Thursday, June 26, 2014

လူငယ်နှင့် အမျိုးသမီးကို ဦးစားပေးမည့် ပေါ်လစီကြောင့် ၅၂ နှစ်အရွယ် အမျိုးသား ကိုကိုကြီး NLD ပါတီဝင်ဖို့ စဉ်းစားရခက်နေ



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၌ ရှိသင့်သည့် ပညာအရည်အချင်းနှင့် အတွေ့အကြုံ၊ အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားဖြစ်မှုတို့အပေါ် အဓိကထား ရွေးချယ်သွားမည်ဟု ဇွန်လ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှနေ၍ ရွေးကောက်ပွဲဝင်မည်ဟု သတင်းများထွက်နေသည်မှာ မှန်ပါသလားဟု 7 Day Daily က ဦးကိုကိုကြီးကို ဇွန်လ ၂၄ ရက်တွင်မေးမြန်းခဲ့ရာ ဦးကိုကိုကြီးက ယခုအချိန်ထိ ဘာမှမဆုံးဖြတ်ရသေးပါဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်၊ မဝင်အပေါ် မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက 7 Day Daily အား ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပါတီဝင်မဟုတ်သော်လည်း ဖြစ်နိုင်ပြီး ရွေးချယ်ရေးမူဝါဒများ နှင့် ကိုက်ညီပါက လက်ခံမည်သာဖြစ်သည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်အချို့သည် လွှတ်တော်နိုင်ငံရေး လမ်းကြောင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး အချို့ကအဖွဲ့အစည်းအနေဖြင့် ဆက်လက်လှုပ်ရှားမည်ဟု ပြောကြားထားသော်လည်း မည်သည့်ခေါင်းဆောင်များက နိုင်ငံရေးလုပ်မည်ကိုမူ ယနေ့အချိန်ထိ ပြောကြားခြင်း မရှိသေးပေ။

နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ထားသည့်သူများအနေဖြင့် သီးသန့်ပါတီတစ်ခုထောင်ရန် အစီအစဉ်(သို့မဟုတ်)ရှိပြီးသားပါတီတစ်ခုမှပင် ရွေးကောက်ပွဲဝင်ရန် ရွေးချယ်မည်လားဆိုသည်ကို စဉ်းစားနေသော်လည်း မဆုံးဖြတ်ရသေးကြောင်း ဧပြီလအတွင်းက 7 Day News Journal နှင့် သီးသန့် တွေ့ဆုံမှုတွင်လည်း ဦးကိုကိုကြီးကပြောကြားထားသည်။

လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကိုသာ အတွေ့အကြုံမရှိသည့် ၈၈ မျိုးဆက်များ ဝင်ရောက်လာလျှင် အစိုးရအဖွဲ့၊ အတိုက်အခံပါတီအားလုံးနှင့် ကမောက်ကမ ဖြစ်လာမည့် အန္တရာယ်ရှိကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောကြားထားသည်။

7Day

၉၆၉ နဲ့ မဘသ ဘုန်းကြီးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့ပြီး ရခိုင်လူမျိုးများအား အစွန်းရောက် ၀ံသာနုရက္ခိတစိတ်ဓါတ်တွေဟု ပြောကြားလိုက်သည့် အောင်ရင်ငြိမ်း


စာပေလောက၊ လူမှုကွန်ရက် စာမျက်နှာများနှင့် ပြည်သူအများစုကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်မှာ အောင်ရင်ငြိမ်း ဘာတွေ ရေးခဲ့သလဲ?
အများစုက စိတ်ဝင်စားနေကြမှာပါ။ စာအုပ်ကို ဈေးကွက်ထဲမှာ ၀ယ်လို့မရနိုင်တဲ့အတွက် လက်လှမ်းမမှီဖြစ်နေသူများအဖို့ ယနေ့မှာတော့ pdf စာအုပ် ထွက်ပေါ်လာခဲ့ပါပြီ။

အပြာဆန်ဆန် အရေးသားတွေကြောင့် နာမည်ကြီးနေတဲ့ ပြင်းထန်စွာ
ဝေဖန်ခံနေရတဲ့ စာအုပ်အပေါ် ဘာတွေများရေးထားသလဲလို့ ဖတ်ကြည့်မိပါတယ်။
အင်မတန်မှ စိတ်ပျက်ဖွယ်ရာပါပဲ။ ကာမပိုင် လင်ယောင်္ကျားရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ
မိမိစိတ်ကြိုက် အခြားယောင်္ကျားတစ်ယောက်နဲ့ ဖောက်ပြန်ခွင့်ရှိပြီး အမျိုး ဘာသာ၊ သာသနာကိုလည်း စော်ကားထားပါသေးတယ်။စာရေးဆရာဟာ စိတ်ဒဏ်ရာ ရနေသူတစ်ဦးဖြစ်ဖို့များပါတယ်။
ဒါ့အပြင် မိမိခေါင်းထဲမှာရှိတဲ့ ပေါက်တတ်ကရအတွေးများကိုလည်း ထည့်သွင်းရေးသားထားပြီး ဒီလိုစာပေမျိုးကို ထုတ်ဝေခဲ့တဲ့ ထုတ်ဝေသူနဲ့ ဖြန့်ချိသူတွေကိုလည်း အံ့သြမိပါတယ်။

ဒါ့အပြင် စာဖတ်ပရိသတ်ဖြစ်တဲ့ ပြည်သူလူထုနဲ့ သံဃာတွေကိုပါ စော်ကားထားပြီး
ရခိုင်လူမျိုးများကိုပါ အစွန်းရောက် အကြမ်းဖက်များအဖြစ် စာအုပ်ထဲမှာ ဝေဖန်ခဲ့တာကို တွေ့ရမှာပါ။
ရခိုင်လူမျိုးများ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေနဲ့လည်း ဒီကိစ္စကို
ပြန်ကြားရေးတာဝန်ရှိသူတွေထံတင်ပြပြီး  ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုသင့်ပါတယ်။
အောင်ရင်ငြိမ်းဟာ အခုတော့ သာကေတဘက်ကို ထွက်ပြေးနေတယ်လို့ကြားပါတယ်။


အောင်ရင်ငြိမ်းစာအုပ်ထဲက သံဃာတော်များနဲ့ ရခိုင်လူမျိုးများကို စော်ကားထားတဲ့ စာပိုဒ် အချို့ကို နမူနာ ဖော်ပြလိုက်ပါတယ်။




ဆင်ခြေဖုံးရပ်ကွက် တရားပွဲတွေမှာ ၉၆၉ နဲ့ မဘသ ဘုန်းကြီးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့ပြီး ခေတ်ပညာမတတ်တဲ့ ပြည်သူလူထုကို လူမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးတရားတွေ နိုင်ငံရေးသမားလေသံနဲ့ ဟောပြောနေကြတယ်။

အနောက်ဘက် ခြံစည်းရိုးတ၀ိုက်မှာလည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုး လူသားအသိအမြင်တွေ ပျောက်ကွယ်ပြီး အစွန်းရောက် ၀ံသာနုရက္ခိတစိတ်ဓါတ်တွေ မီးဟုန်းဟုန်းတောက်လောင်နေသလို ၀ာာဝန်ကျေပွန်တဲ့ 
ခေတ်ပညာတတ် လစ်ဘရယ်ဒီမိုကရက်တစ်တွေက လူ့အခွင့်အရေး ကို သတိပြုကြဖို့ သတိပေးနေကြပေမယ့် အသိညဏ်ကင်းမဲ့တဲ့ ပြည်သူတွေရဲ့ မျက်ကန်းမျိုးချစ် စိတ်မီးလျှံတွေ ဆက်လက် ကျွမ်းလောင်နေကြတယ်.....


အထက်ပါ အရေးအသားများဖြင့် ပြည်သူလူထုနှင့် ရဟန်းသံဃာများအား စော်ကားခဲ့သော်လည်း 
ရိုမန်ဘော့ထ်စာရေးဆရာ အောင်ရင်ငြိမ်းကို ဖမ်းဆီးအရေးယူလျှင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်မည် ဟု NLD ပါတီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုလျက်ရှိသည်။
”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်လိုက်တော့ အတော်များများ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နိုင်ဖို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးစည်းရုံးမှုတွေ လုပ်နေတာပါ။ အခု ကိစ္စကိုလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်ရပါလိမ့်မယ်။ နိုင်ငံတကာမှာ ဒီလို လုပ်ရပ်တွေကို ဘယ်လို အရေးယူသလဲ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်။ လူ့အခွင့်အရေးကို အလေးထားတဲ့ အစိုးရဆိုရင် ဒီလိုမျိုး မိမိယုံကြည်ရာကို ရေးသားဖော်ပြခဲ့ နိုင်ငံသားတွေကို အရေးယူတာမျိုး လုပ်စရာ အကြောင်း မရှိပါဘူး။ ဒါကို ကျွန်တော်တို့ NLD ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ၄င်း၏သဘောထားကို ပြောကြားခဲ့သေးသည်။
credit to myanmar express

ဖမ်းဆီးခံ မိန်းကလေးများနှင့် အပျိုစင်ဘဝ လဲလှယ်ရန် ကမ်းလှမ်းခဲ့သည့် နိုက်ဂျီးရီးယား အဆိုတော် ဝေဖန်မှုမျိုးစုံ ကြုံနေရ


ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် ကျောင်းသူ မိန်းကလေးငယ်များ လွတ်မြောက်ရေးအတွက် မိမိ၏ အပျိုစင်ဘဝနှင့် လဲလှယ်မည်ဟု ကြေညာခဲ့သည့် နိုက်ဂျီးရီးယား Popဂီတ အဆိုတော်နှင့် ပတ်သက်ပြီး နိုက်ဂျီးရီးယားတွင် ဝေဖန်မှု၊ ထောက်ခံမှု အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျှက် ရှိသည်။
အေဒိုကီရီ အန်းဂိုဇီကိုင်ရီယန်က ဘိုကိုဟာရမ်တို့ အဓမ္မ ပြန်ပေးဆွဲ ခေါ်ယူသွားသည့် ရာနှင့်ချီ များပြားသော ကျောင်းသူလေးများကို ပြန်လွှတ်ပေးပါက ဘိုကိုဟာရမ် စစ်သွေးကြွများထံ မိမိ၏ အပျိုစင်ဂုဏ်ရည်ကို အစတေးခံမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။
အသက်(၂၃)နှစ်ရှိ အေဒိုကီရီက “ဒါဟာ မမျှတပါဘူး။ မိန်းကလေးတွေက သိပ်ငယ်လွန်းသေးတယ်။ သူတို့အတွက် ကျွန်မကိုယ်ကို အလဲအထပ် လုပ်ချင်ပါတယ်”ဟု ဆိုသည်။ သူမသည် မိမိသည် အပျိုစင်ဘဝကို ထိန်းသိမ်းထားသူ တစ်ဦးဟု ကြေညာထားဖူးပြီး ဖြစ်သည်။
မကြာသေးမီက နိုက်ဂျီးရီးယား ရုပ်ရှင်နှစ်ခုတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ကာ သရုပ်ဆောင် ဘဝကို အစပြုထားသည့် အဆိုတော်က “ကလေးမလေးတွေ အသက်က (၁၂)နှစ်ကနေ (၁၅)နှစ်လောက်ပဲ ရှိကြဦးမယ်။ ခရစ်တော်ရဲ့ အလိုအရပဲပေါ့။ ကျွန်မက သူတို့လေးတွေထက် အသက်ပိုကြီးတယ်။ အတွေ့အကြုံလည်း ပိုများတယ်။ ကျွန်မကို ညတိုင်း လူ(၁၀)ယောက်ကနေ (၁၂)ယောက်လောက်က အသုံးချမယ် ဆိုရင်တောင် ဂရုမစိုက်ပါဘူး။ မိန်းကလေးတွေကိုသာ ပြန်လွှတ်ပေးပါ။ သူတို့ကို မိဘတွေဆီ ပြန်သွားဖို့ ခွင့်ပြုလိုက်ပါ”ဟုလည်း အေဒိုကီရီက ပြောကြားထားသည်။
အေဒိုကီရီ၏ လုပ်ရပ်အပေါ် အားပေးထောက်ခံပြီး မိန်းကလေးများ လွတ်မြောက်လာပါက သူမကဲ့သို့ ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် အသင့်ရှိကြောင်း နိုက်ဂျီးရီးယား အမျိုးသမီး အချို့က တုပကြေညာခဲ့သည်။ အချို့ကလည်း အေဒိုကီရီသည် နာမည်ကြီးစေရန်အတွက် အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ်တို့ကို အသုံးချခြင်းဟု ဝေဖန်ခဲ့ကြသည်။ ဧပြီလ (၁၄)ရက်နေ့က ဘိုကိုဟာရမ်တို့သည် နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ချီဘော့ခ်မြို့မှ မိန်းကလေး (၂၇၆)ဦးကို ပြန်ပေးဆွဲသွားခဲ့သည်။
ခရစ်ယာန် ဘာသာဝင် မိန်းကလေးများကို ဘိုကိုဟာရမ်တို့က အဓမ္မ ခေါ်ယူသွားခြင်းဖြစ်ပြီး ယင်းတို့အနက် အနည်းငယ်သာ လွတ်မြောက်လာကာ အများစုမှာ သတင်းအစအန ပျောက်ကွယ်နေဆဲ ဖြစ်သည်။
_Ref: AU News

ပျူမြို့ဟောင်းသုံးမြို့အတွင်း ၂၀၁၃ နောက်ပိုင်းဆောက်ခဲ့သည့် နေအိမ်များဖယ်ရှားမည်

 ပျူမြို့ဟောင်းသုံးမြို့အတွင်း ၂၀၁၃ နောက်ပိုင်းဆောက်ခဲ့သည့် နေအိမ်များဖယ်ရှားမည်


ပျူမြို့ဟောင်းသုံးမြို့ အတွင်း လူနေအိမ်ခြေများ ကျူးကျော်ဝင်ရောက်မှုပြဿနာကို ဖြေရှင်းရာတွင် နှစ်ကာလကြာမြင့်သည့် လူနေအိမ်ခြေများကို မူလအတိုင်း ထားရှိမည်ဖြစ်သော်လည်း ၂၀၁၃ နောက်ပိုင်းတည် ဆောက်ခဲ့သော အိမ်ရာများကို နိုင်ငံတော်အဆင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဓိကလူနေအိမ်ခြေများ နှင့် ကျူးကျော်ပြဿနာများရှိသည့် ဒေသမှာသရေခေတ္တရာမြို့ ဟောင်းရှိရာ ပြည်မြို့နယ်အတွင်း ဖြစ်သောကြောင့် အဆိုပါဧရိယာအတွင်း လူနေအိမ်ခြေများနေထိုင်မှုနှင့် ပတ်သက်ပြီး ယူနက်စကို စိစစ်ရေးအဖွဲ့က အားနည်းချက်  တစ်ခုအနေဖြင့် ထောက်ပြခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်မတို့ကိုထောက်တဲ့ အားနည်းချက်ကလည်းအဲဒါပါ ပဲ။ ပျူမြို့ဟောင်းယူနက်စကို မ၀င်ခင်ကတည်းက မူလကတည်းက ရပ်ရွာတွေရှိပါတယ်။သူတို့က ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းမယ်၊ မသွင်းဘူးဆိုတာ ရပ်ရွာက လူတွေက မူလကတည်းက သိမှ မသိဘဲနော်။ မူလကတည်းက နှစ်ကို ရာနဲ့ချီပြီးနေလာခဲ့ကြတဲ့သူတွေပါ။ ဒါကြောင့်မိုလို့ မူလနေ နေတဲ့အခြေအနေကို ကျွန်မတို့ မဖယ်ပါဘူး။ အမွေအနှစ်တွေရှိ တဲ့ ဇုန်၊ ကာကွယ်ထိန်းသိမ်းတဲ့ဇုန် လို့ သတ်မှတ်ထားပါတယ်။ လက် ရှိအနေအထားအရ ဆောက်မယ်  ပြုမယ်ဆိုရင် ၀န်ကြီးဌာနနဲ့ ညှိရပါမယ်။ မလုပ်ရဘူးလို့မပြောဘူး။ ကျွန်မတို့က အဲဒါကို တွက်ချက်စစ်ဆေးပြီး အကြောင်းပြန် ကြားမှာပါ။ ယူနက်စကိုကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ၀န်ခံချက်ပေးထားတဲ့အတွက်အကောင်း ဆုံးနည်းလမ်းသုံးပြီးဖြေရှင်းသွား မှာပါ’’ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။
ယူနက်စကိုစစ်ဆေးရေးအဖွဲ့က ထောက်ပြချက်များအားလုံးလိုလို လိုအပ်ချက်များရှိသည်မ ဟုတ်သောကြောင့် ယူနက်စကို  အဖွဲ့ဝင်ကော်မတီများရုံးစိုက်ရာ ပြင်သစ်နိုင်ငံသို့ သွားရောက်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျနှင့် မည်ကဲ့သို့ ထိန်းသိမ်းကာကွယ်မည့် ၀န်ခံချက်ပေးခြင်း၊ တကယ့်ထိန်းသိမ်းသင့်သည့် အရှေ့တောင်အာရှ ၏ ရှေးဟောင်းအမွေအနှစ်ဖြစ် ကြောင်း ရှင်းပြဆွေးနွေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်ခဲ့သည်ဟု ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။
ပျူမြို့ဟောင်းသုံးခုအနက် ပြည်မြို့နယ်၊ သရေခေတ္တရာမြို့ ဟောင်းသည်သာ လူနေအိမ်ခြေများရှိပြီး ယင်းပြဿနာများကို ဖြေရှင်းရာတွင် ၂၀၁၀ ပြည့်နှစ်အစောပိုင်းကတည်ရှိပြီး မူလအိမ် ခြေများကို မူလအတိုင်းရှိမည် ဖြစ်သော်လည်း ၂၀၁၃ ခုနှစ်မှ စတင်ပြီး တိုးချဲ့လာမည့်အိမ်ခြေ များကို တင်းတင်းကျပ်ကျပ်ထိန်း သိမ်းကာကွယ်သွားမည်ဟု ဒုတိယညွှန်ကြားရေးမှူး သရေခေတ္တရာ ဆိုက်မန်နေဂျာကပြောသည်။
‘‘၂၀၁၃ခုနှစ်ဆန်းပိုင်းထဲမှာ ကျူးကျော်ပြီးသားအိမ်ခြေ ၂၁လုံး တွေ့ရှိပါတယ်။ ကျူးကျော်ပြီး သားဟာတွေကိုတော့ အောက်ခြေမှာအလွယ်တကူလုပ်လို့ရတဲ့ ဟာတွေမဟုတ်ဘူးလေ။ ၂၀၁၃ခု နှစ်နောက်ပိုင်းကျူးကျော်လာတဲ့ အိမ်တွေကို ကော်မတီအဆင့်ဖွဲ့ စည်းပြီး နိုင်ငံတော်အဆင့်စီမံ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ဆိုက်မန်နေဂျာဦးအောင် အောင်ကျော်ကပြောသည်။
ပျုမြို့ဟောင်းသုံးမြို့သည် မြန်မာနိုင်ငံအတွက် ပထမဆုံး ယူနက်စကိုစာရင်းဝင်သည့် ရှေး ဟောင်းမြို့သုံးမြို့ ဖြစ်သောကြောင့် ထိန်းသိမ်းကာကွယ်မည့်နည်းလမ်းများကို စနစ်တကျ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ဒေသခံများပါဝင်လာစေရန် အသိပညာပေး ဆွေးနွေးမှုများ လည်း ပြုလုပ်သွားမည်ဖြစ် ကြောင်း ဒုတိယ၀န်ကြီးက ပြော သည်။
ပျုမြို့ဟောင်းသုံးခု ယူနက်စကို ၀င်ရောက်ရေးသည်အခြားနိုင်ငံများကဲ့သို့ လွယ်ကူစွာဝင်ရောက် ခြင်းမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဒေသခံများနှင့်ဝန် ထမ်းများစုစုပေါင်း ၁၅ဦးကအ ခြားအဖွဲ့ဝင်နိုင်ငံများအား သွား ရောက်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ အကြောင်း သိရှိစေရန်စည်းရုံး ဟောပြောခြင်းများကြောင့် စိတ် အားထက်သန်မှုအားပေးခဲ့သဖြင့်  နိုင်ငံပေါင်း ၁၈နိုင်ငံက ထောက်ခံခဲ့ပြီး သုံးနိုင်ငံက ကြားနေအဖြစ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
credit to အိမွန်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွား၍ စီးပွားရေးအခွင့်အလမ်းပွင့်လာ

 ပျူမြို့ဟောင်းသုံးမြို့မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပထမဆုံး မြန်မာမြို့ဟောင်းသုံးမြို့ဖြစ်
 7Day Daily
Tue, 2014-06-24
ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အ ဖြစ် ယူနက်စကိုက သတ်မှတ် လိုက်သောကြောင့် ရှေးဟောင်း မြို့များ ထိန်းသိမ်းရန် ငွေကြေးနှင့် နည်းပညာအကူအညီများ ပိုမိုရရှိ လာမည့်အပြင် စီးပွားရေးအခွင့် အလမ်းများစွာ ဖန်တီးနိုင်တော့ မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရှင်များကပြောသည်။
ပျူမြို့ဟောင်း သုံးမြို့ဖြစ် သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့ကို ကုလသမဂ္ဂပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအ နှစ်စာရင်းဝင် (World Hertiage List) အဖြစ် ဇွန်လ ၂၂ ရက်က သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်း ပနေသော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီ လာခံ၌ ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံ၏ ထောက်ခံချက်ဖြင့် ပျူမြို့ ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်အဖြစ် သတ်မှတ် လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် ရှေးဟောင်းယဉ်ကျေးမှုနယ် မြေများစွာရှိသော်လည်း ယူနက် စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်အဖြစ်အသိအမှတ်ပြုခံရမှုမှာ ပျူမြို့ဟောင်းသုံးမြို့သည် ပထမ ဆုံးဖြစ်သည်။
ယူနက်စကိုက ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဟု အသိအမှတ် ပြုလိုက်ပြီးနောက် ယင်းအခြေ အနေကို အသုံးချ၍ အစိုးရအနေဖြင့် စီးပွားရေးအခွင့်အလမ်း ကောင်းများ ဖန်တီးနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းကို အခြေခံ၍ စီးပွားရေးအခွင့်အလမ်းများ အကောင်အထည်ဖော်နိုင်သော ကြောင့် နိုင်ငံအတွက် ကောင်းမွန် နိုင်ကြောင်း သမိုင်းပညာရှင်များ က ပြောသည်။
‘‘မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းအများစုက ယဉ်ကျေးမှု ကို အခြေခံပြီး စီးပွားရေးကောင်း ကောင်းလုပ်လို့ရတယ်။ ဒေသခံ တွေ အကျိုးရှိစေတဲ့ စီးပွားရေးကို အခြေခံရင် ထိန်းသိမ်းရေးလုပ် ငန်းမှာ ဒေသခံတွေ ပူးပေါင်းပါ ၀င်လာနိုင်တယ်။ အရင်းရှင်တွေ ကိုသာ လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင် တော့ သူတို့တွေပူးပေါင်းပါဝင်မှု အားနည်းလာလိမ့်မယ်’’ဟု  သမိုင်း ပညာရှင် ဦးစိုင်းအောင်ထွန်းက ပြောသည်။
‘‘ဒီလို သတ်မှတ်ခံရခြင်း ကြောင့် မြန်မာနိုင်ငံကို ရိုးရိုးအ ပျော်ခရီးလာရောက်လည်ပတ်တဲ့ ကမ္ဘာ့လှည့် ခရီးသည်များအပြင် အရည်အသွေးမြင့်တဲ့ကမ္ဘာ့ခရီး သည်တွေ လာရောက်ကြလိမ့် မယ်။ ဒီရှေးဟောင်းနေရာတွေကို လာရောက်သုတေသနလုပ်မယ့် ပညာရှင်တွေ စတဲ့အများကြီးရောက်လာနိုင်တယ်’’ဟု ခရီးသွားလုပ်ငန်းကျွမ်းကျင်သူ ဒေါ်စံပယ်အောင်ကပြောသည်။
ဟန်လင်း၊ ဗိဿနိုး၊ သရေ ခေတ္တရာမြို့ဟောင်း သုံးမြို့မှာ ရှေးလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က စတင်၍ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး မြန်မာနိုင်ငံ၏ ရှေး အကျဆုံးသော မြို့ဟောင်းများ ဖြစ်သည်။
‘‘ဒီကိစ္စက ခရီးသွားလုပ်ငန်း အတွက်ကောင်းတဲ့ အချက်ပဲ။ အခုဆို ပုဂံမှာဆိုရင် လူတွေက ပြုပြင်တာတွေ လွန်ကဲနေတော့ ဟန်လင်းတို့လိုမျိုး အခွင့်အရေး မရခဲ့ဘူး။ ကမ္ဘောဒီးယားက အန် ကောဝပ်ကျောင်းဆိုရင် ဒီလို အမွေအနှစ်စာရင်းဝင်သွားတော့ သူနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက တက်လာတာကို တွေ့ရတယ်’’ ဟု ဒေါ်စံပယ်အောင်ကသုံးသပ် ပြောသည်။
‘‘ပျူမြို့ဟောင်း သုံးမြို့ကိုရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအတွက် အလွန်အမင်းကို အရေးပါလှပါတယ်။ ရွေးချယ်မှုကဒီမြို့တွေကို သင့်တော်မှန်ကန်စွာနဲ့ သေချာစောင့်ရှောက်ထိန်းသိမ်းဖို့ အာမခံပေးမှာဖြစ်ပါတယ်။ မိတ်ဖက်နိုင်ငံတွေဆီက ရန်ပုံငွေတွေနဲ့ ယူနက်စကိုဘက်က ပူးပေါင်းဆောင်ရွက်ပေးမှုကို မျှော်လင့်သင့်ပါတယ်။ ဒီလိုရွေးချယ်ခံရခြင်းဟာ မြန်မာမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်နေရာများစွာထဲမှာ ပထမဆုံး ဖြစ်သင့်ပါတယ်။ ပုဂံနဲ့ ရွှေတိဂုံတို့ကတော့ ယူနက်စကိုစာရင်းမှာပါဖို့ တင်သွင်းခဲ့ဖူးတာ အထင်အရှားပဲပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ယူနက်စကိုစာရင်းမှာအတွင်းဝန်ရုံးပတ်လည် နေရာမျိုး၊ ရန်ကုန်မြို့လယ်က နေရာမျိုးလည်း ပါစေချင်ပါတယ်’’ ဟု သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ပျူမြို့ဟောင်း သုံးခုသည် ပထမမြန်မာနိုင်ငံ၏ အမှတ်အ သားတစ်ခုဖြစ်သော်လည်း နိုင်ငံ ရေးအခြေအနေကြောင့် ကမ္ဘာ တွင် ဒဏ္ဍာရီဆန်ဆန်ရှိခဲ့ရာမှ ယခုကဲ့သို့ ယူနက်စကိုက အသိ အမှတ်ပြုခြင်းသည် မြန်မာသမိုင်း အစကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပြီး ပျူမြို့ဟောင်းသုံးခုသည် ကမ္ဘောဒီးယားနိုင်ငံရှိ ယူနက်စကို အသိအမှတ်ပြုထားသည့် အန်ကောဝပ် ဘုရားကျောင်းထက် ပို၍ ရှေးကျကြောင်း စာရေးဆရာ ဆရာချစ်စံဝင်းကပြောသည်။
ပျူမြို့ဟောင်း သုံးခုကို ကမ္ဘာက အသိအမှတ်ပြုလိုက် ခြင်းကြောင့် မြို့သုံးခုထိန်းသိမ်း ရေးအတွက်ငွေကြေးရန်ပုံငွေများ နှင့် နည်းပညာများရရှိနိုင်သော ကြောင့် ပြုပြင်ရာတွင် သမိုင်း အထောက်အထားများ ပျောက် ပျက်နိုင်မည်မဟုတ်တော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။  ယခင်က ယူနက်စကိုနှင့် အလှမ်း ဝေးခဲ့သောကြောင့် ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ပြုပြင်ခဲ့ရာ ပုဂံတွင် ရှေးဟောင်းလက္ခဏာများပျက် ယွင်းခဲ့သည်များ ရှိခဲ့သော်လည်း ပျူမြို့ဟောင်းသုံးခုသည် ပုဂံကဲ့ သို့ ဖြစ်ပေါ်လာနိုင်တော့မည်မ ဟုတ်ကြောင်း ဆရာချစ်စံဝင်းက ပြောသည်။
‘‘အခုဆို ပျူမြို့ဟောင်းတွေ ကမ္ဘာ့အမွေအနှစ်ဝင်သွားပြီ။ ကျွန်တော်တို့တွေ အားလုံး ပူးပေါင်း ပြီး ပျူယဉ်ကျေးမှု အမွေအနှစ် တွေကိုလည်း ဆက်လက်ထိန်း သိမ်းစောင့်ရှောက်သွားရမယ်။ မြန်မာကို ကမ္ဘာ့က သိလာပြီး နိုင်ငံအတွက်လည်း ဂုဏ်ရှိသလို ဒေသခံတွေအတွက်လည်း များ စွာအကျိုးဖြစ်ထွန်းလာမယ်’’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးအောင်ကျော်ကဆိုသည်။
‘‘အရေးကြီးတာက ဒီရွေး ချယ်မှုက ဒီပျူမြို့ဟောင်းတွေကိုဘဏ္ဍာရေးနဲ့ နည်းပညာပိုင်းထောက်ပံ့မှုရဖို့နဲ့ ဒီမြို့တွေကို သေချာထိန်းသိမ်းသွားဖို့ ရည်ရွယ်ချက်တွေကို ဖြစ်လာစေမှာပါ။ နောက်အရေးကြီးတာကလည်း ဒါဟာ မြန်မာပြည်ကနေ ယူနက်စကိုစာရင်းမှာ မကြာမီထပ်ပါမယ့်နေရာတွေရှိလာမှာရဲ့ အစပဲ ဖြစ်သေးတယ်ဆိုတာပါ။ ပုဂံမှာလို အခြားရှေးဟောင်းနေရာတွေမှာ လုပ်ခဲ့တဲ့ ခေတ်သစ်အဆောက်အအုံ ပစ္စည်းတွေနဲ့ ရှေးအဆောက်အအုံတွေ ရောထားတာမျိုးအမှားတွေကို အနာဂတ်မှာ ကျွန်တော်တို့ ရှောင်ရပါမယ်’’ ဟု ဒေါက်တာသန့်မြင့်ဦးက သုံးသပ်ပြောကြားသည်။
ပျူမြို့ဟောင်းသုံးမြို့အနက် သရေခေတ္တရာ ပျူမြို့ဟောင်း သည် ပျူခေတ်ယဉ်ကျေးမှု အ ထွန်းကားဆုံးမြို့ဟောင်းဖြစ်ပြီး ကုန်သွယ်မှု၊ ယဉ်ကျေးမှုလက်ရာ များ၊ စေတီ၊ မြို့ရိုး၊ ရုပ်ပွားတော် တို့မှာ ပျူခေတ်ကို အခိုင်အမာ ဖော်ပြနိုင်သည်။ ရွှေဆံတော် ဘုရား၊ ဘုရားကြီးဘုရား၊ ဘုရား မာဘုရား၊ ဘောဘောကြီးဘုရား၊ ရဟန္တာဂူဘုရားနှင့် မြို့ရိုးနှစ် ထပ်၊ တံခါးပေါက်ဝများစသည် တို့မှာ ပျူခေတ်ကို အခိုင်အမာ ဖော်ပြနိုင်ခဲ့သည်။
ဟန်လင်းပျူမြို့ဟောင်းမှာ ပျူခေတ်ယဉ်ကျေးမှုထွန်းကားခဲ့ ခြင်းကို မြေပြင်တွင် ဖော်ပြရန် အားနည်းချက်များရှိသည်ဟု ထင်ခဲ့ သော်လည်း ICOMOS မှ လာ ရောက်စစ်ဆေးသည့်အခါ ဟန် လင်းမြို့ဟောင်းမှာ မြေအောက် တွင် ပျူခေတ်ယဉ်ကျေးမှုများ ထွန်းကားမှု အခိုင်အမာရှိခဲ့ ကြောင်း သိရပြီး ယခုအခါပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။
မြန်မာအစိုးရက ၁၉၉၄ အောက်တိုဘာလတွင် ပျူရှေးမြို့ ဟောင်းသုံးမြို့အပါအ၀င်မြောက်  ဦး၊ ပြဒါးလင်းဂူ၊ အင်းလေးကန်၊ မင်းကွန်းဒေသ၊ မန္တလေးဒေသ၊ အင်းဝဒေသနှင့် ဟံသာဝတီရှေး ဟောင်းနေရာနှင့် သဘာဝနေရာ ရှစ်ခုကို ယူနက်စကိုသို့ အဆိုပြု တင်သွင်းခဲ့သည်။
ယင်းရှစ်ခုအနက် မြို့ပြယဉ်ကျေးမှု အစောဆုံးထွန်းကားခဲ့ခြင်း၊ထေရ၀ါဒဗုဒ္ဓဘာသာအစောဆုံး ရောက်ရှိထွန်းကားခဲ့ခြင်း၊ အရှေ့ တောင်အာရှဒေသတွင် အစော ဆုံးထွန်းကားခဲ့သော ရှေးမြို့ ဟောင်းအဖြစ် ထင်ရှားစွာကြွင်း ကျန်ခဲ့ခြင်း၊ ပုဂံခတ်အား အနုပညာလက်ရာယဉ်ကျေးမှုအဆင့် မြင့်မားစွာပေါက်ဖွားလာအောင် မျိုးစေ့ချထားပေးနိုင်ခဲ့ခြင်းတို့၏ အကောင်းဆုံး ပြယုဂ်ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများအား စာ ရင်းတင်သွင်းရန် ၂၀၀၈ခုနှစ်က တည်းက စတင်ဆောင်ရွက်ခဲ့ခြင်း  ဖြစ်သည်ဟု အစိုးရကထုတ်ပြန် သည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ တွင် ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရန်အတွက် ယူနက်စကိုနှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။ မန္တလေးမှ ကျောက်စာ ပေါင်း ၇၂၉ ချပ်ရှိသော မဟာလောကမာရဇိန် စေတီကုသိုလ်တော် ဘုရားများကိုယူနက်စကိုက ကမ္ဘာ့မှတ်တမ်းစာရင်း (Mem-ory of the World) ၀င်အဖြစ် ၂၀၁၃ ခုနှစ်က သတ်မှတ်ခဲ့သည်။


ဆက်လက်ဖတ်ရှုရန်.-======  ပျူမြို့ဟောင်းသုံးမြို့အတွင်း ၂၀၁၃ နောက်ပိုင်းဆောက်ခဲ့သည့် နေအိမ်များဖယ်ရှားမည်

ဦးဆန်းဆင့် ဘယ်လိုလူစားလဲ

ဌာနပိုင်ငွေကြေး အလွဲသုံးစား လုပ်သည်ဆိုပြီး အစိုးရက သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီးထောင်ချ လိုက်သော်လည်း ဧရာဝတီတိုင်း ဒေသကြီးရှိ နိုင်ငံရေးသမားများနှင့် မဲဆန္ဒရှင်များကမူ တိုင်းလွှတ်တော် ဥက္ကဋ္ဌဟောင်းအပေါ် တမျိုးမြင်ကြသည်။ ဦးဆန်းဆင့်နှင့် ထိတွေ့ဆက်ဆံခဲ့သည့် ဧရာဝတီတိုင်းရှိ ကဏ္ဍအသီးသီးမှ လူပုဂ္ဂိုလ်တို့၏ အမြင်များကို ဧရာဝတီက မေးမြန်းစုံစမ်းခဲ့ရာ သူတို့က ဦးဆန်းဆင့်သည် အကျင့်ပျက်ပြီး အဂတိလိုက်စားသူ၊ ရာထူးအကြောင်းပြုပြီး မိသားစု ဆွေမျိုးတသိုက် ကောင်းစားရေး လုပ်ဆောင်နေသူ၊ ရာထူးအာဏာရှိတုန်း ရသမျှ ခွင်ဖန်ပြီး ကိုယ်ကျိုးရှာ အကျင့် ပျက်ခြစားနေသူ လုံးဝမဟုတ်ဟု သူတို့ကမြင်ကြသည်။

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေး ဌာန၌ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က “ကျနော့်အနေနဲ့ တပ်မတော်တာဝန် တိုင်းပြည်တာဝန်ကို နှစ်ပေါင်း ၄၀ ကျော် ထမ်းဆောင်လာခဲ့ရာမှာ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့ခြင်း မရှိပါဘူး။ တပ်မတော်က အကျင့်စာရိတ္တ မှတ်တမ်းမှာ ပြစ်မှုကင်းရှင်းပါတယ်။ သတိပေး ဆုံးမခံရခြင်းပင် မရှိကြောင်း ကျနော့်ရဲ့ ကက (ထူး) မှတ်တမ်းမှာ ကြည့်နိုင်ပါတယ်။ ထိုခေတ် ထိုအခါနှင့် လက်ရှိ အစိုးရလက်ထက်များတွင် မင်းဘဏ္ဍာ ကိုယ့်ဟာ မှတ်ပါဆိုပြီး လုပ်နေတဲ့ သူခိုးများနှင့်ရော၍ ထင်ယောင်ထင်မှား ရေးသားပြောဆိုခြင်းသည် စာနယ် ဇင်းကျင့်ဝတ်နှင့် မညီသောလုပ်ရပ် ဖြစ်ပါတယ်။ သံသယဖြစ်ပါက စစ်ဆေးခံနိုင်ပါတယ်” ဟု ပြောဆို ခဲ့ဖူးသောကြောင့် အစိုးရဝန်ကြီးများထဲတွင် ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာ အစစ်ဆေးခံနိုင်ကြောင်း ပထမဆုံး စိန်ခေါ်ပြောကြားခဲ့သူဖြစ်သည်။
ဦးဆန်းဆင့်သည် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ နယ်၊ ကွင်းသာကျေးရွာ ဇာတိဖြစ်သည်။ တက္ကသိုလ်ဝင်တန်းကို ရေကြည်မြို့ အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ၆ လခန့် ကျောင်းတက်ခဲ့ပြီး စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။
ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ကျောင်းဆင်း တဦးဖြစ်သည့် ဦးဆန်းဆင့်သည် ဗိုလ်အဆင့်မှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ တပ်မတော်၌ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မှ မနုတ်ထွက်မီ အချိန်တွင် စစ်ရာထူးခန့်ချုပ်တာဝန်ကို နောက်ဆုံးထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ၂ လခန့်အလိုတွင် ရွေးကောက်ပွဲဝင်ရန် တပ်မှနုတ်ထွက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ခဲ့ရာ မည်သူမျှ ယှဉ်ပြိုင်အရွေးခံခြင်း မရှိသည့်အတွက် ဦးဆန်းဆင့် အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးချယ်တင်မြှောက်မှု ဖြင့် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ဦးဆန်းဆင့် လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှ သာသနာရေး ဝန်ကြီးအဖြစ် နေပြည်တော် မပြောင်းရွှေ့မီ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ကာလအထိ ၂ နှစ်နီးပါး ကာလအတွင်း အဂတိလိုက်စားသည့် ကိစ္စမျိုး လုံးဝမကြား သိခဲ့ရကြောင်း Daily Eleven သတင်းစာ၏ ပုသိမ်မြို့နယ် သတင်းထောက် သက်ဆွေ (ပုသိမ်) က ပြောသည်။
“ကျနော်တို့ ပုသိမ်မှာ လူကြီးအိမ်တွေအားလုံးကို လူတော်တော်များများ ဝင်ထွက်သွားလာပြီးတော့ ခေတ်စကားအရ ပြောရရင် မီးဖိုချောင်ကနေတက်တဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေပေါ့။ အဲလိုကိစ္စတွေ ရှိတတ်တယ်။ ဒါပေမယ့် ဦးဆန်းဆင့်ကတော့ ရုံးကိစ္စတွေကို အိမ်မှာလာရောက်တွေ့ဆုံ ဆွေးနွေး တာတွေမလုပ်ဖို့ သူ့အိမ်ရှေ့မှာ စာကပ်ထားတယ်။ ဒါမျိုးကိစ္စတွေကအစ ဦးဆန်းဆင့်က အပြတ်ဖြတ်ထားတာ တွေ့ရတယ်” ဟု ၂၀ဝ၉ ခုနှစ်ကတည်းက ပုသိမ်မြို့နယ် သတင်းထောက်တာဝန် ထမ်းဆောင် နေခဲ့သူ သက်ဆွေ (ပုသိမ်) ကပြောသည်။
ဦးဆန်းဆင့်သည် ကိုယ်တိုင် အဂတိတရား ကင်းရှင်းအောင် နေထိုင်သလို ဧရာဝတီတိုင်းအတွင်းရှိ ဌာနဆိုင်ရာနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အကျင့်ပျက်ခြစားမှုများကို အရေးယူရန် ကြိုးပမ်း လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောပြသည်။ ဥပမာအနေဖြင့် ပန်းတနော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင် သိမ်းယူခဲ့သည်ဆိုသော လယ်ယာမြေ ကိစ္စများကို ဦးဆန်းဆင့်က လွှတ်တော်ကော်မတီဖွဲ့၍ စစ်ဆေးစေခဲ့သလို ဟင်္သာတခရိုင် အတွင်းရှိ တိုင်းလွှတ်တော် ကိုယ်စားလှယ်တဦးက အိမ်ဖော်မလေးအား ကာမလိမ်လည် ရယူမှု ကိစ္စတွင်လည်း ကော်မတီဖွဲ့၍ စစ်ဆေးပြီး အရေးယူနိုင်ရန် ကြိုးပမ်းမှုများရှိခဲ့သည်။

ဖမ်းဆီးခံထားရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် (ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ)
စီမံအုပ်ချုပ်ရေးတွင်လည်း ဦးဆန်းဆင့် အမှတ်ရသည်။ ဧရာဝတီတိုင်းတွင် ရေလုပ်သား အင်းသားကြီးများက လယ်ယာစိုက်ပျိုးမှုအတွက် အသုံးပြုသည့် ရိုးများ၊ ချောင်းမြောင်းများကို တာပိတ်၍ ငါးဖမ်းခြင်းများရှိခဲ့ရာ လယ်သမားများ လယ်စိုက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရာ ဦးဆန်းဆင့်က ဧရာဝတီတိုင်း ဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး အသက်ဝင်အောင်ကြိုးပမ်းခဲ့ရာ အင်းသားကြီးနှင့် လယ်သမားတို့အကြား အထိုက်အလျောက် ပြေလည်သွားခဲ့သည်။
ဧရာရွှေဝါကုမ္ပဏီ သိမ်းဆည်းခဲ့သည့် လယ်မြေကိစ္စများ၊ ငွေဆောင်၊ ချောင်းသာကမ်းခြေရှိ မြေသိမ်းခံရမှုများနှင့် ပုသိမ်စက်မှုဇုန် မြေသိမ်းခံရမှုများကိုလည်း ဦးဆန်းဆင့်က လွှတ်တော်ကော်မတီဖွဲ့၍ကွင်းဆင်းစစ်ဆေးစေခဲ့ပြီး မူလပိုင်ရှင်များကို လျော်ကြေးငွေ (သို့မဟုတ်) မြေပြန်ပေးရန် အစိုးရအဖွဲ့အား တိုက်တွန်းခဲ့သည်။
“သာပေါင်းမှာ ရေတွေကြီးတုန်းကဆိုရင် ပင်လယ်လို ဖြစ်နေတဲ့နေရာမှာ ဦးဆန်းဆင့်က မော်တော်တစီးနဲ့ လှိုင်းတွေလေတွေ ကြားထဲမှာ နေရာအနှံ့သွားပြီး ဒုက္ခသည်တွေကို ကိုယ်တိုင်လှူတယ်။ မကြောက်ဖို့ မစိုးရိမ်ဖို့ အားပေးစကားတွေ ပြောခဲ့တယ်။ ဆေးအဖွဲ့တွေခေါ်ပြီး ဆေးကုပေးတာ တွေလုပ်ခဲ့တယ်။ တချို့ရွာတွေဆို အကုန်ရေမြုပ်နေ လို့ မော်တော်ပေါ်ကနေ လက်ကိုင်စပီကာနဲ့အော်ပြီး အားပေးစကား ပြောခဲ့တာ။ ဧရာဝတီတိုင်းအတွက် တကယ်အလုပ်လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ပါ”ဟု ပုသိမ်မြို့ခံ သတင်းထောက်တဦးဖြစ်သည့် ဦးစိုးညွှန့်ကလည်း ပြောသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်း ကာလတွင် ဧရာဝတီတိုင်းလွှတ်တော်ကို ဒီမိုကရေစီ နည်းလမ်းကျသော လွှတ်တော်ဖြစ်အောင် ဦးဆန်းဆင့်က ဦးဆောင်ကြိုးပမ်းပေးခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။ “ဦးဆန်းဆင့်ဟာ လွှတ်တော်ရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့သူတဦးပါ။ လွှတ်တော်ကို တကယ်ပီပြင်တဲ့ ဒီမိုကရေစီ နည်းလမ်းကျသော လွှတ်တော်ဖြစ်အောင် သူက ရှေ့ကနေဦးဆောင်ခဲ့တာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြောသည်။
ဦးဆန်းဆင့်နှင့် ပတ်သက်ပြီး အများပြည်သူ သတိထားမိသည်မှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းတို့အား ဧရာဝတီတိုင်း လွှတ်တော်တွင် စွပ်စွဲပြစ်တင် အဆိုတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။ ဌာနဆိုင်ရာများအနေဖြင့် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် လွှတ်တော်ဥပဒေဆိုင်ရာများ ရှင်းခြင်းမှအပ ကျန်ကိစ္စများတွင် လွှတ်တော်ကိုယ်စား လှယ်ဆင့်ခေါ်လျှင် သွားစရာမလိုကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်နှင့် မြို့နယ်အားလုံးသို့ စာထုတ်ပြန်ခဲ့ရာ ယင်းစာသည် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ ဂုဏ်သိက္ခာကို ထိပါးစေသည်ဟုဆိုကာ စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့ကြခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဝန်ကြီး ဦးသန်းထွန်းက လွှတ်တော်အတွင်း တရားဝင် တောင်းပန်ခဲ့သည့်အတွက် စွပ်စွဲပြစ်တင်အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ရုပ်သိမ်းခဲ့သည်။ စွပ်စွဲပြစ်တင်ပြဿနာ ပြီးဆုံး၍ မကြာမီမှာပင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လစ်လပ်နေသည့် သာသနာရေးဝန်ကြီးနေရာတွင် ဦးဆန်းဆင့်ကို အစားထိုးခန့်အပ်ပြီး ပွတ်တိုက်မှု ပြင်းထန်နေသည့် ဧရာဝတီတိုင်း လွှတ်တော်နှင့် အစိုးရပြဿနာကို ဖြေရှင်းခဲ့သည်။
ဦးဆန်းဆင့် သာသနာရေး ဝန်ကြီးရာထူးဖြင့် နေပြည်တော်သို့ ပြောင်းရွှေ့မည်ကို ဧရာဝတီတိုင်း ဒေသခံများမှာ ဝမ်းမသာနိုင်ဘဲ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌရာထူး နေရာမှာပင် ဆက်လက်ခန့်ထားပေးရန် နိုင်ငံတော် သမ္မတထံ တောင်းဆိုခဲ့ကြသည်။ ဦးဆန်းဆင့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းမှာ ဆက်ထားပေးရေးအတွက် ကျုံပျော်၊ ပန်းတနော်မြို့များတွင် ဆန္ဒဖော်ထုတ်ခဲ့ကြရာ မြန်မာနိုင်ငံတွင် ထူးခြားသည့် ဆန္ဒပြပွဲများအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ပြည်သူထောက်ခံသော စစ်ဗိုလ်ချုပ် ဟောင်းတဦးအဖြစ် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
“ဦးဆန်းဆင့်က လွှတ်တော်ထဲမှာလည်း ဘယ်ပါတီကပဲဖြစ်ဖြစ် အားလုံးကို လွှတ်တော်ကိုယ်စား လှယ်အနေနဲ့ပဲ ဆက်ဆံပါတယ်။ တစညမို့လို့၊ NLD မို့လို့ ခွဲခြားတာမျိုးတွေ မရှိပါဘူး။ သူကိုယ်တိုင်လည်း လွှတ်တော်ဥက္ကဋ္ဌ တဦးအနေနဲ့ပဲ အကုန်လုံးကိုဆက် ဆံပါတယ်။ ဦးဆန်းဆင့်ကို ဧရာဝတီတိုင်းက ဆုံးရှုံး တာဟာ ဧရာဝတီတိုင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ဆုံးရှုံးမှုအပြင် ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေတဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းလွှတ်တော်ကို ဆုံးရှုံးသွားတာနဲ့ အတူတူပါပဲ။ လူတော်တယောက်ကို သူ့ရဲ့ လူမှန်နေရာမှန်မှာ မထားတဲ့ ဆုံးရှုံးမှုပါ”ဟု NLD ပါတီ၏ ရေကြည်အမတ် ဒေါက်တာ လှမြတ်သွေးက ပြောသည်။
ဧရာဝတီတိုင်း၌ ပြည်သူလူထု၏ ချစ်ခင်လေး စားမှုကိုခံရပြီး နာမည်ကောင်း ရခဲ့သော်လည်း နေပြည်တော် သာသနာရေး ဝန်ကြီးဌာနတွင် ဦးဆန်းဆင့် အဆင်မချောခဲ့၊ လမိုင်းမကပ်ခဲ့ပေ။
နေပြည်တော် အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်း အမြင်မတော်မှုများကို လူသိရှင်ကြားဝေဖန် နေခဲ့သည်။ ဥပမာတခုပြရလျင် ပြန်ကြားရေးဌာနသည် အခါကြီးရက်ကြီးများတွင် နိုင်ငံ့ဂုဏ်ဆောင် သမိုင်းဝင် ရွှေတိဂုံစေတီတော်အား ဦးစွာဖော်ပြရမည့်အစား နေပြည်တော်ရှိ ဥပါတသန္တိစေတီတော်ကို ဦးစွာဖော်ပြနေခြင်းမှာ လူကြီးများကို မျက်နှာလိုက်၍ လုပ်ဆောင်နေသည်ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး ဝန်ကြီးရာထူး လက်ခံရယူပြီး ၁ နှစ် စွန်းစွန်းမှာပင် ငွေကြေးအလွဲသုံးစားမှုနှင့် စွပ်စွဲခံရကာ အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခံဘဝ ရောက်ခဲ့ရတော့သည်။ ဌာနပိုင်ငွေကြေး အလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခံရခြင်း ကိစ္စမှာ သာသနာရေးဌာနမှ ညွှန်ချုပ်တဦးကို ရာထူးလျှော့ကာ ချင်းပြည်နယ်သို့ ပို့ခဲ့သည့်အတွက် ယင်းပုဂ္ဂိုလ်က အငြိုးအတေးထား တိုင်ကြားခြင်းဖြစ်ကြောင်း ဦးဆန်းဆင့် မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
“သာသနာရေး ညွှန်ချုပ်ကို အပြောင်းအရွှေ့ လုပ်ခဲ့တာရှိတယ်။ ချင်းပြည်နယ် သာသနာရေးမှူး အဖြစ်ပေါ့။ အဲဒီလူကမသွားဘဲ ရန်ကုန်ကကမ္ဘာအေးမှာပဲနေတယ်။ ပြီးမှ ညွှန်ချုပ်က မကျေနပ်တော့ကာ ဒါတွေကို သိန်း ၁၀ဝ အလွဲသုံးစား လုပ်ပါတယ်ဆိုပြီး တော့တိုင်တာ။ တိုင်တဲ့အခါ သမ္မတကြီးကို တင်ပြတယ်။ သူ့ (ဦးဆန်းဆင့်) ကိုအလွဲသုံးစားလုပ်တယ်။ လာဘ်စားပါတယ်ဆိုပြီး တိုင်တယ်။ သမ္မတကြီး သူ့ကိုစစ်ပါ။ တိုင်တဲ့လူကိုလည်းစစ်ပါ။ သူ့မှာ အပြစ်ရှိတယ်ဆိုရင် သူခံမယ်။ ငွေရေးကြေးရေးက သူကိုင်တာမဟုတ်ဘူး။ ဒု ဝန်ကြီးပဲ ငွေကိုင်တာဆိုတာ သမ္မတကြီးကို ပြောပြီးပြီ။ ဒါတွေကို စစ်ဆေးလို့လည်း ပြီးသွားပြီ။ အခုကျမှ အဲဒီပြဿနာက ပြန်ပေါ်လာပြီး အခုလိုဖြစ်ကုန်တာ။ ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူး” ဟု သူကပြောသည်။
credit to ဆလိုင်းသန့်စင်

ပုသိမ်မြို့နှင့် ဂျပန် ရှီဇုအိုကမြို့ ညီအစ်မမြို့တော်ဖြစ်ရေး ဆွေးနွေး


 June 26, 2014
ဧရာဝတီတိုင်း ဒေသကြီး၏ တိုင်းမြို့တော် ပုသိမ်မြို့နှင့် ဂျပန်နိုင်ငံမှ ရှီဇုအိုက (Shizuoka) မြို့တို့အား ညီအစ်မမြို့တော် အဖြစ် သတ်မှတ်ရန် တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့က ပြီးခဲ့သည့် ဧပြီလအတွင်း ဂျပန်နိုင်ငံသို့သွားရောက် ၍ ညီအစ်မမြို့တော်ဖြစ်ရေး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ရှီဇုအိုက မြို့မှ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကလည်း ယခုလ ဒုတိယပတ် အတွင်း က ပုသိမ်မြို့သို့ လာရောက်ပြီး တိုင်း အစိုးရ အဖွဲ့နှင့် ဆွေးနွေး၍ ROD(ဆွေးနွေးမှု မှတ်တမ်း) တကြိမ် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး ၀န်ကြီး ဦးကျော်ဝင်းနိုင် က ဧရာဝတီကို ပြောသည်။
“ရှီဇုအိုကမြို့နဲ့ ပုသိမ်မြို့ကို Sister City(ညီအစ်မ မြို့တော်) အဖြစ် လုပ်ကိုင်ဖို့အတွက် ရှီဇုအိုကမြို့က လွှတ်တော် ကိုယ်စားလှယ် တွေ ပုသိမ်မှာ ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံဆွေးနွေးပြီး ROD ရေထိုးထားခဲ့ပါတယ်။ ဒုတိယ အကြိမ် တွေ့ဆုံဖို့ကိုတော့ ရက်သတ်မှတ် ထားတာ မရှိသေးပါဘူး။ ညီအစ်မမြို့တော်ဖြစ်ရေး အတွက်တော့ ဂျပန်ဘက်က သဘောတူမယ်ဆို ကျနော်တို့က အဆင်သင့်ပါပဲ”ဟု စည်ပင်ဝန်ကြီးက ပြောသည်။
ဧရာဝတီတိုင်း အစိုးရ ၀န်ကြီးချုပ်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ရောက်ရှိနေစဉ် ပုသိမ်နှင့် ညီအစ်မမြို့တော် ဖြစ်ရေးအတွက် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့နှင့် ရှီဇုအိုကမြို့ ၂ မြို့စလုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြပြီးနောက် ရှီဇုအိုကမြို့မှ လွှတ်တော်ကိုယ်စားလှယ် များက ပုသိမ်မြို့သို့ လာရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ရှီဇုအိုကမြို့မှာ ဂျပန်နိုင်ငံမှ ရှီဇုအိုက စီရင်စု နယ်၏ မြို့တော်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ကောက်ယူသည့် စာရင်းများအရ လူဦးရေ ၇ သိန်းကျော် အခြေချနေထိုင်သည့် မြို့ကြီးတမြို့ ဖြစ်သည်။
စိုက်ပျိုးရေးနှင့် ငါးဖမ်းခြင်းလုပ်ငန်းများ ထွန်းကားသည့် ရှီဇုအိုကမြို့၏ မြို့တော်ဝန်မှာ တာနာဘီ နိုဘူဟီရို(Tanabe Nobuhiro) ဖြစ် သည်။
ညီအစ်မမြို့တော်များအဖြစ် အကောင်အထည်ဖော်နိုင်ပါက နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ခြင်း၊ ယဉ်ကျေးမှု၊ နည်းပညာ ဖလှယ်ခြင်း များ ပြုလုပ်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ရှီဇုအိုကမြို့၏ မြို့ပြတည်ဆောက်ခြင်းဆိုင်ရာ နည်းပညာ လေ့လာသင်ယူခြင်းများ လုပ်ဆောင်နိုင်ရန် အတွက်လည်း ဧရာဝတီ တိုင်း အစိုးရနှင့် ရှီဇုအိုကမြို့မှ လွှတ်တော်အမတ်များ အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ပုသိမ်မြို့ကို တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ်နဲ့အညီ ဖြစ်စေဖို့အတွက် စည်ပင်သာယာရဲ့လုပ်ငန်းတွေနဲ့ လုပ်ဖို့ဆိုရင် အင်မတန် ခဲယဉ်း ပါတယ်။ Sister City ဖြစ်လာခဲ့ရင် သူတို့က ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေဆိုတော့ သူတို့မြို့တွေမှာ မြို့ပြ ဖွံ့ဖြိုးမှုကို ဘယ်လိုဆောင်ရွက်နေသလဲ၊ တို့မြို့တွေကိုလည်း ဘယ်လို Plan (အစီအမံ)တွေနဲ့ ဖွံ့ဖြိုးမှု လုပ်လို့ရမလဲဆိုတာ လေ့လာစရာ အခွင့် အလမ်း တွေ ရရှိလာမှာပါ”ဟု စည်ပင်ဝန်ကြီး ဦးကျော်ဝင်းနိုင်က ပြောသည်။
ပုသိမ်မြို့သို့ လာရောက်ခဲ့ကြသည့် ဂျပန် လွှတ်တော် ကိုယ်စားလှယ်များက တဆင့် ရှီဇုအိုကမြို့တော်ဝန် တာနာဘီ နိုဘူဟီရို ကို ပုသိမ်မြို့သို့ လာရောက်ရန် ဧရာဝတီတိုင်း အစိုးရက ဖိတ်ကြားထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ရန်ကုန်မြို့နှင့် အမေရိကန်နိုင်ငံမှ ဆန်ဖရန်စ္စကို၊ ရန်ကုန်မြို့နှင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟိုချီမင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့ကို ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်ရန် ညှိနှိုင်းဆွေးနွေးမှုများ ရှိခဲ့ကြောင်းလည်း သတင်း များတွင် ဖော်ပြထားသည်။
ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၆ နိုင်ငံရှိ မြို့ပေါင်း ၂၀၀၀ ကျော်မှာ ညီအစ်မ မြို့တော်များအဖြစ် ဖွဲ့စည်းထားကြောင်း သိရသည်။
ဆလိုင်းသန့်စင် 

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ