Wednesday, November 19, 2014
အစိုးရတပ် လက်နက်ကြီးဖြင့်ပစ်၍ ကေအိုင်အေ ဗိုလ်လောင်း ၂၂ ဦး သေဆုံး
လိုင်ဇာမြို့အနီးရှိ ကေ အိုင်အေဗိုလ်လောင်းသင်တန်း ကျောင်းကို အစိုးရတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၂ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ တွင် ဗိုလ် လောင်းများ တန်းစီနေချိန်၌ ကေအိုင်အိုဗဟိုဌာနချုပ် တည်ရှိ ရာ လိုင်ဇာမြို့အနီး ခရာတောင် ကုန်း၌ တပ်စွဲထားသော အစိုးရ တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ကြောင်း ကေအိုင်အို အလုပ် အဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါက ပြောသည်။
‘‘အယောက် ၂၀ ပွဲချင်းပြီး သေတယ်။ ဒဏ်ရာရရှိသူတွေက အပြင်းအထန်ဒဏ်ရာရခဲ့တယ်’’ ဟု ဦးဒေါင်ခါက ပြောသည်။
ဗိုလ်လောင်းသင်တန်းသား စုစုပေါင်း ၄၂ ဦးအနက် ၂၀ ဦးမှာ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူ များထဲမှ နှစ်ဦး ထပ်မံသေဆုံးခဲ့၍ စုစုပေါင်း ၂၂ ဦး သေဆုံးသွားခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူ ၁၅ ဦး ရှိပြီး ၅ ဦးသာ လွတ်မြောက်နိုင်ခဲ့ သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က ဖြစ်စဉ်ကို အတည်ပြုခဲ့ ပြီး ပွင့်လင်းရာသီတွင် ပုံမှန်လုပ် ငန်းများ ဆောင်ရွက်ခြင်းအဖြစ် လမ်းများဖောက်လုပ်ရာ၌ လုံခြုံရေး ဆောင်ရွက်သော တပ်မတော် စစ်ကြောင်းများကို ကေအိုင်အေဘက်က လာရောက်ပစ်ခတ်ခဲ့မှုများရှိသောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ် မတော်ထိပ်တန်းအရာရှိ တစ်ဦးက ပြောသည်။
အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီး ၅ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပုဂံမြို့၌ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ်ကာလနှင့်လည်း တိုက်ဆိုင်နေပြီးတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် လဆန်း၌ ကျင်းပနိုင်ရန် ကြိုးပမ်းနေစဉ် ယခုကဲ့သို့  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘‘ဟိုဘက်က လုပ်ငန်းတွေ မလုပ်နိုင်အောင် ရည်ရွယ်ချက် ရှိရှိနဲ့ ယန္တရားတွေကို လာရောက် ပစ်ခတ်မှုတွေ ရှိတယ်။ ဒါကြောင့် ပြန်ပစ်ခဲ့တာ ကျွန်တော်တို့က အ ကြောင်းမဲ့သက်သက်ပစ်ခတ်တာ မျိုး မရှိပါဘူး။ ဒါလေးတော့ ပေါ် လွင်စေချင်ပါတယ်’’ဟု မပခထိပ် တန်းတပ်မတော်အရာရှိက ဆို သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ် မြောက်ရေးအဖွဲ့ (PCG) မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ပူးတွဲအဖွဲ့၊ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှင့် ၀န်ကြီးဦးအောင်မင်းတို့ထံသို့  အကြောင်းကြားထားကြောင်း  ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောသည်။
ယင်းကဲ့သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုနှင့်ပတ်သက်၍ ‘‘အ ကြောင်းရင်းကတော့ ပြောလို့ မကောင်းသေးပါဘူး’’ ဟု ၎င်းက ဆက်လက်ပြောသည်။
အစိုးရနှင့် ကေအိုင်အိုတို့ ကြား ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း တိုက်ပွဲများဖြစ်ပွားမှု လျော့နည်း သွားခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ ဒေသအချို့တွင် ထိတွေ့မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။
MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကမူ ၎င်းတို့အနေ ဖြင့် ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်နိုင်ရေးအတွက်သာ ပြင် ဆင်နေပြီး အထက်ပါဖြစ်စဉ်များ ကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား မကြာမီ ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေး ပွဲအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းမှု အပေါ် ယခုကဲ့သို့ ပြန်လည်ဖြေ ကြားခဲ့သည်။
‘‘ခုချိန်မှာ စောသေးလို့ ဘာ မှတ်ချက်မှ မပေးချင်သေးဘူး’’ဟု ပြောသည်။
ယခုဖြစ်စဉ်ကြောင့် အစိုးရ တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲ များ ပြင်းထန်စွာပြန်လည်ဖြစ်ပွား လာမည်ကို စိုးရိမ်နေကြောင်း ဒေသတွင်း လူမှုရေးအဖွဲ့အစည်း များက ဆိုသည်။ အစိုးရတပ်နှင့် ကေအိုင်အေတို့ ၂၀၁၁ ခုနှစ် ဇွန် လဆန်းမှစတင်၍ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ ပြီး စစ်ဘေးရှောင်ပြည်သူ တစ်သိန်း ကျော်မှာ ယာယီစခန်းများတွင် ခိုလှုံနေရသည်။
 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကလည်း ခါရာ ခရာတောင် အခြေစိုက် အစိုးရတပ်ခမရ ၃၈၉ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းသင်တန်း တက်ရောက်နေသော ABSDF မှ အရာရှိသင်တန်းသား နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
7Days
ဆန္ဒပြ ကျောင်းသားလေးများအတွက်
တော်ပါသေးရဲ့....
ပညာရေး ဥပဒေ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြရာကနေ တဖြည်းဖြည်း အသွင်ပြောင်းလာပြီး မလိုအပ်တာတွေ ဖြစ်လာတော့မလို့.... 
ကလေးတွေကို စိတ်ပူနေခဲ့ရတာ... အခု သပိတ်လှန်လိုက်ပြီတဲ့.... ရက်ပေါင်း ၆၀ တဲ့....
တော်တယ်... 
ကျောင်းသားတွေ တော်တာလား... 
ကျောင်းသားမိဘတွေ တော်တာလား...
တာဝန်ရှိသူတွေ တော်တာလား...
ဆရာ / ဆရာမတွေ တော်တာလား...
ဘယ်သူပဲ တော်တော် အခု အေးအေးဆေးဆေး ဖြစ်သွားပြီ... 
ကျောင်းသားတွေကို စောင့်ကြည့်နေရတာ တဖြည်းဖြည်းနဲ့ အရောင်တွေ ရောလာတယ်...
ပထမ ကျောင်းသားတွေ စတယ်......
ဒုတိယ ကျောင်းသား မဟုတ်သူတွေ လာရောက်ပူးပေါင်းတယ်။
တတိယ ငြိမ်း/ပွင့် မြအေး.... လာရောက်ပူးပေါင်းတယ်။
စတုတ္ထ နေမျိုးဇင်.... လာရောက်ပူးပေါင်းတယ်။
ပဉ္စမ... ကေအင်န်ယူ ( ငြိမ်းချမ်းရေးကောင်စီ) ရေလာလှူတယ်...
ဆဌမ... ( လက်နက်ကိုင် တိုက်ခိုက်နေဆဲ အဖွဲ့တစ်ဖွဲ့ ) က အကွက်ဖျောက်ပြီး ရောဝင်လာတယ်..
သတ္တမ... ( ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာအဖွဲ့တစ်ဖွဲ့ ) က ပူးပေါင်းထောက်ကန် စီမံပေးဖို့ ကြိုးစားလာတယ်... 
တကယ်လုပ်နေတာက ကျောင်းသားတစ်ဖွဲ့တည်း... ပူးဝင်လာတာက ၆ ဖွဲ့.... 
ရည်ရွယ်တာက ပညာရေး....
ပညာရေးကနေ နိုင်ငံရေး ဖြစ်လာတယ်... 
နိုင်ငံရေးကနေ.... စစ်ရေးတွေ ပူးဝင်လာတယ်...
========================
ကျောင်းသားလည်း ဖြစ်ခဲ့တယ်..
နိုင်ငံရေးကို မျက်ခြေ မပြတ်လည်း ကြည့်ခဲ့တယ်..
ပေသီးခေါက်နေတာတွေကိုလည်း မြင်ရတယ်..
အမြတ်ထုတ်နေတာကိုလည်း သိရတယ်..
အမုန်းတရားနဲ့ ရန်ပြုနေတာလည်း သတိထားမိတယ်..
အခု ကျောင်းသားမိဘ ဖြစ်နေပြီ....
တကယ်တမ်း နိုင်ငံရေးအတွက် ကလေးတွေကို ရှေ့ ထုတ်လာတာကို လုံးဝ မကြိုက်ပါဘူး...
၈၈ မှာ ဒီကလေးတွေအရွယ်ဖြစ်ခဲ့တော့ ၈၈ ကို ပြန်ရောက်သွားမှာလည်း ကြောက်နေပါတယ်...
ငယ်ငယ်ကလို မဟုတ်ပဲ စိတ်လည်း အရမ်းပူတတ်လာပါတယ်..
ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ၈၈ ကို ကျွန်တော်တို့ သားသမီးတွေကို မကြုံစေချင်ပါဘူး...
သို့သော် ၈၈ ကို အသက်သွင်းချင်နေသူတွေတော့ ရှိနေပါသေးတယ်..
၈၈ ပယောဂကြောင့် မသေ မကျိုး မပဲ့.... အလုပ်လုပ်စရာမလိုပဲ ထင်ပေါ်ကြော်ကြား ချမ်းသာသွားတဲ့ သူတွေပါ... 
၈၈ ကျောင်းသားတွေ သေကြေသွားခဲ့ပေမယ့်.... 
၈၈ ကျောင်းသူလေးတွေ တောထဲမှာ အနားမရ မုဒိန်းကျင့် ခံခဲ့ရပေမယ့်... 
၈၈ ကျောင်းသား အချင်းချင်း အစုလိုက် အပြုံလိုက် ရက်စက်စွာ စွပ်စွဲ သတ်ဖြတ်ခဲ့ကြပေမယ့်...
ရေပေါ်ဆီ ၈၈ တွေကတော့ ဒီနေ့အထိ ရှင်သန် အဆင်ပြေနေကြတုံးပါပဲ....
အော်ဟစ် ဆူပူနေကြတုန်းပါပဲ.... 
သွေးထိုး မြှောက်ပင့်နေကြတုန်းပါပဲ...
၈၈ ကို ပြန်သွားချင်နေကြတုန်းပါပဲ....
ကလေးတွေကို တစ်ခုတော့ ပြောပြချင်ပါတယ်.. 
မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ၈၈ အရေးအခင်းဆိုတာ ရေပေါ်ဆီတွေနဲ့ လူယုတ်မာတွေက လွဲလို့ ဘယ်သူ့ကိုမှ ကောင်းကျိုး မပေးခဲ့ဘူး ဆိုတာပါပဲ...
ကိုယ်လိုအပ်တဲ့အရာ...
ကိုယ်လိုချင်တဲ့ အရာကို ကျိုးကြောင်း သင့် မသင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေအနေ အရပ်ရပ်ကို ထည့်တွက် စဉ်းစား သေချာစွာ စိစစ်ပြီး သက်ဆိုင်ရာကို ညင်သာစွာ တင်ပြတောင်းဆိုပါ...
အကျိုး အပြစ်တို့ကို အကောင်းဆုံးဖော်ညွှန်းကာ အစွန်းမထွက်အောင် ရေးသားဖော်ပြပြီး
စာဖြင့်ဖြစ်စေ....
လူကိုယ်တိုင်ဖြစ်စေ.... 
သက်ဆိုင်ရာမှ တဆင့်ဖြစ်စေ...
မီဒီယာမှ တဆင့် ဖြစ်စေ... တင်ပြတောင်းဆိုပါ။
လွှတ်တော်ထဲ တိုက်ရိုက် ရောက်စေလိုပါကလည်း မိမိတို့ ယုံကြည်ရသော လွှတ်တော်ကိုယ်စားလှယ်
များမှတဆင့် ပေးပို့နိုင်ပါတယ်... 
တကယ်လို့ မဖြစ်မနေ ဆန္ဒပြ တောင်းဆိုဖို့ လိုအပ်ပါကလည်း မိမိတို့ ကျောင်းသားများသာ
ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုက်ပါတယ်....
ဦးဦးကွန်...
ပူးဝင်လာမှုတစ်ချို့ကို ပုံလေးနဲ့ တွဲပြထားပါတယ်... (အပြည့်အစုံတော့ မဟုတ်ပါ)
ဘန်ကီမွန်းချန်ရစ်ခဲ့သော ပြဿနာ
အာဆီယံထိပ်သီး အစည်း အဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ယခုနှစ်၌ မြို့မေတ္တာခံယူသွားသူက  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဖြစ်ပါသည်။
ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်ယူ၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ကမ္ဘာ့သြဇာအကြီးဆုံးခေါင်းဆောင်များ တက်ရောက်ခဲ့သည့် ထိပ်သီးအစည်း အဝေးပထမနေ့အပြီးတွင် အိမ်ရှင်အစိုးရနှင့် ပြည်သူများက အကြိမ်ကြိမ်ကန့်ကွက်ထားသော ပြဿနာဖြစ်လွယ်၊ အငြင်းပွားဖွယ် စကားလုံးတစ်ရပ်ကို သတင်းစာ ရှင်းလင်းပွဲ၌ သုံးနှုန်းခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်ညက ပြု လုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် မစ္စတာဘန်က လူနည်းစု အခွင့်အရေးကို အသိအမှတ်ပြု အလေးထားသော အနေဖြင့် ယခင်သုံးစွဲထားသည့် ရိုဟင်ဂျာ အသုံးအနှုန်းကိုသာ ဆက်လက် သုံးစွဲသွားမည်ဟု ဆိုသည်။
‘‘အစိုးရက သူတို့တွေကို ဘင်္ဂါလီလို့သုံးနှုန်းနေတာ ကျွန် တော်သိပါတယ်။ ရခိုင်က လူတွေကတော့ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ကြတယ်။ လူနည်းစုအခွင့် အရေးကို အသိအမှတ်ပြုဖို့စည်း မျဉ်းစည်းကမ်းကို အခြေခံပြီး ကမ္ဘာ့ကုလသမဂ္ဂက ရိုဟင်ဂျာ အဖြစ်သုံးနှုန်းထားပါတယ်။ ဒီကိစ္စက နောက်ထပ်ဘယ်လိုထပ် ဆောင်းပြဿနာမျိုးကိုမှ မဖန်း တီးဘူးလို့ ကျွန်တော်ထင်ပါ တယ်။ ဒါက လိုအပ်တဲ့အရာတစ် ခုလို့ ကျွန်တော်မထင်ပါဘူး’’ဟု ဘန်ကီမွန်းကဆိုသည်။
 သို့သော် ဝေဖန်မှုများကြုံ တွေ့ပြီး နောက်တစ်နေ့တွင် ရို ဟင်ဂျာ၊ ဘင်္ဂါလီဟု ပြောင်းလဲ သုံးနှုန်းခဲ့သည်။
ယင်းဝေါဟာရအသုံးအနှုန်း တစ်ခုကြောင့် ဒီမိုကရေစီအသွင် ကူးပြောင်းစ  အစိုးရသစ်လက် ထက်တွင် အဓိကဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော ရခိုင် အရေးကိုင်တွယ်ရာ၌ တည်ငြိမ်စပြုနေသည့် ဒေသ၏ အနာဂတ်၊ သဟဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ စိုးရိမ်ပူပန်မှုများဖြစ်ပွားလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရ ပြီးစ လွန်ခဲ့သော ဆယ်စုနှစ်များ စွာကပင် သမိုင်းနှင့်ချီ ပဋိပက္ခ များဖြစ်ပွားခဲ့ပြီး အစိုးရသစ်လက် ထက် ၂၀၁၂ အတွင်း ဖြစ်ပွားခဲ့ သော အကြမ်းဖက်မှုများကြောင့် ကမ္ဘာကပင် စောင့်ကြည့်နေရ သည့် ရခိုင်အရေးဖြစ်ပွားစေသော အဓိကအကြောင်းရင်းတစ်ခုမှာ ‘‘ရိုဟင်ဂျာ’’လူမျိုးဆိုသည့် ဝေါ ဟာရဟု လေ့လာစောင့်ကြည့်သူများနှင့် ရခိုင်အမျိုးသားအင်အားစုများကဆိုသည်။
ပဋိပက္ခများဖြစ်ပွားခဲ့မှုကို ဖော်ထုတ်ဖြေရှင်းနိုင်ရန် ၂၀၁၂ သြဂုတ်က နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့သည့် ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ရိုဟင်ဂျာအသုံးအနှုန်းနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ဖော်ပြထားသည်။
 စစ်တကောင်းတောင်ပိုင်း ဘင်္ဂါလီလူမျိုးတို့အခေါ်အရ ‘‘ရို ဟင်’’မှာ ရခိုင်ဟု အဓိပ္ပာယ်ရပြီး  ‘‘ဂျာ’’၏ အဓိပ္ပာယ်မှာ သွား ရောက်နေသူဖြစ်သည်။ ရိုဟင်ဂျာ ဆိုသည်မှာ လူမျိုးတစ်မျိုးအမည် မဟုတ်ဘဲ ရခိုင်ပြည်တွင် သွား ရောက်နေထိုင်အလုပ်လုပ်ကိုင် သူဆိုသည့်အဓိပ္ပာယ်ဖြစ်ကြောင်း ရခိုင်ကော်မရှင်ကဆိုသည်။
၁၉၅၀ ၀န်းကျင်ကာလများ တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီလူမျိုးများက ၎င်းတို့ဘာသာ ‘‘ရိုဟင်ဂျာ’’ဟု စတင်ခေါ်ဝေါ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံအမျိုးမျိုးသော တောင်းဆိုမှုများ၊ အဖွဲ့မျိုးစုံဖွဲ့၍လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်
မှုများပြုလုပ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားရှိခဲ့ပြီးဖြစ် ကြောင်း ရခိုင်ကော်မရှင်အစီရင်ခံ စာတွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတအပါအ ၀င် အစိုးရကရိုဟင်ဂျာလူမျိုးမရှိ ကြောင်း အကြိမ်ကြိမ်ထုတ်ဖော် ကန့်ကွက် ထားခဲ့ပြီးလည်းဖြစ် သည်။ သို့သော်ကုလသမဂ္ဂကဲ့သို့ အဖွဲ့အစည်းတစ်ခု၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦးက ယင်း အသုံးအနှုန်းသုံးစွဲခဲ့ခြင်းကြောင့်ရခိုင်ပြည်နယ်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အဟန့်အတား၊ အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ဝေဖန်ထောက်ပြမှုများရှိလာခဲ့သည်။
ရခိုင်အရေးဖြေရှင်းနိုင်ရန် နိုင်ငံတော်သမ္မတ၏ အထူးကိုယ် စားလှယ်အဖြစ်တာဝန်ယူ ဆောင်ရွက်နေသော ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက မစ္စတာဘန်ထံသို့ နိုဝင်ဘာ ၁၃ ရက်က တရားဝင်ပေးပို့သော ပေးစာ၌ ယခုကဲ့သို့တောင်းဆိုထားသည်။
‘‘အနာဂတ်ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အခုလိုသုံးနှုန်း ပြောဆိုမှုတွေကို ချင့်ချိန်တွေး တောဖို့လိုအပ်ပါတယ်’’ဟု ပြော သည်။
ဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းကြောင့် တည်ငြိမ်စ ပြုနေသည့် ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်မှုများ၊ ပဋိပက္ခ များဖြစ်ပွားလာနိုင်ပြီး အစိုးရအ နေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများဆက်လက်ဆောင်ရွက်ရ မည့်အစား အကျပ်အတည်းတွေ့ သွားစေနိုင်ကြောင်း သုံးသပ်မှုများထွက်ပေါ်ခဲ့သည်။
‘‘ရှေ့မတိုးဘဲ နောက်ကိုပဲ ပြန်ဆုတ်နေရမယ့် အနေအထား ဖြစ်သွားနိုင်တယ်။ သမိုင်းအခြေ အနေသေချာမသိဘဲ ရိုဟင်ဂျာလို လားတဲ့ အုပ်စုတွေကိုပဲ Lobby လုပ်ပေးသလိုဖြစ်နေတယ်’’ဟု ရခိုင်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မြကျော်က ထောက်ပြသည်။
 ရိုဟင်ဂျာမရှိဟုဆိုသော် လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးအများစုကမူ ၎င်းတို့သည် မြန်မာနိုင်ငံတွင် ရှေးယခင်ကပင် နေထိုင်ခဲ့သော ရိုဟင်ဂျာလူမျိုး များဖြစ်ကြောင်း မဟာစင်မုန် တိုင်းနှင့် သန်းခေါင်စာရင်းကာလ အတွင်းက 7 Day News သို့ ပြောဆိုကြသည်။ အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများကလည်း ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအ
ဝိုင်းကို  နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် အညီအခွင့်အရေးများပေးမှသာ ပြဿနာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုထားကြသည်။
ကမ္ဘာ့သြဇာအာဏာအကြီး ဆုံးခေါင်းဆောင်တစ်ဦးဖြစ်သည့် အမေရိကန်သမ္မတအိုဘားမားက ၎င်း၏ ဒုတိယအကြိမ်မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်အရေးနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက် ပြုသည်။
‘‘ဒါဟာ ဒီမိုကရေစီဖော် ဆောင်ရေးမှာ အကြီးအကျယ် မတည်မငြိမ်ဖြစ်စေမယ့် အ ကြောင်းကိစ္စတစ်ခုပါ။ တရား ၀င်အစိုးရတစ်ရပ်မှာ ပြည်သူလူ ထုအားလုံးအတွက် အခြေခံအား ဖြင့် တူညီမျှတဲ့ စည်းမျဉ်းသတ် မှတ်ချက်တွေရှိနေလိမ့်မယ်လို့ ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ်’’ဟု သမ္မတအိုဘားမား ကပြောသည်။
 ရခိုင်အမျိုးသားရေးအင် အားစုများကမူ ကမ္ဘာက ရိုဟင်ဂျာအမည်ကို ယုံကြည်လက်ခံနေ ခြင်းမှာ သမိုင်းအမှန်ကို သေချာ မသိရှိဘဲ နှစ်ပေါင်းများစွာ နိုင်ငံ တကာမီဒီယာများမှတစ်ဆင့် ၀ါဒ ဖြန့်ချိနေမှုများကြောင့်ဟု ထောက်ပြသည်။
‘‘ငွေကြေးတတ်နိုင်တဲ့ နိုင်ငံ တကာရောက်ဘင်္ဂါလီလူမျိုးအသိုင်းအ၀ိုင်းက လူမျိုးစုတစ်ခုအဖြစ်ဖန်တီးပြီး သူတို့အင်းမေ့ခ်ျ(ပုံရိပ်)ကို ကမ္ဘာကသိအောင် ၀ါဒ ဖြန့်နိုင်တယ်။ ဒါကိုအမှန်အတိအ ကျမသိဘဲ ဖြစ်နိုင်ခြေကို လက်ခံ နေတဲ့ သဘော’’ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စော ဝေကပြောသည်။
ထို့ကြောင့်ပင် အငြင်းပွား နေသည့် ရိုဟင်ဂျာဆိုသည်မှာ မြန်မာနိုင်ငံတွင်မရှိကြောင်း နိုင်ငံ တကာသို့ အခိုင်အမာသက်သေ ပြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံတကာအသိအမှတ်ပြု ပညာရှင်များနှင့် ဆွေးနွေး၍ သမိုင်းစာအုပ်ပြုစုပြီး ကမ္ဘာသို့  အခိုင်အမာချပြသွားမည်ဟု ဆိုသည်။
သမိုင်းနှင့်ချီပြဿနာများ ဖြေရှင်းနိုင်ရန် ရခိုင်စုံစမ်းစစ်ဆေး ရေးကော်မရှင်အပါအ၀င် ဒေသခံပြည်သူများအကြံပြုတောင်းဆိုခဲ့ သော ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကိုလည်း ကုလအပါအ၀င် နိုင်ငံတကာက လူ့အခွင့်အရေးနှင့် မကိုက်ညီကြောင်း ဝေဖန်ထား သည်။ အစိုးရက ယင်းဥပဒေဖြင့် နိုင်ငံသားစစ်ဆေးခြင်းလုပ်ငန်း များကို ပြီးခဲ့သည့်လများက ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ လျောက်လွှာ တင်သွင်းသူ ဘင်္ဂါလီလူမျိုးတစ် ထောင်ကျော်ရှိခဲ့သည်။ ယင်း အထဲမှာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး ရရှိခဲ့ပြီး ၎င်းတို့မိသားစုဝင်များ မှာလည်း အလိုအလျောက်နိုင်ငံ သားဖြစ်ခွင့်ရရှိခဲ့သည်။ ထို့အပြင် နိုင်ငံသားပြုခွင့် ၁၇၀ ဦးခန့်ရရှိခဲ့ ပြီးဖြစ်သည်။ ၁၉၈၂ ဥပဒေဖြင့် မညီညွတ်သူများကို အရေးယူ ဆောင်ရွက်ရန်မှာမူ အစိုးရအနေ ဖြင့် နိုင်ငံတကာဖိအားများစွာရှိ နေသည်ဟုလည်း ရခိုင်အရေး စောင့်ကြည့်သူများက သုံးသပ် သည်။
မစ္စတာဘန်ကမူ ယင်းဥပဒေဖြင့် မညီညွတ်သူများကို မည်ကဲ့ သို့ဆောင်ရွက်မည်ဆိုသည့် နေပြည်တော်၌  မီဒီယာအချို့၏မေးမြန်းမှုကို ရှင်းလင်းစွာ ဖြေကြားခဲ့ခြင်းမရှိခဲ့။
မြန်မာနိုင်ငံ၏ ဒုတိယအ ဆင်းရဲဆုံးပြည်နယ် ဖြစ်သည့် အနောက်ဘက် တံခါးရခိုင်ဒေသ တွင် မီးလောင်ပျက်စီးထားသည့် နေ အိမ်အဆောက်အအုံများ၊ ဒုက္ခ သည်စခန်းများကို ယနေ့တိုင် မြင် တွေ့နေရဆဲဖြစ်သည်။ နှစ်ဖက် လူ့အသိုင်းအ၀ိုင်းကြားတွင်လည်း စိတ်ဒဏ်ရာများ၊ စိုးရိမ်ပူပန်မှု များရှိနေဆဲဖြစ်သည်။
ထို့အပြင်ရခိုင်အရေးသည် ပြည်တွင်းရေးထက် ကျော်လွန်၍ နိုင်ငံတကာ အရေးအထိပင် ရောက်ရှိလာပြီလည်းဖြစ်သည်။ အစိုးရအနေဖြင့် ဖိအားများစွာ အောက်မှ ရခိုင်ပြဿနာကို အကောင်းဆုံးပြေလည်အောင် ဖြေရှင်းနိုင်ရန် အရေးတကြီးလို အပ်လှနေပြီဖြစ်သည်။
7Days
တယ်လီနော၏၀န်ဆောင်မှုများအတွက် သုံးစွဲသူက အခွန် ၅ ရာခိုင်နှုန်းပေးရမည်ဟုဆို
တယ်လီနောသုံးစွဲသူများအနေဖြင့် မိမိတို့ ရရှိထားသော ၀န်ဆောင်မှုများအပေါ် အခွန်ပေး
ဆောင်သွားရမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ တရားဝင်အွန်လိုင်းစာမျက်နှာပေါ်ရှိ
အမေးအဖြေကဏ္ဍတွင် ဖြေကြားထားသည်။
အဆိုပါအစီအစဉ်တွင် တယ်လီနော၏၀န်ဆောင်မှုများအတွက် သုံးစွဲသူမှ အခွန်ပေးဆောင်
ရမည် ဖြစ်ပြီး အသုံးပြုသူသည် ငွေဖြည့်ကတ် ၀ယ်ယူသုံးစွဲသောအခါ၌ ယင်းအခွန်ကို ပေးဆောင်
သွားရ မည်ဖြစ်သည်။ အဆိုပါ အခွန်ကောက်ခံမှုသည် သတ်မှတ်ထားသော အပိုဆောင်းခံစားခွင့်
အပြီး နောက်ပိုင်းကာလမှသာလျှင် စတင်သွားမည်ဖြစ်ကာ ဖြည့်သွင်းသည့် ငွေပမာဏ၏ အခွန်
၅ ရာခိုင်နှုန်းနှုတ်ပြီး ငွေဖြည့်ကတ်၏ အသားတင်ကျန်တန်ဖိုးသာ သုံးစွဲသူက ရရှိမည်ဖြစ်ကြောင်း
တယ်လီနော၏ အွန်လိုင်းစာမျက်နှာပေါ်ရှိ အမေးအဖြေ (FAQ) ကဏ္ဍတွင် ဖေါ်ပြထားသည်။
ဥပမာအားဖြင့် သုံးစွဲသူက ငွေပမာဏ ၁၀၀၀ ဖြည့်တင်းလိုက်ပါက ၉၅၂ ကျပ်သာ ဖုန်းတွင်း
ရရှိသုံးစွဲနိုင်မည်ဖြစ်ပြီး ကျန်ငွေ ၄၈ ကျပ်ကို ငါးရာခိုင်နှုန်းအခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်သည်။
အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံအစိုးရမှ တယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုများ အတွက်
အခွန် ၅ ရာခိုင်နှုန်းကောက်ခံသည့် ဥပဒေအပေါ် လိုက်နာသွားခြင်းလည်းဖြစ်ကြောင်း တရားဝင်
အွန်လိုင်းစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
"ဒီအချက်ကို ကျွန်တော်တို့အနေနဲ့လည်းကြားထားပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ တော့
ဒါတွေကို သုံးစွဲသူတွေဘက်ကို ရှင်းလင်းပြောပြပေးဖို့ ညွှန်ကြားထားတာ တစ်စုံတစ်ရာ မရှိသေး
ပါဘူး။ ဒါပေမယ့် အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ဘက်က confirm ဖြစ်ပြီ၊ စပြီဆိုရင် သုံးစွဲ သူတွေ
ဆီကို မက်ဆေ့ခ်ျ ပို့ပေးသွားမှာပါခင်ဗျ"ဟု တယ်လီနောမြန်မာ၏ Customer Representative
တစ်ဦးဖြစ်သူ ကိုသူရက ပြောသည်။
"အခွန်တွေအားလုံးက ကျွန်တော်တို့အနေဖြင့်ဆောင်ပြီးသားပါ။ တင်သွင်းထားတဲ့ ဟန်းဆက်
မှန်သမျှရယ် ဆင်းကတ်တွေအတွက်ပါ အခွန်ပေးဆောင်ထားပြီးသားပါ"ဟု တယ်လီနော၏
အရောင်းဆိုင်ခွဲမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုရဲသီဟနိုင်က အခွန်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်း
ချက်အပေါ် ယခုကဲ့သို့ ပြောသည်။
မြန်မာတိုင်းမ်
၂၀၁၅ မေလတွင် အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်
လာမည့် ၂၀၁၅ မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းမှ ရရှိလာသော အချက်အလက်များကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ရရှိလာသည့် အဖြေပေါ်တွင် မူတည်၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။
ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ကျင်းပသွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။
‘‘Refrendum ပြီးပြီးချင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုတွေကို ဆောင်ရွက်လို့မရဘူး။ ရွေးကောက်ပွဲ
အပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ်မူတည်ပြီးမှ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းက ဆိုသည်။
7 Days
ဒီချုပ်ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာထင်လင်းဦးအား မဘသတရားစွဲဆိုမည်ဟု ဆို
စာပေဟောပြောပွဲ တစ်ခုတွင် ဘာသာ၊ သာသနာကို ပုတ်ခတ်စော်ကားပြောဆိုမှု ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးအား အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(မဘသ)ကစီစဉ်၍ တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘ကိုထင်လင်းဦးကို ဥပဒေ ပိုင်းဆိုင်ရာက ဆောင်ရွက်ဖို့ရှိ တယ်လို့ပြောပါရစေ။ ဆရာတော် ကြီးတွေ ဆုံးဖြတ်ချက်ပါ။ မဘသ က စွဲမှာ မဟုတ်ပါဘူး။ လူပုဂ္ဂိုလ် ဆိုင်ရာက စွဲမှာပါ’’ဟု မဘသ (ဗဟို)မှ ဥပဒေအကြံပေးနှင့် အလုပ်အမှုဆောင်တရားလွှတ် တော်ရှေနေ့ဦးအေးပိုင်ကပြော သည်။
ဦးထင်လင်းဦး၏ စာပေ ဟောပြောပွဲတွင် ပြောဆိုမှုနှင့် ပတ်သက်၍ ယခုလ ၁၈ ရက်၌ ပြုလုပ်သော မဘသ (ဗဟို) လ ပတ်အစည်းအဝေးတွင် ဆွေးနွေး မှုပြုခဲ့ပြီး ယင်းကဲ့သို့တရားစွဲရန် ဆရာတော်အားလုံးက သဘောတူ ညီဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မဘသအဖွဲ့အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွင်ထုတ်ပြန် သည့် ကြေညာချက်၌ ဖော်ပြ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးအနေဖြင့် ချောင်းဦးမြို့နယ်
စာပေဟောပြောပွဲ၌ ပြော ဆိုချက်များသည်ပါတီ၏ သဘောထားပါဝင်ခြင်းမရှိကြောင်း NLD ကလည်း နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
ယခုနှစ်အောက်တိုဘာ တွင် ချောင်းဦးမြို့နယ်အတွင်းရှိ သုံး ပန်လှကျေးရွာအမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ်ပါတီက ပြုလုပ်သော ဦးဝိစာရနေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင် စာရေး ဆရာ ထင်လင်းဦး၏ဟောပြော ချက်များသည် ဗုဒ္ဓဘာသာအပေါ် ပုတ်ခတ်ပြောဆိုမှုများပါဝင်သ ဖြင့် အင်တာနက်လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ ရှိနေခြင်းအပေါ် NLD က ယင်း ကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
‘‘ဒီလိုဟောပြောမှုဟာ ပါတီ ကို ကိုယ်စားမပြုပါဘူး။ သူ့ရဲ့ ပုဂ္ဂကဓိဋ္ဌာန်ဟောပြောချက် ဖြစ် တဲ့အတွက် သူ့ရဲ့အာဘော်သာဖြစ်ပါတယ်’’ဟု NLD ဗဟို ကော်မတီဝင်တစ်ဦးက ပြောသည်။
ယင်းစာပေဟောပြောပွဲ ဗီဒီ ယိုဖိုင်မှာ အင်တာနက်စာမျက်နှာ များတွင် ပျံ့နှံခဲ့ပြီး ဗုဒ္ဓဘာသာနှင့် သံဃာတော်များအား ပုတ်ခတ် သော အသုံးအနှုန်းများသုံးစွဲခဲ့ သဖြင့် သက်ဆိုင်ရာပါတီအဖွဲ့ အစည်းက ထိထိရောက်ရောက် အရေးယူရန်လိုကြောင်း အင်တာ နက်လူမှုကွန်ရက်စာမျက်နှာများ တွင် ဝေဖန်ခဲ့ကြသည်။
အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော ဟောပြောမှုဗီဒီယိုဖိုင် ၌ ‘‘သေချာတာက မြတ်စွာဘုရား ဗမာလူမျိုးမဟုတ်ဘူး။ မြန်မာနိုင် ငံသား တိုင်းရင်းသား မဟုတ်ဘူး။ အမျိုးချစ်ရင် ဒီနေ့ကစပြီးမကိုး ကွယ်နဲ့တော့။ ကျုပ်တို့အမျိုး မဟုတ်ဘူး’’ဟု ဦးထင်လင်းဦးက ဟောပြောမှုတွင် ထည့်သွင်းပြော ကြားခဲ့သည်။
ထို့အပြင် ဆဒ္ဒန်ဆင်မင်း ဇာတ်တော်တွင် ဆင်မင်းအား မြားဖြင့်လုပ်ကြံသောမုဆိုးသည် လည်း သင်္ကန်းကို အသုံးပြု အကာအကွယ်ယူခဲ့ကြောင်း နမူနာပြု၍ ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်များ ဖျက်ဆီးနေသည်ကို သိစေချင် ကြောင်း ၎င်းကပြောကြားခဲ့သည်။
ထိုကဲ့သို့ ပြောဆိုချက် ကြောင့် တရားစွဲဆိုမည်ဆိုပါက ဘာသာ၊ သာသနာညှိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅နှင့် ၂၉၅ (က)တို့အရ စွဲဆိုနိုင်ပြီး ယင်းပုဒ်မနှစ်ခုသည် ထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်သော ပုဒ်မ များဖြစ်ကာ ရဲအရေးပိုင်ဖမ်းဆီး နိုင်ပြီး အာမခံပေးနိုင်သည့် ကျေအေးခွင့်မရှိသော အမှုဖြစ်ကြောင်းတရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကာယကံရှင် ဦးထင်လင်းဦး အား အကြိမ်ကြိမ်ဆက်သွယ်မေးမြန်း
ခဲ့သော်လည်း ဆက်သွယ် ၍ မရခဲ့ပေ။
7 Days
Tuesday, November 18, 2014
အသောက်အစားနဲ့ ကား
အမျိုးသမီး - သောက်တတ်သလား။
အမျိုးသား - အင်း။
အမျိုးသမီး - တစ်နေ့ကို ဘယ်လောက်များ သောက်သလဲ။
အမျိုးသား - ခြောက်ပုလင်းပါတဲ့ ပါကင် သုံးပါကင်လောက် သောက်တယ်။
အမျိုးသမီး - တစ်ပါကင်ကို ဘယ်လောက်ပေးရသလဲ။
အမျိုးသား - ၁၀ ဒေါ်လာလောက်ပေါ့။
အမျိုးသမီး - ရှင် သောက်လာတာ ဘယ်လောက်ကြာပြီလဲ။
အမျိုးသား - ၁၅ နှစ်။
အမျိုးသမီး - တစ်ပါကင်ကို ၁၀ ဒေါ်လာ။ တစ်နေ့ကို သုံးပါကင်ဆိုတော့ တစ်လကို
                 ဒေါ်လာ ၉၀၀။ တစ်နှစ်ဆိုရင် ဒေါ်လာ ၁၀,၈၀၀ ကုန်တယ်။ မှန်တယ်မဟုတ်လား။
အမျိုးသား - မှန်တယ်။
အမျိုးသမီး - တစ်နှစ်မှာ ဒေါ်လာ ၁၀,၈၀၀ သုံးတယ်ဆိုရင် ဒီ ၁၅ နှစ်အတွင်း ဒေါ်လာ ၁၆၂,၀၀၀
                 တောင် ရှင် သုံးခဲ့တာပေါ့။ မှန်တယ်မဟုတ်လား။
အမျိုးသား - မှန်ပါတယ်။
အမျိုးသမီး - တကယ်လို့သာ ရှင်မသောက်ဘူးဆိုရင် ဒီပိုက်ဆံတွေကို အတိုးနဲ့ ဘဏ်မှာ
                 စုထားနိုင်တယ်။ ၁၅ နှစ်ပြည့်လို့ အတိုးရော၊ အရင်းပါ ပေါင်းလိုက်ရင် Ferrari ကား
အမျိုးသား - မင်းရော သောက်သလား။
အမျိုးသမီး - မသောက်ဘူး။
အမျိုးသား - ဒါဆို သောက်ရေးမပါတဲ့ မင်းရဲ့ Ferrari ကား ဘယ်မှာလဲ။
Pages
လာရောက်ကြည့်ရှုသည့် နိုင်ငံများ