Monday, September 21, 2015

NLD ပါတီကို မဲမပေးရန် မဘသ ဘုန်းတော်ကြီးများ တိုက်တွန်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို မဲမပေးရန် အမျိုးဘာ သာသာနာ စောင့်ရှောက်ရေး အဖွဲ့ (မ .ဘ.သ) ဗဟိုအဖွဲ့ဝင် မြတောင် ဆရာတော်က တိုက်တွန်း မိန့်ကြားလိုက်သည်။

စက်တင်ဘာလ (၂၀) ရက်နေ့က ပြုလုပ်သော မျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် တက်ရောက်လာသော ဆရာတော် သံဃာတော်များနင့် လူပုဂ္ဂိုလ် (၁၅၄၂၇) ဦးအား တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အစ္စလာမ် ဘာသာ ပံ့ပိုးပေးထားတဲ့ ပါတီကိုရော မဲပေးလို့ ရမလား၊ မဲပေးမလား၊ မပေးဘူးလား'' ဟု မြတောင် ဆရာတော်က မိန့်ကြားခဲ့ပြီး တက်ရောက် လာသူများက ''မပေးပါဘူး ဘုရား'' ဟု ပြန်လည် လျှောက်တင်ခဲ့သည်။ ထို့နောက် ဆရာတော်က 'ဘယ်ပါတီလဲ' ဆက်လက်မေးရာ တက်ရောက်လာသူများက “ NLD ပါတီပါ ဘုရား'' ဟု ဖြေကြားရာ ဆရာတော်က ''

တစ်နေ့ကို ငှက်ပျောသီး ဘယ်နှစ်လုံး စားသင့်သလဲ?

ငှက်ပျောသီး စားတာများရင် သေတတ်တယ်ဆိုတဲ့ သီအိုရီဟာ နှစ်ပေါင်းများစွာကတည်းက လူတွေ ယုံကြည်လာကြတာပါ။ အကြောင်းအရင်းကတော့ ငှက်ပျောသီးဟာ ပိုတက်ဆီယမ် ကြွယ်ဝတဲ့အတွက် ပိုတက်ဆီယမ် မှီဝဲမှု လွန်ကဲသွားတဲ့ အခါမှာ လူတွေအတွက် အန္တရာယ် ရှိလာနိုင်တာကြောင့်ပါ။

ငှက်ပျောသီး နဲ့ ပတ်သက်ပြီး အစွန်းရောက်တဲ့ သီအိုရီ ပညာရှင်တွေကတော့ တစ်နေ့ကို ငှက်ပျောသီး ၆ လုံးဟာ သတ်မှတ်ချက်ဖြစ်ပြီး ၇ လုံးထက်ပိုစားမိရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တယ် ဆိုတာပါပဲ။

Health ဆိုတဲ့ ၀က်ဘ်ဆိုက်က ဖော်ပြထားတာကတော့ ငှက်ပျောသီးကို

ဂရိရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဆီပရက်စ် ဆက်လက် အောင်ပွဲခံ

ရွေးကောက်ပွဲတွင် တစ်ကျော့ပြန် အနိုင်ရခဲ့သည့်နောက် ပြည်သူများ၏ အောင်ပွဲကို ဆောင်ယူနိုင်ခဲ့ပြီဟု ဂရိ ဝန်ကြီးချုပ် အလက်ဆစ် ဆီပရက်စ်က ကြွေးကြော်လိုက်သည်။

ကြွေးမြီ နွံနစ်ပြီး နိုင်ငံရေးအရ ရုန်းကန်နေရသည့် ဂရိတွင် ၆ နှစ်အတွင်း ပဉ္စမမြောက် ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆီပရက်စ်က အောင်ပွဲခံခဲ့သည်။ ၎င်းသည် နိုင်ငံ၏ ကြွေးမြီဂယက်တွင် နောက်ထပ် နိုင်ငံရပ်ခြား ချေးငွေ ထပ်ယူရန် သင့်၊ မသင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ ကြွေးမြီ ထပ်မယူရန် ပြည်သူအများစုက သဘောထား ပေးခဲ့ကြသည်။

သို့သော်လည်း ယူရိုငွေကြေးကို အဓိက အသုံးပြုနေသည့် ယူရိုဇုန် အဖွဲ့ဝင် နိုင်ငံများ၏ ဖိအားပေးမှုနှင့် မြီရှင်နိုင်ငံများ၏ တောင်းဆိုမှုများကြောင့် ဆီပရက်စ် အနေဖြင့်

ဘာသာရေးကို နိုင်ငံရေးတွင်အသုံးချပါက ကြည့်နေမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးတွင် အသုံးချမည် မဟုတ်သလို ပါတီဝင်များ စည်းမျဉ်းချိုးဖောက်ပါကလည်း ကြည့်နေမည်မဟုတ်ဟု အင်န်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဝါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာသာရေးကို နိုင်ငံရေးမှာ မသုံးရဘူးဆိုတာ တားဆီးထားပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ကတော့ နည်းနည်းလေးမှ စည်းမျဉ်းဥပဒေ လွဲချော်တဲ့ကိစ္စတွေမလုပ်ဘူး။ လုပ်လို့ရှိရင်လည်း ကြည့်နေမှာမဟုတ်ဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ရမည်းသင်းမြို့၊ ကျောင်းဖြူကုန်းကွင်းတွင် စက်တင်ဘာ ၁၉ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်

မဲစာရင်းတွင်အမည်ပါရေးအဓိကဖြစ်ပြီး အခြားအချက်အလက် မှားယွင်းနေပါကလည်း မဲပေးခွင့်ရှိကြောင်း ဦးတင်အေးပြော

လာမည့်ရွေး ကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲစာရင်း၌ အမည်ပါရှိရေး သည် အဓိကဖြစ်ပြီး အခြားအ ချက်အလက်များ မှားယွင်းနေပါကလည်း မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ မဲစာရင်း ကပ်ထားမှုများကို သွားရောက်စစ်ဆေးရာတွင် ကော်မရှင်ဥက္ကဋ္ဌ က ပြည်သူများနှင့်တွေ့ဆုံခိုက် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တပ်မတော်သားများနှင့် တပ်မိသားစုများ ဆန္ဒမဲပေးရာတွင် အမှန်တကယ် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများသာ ကြိုတင်မဲပေးရမည်ဖြစ်ပြီ

Sunday, September 20, 2015

သူတို့ ပါတာ မဆန်းပါဘူး ( ၁ )

နိုင်ငံရေးကို ဘာသာရေးနဲ့ မရောနဲ့တဲ့ ရဟန်းတော်တွေ နိုင်ငံရေးထဲ ဝင်ပါတာ မသင့်တော်ဘူးတဲ့ ရဟန်းတော်ကရဟန်းအကျင့်ပဲ ကျင့်ရမယ်ဆိုတော့ တစ်ခုစဉ်းစားမိတာက ဗုဒ္ဓတရားတော်တွေ ပျောက်ကွယ်ဖို့  အကြောင်းမပေါ်ဘူးဆိုရင်တော့ မှန်ကောင်းမှန်ပါလိမ့်မယ။်

သူတို့  ဘာ့ကြောင့် ရဟန်းဝတ်တာလည်း ဘာ့ကြောင့် သာသနာ့ဘောင်ကို ဝင်တာလည်း ဒါကို စဉ်းစား ကြည့်တော့ အဖြေက ဗုဒ္ဓတရားတော်တွေကို သင်ယူဖို့  စောင့်ရှောက်ဖို့  ဆိုတဲ့အဖြေထွက်တယ်။ ဒါဆိုရင် ဗုဒ္ဓတရားတော်တွေ ပျောက်ကွယ်ဖို့ အရေးမှာ သူတို့ ပါဝင်တာဆိုရင် နိုင်ငံရေးလုပ်တယ်လို့ ခေါ်လား?

ကိုယ့်သားမယားကိုယ် လုပ်ကျွေးရင်းနဲ့ တောင် ကိုယ့်ဘာသာကို သူများစော်ကားတဲ့အခါ မကျေမနပ် ဖြစ်နေကြတယ်ဆိုရင် ဘဝတစ်ခုလုံးပေးဆပ်ပြီး သာသနာတော်အတွက် အသက်ပေးထားကြတဲ့ ရဟန်း သံဃာတော်တွေဟာ လူတွေထက် ပိုပြီးသာသနာတော်ကို ချစ်တယ်ဆိုတာ စဉ်းစားစရာတောင်မလိုပါဘူး။

ကမ္ဘာပေါ်မှာ ခရစ်ယာမ်က သန်း ၁၆၀၀ ၊ မွတ်စလင်က သန်း ၁၄၀၀၊ ဗုဒ္ဓဘာသာက သန်း ၆၀၀ အမည်ခံပေမဲ့ ထေရဝါ စစ်စစ်က ၁၆၀ ကျော်ပဲရှိတယ်။ သူများဘာသာတွေက နယ်ချဲ့နေတဲ့အချိန်မှာ ကိုယ်တွေက နယ်ချဲ့ ဖို့ မပြောနဲ့  မပျောက်အောင်တောင် မနည်းကာကွယ်နေရတာ အယူအဆ လွဲသူတွေကြောင့် တစ်ဝက်ကျော်ကျော်က  ကိုယ်နဲ့ မဆိုင်သလိုနေပြီး မသိချင်ယောင်ဆောင်နေကြတာ အကြောင်းအမျိုးမျိုးကြောင့် ပဋိပက္ခတွေကြားထဲက ကာကွယ်နေရတာ ဒီလိုအခြေအနေမျိုးမှာ လူဖြစ်စေ ရဟန်းဖြစ်စေ ခွဲခြားနေ လို့ မရတော့ဘူး။


ရဟန်းတော်တွေက နိင်ငံရေးဝင်ပါတာဆိုရင် သူတို့ က အုပ်ချုပ်ရေးမှူးဖြစ်ချင်လို့လား တိုင်းမှူးဖြစ်ချင်လို့လား သမ္မတဖြစ်ချင်လို့ လား မထင်ပါနဲ့ ။ သူတို့ ဘာမှမဖြစ်ချင်ပါဘူး။ ဖြစ်ခွင့်လည်းမရှိပါဘူး။ လောကီကိစ္စတွေကို စိတ်ကုန်လို့ ရဟန်းဘဝနဲ့ နေကြတာပါ။ အမြင်ကြည်လင်ပေးကြပါ။ ဘာသာသာသနာအတွက်စိတ်ချရရင် သူတို့  တရားကို သူတို့ အားထုတ်ပါလိမ့်မယ်။

ဦးမြင့် ခိုင် စိတ်ပညာ

ထိုင်းသံဃာတော်များဘာကြောင့်မြန်မာပြည်ဆွမ်းဆံစိမ်းလောင်းလှူ ပွဲသို့လာရောက်ရပါသနည်း





၁။ မန္တလေးမှာချိမ့်ချိမ့်သဲကျင်းပနေတဲ့မြန်မာ - ထိုင်းသံဃာတော်အပါး ၁၀၀၀၀ ကျော် ဆွမ်းဆံစိမ်း လောင်းလှူပွဲကျင်းပနေတဲ့ ပုံရိုပ်အချို့ဖြစ်ပါတယ်။

၂။မနှစ်ကမြန်မာနိုင်ငံမဘသအစည်းအဝေးသို့ကြွရောက်လာကြတဲ့ထိုင်းသံဃာတော်များရဲ့တောင်းဆိုချက်အရမြန်မာထိုင်းနှစ်နိုင်ငံသံဃာတော်များစုပေါင်းကာဆွမ်းဆံစိမ်းလောင်းလှူပွဲကိုအထူးစည်ကားသိုက်မြိုက်စွာကျင်းပနေခြင်းဖြစ်ပါတယ်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ