ရန်ကုန်၊ စက်တင်ဘာ ၂၆။
ပထမ အကြိမ် လွှတ်တော်ပုံမှန်အစည်း အဝေးမှ နဝမပုံမှန်အစည်းဝေးအထိ
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်၌ မေးခွန်းမေးမြန်းမှုနှင့်
အဆိုတင်သွင်းမှု မပြုလုပ်သည့် လွှတ် တော်ကိုယ်စားလှယ်ပေါင်း၃ဝဦးခန့်
ရှိနေသည်ဟု လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ပွင့်
လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) မှ သုတေသနဒါရိုက်တာကိုဧခိုင်က ပြောသည်။
''အခုက (၁၁) ကြိမ်မြောက် အစည်းအဝေးလုပ်နေပြီပေါ့နော်။ ပထမအကြိမ်
လွှတ်တော်ပုံမှန်အစည်း အဝေးကနေ နဝမပုံမှန်အစည်းအဝေး အထိ လွှတ်တော်ထဲမှာ
မေးခွန်းတို့၊ အဆိုတို့ မေးမြန်းမှုမရှိသေးတဲ့ လွှတ်
တော်ကိုယ်စားလှယ်အကြမ်းဖျင်းအား ဖြင့် သုံးဆယ်ဝန်းကျင်ခန့်ရှိနေတယ်။ ဒါကို
လွှတ်တော်ထဲရောက်ဖူးတဲ့သူ ကို အခြေခံပြီး တွက်ချက်ထားတာ ပါ'' ဟု
၎င်းကပြောသည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) ၏
လွှတ်တော်လေ့လာစောင့် ကြည့်ရေး အစီရင်ခံစာအမှတ်(၃)၌လေ့လာတွေ့ရှိချက်များကို
ဖော် ပြထားရာတွင် ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့တွင်
ပြည်
ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ
မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုအများဆုံးပါတီဖြစ် နေပြီး
ဒုတိယမေးခွန်းအများဆုံးမေး မြန်းသည့်ပါတီမှာ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်(NLD)ဖြစ်သည်ဟု ဖော်ပြထားသည်။
အစီရင်ခံစာအမှတ်(၃)ကိုအမျိုး သားနှင့် ပြည်သူ့လွှတ်တော်တို့သတ္တမ
အကြိမ်ပုံမှန် အစည်းအဝေးမှ နဝမ အကြိမ် ပုံမှန်အစည်းအဝေးတို့ကို
ကောက်ယူထားခြင်း ဖြစ်သည်။
''ကျွန်တော်တို့ အမျိုးသားလွှတ် တော်မှာ
ယနေ့အချိန်အထိ မေးခွန်း တွေ၊ အဆိုတွေမမေးတဲ့ ကိုယ်စား လှယ်တွေရှိတယ်။
ဒါပေမဲ့ မေးခွန်း တွေ၊ အဆိုတွေမတင်လို့ လွှတ်တော်
ကိုယ်စားလှယ်မဖြစ်ရဘူးလို့ပြောလို့ မရဘူး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ
ပြည်သူတွေ အကျိုးရှိမယ့် ဥပဒေတွေကို ပြဋ္ဌာန်းရတာဖြစ်တဲ့ အတွက်ကြောင့်ပါ။
မေးခွန်းမမေးရ ဘူး၊ အဆိုမတင်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ
လိုအပ် တဲ့ကိစ္စတွေကိုတော့ လွှတ်တော်မှာ မေးကိုမေးရပါမယ်။ အရင်က ရပ်
ကွက်မှာဖြစ်တဲ့ ကိစ္စလေးတောင် လွှတ်တော်တင်တော့ ကော်မတီဖွဲ့
ပြီးပြန်စစ်ရတာတောင်ရှိတယ်။ အခု တော့ ၂ဝ၁၅ကိုမျှော်ပြီး အခုနောက် ပိုင်း
မေးခွန်းတွေ မေးလာတာတွေ့ လာရတယ်''ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဒေါက်
တာအေး မောင်က ပြောသည်။
BM (MMK)
YMG
Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Saturday, September 27, 2014
လေကြောင်းတိုက်ခိုက်မှုအတွင်း IS အဖွဲ့၏ အရေးပါသည့် ခေါင်းဆောင်တစ်ဦး သေဆုံး
အမေရိကန် ဦးဆောင်သည့် လေကြောင်း စစ်ဆင်ရေးများအတွင်း အစ္စလာမ်မစ် နိုင်ငံတော် စစ်သွေးကြွ အဖွဲ့၏ အရေးပါသော ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ကြေညာခဲ့သည်။
စက်တင်ဘာ (၂၆)ရက်က ဆီးရီးယား အရှေ့ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာ IS အဖွဲ့၏ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။ “ဒီယာအက်ဇောမြို့ အနောက်ဘက်က IS အခြေစိုက် အဆောက်အအုံ တစ်ခုထဲက ဆိုင်ကယ်တစ်စီး ထွက်လာပါတယ်။ လူနှစ်ဦး လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ပူးပေါင်းတပ်ဖွဲ့ လေယာဉ်တစ်စီးက ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ ဖြစ်ပါတယ်”ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။
အဆိုပါ ဆိုင်ကယ်ပေါ် ပါလာသူ နှစ်ဦးစလုံး သေဆုံးပြီး ယင်းတို့အနက် တစ်ဦးမှာ IS ၏ အရေးပါသူ ခေါင်းဆောင်ပိုင်း တစ်ဦး၏ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ တာဝန်ရှိသူ ရာမီအက်ဘ်ဒဲလ် ရာမန်းက ပြောကြားခဲ့သည်။ “အဲဒီလူက အာရပ်နွယ်ဖွား တစ်ဦးပါ။ လေကြောင်းတိုက်ခိုက်မှုမှာ သူရော၊ ဆိုင်ကယ်ပေါ်က တခြားသူပါ သေဆုံးသွားပါတယ်”ဟု ၎င်းက ဆိုသည်။ အဆိုပါ IS ခေါင်းဆောင်၏ အမည်နှင့် ရာထူးတို့ကိုမူ ၎င်းက အတိအကျ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ချေ။
IS တပ်ဖွဲ့များသည် အီရတ်နှင့် နယ်ခြားဒေသရှိ ဒီယာအက်ဇောမြို့နှင့် ခရိုင်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။ ရာမန်းက စက်တင်ဘာ (၂၆)ရက် တိုက်ခိုက်မှုသည် IS၏ လှုပ်ရှားမှုများကို အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ လေယာဉ်များက စနစ်တကျ အနီးကပ် စောင့်ကြည့်နေကြောင်း ပေါ်လွင်စေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
အမေရိကန်သည် ဩဂုတ်(၈)ရက်မှ စတင်ကာ အီရတ်နယ်မြေများတွင် IS တပ်ဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ အမေရိကန် စစ်ဘက်လေယာဉ်များ၏ ဗုံးကြဲပစ်ခတ်မှုသည် အကြိမ်(၂၀၀) ကျော်လွန်သွားပြီ ဖြစ်သည်။ ယခုအခါ အမေရိကန်အပြင် ဥရောပနှင့် အာရပ် မဟာမိတ် တိုက်လေယာဉ်များပါ ပူးပေါင်းကာ ဆီးရီးယား ပိုင်နက်ဘက်တွင်ပါ IS တပ်ဖွဲ့များကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်လျက် ရှိသည်။
_Ref: Channelnewsasia
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ခြောက်ဦး တောင်အာဖရိကနှစ်ပတ်လည်ညီလာခံကို သပိတ်မှောက်
နှစ်စဉ်ကျင်းပနေသော ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် များ တွေ့ဆုံဆွေးနွေးပွဲကို ယခု နှစ်တွင် တောင်အာဖရိကနိုင်ငံ ကိပ်တောင်း၌ ကျင်းပရန် စီစဉ်ထားသော်လည်း နိုဗယ်ဆု ရှင်ငါးဦးနှင့်အတူ နိုဗယ်ငြိမ်းချမ်း ရေးဆုရရှိထားသော မြေမြှုပ်မိုင်း ဖျက်သိမ်းရေး နိုင်ငံတကာအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးတို့က ၎င်း တို့တက်ရောက်မည်မဟုတ် ကြောင်း ကြေညာလိုက်ကြသည်။
တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို တောင်အာဖရိ ကနိုင်ငံက ဗီဇာထုတ်ပေးရန်ငြင်း ဆန်ခဲ့သည့်အတွက် ယခုလိုဆုံး ဖြတ်ရခြင်းဖြစ်ကြောင်း အမေရိ ကန်နိုင်ငံမှ နိုဗယ်ငြိမ်းချမ်းရေးဆု ရှင်မစ္စဂျိုဒီဝီလျံက 7 Day Daily နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
‘‘ရှီရင်အီဘာဒီ၊ လေမာဘိုဝီ၊တာဝါကိုကာမန်၊ မိုင်ရိတ်မက် ဂိုင်းယား၊ နောက်မြေမြှုပ်မိုင်း ဖျက်သိမ်းရေးအဖွဲ့က ကိုယ်စား လှယ်ရယ်၊ ကျွန်မရယ်ပေါ့။ မသွား ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘုန်း တော်ကြီးကလည်း သူ့လျှောက် လွှာပြန်ရုပ်သိမ်းလိုက်ပြီ။ နှစ်စဉ် ကျင်းပနေတဲ့ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေ တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ငါးနှစ်လောက်ကစပြီး နှစ်စဉ်နေ ရာပြောင်းပြီး ကျင်းပပါတယ်။ အဲဒီမှာ ကျွန်မတို့ဆွေးနွေးပွဲတွေ လုပ်တယ်။ လက်ရှိအရေးကြီးနေ တဲ့ အခြေအနေတွေအပေါ် ဆွေး နွေးကြတယ်။ လူငယ်တွေအများ အပြားနဲ့လည်း ဆွေးနွေးတာတွေ လုပ်တယ်။ လူငယ်တွေရဲ့အသံ ကိုကြားဖို့လိုတယ်။ သူတို့ရဲ့ အမြင်တွေကို အလေးအနက်ထား ဖို့လိုတယ်လို့ ယုံကြည်တယ်လေ။ ဒါကြောင့်လည်း လုပ်ကြတာပါ’’ ဟု ၎င်းက ပြောသည်။
‘‘ဒီတစ်ကြိမ်မှာတော့ တောင် အာဖရိကမှာကျင်းပမယ်လို့ ဆုံး ဖြတ်ကြတယ်။ ဒီဆုံးဖြတ်ချက် အပေါ် တချို့ကအတော်စိုးရိမ်နေ ကြတယ်လို့ ကျွန်မကြားရတယ် လေ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းတော်ကြီးဒလိုင်းလားမားကို ပြည် ဝင်ခွင့်ဗီဇာပေးဖို့ တောင်အာဖရိ ကနိုင်ငံက တစိုက်မတ်မတ်ငြင်း ဆိုနေခဲ့လို့ပါ။ အခုတော့ ကျွန်မ တို့စိုးရိမ်သလိုပဲ ဖြစ်လာတယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ၁၄ ဦးတို့က တောင်အာဖရိကသမ္မတဂျေ ကော့ပ်ဇူးမာထံ စာရေးသားပြီး ဘုန်းတော်ကြီးဒလိုင်းလားမားကို ပြည်ဝင်ခွင့်ပေးရန် တိုက်တွန်းခဲ့ သည်။ ဘုန်းတော်ကြီးကို ဗီဇာ ပေးရန် ထပ်မံငြင်းဆိုနေဦးမည်ဆို လျှင် တောင်အာဖရိကနိုင်ငံ အပေါ် နိုင်ငံတကာအမြင်သဘော ထားကိုများစွာထိခိုက်စေနိုင်မည် ကို စိုးရိမ်ပါကြောင်း ရေးသားထား ပြီး လက်မှတ်ရေးထိုးသူများတွင် ပိုလန်မှ လက်ဝါလေစာ၊ ဘင်္ဂလား ဒေ့ရှ်မှလုပ်ငန်းရှင်မူဟာမက်ယူ နပ်စ်၊ ရှိရင်အီဘာဒီ၊ ဘိုဝီနှင့် အိုင် ယာလန်မြောက်ပိုင်းမှ ငြိမ်းချမ်း ရေးဖော်ဆောင်ခဲ့သူ ဒေးဗစ်ထရမ်ဘယ်နှင့် ဂျွန်ဟုမ်းတို့လည်းပါဝင် ကြောင်း သိရသည်။
သို့သော် တောင်အာဖရိက သမ္မတက လက်မခံခဲ့သည့်နောက် ယခုကဲ့သို့ နိုဗယ်အမျိုးသမီးငြိမ်းချမ်းရေးဆုရှင်များက သပိတ်မှောက်လိုက်ခြင်းဖြစ်ပြီး ကိုယ်ကျင့်သိက္ခာအရလက်ခံနိုင်ဖွယ်မရှိသည့်လုပ်ရပ်ကြောင့် ယခုလိုဆုံးဖြတ်ရခြင်းဖြစ်ကြောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံက 7 Day Daily နှင့် မေးမြန်းခန်းတွင် ပြောကြားသည်။
ဘုန်းတော်ကြီးကို ဗီဇာပေးဖို့ငြင်း တာ တောင်အာဖရိကအစိုးရပေါ့။
ဟုတ်တယ်။ ဇူးမာအစိုးရ ပါ။
တောင်အာဖရိကမှာ ဒီနှစ်ပတ် လည်ညီလာခံကျင်းပဖို့ ဆုံးဖြတ် တာကကော။ ဘယ်သူက ဆုံးဖြတ်တာပါလဲ။
အဲဒါကတော့ ညီလာခံကျင်း ပရေးကော်မတီကပါ။
အခုနိုဗယ်ငြိမ်းချမ်းရေးဆုရှင်များ ရဲ့ ညီလာခံမှာ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးကို ပြည်ဝင်ခွင့်မပေး ဘူးဆိုတော့ နေရာပြောင်းကျင်းပ ဖို့ အစီအစဉ်ရှိပါသလား။
ဒီကိစ္စကိုဆွေးနွေးကြတယ်။ ကျွန်မကတော့ မတက်ဖြစ်ပါဘူး။ ဒါပေမဲ့ ဒေသခံကျင်းပရေးကော် မတီမှာပါတဲ့ ကိပ်တောင်းမြို့ တော်ဝန်က ဒီမနက်ပဲပြောတယ်။ အဲဒီမှာပဲ ဆက်လုပ်မယ်လို့ ဆုံး ဖြတ်တယ်တဲ့။ ဒါကမမှန်ကန်ဘူး၊ မလုပ်သင့်၊ မလုပ်ထိုက်ဘူးလို့ ယူဆတဲ့အတွက် ကျွန်မတို့က မသွားတော့ဖို့ ဆုံးဖြတ်လိုက်တာ ပါ။ သူတို့က ကျွန်မတို့ကို ပြန်စဉ်း စားဖို့ ပြောပါတယ်။ ဒါပေမဲ့ ဒါက လက်မခံနိုင်တဲ့လုပ်ရပ်ဖြစ်တာမို့ ကျွန်မတို့ ဒီလိုပဲဆုံးဖြတ်တယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားက လည်း သူ့လျှောက်လွှာကို ပြန်ရုပ် သိမ်းလိုက်ပါပြီ။
အခုငြိမ်းချမ်းရေးဆုရှင် ဘယ်နှ ယောက်က ဒီပွဲကိုတက်ဖြစ်မှာပါ လဲ။
ဒါကိုတော့ ကျွန်မမသိဘူး။ မတက်တဲ့သူတွေကို သိသလောက် တော့ ကိုးယောက်ရှိပါပြီ။
ဘာကြောင့် တောင်အာဖရိက နိုင်ငံက ဒလိုင်းလားမားကို ဗီဇာ ငြင်းဆိုရတာပါလဲ။
ဒါကတောင်အာဖရိက နိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး။ တရုတ်က တောင်အာဖရိကကို ဖိအားပေးတယ်။ တောင်အာဖရိ က,ကလည်း တရုတ်ဖိအားကို လက်ခံယူပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဗီဇာငြင်းတယ်။ ဒါကို တရုတ်က လူသိရှင်ကြား တောင်အာဖရိကကို ချီးကျူး တယ်။ ‘‘မှန်ကန်တဲ့ရပ်တည်မှု အတွက်’’တဲ့။ တရုတ်က ကျွန်မ တို့ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးကိုလည်း ဖမ်းဆီးထိန်း သိမ်းထားတယ်။ ယူဂျာဘောင်ကို ဖမ်းထားတယ်။ ဒါတွေအားလုံး ကိုပေါင်းခြုံလိုက်မယ်ဆိုရင် ကျွန်မတို့ ဘယ်လိုနည်းနဲ့မှ ဒါကို အားပေးထောက်ခံလို့မရတော့ပါ ဘူး။
ပြန်ကြည့်မယ်ဆိုရင် တရုတ် ရဲ့ တရားဝင်ကြေညာချက်က သူ တစ်ပါးရဲ့ ပြည်တွင်းရေးကို ဝင် မစွက်ဖို့ဆိုတာလေ။ ဒါကတရုတ် ရဲ့ နာမည်ကြီးနိုင်ငံရေးဝါဒဖြန့်တဲ့ စကားပါ။ ဒါပေမဲ့ သူတို့က ဘုန်း တော်ကြီးဒလိုင်းလားမားနဲ့ပတ် သက်လာရင် တခြားတိုင်းပြည် တွေရဲ့ ဆုံးဖြတ်ချက်တွေကို ဝင် စွက်ဖက်ဖို့ သင့်လျော်နေပြန်ပါ လား။ တောင်အာဖရိက,က ဘုန်း တော်ကြီးကို ဗီဇာငြင်းလိုက်တဲ့ အပေါ် တရုတ်က ချီးကျူးဂုဏ်ပြု လိုက်တဲ့လုပ်ရပ်ဟာ လက်ခံနိုင် စရာမရှိပါဘူး။ ကျွန်မတို့ငြိမ်းချမ်း ရေးဆုရှင်မိတ်ဆွေကိုဖမ်းဆီး ထားတဲ့အပေါ်မှာလည်း သဘော မတူဘူး။ တရုတ်နိုင်ငံကြောင့် တောင်အာဖရိက,က ဘုန်းတော် ကြီးကို ငါးနှစ်အတွင်း ဗီဇာသုံး ကြိမ်ငြင်းဆိုခဲ့တဲ့အပေါ်မှာလည်း သဘောမတူဘူး။ ဒီတော့ ရှင်းပါ တယ်။ ကျွန်မတို့မသွားဘူး။ တရုတ်ပြည်က ငြိမ်းချမ်းရေးဆု ရှင်ကို ထောင်ချထားသလို သူ့ ဇနီးကိုလည်း နေအိမ်အကျယ်ချုပ် ချထားတယ်။ စိတ်ဓာတ်ဖိစီးမှု တွေအများကြီးရှိနေတယ်လို့ကြား တယ်။
မြန်မာနိုင်ငံမှာလည်း နိုဗယ်ငြိမ်း ချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည်ဟာ အရင်ကအတော်ကြာ အောင် နေအိမ်အကျယ်ချုပ်ကျခံ ခဲ့ရပါတယ်။ အခုတော့ မဟုတ် တော့ပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်က နိုဗယ်ညီလာခံကိုသွား မယ်လို့ သိထားပါသလား။
ဒေါ်စုကိုဖိတ်တာ သူသွား မယ်၊ မသွားဘူးဆိုတာတော့ ကျွန်မမသိရပါဘူး။ ပွဲကျင်းပတဲ့ ကော်မတီကပဲသိပါလိမ့်မယ်။
အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် အဆို ပါနိုဗယ်ငြိမ်းချမ်းရေးညီလာခံသို့ ယခင်ရုရှားသမ္မတမီခေးဂေါ်ဘာ ချော့ဖ်အပါအဝင် ရှစ်ဦးနှင့်အဖွဲ့ အစည်းရှစ်ခုတို့က တက်ရောက် မည့်အကြောင်း အကြောင်းပြန် ထားသည်ဟု စီစဉ်သူများက ဆို သည်။ သို့ရာတွင် နိုဗယ်အမျိုး သမီးခြောက်ဦး၏ သပိတ်မှောက် သည့် ကြေညာချက်ထွက်ပြီး နောက်ပိုင်း အပြောင်းအလဲရှိ၊ မရှိမသိရသေးပေ။ အာဖရိက ခေါင်းဆောင်နယ်လ်ဆင်မန်ဒဲ လားရှိနေစဉ်က သူကိုယ်တိုင်ဖိတ် ကြားကြိုဆိုခဲ့သဖြင့် တောင်အာ ဖရိကသို့ ဘုန်းတော်ကြီးဒလိုင်း လားမား သုံးကြိမ်သွားရောက်ခဲ့ သော်လည်း ၂၀၀၉ ခုနှစ်နောက် ပိုင်း ဗီဇာငြင်းပယ်ခံထားပြီး ယင်း မှာ တရုတ်နိုင်ငံ၏ ဖိအားကြောင့် ဖြစ်ကြောင်း သိရသည်။
7Day
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး
ငါးရက်ကြာကျင်းပခဲ့ သော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ နှစ်ဖက်ညှိ နှိုင်းရန်ကျန်ရှိနေသော အချက် များနှင့်ပတ်သက်၍ သဘောတူညီ ချက်မရရှိခဲ့ဘဲ လာမည့်အောက် တိုဘာလအတွင်း နှစ်ဖက်ပြန် လည် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ(UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ ခြောက်ကြိမ်မြောက် ဆွေး နွေးပွဲကို စက်တင်ဘာ ၂၂ရက်မှ ၂၆ ရက်အထိ ၅ ရက်ကြာပြုလုပ်ခဲ့ သည်။ တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီးလေးဦးတက်ရောက် ခဲ့သော ဆွေးနွေးပွဲတွင် နောက်ဆုံး နေ့အထိ အရေးပါသည့် သဘော တူညီမှုမရရှိခဲ့ဘဲ မူလက နှစ်ဖက် သဘောတူညီထားခဲ့သည့် အ ချက်အချို့ကိုပါ အကြိတ်အနယ် ပြန်လည်ဆွေးနွေးခဲ့ရသည်။
အပစ်ရပ်မူကြမ်းတွင် နှစ် ဖက်ဆက်လက်ညှိနှိုင်းရန် ကျန်ရှိ နေသော အချက်များမှာကြားကာ လတပ်များ ရပ်တည်ရေး၊ နိုင်ငံ ရေးဆွေးနွေးပွဲပုံစံ၊ တပ်ပိုင်းဆိုင် ရာကိစ္စရပ်များ၊ အပစ်ရပ်စာချုပ် တွင်ပါဝင်လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး လမ်းပြမြေပုံနှင့် ပတ်သက်၍ဖြစ်သည်။ ယခု ဆွေးနွေးပွဲပြီး သော်လည်း ထိုအချက်များကို သဘောတူညီမှုမရဘဲ ယခင်သ ဘောတူထားသည့်အထဲမှ အပစ် ရပ်ချိန်တပ်သားသစ် မစုဆောင်း ရေး၊ ဖက်ဒရယ် တပ်မတော်ဖွဲ့ စည်းရေး၊ လုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး၊တော်လှန် ရေး ဝေါဟာရ စသည့်ကိစ္စရပ်များကိုပါ ပြန်လည်ညှိနှိုင်းနေရ ကြောင်း NCCT ခေါင်းဆောင်နိုင် ဟံသာကပြောသည်။
‘‘ဒီတစ်ပတ်မှာ တပ်ဘက်က ကိုယ်စားလှယ်တွေက ဘာမှ ဆုံး ဖြတ်မပေးရဲဘူး’’ဟု နိုင်ဟံသာက ဆိုသည်။
ယခင်က ယခုအစည်းအဝေး ပြီးလျှင် စာချုပ်မူကြမ်း အချော သပ်နိုင်မည်ဟု နှစ်ဖက်စလုံးက ခန့်မှန်းခဲ့သော်လည်း လက်တွေ့ တွင် ညှိနှိုင်းရန်အချက်ပိုများလာ ခြင်းဖြစ်သည်။
နိုင်ငံရေးလမ်းပြမြေပုံနှင့် ပတ်သက်၍လည်း အချက်နှစ် ချက်ကိုအစိုးရဘက်မှ ထပ်မံဖြည့် စွက်အဆိုပြုခဲ့ကြောင်း NCCTအ ဖွဲ့ဝင်ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းကပြောသည်။
‘‘လွှတ်တော်မှာ အတည်ပြု ခြင်းကို လွှတ်တော်သို့တင်သွင်း ခြင်းလို့ တင်ချင်တယ်။ ပြီးတော့ လုံခြုံရေးဆိုင်ရာပေါင်းစည်းခြင်း ကို ဟိုတုန်းကဆွေးနွေးရမယ့်အ ကြောင်းရင်းလို့သဘောတူထား တာကို Road Mapအဆင့်အနေနဲ့ သူတို့က တင်ပြချင်တယ်’’ ဟု ဒေါက်တာဆလိုင်းကဆိုသည်။
ဆွေးနွေးပွဲအပြီးတွင် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (စတုတ္ထမူကြမ်း) ကို အတည်ပြုနိုင်ခဲ့ပြီး အောက်တိုဘာလအတွင်းနောက်တစ်ကြိမ်ဆွေးနွေးပွဲ ထပ်မံကျင်းပရန် အပါအ၀င် အချက်လေးချက်ကို ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်းဆွေးနွေးပွဲ အပြီး နှစ်ဖက်ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း မရှိပေ။ (၆) ကြိမ်မြောက် ဆွေးနွေးပွဲမှာ တိုးတက်မှုနည်းပါးခဲ့သော်လည်း ဆွေးနွေးပွဲ နောက်ဆုံးနေ့အပြီးတွင်မူ နှစ်ဖက်ခေါင်းဆောင်များ ပြုံးရွှင်စွာစကားပြောဆိုနေခဲ့သည်ကိုလည်းမြင်တွေ့ရသည်။
‘‘ပြည်သူကို ပြောချင်တာက ဇွဲရှိရှိနဲ့ ဆက်စောင့်ပေးပါ’’ ဟု နိုင်ဟံသာက ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ် သက်၍ အစိုးရဘက်မှ ယခင်အ ဆိုပြုခဲ့သော ရှစ်ပွင့်ဆိုင်အစား တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်း သားကိုယ်စားလှယ်နှင့်ပါဝင်သင့် ပါဝင်ထိုက်သူဟူ၍ ခုနစ်ပွင့်ဆိုင် ကို ယခုဆွေးနွေးပွဲတွင်အဆိုပြုခဲ့ သည်။NCCT ဘက်ကမူ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အင် အားစု၊ နိုင်ငံရေးပါတီများဆိုသည့် သုံးပွင့်ဆိုင်တွေ့ဆုံရေးမူကိုသာအဆိုပြုထားခြင်းဖြစ်သည်။
UPWC ဒုဥက္ကဋ္ဌဦးအောင် မင်းကလည်း ဆွေးနွေးပွဲ၏ သ ဘာဝအတိုင်းအသေးစိတ်ဆွေး နွေးရမည့်အချက်များတွင်အချိန် ယူရသော်လည်း တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးမှာလက်တစ် ကမ်းသာလိုတော့ကြောင်းအပိတ် အမှာစကား၌ ထည့်သွင်းပြော ကြားခဲ့သည်။
‘‘စားပွဲဝိုင်းမှာရောက်ရှိနေကြ တဲ့ ဆွေးနွေးဖော်ဆွေးနွေးဖက် တွေအကြား အပြန်အလှန်တည် ဆောက်နိုင်ခဲ့ကြတဲ့ ယုံကြည်မှုတွေအပေါ်မှာ နှစ်ဖက်ခေါင်း ဆောင်များ၊ အဖွဲ့အစည်းများရဲ့ထောက်ခံမှုတွေ ပိုမိုခိုင်မာလာအောင် ကျွန်တော်တို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပန်းဝင်ခါနီးနောက်ဆုံးမိုင်များဟာ အခက်ခဲဆုံးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ပန်းတိုင်ဟာ ကျွန်တော်တို့နဲ့ လက်တစ်ကမ်းမှာရှိနေပြီဖြစ်ပါတယ်။ ပန်းဝင်ခါနီးမှာ အားပိုထည့်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်’’
ညှိနှိုင်းရန် ကျန်ရှိနေသော အချက်များကို နှစ်ဖက်ထိပ်ပိုင်း သို့ ပြန်လည်တင်ပြမည်ဖြစ်ပြီးအ ပစ်ရပ်ဆွေးနွေးပွဲကို အောက်တို ဘာလအတွင်း ထပ်မံပြုလုပ်သွား မည်ဖြစ်သည်။
ညှိနှိုင်းရန် ခက်ခဲနေသော တပ်ပိုင်းဆိုင်ရာကိစ္စရပ်များဖြစ် သည့် စစ်သည်တော်ကျင့်ဝတ်၊ပူး တွဲစောင့်ကြည့်ရေးကော်မတီကိစ္စ ရပ်များကိုလည်း နှစ်ဖက်အလုပ် အဖွဲ့များသီးခြားတွေ့ဆုံ၍ အောက် တိုဘာတွင် စာတမ်းပြုစု ရေး သားသွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ဆိုသည်။
စက်တင်ဘာ ၂၇ရက်တွင် UPWC၊ NCCTနှင့် နိုင်ငံရေးပါတီ များ သုံးပွင့်ဆိုင်အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
7Day
ကျိုက်မရောမြို့နယ်အတွင်း ခလရ (၂၀၈) မှ မော်တော်ယာဉ်အား DKBA ကလို့ထူးဘောအဖွဲ့က ပစ်ခတ်ရာမှ နှစ်ဖက်တပ်ကြား ထိတွေ့မှုဖြစ်ပွား
ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တောကျေးရွာရှိ DKBA ကလို့ထူးဘောအဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ၏ ဂိတ်သို့ စက်တင်ဘာ ၂၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ခလရ (၂ဝ၈) တပ်ရင်းမှ မော်တော်ယာဉ်ရောက်ရှိလာရာ ကလို့ထူးဘော စစ်ဗျူဟာအဖွဲ့မှ အဆိုပါမော်တော်ယာဉ်အား ခြောက်လှန့်ပစ်ခတ် တားဆီးခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့် နှစ်ဖက်တပ်များအကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ခလရ (၂ဝ၈) မှ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးပါ ၁၂ ဦး၊ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်တစ်ဦး၊ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်သားနှစ်ဦး၊ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး၊ ကျိုက်မရောမြို့နယ် စရဖတပ်စွယ်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် စုစုပေါင်း ၁၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းတည့် ၁၂ နာရီခန့်တွင် အဆိုပါထိတွေ့ မှု ဖြစ်ပွားရာနေရာသို့ ခလရ (၂ဝ၈) မှ နယ်မြေရှင်းလင်းရာတွင် ခလရ (၂ဝ၈) မှ တပ်ခွဲမှူး ဗိုလ်မှူးတစ်ဦးအား ဝဲဘက်ပေါင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် လည်းကောင်း၊ ၁ နာရီ ၁၅ မိနစ်တွင် စရဖတပ်ကြပ်ကြီးအား လည်းကောင်း၊ ၁ နာရီ မိနစ် ၂ဝ ခန့်တွင် ရဲတပ်ကြပ်ကြီးအား လည်းကောင်း၊ ၂ နာရီ ၄၅ မိနစ်တွင် ဒုရဲအုပ်တစ်ဦးအား လည်းကောင်း ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် အထက်ပါ ကလို့ထူးဘော စစ်ဗျူဟာအဖွဲ့သည် ထိတွေ့မှုဖြစ်ပွားရာနေရာမှတစ်ဆင့် နိတုံကျေးရွာဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း ဆုတ်ခွာသွားကြောင်း၊ ညနေ ၄ နာရီ မိနစ်၂ဝ ခန့်တွင် ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
“မနက် ၁ဝ နာရီခွဲလောက် ရှိမယ်။ စစ်တပ်ကားသွားတာ DKBA ကတားပြီးတော့ ကားပေါ်ကနေ ပေးဆင်းခိုင်းတယ်။ အဲဒါ စစ်သားက မဆင်းဘူး။ အဲဒါနဲ့ ဂိတ်ထဲက ပစ်မိန့်ပေးတော့ ကားဘီးလေးဘီးကို ပစ်ဖောက်လိုက်တယ်။ ပြီးတော့ စစ်သားတွေကို အရာရှိလည်း ပါတယ်။ ဆင်းခိုင်းပြီးတော့ အင်္ကျီအဝတ်အစား ချွတ်ခိုင်းပြီး ဘောလုံးကွင်းထဲ နေပူထဲမှာ ပေးနေထားတယ်လို့ ကြားတယ်။ စစ်ကားနောက်ကနေ ကျောက်တင်တဲ့ကားတွေလည်းပါတယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။
“မနက် ၁ဝ နာရီလောက်မှာ လက်နက်ငယ် ပစ်သံကြားတယ်။ မွန်းလွဲ ၁ နာရီလောက် ရဲကားတွေရောက်လာတဲ့ အချိန်ကျတော့ လက်နက်ကြီးကျတဲ့အသံ သုံးကြိမ်လောက်ကြားရတယ်။ ဘယ်ဘက်က ပစ်တယ်ဆိုတာတော့ မသိဘူး။ DKBA ဘက်က လူ ၁ဝ ယောက်ကျော် ထိန်းထားတယ်လို့ ကြားတယ်။ နောက်ဆုံးကြားတာကတော့ သူတို့လူကြီးအချင်းချင်း ညှိနှိုင်းနေတယ်လို့ ကြားတယ်။ ကလိုင်းကနိုင် စံပြကျေးရွာ အပေါ်ရွာမှာရှိတဲ့ DKBA ဂိတ်မှာဖြစ်တာ။ ကားဘီးပစ်ဖောက်ပြီးတဲ့အချိန် နောက်ပိုင်းမှာ ခြံသမားတွေကို ပေးပြန်လိုက်တယ်။ ရွာသားတွေအချို့လည်း ရွာကနေ ထွက်လာကြတယ်” ဟု ကလိုင်းကနိုင် စံပြကျေးရွာသားတစ်ဦးက ပြောကြားသည်။
“အိမ်ဘေးက သင်္ချိုင်းဘေးမှာ လက်နက်ကြီးကျတယ်။ နေ့လယ်ကတည်းက ရွာကထွက်လာတာ။ တစ်ခါမှလည်း မကြုံဖူးဘူး။ အိမ်ကထွက်လာတာ ဘာမှပါမလာဘူး။ ကျောင်းကလည်း ကလေးတွေကို နေ့လယ်ထမင်းစားချိန် ပြန်လွှတ်လိုက်တယ်။ ပြီးတာနဲ့ ကလေးတွေခေါ်လာပြီး ဒီဘုရားကြီး (ကျိုက်မရော ဆုတောင်းပြည့်ဘုရားကြီး) ကို ရောက်လာတာ” ဟု ကလိုင်းကနိုင် အပေါ်ရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
နောက်ဆက်တွဲ သတင်းများအရ ညနေ ၆ နာရီခွဲခန့်တွင် တပ်မတော်မှ တပ်ရင်းများ၊ ရဲတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သတင်းရရှိသည်။
Eleven Media Group
Friday, September 26, 2014
တောင်တက်သမားများရှာရန်ရာသီဥတုခက်ခဲနေဆဲ
စက်တင်ဘာ ၂၆ ရက် ၊၂၀၁၄ ခုနှစ်
အဆက်အသွယ်မရသည့် ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် ပေ ၁၃,၂၀၀ မြင့်သော အခြေ စိုက်စခန်းသို့ ရောက်နေသည့် မြေပြင်ခြေလျှင် ရှာဖွေရေးအဖွဲ့သည် ရာသီဥ တုအခြေအနေကောင်း မွန်ခြင်း မရှိသည့်အတွက် တောင်ပေါ်သို့ ထပ်မံတက်ရောက်ရန် အခက်အခဲဖြစ်နေသည်ဟု ထူးဖောင်ဒေး ရှင်းပြန်ကြားရေး တာဝန်ရှိသူ ဦးဖြိုးကိုကိုက မဇ္ဈိမကို ပြောသည်။
၎င်းက “သူတို့အနေနဲ့ ဆက်ပြီးတက်ဖို့ကတော့ ရာသီဥတုအနေနဲ့ မိုးအရမ်းရွာနေပါတယ်”ဟု ပြောသည်။
“ဒါ့ပြင် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းမှာ လေယာဉ်ဖြင့် အမြင့်ပေ ၂၀,၀၀၀ တွင် ၀ဲပျံရှာဖွေခဲ့ပေမယ့် တိမ်တိုက်တွေ ဖုံးအုပ်နေခြင်းကြောင့် အခက်အခဲကြုံရပါတယ်” ဟု ထုတ်ပြန်သည်။
စက်တင်ဘာ ၂၃ ရက်တွင် မြေပြင် ခြေလျှင် ရှာဖွေရေးအဖွဲ့များသည် Base Camp သို့ ရောက်ရှိခဲ့ပြီး ဝေဟင်ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ အထောက်အကူ ဖြစ်စေရေးအတွက် ရဟတ်ယာဉ် ကွင်း တစ်ခုကိုလည်း Base Camp တွင် တည်ဆောက် ပြီးဖြစ်သည်။
ရဟတ်ယာဉ်ကွင်း တည်ဆောက်ခြင်းသည် လိုအပ်သည့်ရိက္ခာ၊ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းကိရိယာ များ၊ တောင်တက်ပစ္စည်းကိရိယာများနှင့် ကယ်ဆယ်ရေးအဖွဲ့သားများ ချက်ချင်းပို့ဆောင်နိုင်စေရန် လုပ်ဆောင်ထားခြင်းဖြစ်သည်။
ဝေဟင်ရှာဖွေရေး အဖွဲ့များသည် ပူတာအိုတွင် ရဟတ်ယာဉ်များဖြင့် ရှာဖွေမည့် အစီအစဉ်ရှိသော်လည်း လက်ရှိတွင် မြူများ ကျဆင်းခြင်း မိုးရွာသွန်း ခြင်းတို့ကြောင့် မြင်နိုင်အားနည်းနေကာ ရဟတ်ယာဉ်များ ပျံသန်းရန် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟုလည်း ဦးဖြိုးကိုကိုက ဆိုသည်။
ဝေဟင်ရှာဖွေရေးတွင် ထူးကုမ္ပဏီ၊ ထိုင်း၊ နီပေါ၊ အမေရိကန်နှင့် မြောက်ပိုင်းတိုင်း လေတပ်စခန်းဌာနချုပ် တို့မှ ကျွမ်းကျင်သော လေယာဉ်မှူးများက ရဟတ်ယာဉ်လေးစီးဖြင့် ကယ်ဆယ်ရေးလုပ်ဆောင် သွားမည်ဖြစ်သည်။
တောင်တက်သမား နှစ်ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူ တို့သည် ခါကာဘိုရာဇီ တောင် ထိပ်ကို သြဂုတ်လ ၃၁ ရက်တွင် ရောက်ရှိခဲ့ပြီး အဆင်းတွင် အဆက်အသွယ်ပြတ်သွား ခြင်းဖြစ်သည်။
တောင်တက်သမားနှစ်ဦးကို စက်တင်ဘာ ၂၇ ရက်အပြီး ရှာဖွေမည်ဟု ထူးဖောင်ဒေးရှင်းက ပြောကြားထားသည်။ ခါကာဘိုရာဇီတောင်သည် အမြင့် ၁၉,၂၉၆ ပေရှိသည်။
(မဇ္ဈိမ)
ကာကွယ်ရေးကိစ္စများမှအပ ဌာန၀န်ထမ်းများအား လူ့အခွင့်အရေးကော်မရှင်အသစ် ခေါ်ယူမေးမြန်းနိုင်ဟုဆို
အသစ်ဖွဲ့စည်းလိုက် သည့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်သည် နိုင် ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စများမှအပ အစိုးရဌာန၀န် ထမ်းများအား ခေါ်ယူမေးမြန်းနိုင် သကဲ့သို့ အချက်အလက်များလည်း တောင်းယူနိုင်သည့် လုပ်ပိုင်ခွင့်များရလာမည်ဖြစ်ကြောင်း ကော်မရှင်သစ်၏ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောကြားသည်။
၂၀၁၁ စက်တင်ဘာအ တွင်းက ဖွဲ့စည်းခဲ့သည့် သုံးနှစ် ကျော်ကြာသက်တမ်းရှိပြီဖြစ် သော မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကို ဖျက် သိမ်းပြီး အဖွဲ့ဝင် ၁၁ ဦးပါသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်တစ်ခုကို သမ္မတက ထပ်မံဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး စက်တင် ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
ကော်မရှင်များဖွဲ့စည်းရာ တွင် အခြေခံဥပဒေအရ ဖွဲ့စည်း ခြင်း၊ ဥပဒေအရဖွဲ့စည်းခြင်းနှင့် အမိန့်ဒီကရီတို့အရ ဖွဲ့စည်းခြင်းတို့ရှိသည့်အနက်အသစ်ဖွဲ့စည်း လိုက်သည့် မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် သည် အခိုင်မာဆုံးဖြစ်သည့် ဥပ ဒေအရ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဦးစစ်မြိုင်ကပြောသည်။
‘‘အဲဒီ(သုံးခု)ထဲကမှ အခု အသစ်ဖွဲ့လိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ ဒုတိယအခိုင်မာ ဆုံးဖြစ်တဲ့ ဥပဒေနဲ့ ဖွဲ့စည်းလိုက်တဲ့ အတွက် ဖျက်သိမ်းလို့မရပါဘူး။ လူလဲလို့ပဲရပါတယ်။ အရင်က တော့ အမိန့်အရပဲ ဖွဲ့စည်းထား တဲ့အတွက် ပြန်ပြီးဖျက်ချင်တယ် ဆိုရင်ရပါတယ်’’ဟု ဦးစစ်မြိုင်က ပြောသည်။
သမ္မတအမိန့်ဖြင့် ပယ်ဖျက် လိုက်သည့် လူ့အခွင့်အရေးကော် မရှင်ဟောင်းသည် ၎င်း၏ သက် တမ်းတစ်လျှောက်တွင် ပြည်သူ များအတွက် လူ့အခွင့်အရေး ကာ ကွယ်မှုတွင်လုံလောက်မှုမရှိ ကြောင်း မကြာခဏ ဝေဖန်မှုများ ခံထားရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ဖွဲ့စည်းပြီး မှ ပိုမိုဆိုးရွားသည့် လူ့အခွင့်အ ရေးချိုးဖောက်မှုများပေါ်ပေါက် နေကြောင်း ထိုင်း-မြန်မာနယ်စပ် မှ တစ်ဆင့် မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေကို ကာလရှည် ကြာလေ့လာဝေဖန်မှုများပြုလုပ် ခဲ့သည့် မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာကပြောသည်။
အစိုးရသစ်လက်ထက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် တပ်မတော်အစိုးရလက် ထက်ကပြုလုပ်ခဲ့သည့် အပြုအမူ များအတိုင်းဆက်လက်ပြုလုပ်နေ ဆဲဖြစ်သည့်အပြင် ပုံစံအသစ်ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံပြုလုပ်နေဆဲဖြစ်ကြောင်း ဒေါ်ခင်ဥမ္မာကဝေဖန်ခဲ့သည်။
ကျယ်ပြန့်ပြီး စနစ်တကျဖြစ် ပေါ်ခဲ့သော ရခိုင်ဒေသအကြမ်း ဖက်မှုများ၊ စစ်မြေပြင်တွင် မြန်မာ့တပ်မတော် ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု အပါအ၀င် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဖျက်သိမ်းခဲ့ သည့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ၎င်းတို့ ၏ လုပ်ပိုင်ခွင့်တာဝန်ကို အပြည့် အ၀အကောင်အထည်မဖော်ဘဲ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ပေးခဲ့ခြင်းမရှိကြောင်း လည်း မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့၊ ညီမျှ ခြင်းမြန်မာနှင့် Asia Forum For Human Right and Deve-lopment တို့ ပူးပေါင်းပြုလုပ် သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
‘‘လူ့အခွင့်အရေးချိုးဖောက် မှုတွေများလာတာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာ၊ အစိုးရရဲ့လုပ် ကွက်တွေ ပါးနပ်မှုရှိလာတာရယ် ကြောင့် လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဟာ စိတ်ပျက် ဖွယ်ဖြစ်နေဆဲပါ။ လုံလောက်မှု လည်းမရှိပါဘူး’’ဟု Asian Forum for Human Right and Development မှ မစ္စတာဂျိုးစက် ခူဝန်က ပြောသည်။
‘‘ကော်မရှင်အဖွဲ့ဝင်ရွေး ချယ်တာတွေ၊ နောက်ပြီးလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်တွေရဲ့ ဆုံးဖြတ်ချက်တွေမှာ အမြဲတမ်း သမ္မတရုံးကိုပဲ ရောက်ရောက် သွားတယ်။ နိုင်ငံအတွင်း အင် မတန်ဆိုးရွားတဲ့အချို့လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ကိုင် တွယ်လိုစိတ်မရှိတာကို တွေ့ရ တယ်။ လူထုက ကော်မရှင်အပေါ် ယုံကြည်မှုပျောက်ဆုံးလာပါ တယ်’’ဟု ညီမျှခြင်း-မြန်မာ၏ အထွေထွေညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။
လူ့အခွင့်အရေးလှုပ်ရှားသူ များဘက်က ပြုလုပ်ခဲ့သည့် ဝေ ဖန်ပြစ်တင်မှုများအတွက် သီးခြား မှတ်ချက်ပေးလိုခြင်းမရှိကြောင်း ကော်မရှင်ဟောင်းတွင် အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ ကော်မရှင်သစ်တွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက် နေသည့် ဦးစစ်မြိုင်ကပြောသည်။
၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်သြဂုတ်လအထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်သို့ တိုင်ကြားသည့် အမှုပေါင်း ၇,၁၀၀ ကျော်အထိ ရှိခဲ့ပြီး အစိုးရ အဖွဲ့ရုံးသို့ သုံးသပ်တင်ပြ တိုက် တွန်းသော အမှုပေါင်း ၁,၉၈၆မှု၊ လူပုဂ္ဂိုလ်များအား ပြန်ကြားသည့် အမှုပေါင်း ၁,၁၆၅ မှုနှင့် ဆက် လက်ဆောင်ရွက်ရန် မလိုသည့် အမှုပေါင်း ၃,၇၂၉ မှုအထိရှိခဲ့ပြီး ဆောင်ရွက်ရန်ကျန်သည့် အမှု ပေါင်း ၂၅၁ မှုကျန်ရှိနေသေး ကြောင်းလည်း ကော်မရှင်က ထုတ်ပြန်သည့် စာရင်းဇယားများ အရသိရသည်။
ယခင်ကော်မရှင်ဟောင်း လုပ်ဆောင်ခဲ့သည့် စိစစ်ဆဲကိစ္စ များကို ကော်မရှင်သစ်က ဆက် လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း ဦးစစ်မြိုင်ကပြော သည်။
7Day
Subscribe to:
Posts (Atom)





