ကမာ့အလယ်မှာဂုဏ်သိကာ ရှိရှိ တင့်တယ်ဝံ့ထယ်စွာ ရပ်တည်ခဲ့သည့်မြန်မာပါ။ မိမိတို့ခေတ်တွင်မှ ညံ့ကြ ရတော့ မှာလား။ အားလုံးက အုတ်တစ်ချပ်သဲတစ်ပွင့်ဖြင့် စုစည်းလိုက်ရုံဖြင့် တင့်တယ်ဝံ့ထယ်ခဲ့သည့် ရာဇ၀င် ဗိမာန်ကြီးပြန်လည်ထွန်းလင်းတောက်ပလာမှာဖြစ်ပါ သည်။

အားလုံးကိုကျေးဇူးတင်လျက်
thetlae



မြန်မာနိုင်ငံနှင့်စီးပွားရေး၊ကုန်သွယ်ရေး၊သတ္တုတူးဖော်ရေး နှင့်ဟိုတယ်ခရီးလုပ်ငန်းများကိုပူးပေါင်းလုပ်ဆောင်လိုကြောင်း မွန်ဂိုလီးယားဝန်ကြီးချုပ်ပြောကြား



မြန်မာနိုင်ငံနှင့်စီးပွားရေး၊ကုန်သွယ်ရေး၊သတ္တုတူးဖော်ရေး နှင့်ဟိုတယ်ခရီးလုပ်ငန်းများကိုပူးပေါင်းလုပ်ဆောင်လိုကြောင်း  မွန်ဂိုလီးယားဝန်ကြီးချုပ်ပြောကြား

 
          “မွန်ဂိုလီးယားနိုင်ငံအနေဖြင့် စီးပွားရေးကုန်သွယ်ရေး၊သတ္တုတူးဖော်ရေးနှင့် ဟိုတယ်ခရီးလုပ်ငန်းများ တွင် မြန်မာနိုင်ငံနှင့်အတွေ့အကြုံဖလှယ်၍ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊မြန်မာနိုင်ငံနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၊စီးပွားရေးပြု ပြင်ပြောင်းလဲမှုဆိုင်ရာအတွေ့အကြုံများဖလှယ်ရန် အသင့်ရှိကြောင်း၊နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့ အကြုံများဖလှယ်ရန်အသင့်ရှိကြောင်း” မွန်ဂိုးလီးယား နိုင်ငံဝန်ကြီးချုပ်က မွန်ဂိုလီးယားနိုင်ငံလွှတ်တော်ဥက္ကဌ၏ဖိတ်ကြား ချက်အရ ချစ်ကြည်ရေးခရီးရောက်ရှိနေသောပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့ဝင်များအားပြောကြားခဲ့သည်။
            ထို့နောက်ပြည်ထောင်စုလွှတ်တော်နာယက က “မွန်ဂိုလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာမြန်မာနိုင်ငံနှင့်မွန်ဂိုလီးယားနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်၇ွက်ရန်နှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရန်ဖြစ်ပါကြောင်း၊ယခုလိုလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးမှ တစ်ဆင့် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ပြည်သူအချင်းချင်းချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လာရန်ရည်ရွယ် ကြောင်း၊မြန်မာ-မွန်ဂိုလီးယားနှစ်နိုင်ငံအနေဖြင့်ချစ်ခင်ရင်းနှီးမှုတိုးမြှင့်ရာတွင်ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ခြင်း၊နည်းပညာဖလှယ် ခြင်း၊ယဉ်ကျေးမှုဖလှယ်ချင်း ကဏ္ဍများတွင်အဓိကနေရာကပါဝင်ကြောင်း၊နှစ်နိုင်ငံအနေဖြင့်နိုင်ငံလူဦးရေ၏ရာခိုင်နှုန်းအများစုမှာဗုဒ္ဓဘာသာကိုး ကွယ်ကြကြောင်း၊မြန်မာနိုင်ငံ၌ထူးခြားသောသဘာဝအရင်းအမြစ်များရှိကြောင်း၊တော၊တောင်၊မြစ်၊ ချောင်း၊ပင်လယ်၊ကမ်းခြေများနှင့် ရှေးဟောင်းမြို့တော်များဖြစ်သော မန္တလေး၊ပုဂံ၊ပြည်၊ သရေခေတ္တရာ စသောနေရာများ သည်ကမ္ဘာလှည့်ခရီးသည်များအလွန်စိတ်ဝင် စားကြကြောင်း၊မြန်မာနိုင်ငံ အနေဖြင့်ပထ၀ီနိုင်ငံရေးအရအရေးပါသောနေရာတွင်တည်ရှိကြောင်း၊ရေနံ၊သဘာဓာတ်ငွေ့နှင့်အခြားသယံဇာတများ၊ကျောက် မျက်ရတနာများလည်ထွက်၇ှိကြောင်း၊လယ်ယာထွက်ကုန်နှင့် ရေထွက်ပစ္စည်း များထွက် ရှိကြောင်း၊အဆွေတော် တို့အနေဖြင့် လာရောက်ပူးပေါင်း၍ဆောင်ရွက်သွားနိုင် ကြောင်း၊အဆွေတော်တို့အနေဖြင့် သက်ဆိုင်ရာဌာနများဖြင့်လာရောက်ပူးပေါင်း ၍ဆောင်ရွက်သွား နိုင်ကြောင်း၊မိမိတို့ လွှတ်တော်အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးရန် အသင့် ရှိကြောင်း” ပြောကြားခဲ့ သည်။ယင်းနောက်ပြည်ထောင်လွှတ် တော်နာယကနှင့်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံရွေးကောက် ပွဲကော်မရှင် ရုံးသို့သွားရောက်၍ မွန်ဂိုလီးယားနိုင်ငံရွေးကောက် ပွဲကော်မရှင်၏ အီလက်ထရောနစ်မဲပေးစနစ်များကို လိုက်လံကြည့်ရှုခဲ့သည်။

ပိန်ဆေးတွေကိုအားနာတယ်

ပိန်ဆေးတွေကိုအားနာတယ်

(က)
“ဟယ်…သစ္စာ ၀လို့လှလို့ပါလား..”
အတော်လေးစိတ်ပျက်ဖို့ကောင်းတဲ့ နှုတ်ဆက်စကား၊အဆုးံဖြစ်တဲ့လှလို့သာမပါရင်တော့ စိတ်ဆိုးမိမည်ထင်သည်။
ဒါကြောင့်မို့လဲကျောင်းပြီးကတည်းက အိမ်ထဲကအိမ်ပြင် ထွက်ခဲသည်။ဈေးဝယ်စရာလည်းမလို၊ အပျော်အပါး ပွဲလမ်း သဘင်ဆိုသည်က လည်းနဂိုကပင်ဝါသနာ မပါသူဖြစ်၍ တစ်လနေမှတစ်ခါမထွက်ဖြစ်။ အခုလည်း သူငယ်ချင်းအရင်းခေါက်ခေါက်မင်္ဂလာဆောင်ဖြစ် ၍ ထွက်လာ ခဲ့သည်။တွေ့သမျှဆုံသမျှသူငယ်ချင်းတွေက လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ရှာ သည်။သို့သော်နှုတ်ဆက် စကားများနှင့် အတူတွယ်ကပ်ပါ လာသော “၀”လို့ ဟူသော ၀ိသေသကြောင့်ကျွန်မအောင့် သက်သက်ဖြစ် ရသည်။အရင်တုန်းကကျွန်မ မ၀ပါ။Slim Bodyခေါ် ကိုယ်ဟန်သွယ်သွယ်နှင့်ပြေပြေပြစ်ပြစ်ရှိခဲ့ဘူးပါသည်။ အခုတော့…။

(ခ)
ရှစ်တန်းအောင်ကတည်းက မေမေ့ရင်ခွင်ကခွာခဲ့ရသည်ဟု ဆိုရမည်။အငယ်ဆုံး၊အထွေးဆုံးဖြစ်၍ ဖေဖေမေမေတို့
အပေါ်နွဲ့ကောင်းတုန်း၊အကိုအမတွေပေါ်ဆိုးကောင်းတုန်း ၊ဘော်ဒါဆောင်တွင်နေရသဖြင့်ငရံ့ပြာလူးဖြစ်ခဲ့ရဘူးပါသည်။
“မေမေလဲ ဘယ်ခွဲချင်ပါ့မလဲသမီးလေးရယ်၊ ခုဟာက သမီးလေး ပညာရေးအတွက်ပါ။ ကိုးတန်း ကတည်း က ဘော်ဒါမှာနေပြီးအကျင့်လုပ်ခဲ့ရင် ဆယ်တန်းမှာ အခက်အခဲ သိပ်မ၇ှိတော့ဘူးပေါ့ကွယ်။ဒါမှလည်း အမှတ်ကောင်းကောင်းနဲ့အောင်မှာသမီးလေးရဲ့”
“ဘော်ဒါမှာသွားနေရမယ်ဆိုပေမယ့် တစ်မြို့တစ်ရွာ ကိုသွားနေတာမှ မဟုတ်တာသမီးလေးရယ်၊တစ်မြို့ တည်းပဲဟာ……ဖေဖေနဲ့မေမေလည်းလာတွေ့ လို့ ရတယ်၊ပြန်ပတ်ကြုံရင်လည်း အချိန်မရွေးသမီးလေးပြန် လာလို့ရတာပဲဥစ္စာ၊ဘာများစိတ်အားငယ် စရာရှိလို့လဲ”
ဖေဖေမေမေကချော့တော့လည်း ဘော်ဒါတွင်နေဖြစ်သည်။ကိုးတန်း တစ်နှစ်၊ဆယ်တန်းတစ်နှစ်။ဇူလိုင်လတွင်အောင်စာရင်းထွက်ပြီး မကြာမီ တက္ကသိုလ်လျှောက်သည်။ တက်ရတာက နိုဝင်ဘာလ၊မေမေ့ရင်ခွင်မှာလေး လြ ပည့်အောင်ပင် မနားလိုက်ရပါ။မဉ္ဇူဆောင်တွင် ကွန်းခိုပြီးဘွဲ့ရခဲ့သည်။ ထိုစဉ်ကာလများကမှုကျွန်မ၏ကိုယ်နေဟန်ထားသည်Slim Body ကနည်းနည်းလေးမှမပျက်ခဲ့ပါ။

(ဂ)
“မေမေ..သမီးကိုဆေးဝယ်ပေးပါနော်..”
“ဘာဆေးလဲသမီးလေးရဲ့..”
“ညက တီဗွီမှာကြော်ငြာသွားတာလေ၊ ခန္ဓာကိုယ်သွယ်လျ အဆီကျပိန်ဆေးဆိုတာ”
“အေးအေး…သမီးလေး၊ဖေဖေအလုပ်သွားရင်ဆေးနာမည်ပြောပြီးမှလိုက်”
မေမေကတစ်ခါချွဲပဲရှိတယ်။ဖေဖေကလည်း မှာလိုက်သည့်ဆေးကို ဆိုင်တကာနှံအောင်လည်ပြီး မရမကရှာဝယ်ပေးတတ်သည်။ဆေးတစ်ဗူးမှ မကုန် တတ်သေး၊ပိန်ဆေးအသစ်အဆန်းတစ်မျိုးက ထပ်၍ပေါ် လာပြန်သည်။ပေါ်လာတိုင်းလည်းဝယ်ပေးဖို့ပူဆာတတ်သည် ချည်း။ပူဆာတိုင်းလည်းဝယ်၍မရတတိပေ။ရုပ်သံမှကြော်ငြာပြီးသည့်တိုင် နယ်မြို့လေးသို့ဆေးအသစ်ကမရောက်တတ်သေး
ဖေဖေပင်ညည်းယူရသည်။
“မေမေကြီးရေ..မင်းသမီးပူဆာတိုင်းဆေးတွေလိုက်ဝယ်ရတာ ကိုယ်တော့အရှုးဖြစ်တော့မယ်။အဲဒီဆေးနာမည်ကိုကြား တောင် မကြား ဖူးဘူးတဲ့ဗျာ။ညကTVမှာကြော်ငြာတာလေ ဆိုတော့ မှ တစ်ပတ်၊ ဆယ်ရက်လောက်စောင့်ပါဦးတဲ့။ ကဲ…သမီးလေးနောက်ဆိုဆေး သစ်ဝယ်ချင်ရင် TV မှာကြော်ငြာ တိုင်းစွတ်ဝယ် ခိုင်းမနေနဲ့၊ဆေးဆိုင်တွေ မှာဆေးရောက်အောင်စောင့်ပြီးမှဝယ်ခိုင်း။ဆေး သစ်ကြော်ငြာတိုင်းဝယ်ရတာ လူကိုအရှုးဖြစ်လို့…….”

(ဃ)
“ဟယ်….ညိုမ”
တစ်နေ့ မေမေအပြင်ထွက်ခိုက် ညိုမရောက်လာ သည်။ ညိုမသည်မေမေ၏ တူမအရင်းဖြစ် သည်။ကျွန်မနှင့်ဆိုပါ မူ ညီမ၀မ်း ကွဲတော်စပ်သူတည်း။ဆယ်တန်းတောင် နှစ်ချင်းပေါက်အောင်မနေ လင်နောက်ကောက်ကောက် ပါအောင် လိုက်သွားခဲ့သည်။ပညာတစ် ပိုင်းတစ်စ၊ ဥစ္စာဓနကချို့တဲ့ တူနှစ်ကိုယ်ချစ်တိုင်းပြည် ကိုစိတ်ကူး ယဉ်စွာ ည်ဆောက်ခဲ့မိသော ညိုမတစ်ယောက်တစ်နှစ် သားကလေးသာ ပွားစည်းလာသည်။ ဟိုယခင်က ညိုညို လုံးလုံး၊စိုစိုပြေပြေ၊ ၀၀ကစ်ကစ် ညိုမ၏အသွင်သဏ္ဍာန် သည် ယုံရခက်လောက်အောင်ပင်လုးံလုံးပြောင်းလဲ ခဲ့လေပြီ။လင့်ဝတ်၊သားသမီးဝတ်၊အိမ်ထောင့်ဝတ်များကို ချို့ငဲ့စွာထမ်းဆောင်နေရသော ညိုမ၏နဂိုရည် အလှ တို့ပြိုကျပျက်စီးခဲ့လေပြီကော။ ယခုလဲမပြေ မလည်ဖြစ်နေသော မိသားစုစားဝတ်နေရေး အတွက်မေ့မေ့ ထံ မှလက်ဖြန့်တောင်းခံ လာဖြင်းဖြစ် သည်။
“သစ္စာရယ်…နင်ကတော့တစ်နေ့တစ်ခြားပိုပိုပြီး လှလာတယ်။ဝတော့ဝလာတယ်နော်။ဝတော့တစ်မျိုးခန့် တာပေါ့ဟယ်။ညည်းဒီလိုသာတသက်လုံးနေ၊  ငါ့မှာတော့ မုဆိုးမအိမ်က လက်နှီးစုတ်လောက်တောင် မတောက်ပြောင်တော့ ပါဘူးအေရယ်။”
ညိုမကိုကြည့်ပြီး ကျွန်မတော်တော်မောသွား တယ်။တစ်နေ့ကပင်မေမေ ဇွတ်အတင်းခေါ် ၍ ဈေးလိုက်သွားမိသည်။ကုန်ဈေး တန်းအရောက် တွင်-
“ဟေ့.သစ္စာရေ၊သစ္စာ”
ဇွတ်အတင်းခေါ်သံကြောင့်ဝေ့၀ဲကြည့်မိသည်။မိမိနှင့်သိသူဟူ၍ တစ်ယောက်မှမမြင်မိ၊ချဉ်ပေါင်ရွက်တောင်း၊ခရမ်းချဉ်သီးတောင်း၊ ဘူးသီးတောင်းတို့ကြားမှတဘက်ပေါင်းထားသောအမျိုးသမီးတစ်ယောက် ကိုကြည့်မိသည်တွင် “ဟဲ့သစ္စာရဲ့ ငါပါဟဲ့…
သိမ့်သိမ့်လေ၊အမယ်ညည်းကဘွဲ့ရပညာတတ်ဆိုပြီးတော့ ငါ့ကိုတောင်အဖက်မလုပ်တော့ဘူးပေါ့လေ”
သူစကားနာထိုးတော့မှ စေ့စေ့ကြည့်မိသည်။ဟုတ်ပါရဲ့ မိသိမ့်မှမိသိမ့်။သူငယ်တန်းကနေ ဆယ်တန်းအထိ တန်းစဉ်မပျက်အခန်းထဲအတူနေခဲ့ရသည့် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး။ဟိုတုန်းက သိမ့်သိမ့်သည် ရုပ်ရှင်သရုပ်ဆောင်ရွှေလုံးနှင့် နင်လားငါလား။
ယခုမှုငါးကျည်းခြောက်ကျပ်တိုက်ထားသည့်အလား ပါးလျလျကိုယ်ခန္ဓာ၊နုပျိုစိုပြေခြင်းကင်းသည့်မျက်နှာ၊လောကဓံအထုအထောင်းအ
နှိပ်အစက်ဒဏ်တို့ကြောင့် သိမ့်သိမ့် အရှင်လတ်လတ် ဘ၀ပြောင်းခဲ့ရပြီ။
“ဒါပါပဲဟယ်….လင်ဆိုးမယားတဖားဖားဆိုတဲ့ စကားတွေပြောတုန်းကနားမထောင်ခဲ့ဘူးတာ၊ကိုယ်တွေ့ကြုံကာမှ တကယ်ပါလားလို့သိရတော့တယ်သူငယ်ချင်း ရယ်”
အိမ်ထောင်ရေးသာယာမှုကင်းသော သူငယ်ချင်းစကား ကို ကြားရသဖြင့်စိတ်မသက်မသာဖြစ်ရသည်။ အိမ်ပြန်ရောက်တော့မမကြီးဆီကဖုန်းလာသည်။ စကားစပ်မိ၍သိမ့်သိမ့် အကြောင်းပြောဖြစ်သည်။ “အဲ့ဒါပါပဲ ညီမလေးရယ် မိရိပ်ဖရိပ်လောက် ကောင်းတာ
ဘယ်မှာမှမရှိဘူး၊ကနေ့ခေတ်ယောက်ျားတွေက အတွက်အချက် သမားတွေ၊သူတို့ဘ၀ အဆင်ပြေချောမွေ့ဖို့ သင်္ချာပညာရှင်တွေထက်
တောင်တွက်တတ်သေးတယ်ညီမလေးရဲ့၊မိန်းမယူမယ်ဆိုရင် သူတို့ထက်သာတာကိုရွေးယူမယ်၊မိန်းမလုပ်စာကိုအမိန့်သားထိုင်စားကြ
မယ်။မတော်လို့ရလာတဲ့မိန်းမက သူတို့ထက်နိမ့် ကျနေပြီ ဆိုလို့ကတော့ နင်းချေပစ်ဖို့ဝန်မလေးတတ် ဘူး။သိမ့်သိမ့်လေးသနားပါတယ်ဟယ်”
သိမ့်သိမ့် အကြောင်းဆွေးတမြေ့မြေကပြောရင်းကပင် တစ်နေ့ကကြော်ငြာသွားသောပိန်ဆေးကို မှာဖြစ်အောင် မှာလိုက်ပါတယ်။ထိုဆေးက နယ်မှာဝယ်မရသဖြင့် တကူးတကမှာမိခြင်းပင်။
“ဘာလဲ ညီမလေးပိန်ဆေးတွေချည်းစားနေတော့မှာ လား၊မစားပါနဲ့ ညီမလေးရယ်၊ပိန်တာဝတာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှုနဲ့ဆိုင်တာလေ ၊အေးမြတဲ့ မိဘရဲ့ စေတနာမေတ္တာအောက်မှာနေရတော့ စိတ်ချမ်း သာတယ်။စိတ်ချမ်းသာတော့စားဝင်အိပ်ပျော်တယ်၊ စားဝင်အိပ်ပျော်တော့ ကိုယ်ခန္ဓာကဖွံ့ဖြိုးလာတာပေါ့ ဒါပေမယ့် ပျော်ရာမှာမနေရဘူးဆိုတဲ့စကားလိုပေါ့…မမကြီးဖြင့်ညီမ
လေးလို နေချင်စမ်းပါဘိ။
(င)
“သမီးလေးရေ…..ပိန်ဆေးကြော်ငြာအသစ်လာနေတယ်၊လာကြည့်အုံးလေ…တစ်ပတ်အတွင်းသိသိသာသာကိုယ်ရေစစ်
သွားမယ်တဲ့”
“မကြည့်ချင်တော့ပါဘူး မေမေရယ်……”

                            ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

စင်ကာပူ-မြန်မာ အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုစတင်

စင်ကာပူ-မြန်မာ အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုစတင်

မြန်မာနိုင်ငံသားများ နေထိုင်မှု များပြားသည့် စင်ကာ ပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အင်တာနက်မှ တစ်ဆင့် ငွေလွှဲသည့် ဝန်ဆောင်မှုကို ဧပြီလဆန်းမှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဝန်ဆောင်မှုကို စင်ကာပူနိုင်ငံ အခြေစိုက် အင်အားကြီး ဘဏ်တစ်ခု ဖြစ်သည့် Development Bank Of Singapore (DBS) နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံ မှ ငွေလွှဲပြောင်း လိုသည့်သူများ ဘဏ်ကို သွားရောက်ရန် မလိုဘဲ ဖုန်း၊ ကွန်ပျူတာ အင်တာနက်မှတစ်ဆင့် လွှဲပြောင်းနိုင်ကြောင်း ဧရာဝတီဘဏ် မဟာဗျူဟာ စီမံကိန်းဌာန လက်ထောက် အထွေထွေ မန်နေဂျာ ဦးသူရမောင်က ပြောကြားသည်။

ဝန်ဆောင်မှု အသုံးပြုရန်ကိုမူ ငွေလွှဲသူသည် DBS ဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ရန် လိုပြီး ငွေလက်ခံ သူသည် ဧရာဝတီဘဏ်တွင် စာရင်းဖွင့်လှစ် ထားရန် လိုကြောင်း၊ ယင်းဘဏ်စာရင်း များမှတစ်ဆင့် လွှဲပြောင်းပေး မည် ဖြစ်ကြောင်း၊ တစ်ကြိမ်လျှင် အပ်ငွေ ပမာဏ စင်ကာပူဒေါ်လာ ၅၀၀၀ ထိ လွှဲပြောင်းနိုင်ပြီး ဝန်ဆောင်ခ စင်ကာပူ ၅ ဒေါ်လာ ကောက်ခံ မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အင်တာနက်နဲ့ဆိုတော့ စင်ကာပူဘက်က လွှဲတဲ့လူ လည်း ဘဏ်ကို လာစရာ မလိုဘူး။ဒီကထုတ်မယ့်လူ ကလည်းသူ့ဘဏ်စာရင်းထဲတိုက်ရိုက် ရောက်လာ မှာ ဆိုတော့ စာရင်းစစ်လိုက်ရုံပဲ။ ပိုအဆင် ပြေတာပေါ့” ဟု မိသားစုဝင်ထဲ တွင် စင်ကာပူ၌ အလုပ်လုပ် ကိုင် နေသူရှိသော အမျိုးသမီးတစ်ဦး က ပြောကြား သည်။

ရုံးခွဲပေါင်း ၂၅၀ကျော်ရှိသည့် DBS ဘဏ်သည် ၂၀၀၉ ခုနစ်မှ ၂၀၁၃ ခုနှစ်အထိ ကမ္ဘာပေါ်တွင် စိတ်ချ အယုံကြည်ရဆုံး ဘဏ်တစ်ခုအဖြစ် Global Finance Magazine တွင် ဖော်ပြခြင်းခံရသည်ဟု ဆိုပြီး မြန်မာနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ရုံးခွဲ ဖွင့်လှစ်ခဲ့သည်။

ဧရာဝတီဘဏ်ကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၅၀ ကျော် ဖွင့်လှစ် ထားကာဘဏ်အပ်ငွေပမာဏပေါင်းကျပ်ဘီလီယံ  ခြောက်ရာကျော် ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် စင်ကာပူနိုင်ငံပိုင် Sing Post ပြည်တွင်းရှိ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ သမဝါယမ ဘဏ်တို့နှင့် ပူးပေါင်း၍ စင်ကာပူ-မြန်မာ အပြန်အလှန် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည်ဟု ယမန်နှစ် နိုဝင်ဘာလ အတွင်းက ကြေညာထားသည်။

The Voice Weekly

ရိုးသားဖြောင့်မတ်မှုသက်သက်နဲ့အောင်မြင်ဖို့မလုံလောက်တဲ့အခါ

ရိုးသားဖြောင့်မတ်မှုသက်သက်နဲ့ အောင်မြင်ဖို့မလုံလောက်တဲ့အခါ..

တစ်ခါက ကုမ္ပဏီကြီးတစ်ခုက အမှုဆောင်အရာရှိချုပ် စီအီးအို ကြီးက အသက်ကြီးလာလို့ အငြိမ်းစားမယူခင် တစ်နှစ်အလိုမှာနောက် စီအီးအိုရွေး ဖို့ ကုမ္ပဏီက ဌာနအသီးသီးမှာ အကြီးအကဲလုပ်နေသူ အားလုံး ကိုခေါ်ပြီး သစ်စေ့တစ်စေ့စီပေးတဲ့ ပုံပြင်ကလေးကို ကြားဖူးကြလား မသိဘူး။ သစ်စေ့ ကို အိုးထဲထည့် အသေအချာစိုက်ပြီး တစ်နှစ်အကြာမှာ ပြန်ယူလာခဲ့ဖို့ နဲ့ ပေါက်လာတဲ့ အပင်တွေကို ကြည့်ပြီး နောက်ဆက် ခံမယ့် စီအီးအိုကို ရွေး မယ်လို့ မှာလိုက်တဲ့ ပုံပြင် ကလေး ပါ။ ပေးလိုက်တဲ့ သစ်စေ့ အားလုံးကို ပြုတ် ထားပြီးပြီ မို့ တကယ်တော့ ဘယ်သစ်စေ့မှ အပင် မပေါက်နိုင်ပါဘူး။ ပုံပြင်ထဲ မှာတော့ ရိုးသားတဲ့လူငယ် ဌာနမှူးလေးတစ်ယောက် ကလွဲလို့ ကျန်တဲ့ ကုမ္ပဏီက အရာရှိ ကြီးငယ်အားလုံးဟာ စီအီးအိုကြီး ပေးလိုက်တဲ့ သစ်စေ့က အပင်မပေါက်တဲ့အခါ အခြားသစ်စေ့ တစ်စေ့ ကို အစားထိုးပြီး စိုက်ကြတယ်။ တစ်နှစ်ပြည့်တော့အပင်မျိုးစုံ ပြန်ယူလာပြီးပြကြတယ်။ ရိုးသားတဲ့ဌာနမှူးလေး ကတော့ ဘာပင်မှ မပေါက်တဲ့ ပန်းအိုး ကလေးကိုပဲ ပြန်ယူလာပြီး စီအီးအို ကြီး ကို ပြပါသတဲ့။ အဲဒီမှာ လက်ရှိ စီအီးအိုကြီးက ရိုးသားတဲ့ ဌာနမှူးလေးကို ကုမ်္ပဏီကြီးရဲ့ နောက်စီအီးအို အဖြစ် ရွေးလိုက် တဲ့ ပုံပြင်ကလေး ဖြစ်ပါတယ်။

ဘယ်လောက်ကြီးတဲ့ ရာထူးဖြစ်နေပါစေ၊ ရာထူး တစ်ခု ရဖို့အတွက် ရိုးသားမှုကို အဆုံးရှုံး မခံတဲ့သူဟာ အဲဒီ ရာထူးကြီးနဲ့ တကယ်တမ်းထိုက် တန်သူ ဖြစ်တယ်လို့ သင်ခန်းစာပေး တဲ့ ပုံပြင်ကလေးလို့ ဆိုနိုင်မယ်ထင် ပါတယ်။ သို့သော်လည်း ပုံပြင်ထဲက လူငယ်ဌာနမှူးဟာ ရိုးသားဖြောင့် မတ်ပေမယ့် လုပ်ရည်ကိုင်ရည် အပိုင်းမှာတော့ လိုသေးတယ်လို့ ပြော ချင်ပါ တယ်။ နောက်ပြီး အခုခေတ်မှာ ကိုယ်ရ သင့်ရ ထိုက်တာ ကို “သြော် သူကတော့ လူရိုးကလေးပဲ” ဆိုပြီး အခြား သူတွေက လာပေးမှာကို ထိုင် စောင့်နေလို့ကတော့ အများကြီး နောက်ကျ ကျန်ရစ်ခဲ့ဖို့ ရှိပါတယ်။ ဒါကြောင့် သစ်စေ့ကို အစားမထိုးတဲ့ ရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ ဂုဏ်ပုဒ် အပြင် အခြားရှိသင့်ရှိထိုက်တဲ့ စွမ်းဆောင် ရည်တွေကို စဉ်းစားကြည့် သင့်ပါ တယ်။

စီအီးအိုကြီး ပေးလိုက်တဲ့ သစ်စေ့ဟာ အပင်မပေါက် တဲ့အခါ တစ်နှစ် လုံး ဒီအတိုင်း ထိုင်စောင့်နေမယ့်အစား တတ်ကျွမ်းနားလည်တဲ့သူနဲ့ သစ်စေ့ ကို ပြကြည့် သင့်ပါတယ်။ ဒါဆို သစ်စေ့ကို ပြုတ်ထားတာသိလာ ရနိုင်ပါ တယ်။ တစ်နှစ်ပြည့်တော့မှ ဘာမှမပေါက်တဲ့ အိုးကို အချည်းနှီး ယူလာပြ မယ့်အစား “ပြုတ်ထားတဲ့ သစ်စေ့မို့ အပင်မပေါက်နိုင်တဲ့အတွက် ဘယ်လို ဆက် လုပ်ရပါမလဲ ညွှန်ကြားပါ” လို့ စီအီးအိုကြီးဆီကို တစ်နှစ် မပြည့်ခင် အချိန်အများကြီး ကြိုတင်ပြီး အတွင်းရေး လျှို့ဝှက် စာရေးလိုက်မယ်ဆိုရင် ရိုးသားဖြောင့်မတ်မှု သာမက စူးစမ်းလေ့လာတဲ့ စွမ်းရည်၊ ကိုယ့်ထက် တတ် ကျွမ်းသူတွေကို လိုအပ်သလို သူ့နေရာနဲ့သူ အသုံးချနိုင် တဲ့ စွမ်းရည်တွေ အပြင် နှုတ်လုံမှု၊ အမိန့်နာခံမှု၊ လုပ်ရည် ကိုင်ရည်ရှိမှုတို့ကိုပါ တစ်ပါတည်း ပြသပြီးသား ဖြစ် သွားနိုင်ပါတယ်။ နောက်စီအီးအို နေရာကိုလည်း တစ်နှစ်ပြည့်အောင်တောင် မစောင့်ရဘဲ ရသွားနိုင်ပါ တယ်။

ဒါမှမဟုတ် ပြုတ်ထားတဲ့သစ်စေ့မှန်းသိတဲ့အခါ ဘာအတွင်းရေး လျှို့ဝှက်စာ မှ ရေးမနေဘဲ အဲဒီသစ်စေ့နဲ့ အမျိုးအစားတူ သစ်စေ့ကို ရှာစိုက်၊ တစ်နှစ်ပြည့်တော့မှ “စီအီးအိုကြီးပေးလိုက်တဲ့ သစ်စေ့က ပြုတ်ထားတာမို့ ဘာမှ မပေါက်နိုင်တဲ့အတွက် အမျိုးအစားတူ သစ်စေ့ကို ရှာစိုက်ထားတာ အခု အပင်ပေါက်လို့ တစ်နှစ်သား ရှိနေပါပြီ” ဆိုပြီး ပြလိုက်နိုင်ပါတယ်။ ဒါဆို ရိုးသားဖြောင့်မတ်မှုသာမက မဖြစ်နိုင်တာကို ခိုင်း တာတောင် ဖြစ်အောင် လုပ်နိုင်သေးတယ်လို့ အစွမ်းပြရာရောက်ပါ တယ်။ ဒါတင်မက အပင်မျိုးစုံ ယူလာကြတဲ့ အခြားကုမ္ပဏီအရာရှိ ကြီး ငယ်တွေရဲ့ မရိုးဖြောင့်မှု၊ အဆင်ခြင်ဥာဏ်နည်းမှု၊ အခြေအနေကို မလေ့လာမှု၊ အထွေထွေ နားမလည် မှုတွေကို မီးမောင်း ထိုး ပြပြီးသားလည်း ဖြစ်သွားမှာပါ။

သို့သော်လည်း ဒီနည်းလမ်းတွေက လက်ရှိစီအီး အိုကြီး ရဲ့ တော် တည့် မှန်ကန်မှုအပေါ် မူတည်နေပါတယ်။ တကယ်လို့ လက်ရှိ စီအီးအို ကြီးက လက်ရင်းတပည့် တစ်ယောက်ကို လက်သိပ်ထိုးပြီး ရာထူးပေးချင် နေ တာရော မဖြစ်နိုင်ဘူးလား။ ဒါဆိုရင် ရိုးဖြောင့်မှု၊ စူးစမ်း တတ်မှု၊ ကျွမ်းကျင်သူတွေကို အသုံးချတတ်မှု၊ နှုတ်လုံမှု၊ အမိန့်နာခံမှု၊ လုပ်ရည်ကိုင်ရည်ရှိမှုတွေ အားလုံး သဲထဲရေ သွန် ဖြစ်သွားလိမ့်မယ်။ အဲဒီလို အခြေအနေ မျိုးဆိုရင်ဘာဆက်လုပ် မှာလဲ။

ဘာပဲဖြစ်ဖြစ် ရလာတဲ့သစ်စေ့က အပင်မပေါက်တဲ့အခါ အရင်ဆုံး ဘာကြောင့် မပေါက်တာလဲ အဖြေရှာရ မှာ ဖြစ်ပါ တယ်။ ပြီးတော့ အခြား သူတွေကော အပင်ပေါက်ရဲ့လားလို့ နည်းလမ်းရှာ စုံစမ်းသင့်ပါတယ်။ ဒါဆို လက်ရင်း တပည့်ကလွဲပြီး ဘယ်သစ်စေ့မှ အပင်မပေါက်ဘူးဆိုတာ သိလာနိုင်ပါတယ်။ အဲဒီအသိ ကို ကိုင်ထားပြီး ကုမ္ပဏီက အရာရှိကြီး ငယ်တွေကို စည်းရုံး ရပါလိမ့်မယ်။ “စီအီးအိုကြီးကတော့ဖြင့် အသက်ကြီး လွန်းနေပြီ၊ သူငယ်ပြန်နေပြီ၊ မဟုတ်တာတွေ လျှောက်လုပ်နေပြီ” လို့ ပြော သင့်ရင် ပြောရပါလိမ့်မယ်။ “အပင်မပေါက်နိုင်တဲ့ သစ်စေ့တွေကို တစ်နှစ် ကြာ စိုက် ခိုင်းပြီး နောက်ဆက်ခံ မယ့် စီအီးအို ရွေးမယ်လို့ စည်းမျဉ်းလွတ် ထင်ရာစိုင်း လုပ်မိလုပ်ရာ သူတစ်ဦးတည်း သဘော နဲ့ လျှောက် လုပ်နေ ပြီ” လို့ ပြောသင့်ရင် လည်း ပြောရမှာပဲ။ “မဟုတ်မှလွဲရော သူ့ တပည့် ချာတူး လန်ကို လက်သိပ်ထိုး ရာထူးပေးမလို့ လုပ်နေတာ ဖြစ်လိမ့်မယ်။ ကုမ္ပဏီ ရဲ့အနာဂတ်ကို ဒီလိုလူလက်ထဲမှာ ဆက်ထား လို့ မဖြစ်ဘူး” ဆိုပြီး ဖွသင့် ရင်လည်း ဖွရမှာပဲ။ လိုရင်း ကတော့ ကုမ္ပဏီပိုင်ရှင်တွေက ကုမ္ပဏီအကြီး အကဲ ရာထူးနေရာကို လက်ရှိ စီအီးအိုကြီးဆီကနေ ရုတ် သိမ်းပြီး မိမိကို ပေး လာအောင် ကြံစည်ကြိုးစားဖို့ ဖြစ်ပါတယ်။

ဒီလုပ်နည်းလုပ်ဟန်တွေ အသုံးပြုရမှာကို လူငယ်တွေ အနေနဲ့ မကြိုက် မနှစ်သက်နိုင် မသတီနိုင် ဖြစ်နေတယ် ဆိုရင် အဲဒီခံစားမှုကို နားလည်ပေး လို့ရပါတယ်။ ရိုးသားဖြောင့်မတ်မှု သက်သက်နဲ့ အောင်မြင်ဖို့ လုံလောက် တဲ့ လောကကြီးဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အကောင်း ဆုံးမဟုတ် တဲ့ လောကကြီးထဲမှာ ကလိမ်ကကျစ်တွေ လူညစ်တွေနဲ့ ကြုံနေရ ပြီဆိုရင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ ရိုးသားဖြောင့်မတ် မှုကို မစွန့်လွှတ်ဘဲ ရသင့် ရထိုက်တာတွေ ရအောင် အနုနည်း အကြမ်းနည်း မျိုးစုံနဲ့ လုပ်တတ်ကိုင် တတ်ရှိရမှာ ဖြစ်ပါတယ်။

ဆရာသုတ

JOB Seekers Journal Vol.2,No.42

Friday, February 7, 2014

ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒများ

၁။ “အမျိုးသားရေးမူဝါဒ”။     ။ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ထားဝစဉ် ဦးထိပ်ထားမည်။

၂။ ”နိုင်ငံရေးမူဝါဒ” ။     ။ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား၍ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး မည်။

၃။ ” စီးပွားရေးမူဝါဒ” ။     ။ ဈေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံးမည်။

၎။ ” နိုင်ငံခြားရေးမူဝါဒ” ။      ။ လွတ်လပ်၍ တက် ကြွသော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးမည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက်နှင့် အညီဆောင် ရွက်မည်။

၅။ ”ကာကွယ်ရေးမူဝါဒ” ။      ။ နိုင်ငံတော်အား ပြည်တွင်း ပြည်ပအန္တ္တ္တရာယ်များမှ အပြည့်အ၀ ကာကွယ် နိုင်စွမ်းရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်။

၆။ ”လူ့အခွင့်အရေးဆိုင်ရာမူဝါဒ” ။     ။ အခြေခံ ဥပဒေနှင့် အညီ နိုင်ငံသားတိုင်း၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အာမခံမည်။

၇။ ”တိုင်းရင်းသားရေးဆိုင်ရာမူဝါဒ ”။      ။ တိုင်းရင်းသား စည်းလုံညီညွှတ်ရေးကို အလေးထားမည်။ အခြေခံ ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ အခွင့်အရေးများကို အပြည့်အ၀ ရရှိခံစားနိုင်အောင် ဖော်ဆောင်ပေးမည်။

၈။ ”တောင်သူလယ်သမားရေးဆိုင်ရာမူဝါဒ” ။    ။ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းဆောင်ရွက်မည်။

၉။ ”အလုပ်သမားရေးဆိုင်ရာမူဝါဒ” ။     ။ အလုပ်သမားများ၏ လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်မည်။ အခြေခံဥပဒေနှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများကို အပြည့်အ၀ ရရှိခံစားနိုင် အောင် ဖော်ဆောင်ပေးမည်။

၁၀။ ”ဘာသာရေးဆိုင်ရာမူဝါဒ” ။     ။ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ကို အာမခံမည်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ