Friday, January 23, 2015

စက်သုံးဆီဈေးနှုန်းများ တစ်ဂါလန်လျှင် ကျပ်တစ်ထောင်မှ ထောင့်ငါးရာအထိ ဈေးကျ

ကမ္ဘာ့ရေနံဈေး ကျဆင်းမှုကြောင့် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများလည်း ကျ ဆင်းစေရန် ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သဖြင့် ယခုဓာတ်ဆီ၊ ဒီဇယ်တစ်ဂါလန်လျှင် ကျပ်တစ်ထောင်မှ တစ်ထောင့်ငါးရာအထိ ဈေးလျော့သွားပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ရေနံဈေးများ ကျဆင်းနေသော်လည်း ပြည်တွင်းရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များတွင် ဈေးနှုန်းလျှော့ချမှုမရှိခြင်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်တင်နွယ်ဦးက မေးမြန်းရာ အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့သည်။‘‘စက်သုံးဆီက အရေးကြီးပါတယ်။ သူက ဈေးတက်နေရင် တခြားအရာတွေပါ လိုက်တက်ပါ တယ်။ အခုကမ္ဘာမှာ ဈေးကျပေ မယ့် ဒီနိုင်ငံမှာ ဈေးမကျသေးပါ ဘူး။ ဓာတ်ဆီဈေးနှုန်း ကျဖို့က အရေးကြီးပါတယ်။ ဒါနဲ့ ပတ်သက် ပြီး လိုအပ်ရင် ၀န်ကြီးဌာနအနေနဲ့ လည်း လွတ်လပ်တဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်’’ ဟု ဒေါ်တင်နွယ်ဦးက ပြောသည်။
 ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာခန့်သာရှိပြီး ရေနံဈေးများ ကျဆင်းလာသည့် အဓိကအကြောင်းရင်းမှာ ဥရောပနိုင်ငံများ၏ စီးပွားရေးကျဆင်းလာမှုနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်းတို့ကြောင့် ၀ယ်လိုအားနည်းသည့်အတွက် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။ထိုသို့ ရေနံဈေးနှုန်းကျဆင်း မှု၏ နောက်ဆက်တွဲအဖြစ် မြန် မာ့သဘာဝဓာတ်ငွေ့မှ ရရှိသော ၀င်ငွေလည်း လျော့ကျလာနိုင်ပြီး ဓာတ်ငွေ့တူးဖော်သည့် လုပ် ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံမှု အနည်းငယ်နှေးကွေး သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ဒုဝန်ကြီးအနေဖြင့် စက်သုံး ဆီဈေးနှုန်းများ ကျဆင်းပြီဟု ပြောကြားသော်လည်း လက်တွေ့တွင် အနည်းငယ်သာကျဆင်းကာ တစ်ဂါလန်လျှင် ၂၀၀ ကျပ်မှ ၅၀၀ အထိခန့်သာ ကျဆင်းလျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။
7Day

Thursday, January 22, 2015

ဈေးကွက်ပြိုင်ဆိုင်မှုကိုလိုလားကြောင်း Telenor မှပြောကြား


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသောဆက်သွယ်ရေး အော်ပရေတာများကို အကြပ်အတည်း မဖြစ်စေရန် ၎င်းတို့၏ ဝန်ဆောင်မှု ဈေးနှုန်းများကို မြှင့်တင်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း Telenor ၏ CEO ဖြစ် Mr. Petter Furberg က ပြိုင်ဆိုင်မှုကိုသာ လိုလားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။


“ခေါ်ဆိုခကို ၂၅ ကျပ်အနေနဲ့ စတင်ခဲ့တယ်။ ဒါဟာ ဈေးကွက်ထဲမှာ အပေါဆုံးပဲ။ မကြောက်ဘူး။ MPT နဲ့ ဘာသဘောတူညီမှုမှလည်း မရှိဘူး။ MPT အနေနဲ့ ဈေးနှုန်းကို ဒီထက်လျှော့ချသွားမယ်ဆိုရင် ပြိုင်ဆိုင်သွားဖို့ ရှိတယ်။ ပြိုင်ဆိုင်မှုကို လိုလားပါတယ်””ဟု Petter က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာဝန်ဆောင်မှု အသုံးပြုသူများအတွက် တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ခဲ့ရခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အခြားသော အော်ပရေတာများ အကြပ်အတည်းဖြစ်၍ ပြိုင်ဆိုင်မှုဈေးကွက် ပျက်ပြားသွားမည်ကို စိုးရိမ်သည့်အတွက် သီးခြား အစီအစဉ်တစ်ခုကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုထားသည်။

အော်ပရေတာများအကြား ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကြီးမားသော သဘောတူညီမှု တစ်စုံတစ်ရာ ရှိသည့်အတွက် ဈေးကွက်ကို ၉၀ ရာခိုင်နှုန်း ရရှိထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဈေးနှုန်းကို သီးခြားမြှင့်တင်ထားခြင်း ဖြစ်သည်ဟု လေ့လာသူမျာက သုံးသပ်ထားသော်လည်း Mr.Petter Furberg ၏ အဆိုအရ ၎င်းတို့သည် ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍ လွတ်လပ်စွာ ဆောင်ရွက်နေကြောင်း သိရသည်။

ဈေးကွက်၏ ပြိုင်ဆိုင်မှုအရ မိုဘိုင်းဖုန်းခေါ်ဆိုခကို Ooredoo နှင့် Telenor တို့က တစ်မိနစ်လျှင် ၂၅ ကျပ်သို့ သတ်မှတ်ခဲ့ပြီး မြန်နှုန်းမြင့် အင်တာနက်စနစ်အတွက် 1 MB လျှင် ၁၀ ကျပ်အဖြစ်သို့ သတ်မှတ်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆွေသဟာ အမည်ဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုကို ပြုလုပ်လာခဲ့သော်လည်း မိုဘိုင်းဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၃၅ ကျပ်နှင့် အင်တာနက် အသုံးပြုမှုအတွက် 1 MB လျှင် ၁၅ ကျပ် သတ်မှတ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းထားသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက ၎င်းတို့ကို အမြတ်ရရှိဖို့အတွက် လုပ်ကိုင်နေသည်ဟု မထင်စေလိုကြောင်း၊ ယနေ့အချိန်သည် ပိုမိုကောင်းမွန်သော ကွန်ရက်နှင့် ဝန်ဆောင်မှုတို့ကို ပြုလုပ်နေသည့်အချိန် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ စာရင်းဇယားများအရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူဦးရေ ၁၁ သန်းရှိပြီး Ooredoo ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူမှာ ၁.၆ သန်းရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို လက်ရှိအချိန်၌ ပိုင်ဆိုင်ထားပြီး Telenor ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ လူဦးရေသည် စက်တင်ဘာလ၌ ၂ သိန်း ၅ သောင်းကျော် ရှိသည်ဟု သိရသည်။


အင်တာနက် ဂျာနယ်

လွှတ်တော်ကိုယ်စားလှယ်များ ဧပြီလမှစ၍ လစာ ဆယ်သိန်းရမည်


အရပ်သားလွှတ်တော်ကိုယ်စားလှယ်များ လာမည့်ဧပြီလမှစတင်၍ ချီးမြှင့်ငွေကျပ်၁၀ သိန်းကို စတင်ခံစားခွင့်ရရှိမည် ဖြစ်ပြီး အဆိုပါတိုးမြှင့်ခံစားခွင့်ပြု မှုတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိကြောင်း သတင်းရရှိသည်။
လွှတ်တော်ကိုယ်စားလှယ် များအား ချီးမြှင့်ငွေ (လစာ)ကျပ် ၁၀ သိန်းတိုးမြှင့်ပေးရေးကိစ္စကို သမ္မတက လက်ခံခြင်းမရှိဘဲ တစ်ပြိုင်တည်းတိုးမြှင့်ခြင်းအစား ဖြည်းဖြည်းချင်းတိုးမြှင့်ရန် သဘောထားမှတ်ချက်ပေးပို့ခဲ့မှုကို လွှတ်တော် က ပယ်ချပြီး မူလအတိုင်းထားရှိရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့မှုအပေါ် တပ်မတော်သား ကိုယ်စားလှယ်များ အပါအ၀င် အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုချက်ရယူ မဲခွဲရာ ထောက်ခံမဲများပြီး သမ္မတမှတ်ချက်များ ရှုံးနိမ့်ခဲ့ ခြင်း ဖြစ်သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အချို့က သမ္မတ မှတ်ချက်အတိုင်း ကျပ်ဆယ်သိန်းကို တစ်ကြိမ်တည်းမတိုးဘဲ ဖြည်းဖြည်းချင်းသာတိုးရန် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
အခြေခံ ဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ဥပဒေကြမ်းတစ်ရပ်ကို သမ္မတအနေဖြင့် တစ်ကြိမ်သာ သဘောထားမှတ်ချက်ပေိုင်ခွင့်ရှိသောကြောင့် အထက် ဖော်ပြပါ ကိစ္စရပ်အပေါ် ထပ်မံ သဘောထားမှတ်ချက်ပေးပိုင်ခွင့် မရှိတော့ဘဲ ခုနစ်ရက်အတွင်း ဥပဒေအဖြစ် အတည်ပြုအသက်ဝင်လာမည် ဖြစ်သည်။
ယခုအတည်ပြုလိုက်သည့် ဥပဒေကြမ်းပါ အချက်များအရ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်များသည် တစ်လ လျှင် ကျပ် ၁၀ သိန်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့်ရှိ လွှတ် တော်ကိုယ်စားလှယ်များသည် ကျပ်ငါးသိန်းအသီးသီးချီးမြှင့်ငွေ များ တိုးမြှင့်ရရှိမည် ဖြစ်သည်။
‘‘ဒီလိုတိုးပေးတယ်ဆိုတာဟာ ကိုယ်စားလှယ်တွေကို တိုးပေးတယ်ဆိုတာထက် ပြည်သူတွေကို တိုးပေးတာလို့ မြင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားလှယ်တွေက ပြည်သူ့ ကိုယ်စားထောက်ပြပြောဆိုပေး နေတာ ဖြစ်ပါတယ်။ ဒီလိုပြည်သူ့အတွက် ပြောပေးနေသူတွေကို ထမင်း အငတ်ထား၊ သွားစရာ လမ်းစရိတ်မရှိဘဲဖြစ်အောင် လုပ်မယ်ဆိုရင် ဒါဟာ ဒီမိုကရေစီထွန်းကားဖို့ကို ကန့်ကွက်နေတာနဲ့ အတူတူပါပဲ’’ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ပြောသည်။
လက်ရှိတွင် ပြည်ထောင်စုဝန်ကြီးများ လစာကျပ် သိန်း ၃၀ ရရှိနေပြီး လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကျပ်သုံးသိန်းသာရရှိခြင်းမှာ နိုင်ငံတကာစံနှုန်း နှင့် ညီညွတ်ခြင်းမရှိသကဲ့သို့ အောက်ခြေရှိ အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းများနှင့်ဆက်ဆံရာတွင်လည်း ယင်းကိစ္စသည် အခက်အခဲတစ်ခု ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
‘‘မြို့နယ်မှာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ စကားပြောရ ပြီဆိုရင် တချို့တွေက လစာစကေးအပေါ်ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်ရတဲ့ လစာကြည့်ရင် သူတို့ နဲ့ သိပ်မကွာတော့ မင်းတို့အဆင့် မရှိပါဘူးကွာဆိုတဲ့ပုံစံမျိုး ဆက်ဆံခံရတယ်’’ဟု အမတ်တစ်ဦးက ပြောသည်။
အဆိုပါချီးမြှင့်ငွေ (လစာ)တိုးမြှင့်မှုများမှာ ဥပဒေအရ ဖေဖော်ဝါရီလမှ စတင်အသက် ၀င်မည်ဖြစ်သော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလမှသာ စတင်ခံစားခွင့်ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။
7Day

စင်ကာပူဆီးဂိမ်းတွင် အားကစားနည်း ၃၁ မျိုး မြန်မာယှဉ်ပြိုင်မည်


စင်ကာပူနိုင်ငံက လက်ခံကျင်းပ မည့် (၂၈)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် မြန်မာနိုင်ငံမှ အား ကစားနည်း ၃၁ မျိုးဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
လာမည့် ဇွန်လအတွင်း ကျင်းပမည့် စင်ကာပူဆီးဂိမ်းတွင် အားကစားနည်း ၅၆ မျိုးထည့်သွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့မှ အားကစားနည်း ၃၁ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသောင်းထိုက်က အတည်ပြုပြောကြားသည်။
 ‘‘စင်ကာပူဆီးဂိမ်းမှာ အား ကစားနည်း ၃၆ မျိုးထည့်သွင်း ကျင်းပမှာဖြစ်ပြီး မြန်မာအား ကစားအဖွဲ့အနေနဲ့ ၃၁ မျိုး ဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အားကစားသမားအရေအတွက် သုံးရာကျော်ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်’’ဟု အားကစား ဝန်ကြီးဌာနဒုတိယဝန်ကြီးက ဇန်န ဝါရီ ၁၈ ရက်တွင်ပြောသည်။
မြန်မာအားကစားအဖွဲ့သည် လာမည့်စင်ကာပူဆီးဂိမ်းတွင် ရေကူး/ဒိုင်ဗင်၊ မြားပစ်၊ ပြေးခုန် ပစ်၊ ကြက်တောင်၊ ဘတ်စကက် ဘော၊ ဘိလိယက်/စနူကာ၊ ဘိုး လင်း၊ လက်ဝှေ့၊ ကနူး/ကယက်၊ စက်ဘီး၊ မြင်းစီး၊ ဓားခုတ်၊ ဘော လုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ ဟော် ကီ၊ ဂျူဒို၊ နက်ဘော၊ ပီတန်း၊ ရိုးရာလှေ၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊သေနတ်ပစ်၊ Squash၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘောနှင့်ဝူရှူးစသည့်အား ကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပခဲ့သည့် ၂၀၁၃ မြန်မာဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင် နိုင်ငံအနေဖြင့် ရွှေတံဆိပ် ၈၄ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခုရရှိကာ နိုင်ငံအလိုက် အဆင့်ရပ်တည်မှုဒုတိယနေရာ တွင် ရပ်တည်နိုင်ခဲ့သည်။
သို့သော် စင်ကာပူဆီးဂိမ်း တွင် မြန်မာနိုင်ငံနှင့် ရင်းနှီးမှုမရှိ သည့် အားကစားနည်းအချို့ပါဝင် လာမှုကြောင့် ရွှေတံဆိပ်မျှော်လင့် ချက်အရေအတွက်ကို မပြောနိုင် သော်လည်း အကောင်းဆုံးဝင် ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း ဦးသောင်း ထိုက်ကဆိုသည်။
၂၀၁၃ မြန်မာဆီးဂိမ်းတွင်ပါ ဝင်ခဲ့သည့် အားကစားနည်းအများ စုမပါဝင်လာခြင်း၊ မြန်မာလူမျိုး များနှင့် ရင်းနှီးမှုမရှိသည့် အား ကစားအချို့ပါဝင်လာခြင်းတို့ ကြောင့် ၂၀၁၅ စင်ကာပူဆီးဂိမ်း တွင် မြန်မာအားကစားအဖွဲ့အနေ ဖြင့် အိမ်ရှင်ဆီးဂိမ်းတွင်ရရှိထား သည့်အဆင့်ရပ်တည်မှုထက်အဆင့်များကျဆင်းသွားနိုင်ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းကလည်း ပြောကြားထားသည်။
7Day

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ



၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း 

၂။ မနက်တွင် ဆီးမသွားခြင်း
၃။ အစား အလွန်အကျွံစားခြင်း

၎။ မနက်စာ မစားပဲနေခြင်း
၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ) 

၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း
၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း 

၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း
၉။ အရက်သောက်သုံးခြင်း
အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် 
တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။
Ref: healthcare
အောင်ခမ်း (ရိုးရာလေး)

အူ(သို့မဟုတ်) ၀မ်းဗိုက်အတွင်းအနာဖြစ်ခဲ့လျှင် သက်သာပျောက်ကင်းမည့်နည်းလမ်း


      လူ့ခန္ဓာမှာဖြစ်တတ်တဲ့ရောဂါတွေုက အရွယ်သုံးပါးမရွေး၊ လူ့ဘ၀တစ်လျှောက်လုံးအချိန်အခါမရွေးဖြစ် ပေါ်တတ်ပါတယ်။ မွေးစကလေးမှအစ အသက်ကြီးရွယ်အိုထိ အချိန်မရွေးရောဂါ ဝေဒနာမျိုးစုံဖြစ်ပေါ်တတ်လို့ ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့လိုပါတယ်။ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်လည်းရောဂါဝေဒနာတွေ ဖြစ်ပေါ်တယ်၊ အစားအသောက်အနေအထိုင်ကို ကလေးမှအစလူကြီး အဆုံးဆင်ခြင်စားသောက်နေထိုင်ရမယ်။ လတ်ဆက်သန့်ရှင်းတဲ့အစားအစာကို စားသုံးပေးရပါ့မယ်။ ရောဂါဝေဒနာတစ်ခုဖြစ်ပေါ်ရင် မိမိကိုယ်တိုင်ခံစား ရရုံမက အလုပ်အကိုင်ပျက်ခြင်း၊မိသားစုပြုစုယုယစောင့်ရှောက်ရပါတယ်။ ခွဲစိတ်ကုသရမယ့် ဝေဒနာတွေဖြစ်ရင် လည်းအထူးကုဆေးရုံတွေမှာ ငွေအမြောက်အမြားကုန်တတ်ပါတယ်။ တတ်နိုင်တဲ့သူတွေအတွက်လည်း ငွေကုန်ပြီးရောဂါ ပျောက်ကင်းရင်ကောင်းပေမယ့် မပျောက်ကင်းခဲ့ရင် မိသားစုအားလုံးဝေဒနာရှင် အပါအ၀င် စိတ်ဒုက္ခရောက်ရပါတယ်။ ငွေကြေးမတတ်နိုင်သူတွေအတွက်ဆို ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့်ကြီးမားတဲ့ ဝေဒနာမဖြစ်အောင်နေတတ်ထိုင်တတ်စားသောက်တတ်ဖို့ အကြံဥာဏ်ပေးရဖြင်းဖြစ်ပါ တယ်။ မြန်မာ့တိုင်းရင်းဆေးနည်းတွေမှာ ဓာတ်စာနဲ့ကုသတဲ့နည်းလမ်းတွေ အများအပြားရှိပါတယ်။ ဒီတစ်ပတ် အတွက်တော့ငွေကုန်ကြေးကျလည်းသက်သာ၊ ရှာဖွေရလွယ်ကူတဲ့ဓာတ်စာဆေးနည်းနဲ့ အူ(သို့မဟုတ်) ၀မ်းဗိုက်တွင်းမှာ အနာဖြစ်ရင်သက်သာပျောက်ကင်းမယ့်နည်းလေးရေးပေးလိုက်ပါတယ်။ အထူးကုဆေးရုံတွေ မှာ ငွေမြောက်မြားစွာမကုန်တဲ့ ၊မခွဲမစိတ်ရဘဲပျောက်ကင်းမယ့်နည်းလမ်းလေးက မိမိအိမ်မှာပဲ ဆေးအဖြစ်စားသုံးရင်း ပျောက်ကင်းသွားမယ့် နည်းလမ်းလေးပါ အူ(သို့မဟုတ်) ၀မ်းဗိုက်အတွင်းအနာဖြစ်ခဲ့ရင်  အစာမစားမီ (၁၅)မိနစ်ခန့်အလိုမှာ ငုက်ပျောသီးတစ်လုံးနှင့် ထောပတ်ကောင်းကောင်းတဇွန်း ကိုပုံမှန်စားပေးပါ။ သုံးပတ်ခန့်မပျက်မကွက်စားသုံးပေးရင် အနာများမခွဲမစိတ်ရဘဲသက်သာပျောက်ကင်းပါလိမ့်မယ်။ ငရုတ်သီး၊ မဆလာ၊ အချဉ်နဲ့ အကြော်အလှော် တွေကို ရောဂါဖြစ်နေစဉ်ရှောင်ကြဉ်ရမှာပါ။
          အထက်ပါနည်းလမ်းလေးကိုလေ့လာမှတ်သားပြီး အူ(သို့မဟုတ်) ၀မ်းဗိုက်အတွင်းအနာဖြစ်နေတဲ့ မိတ်ဆွေများတွေ့ခဲ့ရင် စာဖတ်ပရိတ်သတ်ကြီးက တဆင့်လမ်းညွှန်ပေးစေချင်လို့စေတနာနဲ့ ရေးပေးလိုက်ပါတယ်။



မောင်သင်းနွယ်(မြေပြန့်)

မြန်မာနိုင်ငံသို့ခိုးဝင်ဘင်္ဂါလီများအား မစ္စတာဘန်ကီမွန်း၏ ကိုးရီးယားနိုင်ငံသို့ခေါ်ဆောင်သွားရန် မကွေးကျောင်းဆရာတော် ဦးပါမောက္ခတိုက်တွန်း


မြန်မာနိုင်ငံသို့ ခိုးဝင်လာသော ဘင်္ဂါလီများအား နိုင်ငံသား အဖြစ် အသိအမှတ် မပြုနိုင်သောကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းနှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စစ် ရန်ဟီးလီတို့ အနေဖြင့် ယင်းခိုးဝင် ဘင်္ဂါလီများအား ကိုရီးယားနိုင်ငံသို့ ခေါ်ဆောင်သွားရန် တိုက်တွန်းလိုကြောင်း မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက ကျိုက္ကဆံကွင်းရှိ ဟစ်တိုင်၌ ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲတွင် မိန့်ကြားခဲ့သည်။

“မြန်မာနိုင်ငံမှာကျတော့ လူ့အခွင့်အရေးနဲ့ ပြောနေကြတယ်။ ဒီလိုဆိုရင် ဘာပြောချင်သလဲဆိုတော့ ဘန်ကီမွန်းနဲ့ ရန်ဟီးလီတို့ မိမိတို့အနေနဲ့ ခိုးဝင် ဘင်္ဂါလီများကို မြန်မာနိုင်ငံကတော့ လုံးဝ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ မိမိတို့ တောင်ကိုရီးယား နိုင်ငံကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီများကို ခေါ်သွားပါလို့ တိုက်တွန်းရင်း ပြောကြားချင်ပါတယ်”ဟု ဇန်န၀ါရီ ၁၆ ရက်နေ့တွင် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၈၂ နိုင်ငံသား ဥပဒေသည် တိုင်းရင်းသား လူမျိုးများ အားလုံးကို အကာအကွယ် ပေးထားရမည်ဖြစ်ပြီး ယင်းဥပဒေမှ အကာအကွယ် မပေးနိုင်ပါက မြန်မာနိုင်ငံသည် အစ္စလာမ်မစ် နိုင်ငံ ဖြစ်သွားနိုင်ကြောင်း၊ ယင်းကုလ ကိုယ်စားလှယ်များသည် ခိုးဝင် ဘင်္ဂါလီများအား နိုင်ငံသားအဖြစ် အသိအမှတ် ပြုစေပြီး နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနေထိုင်
ခွင့်ပြုရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း ၎င်းတို့နေထိုင်ရာ ကိုရီးယားနိုင်ငံတွင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် အတွက် ကိုရီးယား သီချင်း ၃ပုဒ်ကို ကိုရီးယား သံစဉ်ဖြင့် သီဆိုခိုင်းခြင်း၊ ကိုရီးယား သမိုင်းကြောင်းကို ရေးဖြေ ဖြေဆိုခိုင်းခြင်း၊ အမေရိကန် ဒေါ်လာ သုံးသောင်းကို နိုင်ငံပိုင် ဘဏ်စာရင်းတွင် အပ်နှံထားရခြင်း၊ နိုင်ငံတွင် ငါးနှစ်နေထိုင်ခြင်းနှင့် နိုင်ငံ့သစ္စာကို စောင့်သိရမည် စသည်ဖြင့် သတ်မှတ်ထားသည်ဟုဆိုသည်။

ထို့ပြင် ကုလသမဂ္ဂမှ လူ့အခွင့်အရေးဟု ဆိုရာတွင် လူ့အခွင့်အရေးသည် ကမ္ဘာသူ ကမ္ဘာသား အားလုံး တန်းတူညီမျှ ရရှိစေရန် ထုတ်ပြန်ကြေညာချက် ဖြစ်ကြောင်း၊ သို့သော် အထူး ကိုယ်စားလှယ်များ ပြောသော လူ့အခွင့်အရေးသည် လူတိုင်း အတွက်လား၊ ခိုးဝင် ဘင်္ဂါလီများ အတွက်လားဆိုသည်
ကို မေးခွန်းထုတ်ဖွယ် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကိုလူသစ်

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ