Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Thursday, November 20, 2014
အင်အားကြီးနိုင်ငံများ၏ ဖိအားပေးစွက်ဖက်မှုများ လက်မခံဟုကာချုပ်ပြော
မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်ခြင်းကို လက် မခံကြောင်းနှင့် အင်အားကြီးနိုင်ငံ ကြီးများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက်ဆံခြင်းကို လက် မခံနိုင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။
အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက် ဆံမှုကိုလည်း လက်မခံဘဲ လွတ် လပ်သည့်အချုပ်အခြာအာဏာ ပိုင်နိုင်ငံတစ်ခုအနေဖြင့် ရပ်တည် နိုင်ရန် တပ်မတော် အနေဖြင့် ခိုင်မာစွာ လုပ်ဆောင်ပိုင်ခွင့် ရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံအား လုံးနှင့် ချစ်ကြည်ရင်းနှီးစွာဆက် ဆံနေထိုင်နေပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်းမပြုသလို မြန်မာနိုင်ငံ ရေးတွင်လည်း ပြည်ပမှ ဝင် ရောက်စွက်ဖက်ခြင်းကို လက်မခံ ကြောင်း နိုဝင်ဘာ ၁၇ ရက်က လာအို ကာကွယ်ရေးဝန်ကြီးနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကန်သမ္မတ အိုဘားမားက အစိုးရတွင်း တပ်မတော်၏ ပါဝင် မှုအခန်းကဏ္ဍကို လျှော့ချရမည် ဟု နိုဝင်ဘာ ၁၃ ရက်က သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အမတ်များနှင့် တွေ့ဆုံစဉ် တိုက် တွန်းပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှုများအပြီး နိုဝင်ဘာ ၁၇ ရက်က အာဆီယံကာကွယ် ရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လာရောက်သည့် လာအိုကာကွယ်ရေးဝန်ကြီးနှင့်
တွေ့ဆုံမှုတွင် ကာကွယ်ရေးဦးစီး ချုပ်က အင်အားကြီးနိုင်ငံများ၏ ဖိအားပေး ဆက်ဆံမှုနှင့် ပြည်တွင်း
ရေးစွက်ဖက်မှုကို လက်မခံကြောင်း တုံ့ပြန်ခဲ့ခြင်းလည်းဖြစ် သည်။
မြန်မာ-လာအိုနှစ်နိုင်ငံတပ် မတော်နှစ်ရပ်ကြား ဆက်ဆံရေး ပြောင်းလဲမှုမရှိနိုင်ကြောင်းနှင့် အင်အားကြီးနိုင်ငံများ၏ ယှဉ်ပြိုင် မှုမှာ မိမိတို့နိုင်ငံငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း လည်း ကာချုပ်က ပြောကြားခဲ့ သည်။
လာအိုကာကွယ်ရေးဝန်ကြီး ၏ ပြန်လည်ဆွေးနွေးမှုတွင် ၎င်း တို့နိုင်ငံအတွင်းမှာလည်း နိုင်ငံ ရေးပျော့ကွက်
အားနည်းချက်များ အပေါ် မလိုလားသူ အတိုက်အခံ များနှင့် NGO အမည်ခံသူများက တိုင်းပြည်ပြိုကွဲအောင်နှောင့်ယှက်တိုက်ခိုက်မှုများ ရှိနေကြောင်း ထည့်သွင်းပြောကြားသွားသည်။
မြန်မာနိုင်ငံသည် တက်ကြွ ပြီးဘက်မလိုက်သည့် နိုင်ငံခြား ရေး မူဝါဒကို စစ်အစိုးရ လက် ထက်ကတည်းက ယခုဒီမိုကရေစီ အစိုးရလက်ထက်အထိ ကျင့်သုံး နေပြီး မြန်မာ၏ နိုင်ငံခြားရေးမူဝါ ဒအပေါ် နိုင်ငံတကာ၏ ဝေဖန်မှု များရှိခဲ့သည်။ ယနေ့အထိ အဆို ပါမူဝါဒကို ကျင့်သုံးခြင်းကြောင့် ကြားနေသည့်နိုင်ငံအဖြစ် နိုင်ငံ တကာက စွပ်စွဲမှုများရှိနေပြီး အင် အားကြီးနိုင်ငံနှစ်ခုကြား ရပ်တည် နေရသည့် မြန်မာနိုင်ငံအနေဖြင့် ပထဝီဝင် နိုင်ငံရေးအနေအထားကို အားပြု၍ ထိရောက်သည့် နိုင်ငံ ခြားရေးမူဝါဒတစ်ရပ်ကို ကျင့်သုံး ပါက နိုင်ငံတကာဆက်ဆံရေး တွင် ပိုမိုအကျိုးရှိမည်ဟု တိုက် တွန်းမှုများလည်းရှိထားသည်။
အေးသူစံ
ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း
ကုပ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့ အနေအထိုင်သတိထားရပါလိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ အသက်အရွယ်လေးရ...လာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ် ဒါကြောင့် အဲဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့်ကြိုတင်ကာကွယ်လို့ မရသောရောဂါမျိုးလည်းဖြစ်ပါတော့တယ် ။
ကာကွယ်နိုင်သည့်သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ
လှည့်ချိုးပေးပါ ဒီနေရာမှာအဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချိုက အားနဲ
့လှည့်ချိုးကြပါတယ် အဲဒီလိုလုပ်ဆောင်ချက်ဟာ လွဲမှားခြင်းဖြစ်နေကြောင်းကိုလည်း
အထူးသတိရှိစေချင်ပါတယ် ။
စာအုပ်စာပေဖတ်သူများအနေဖြင့်ကြာရှည်စွာခါင်းငုံစာဖတ်ခြင်းမျိုးကိုအထူးပင်ရှောင်ရှားသင့်ပါသည် ။
ကွန်ပျုတာ နှင့် ဖုံးများကို ရေရှည်ကြည့်ခြင်းသုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကိုတည့်မတ်စွာသုံးစွဲခြင်းဖြင့် အကြောများပြေလျော့နေသည့်ပုံစံမျိုးဖြစ်နေပါစေ ။
ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့်အမြင့်ထားပြီး အိပ်ခြင်းမျိုးသည့် ကုပ်ရိုးကျိုးပေါင်းတက်ခြင်းကို ဖြစ်ပေါ်စေပါသည် ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်အမြင့် အနေထားဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ ၊။
ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့ နောက်စေ့နောက်ဖက်အောက်ဘက်နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခြင်း ၊ လည်ကုပ်တစ်ဆင့် နောက်စေ့ ၊ ပခုံး ၊ လက်ဖျံ နှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း ၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်းများလည်း ဖြစ်ပေါ်လာသည့်အပြင် အိပ်နေစဉ်ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာသည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်းတက်ခြင်း ရောဂါ လက္ခဏာများပင်ဖြစ်ပါတော့သည် ။
အသက်ရာကျော်ရှည်ပါစေ
Mg Mandalay
စာအုပ်စာပေဖတ်သူများအနေဖြင့်ကြာရှည်စွာခါင်းငုံစာဖတ်ခြင်းမျိုးကိုအထူးပင်ရှောင်ရှားသင့်ပါသည် ။
ကွန်ပျုတာ နှင့် ဖုံးများကို ရေရှည်ကြည့်ခြင်းသုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကိုတည့်မတ်စွာသုံးစွဲခြင်းဖြင့် အကြောများပြေလျော့နေသည့်ပုံစံမျိုးဖြစ်နေပါစေ ။
ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့်အမြင့်ထားပြီး အိပ်ခြင်းမျိုးသည့် ကုပ်ရိုးကျိုးပေါင်းတက်ခြင်းကို ဖြစ်ပေါ်စေပါသည် ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်အမြင့် အနေထားဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ ၊။
ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့ နောက်စေ့နောက်ဖက်အောက်ဘက်နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခြင်း ၊ လည်ကုပ်တစ်ဆင့် နောက်စေ့ ၊ ပခုံး ၊ လက်ဖျံ နှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း ၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်းများလည်း ဖြစ်ပေါ်လာသည့်အပြင် အိပ်နေစဉ်ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာသည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်းတက်ခြင်း ရောဂါ လက္ခဏာများပင်ဖြစ်ပါတော့သည် ။
အသက်ရာကျော်ရှည်ပါစေ
Mg Mandalay
Miss world Honduras 2014 အလှမယ်အသတ်ခံရ
အသက် ၁၉ နှစ်အရွယ်ရှိတဲ့ Honduras နိုင်ငံအလှမယ်တစ်ဦးဖြစ်တဲ့ Ms Alvarado နဲ့ အမတော်စပ်သူ Sofia Trinidad အသက်၂၃ နှစ် တို့ဟာ လွန်ခဲ့တဲ့ ကြာသပတေးနေ့က Santa Barara ရဲ့ မြောက်ဖက် မြို့ငယ်လေး တစ်ခုက Party တစ်ခုမှာ နောက်ဆုံးတွေ့ရှိခဲ့ပြီး တပတ်လောက်အကြာမှာ သူမတို့ နှစ်ဦးရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
သူမတို့နှစ်ဦးရဲ့ ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာတွေကိုတွေ့ရှိခဲ့ပြီး မြစ်ထဲကို ပစ်ချခံခဲ့ရတယ်လို့ တာဝန်ရှိရဲအရာရှိတစ်ဦးဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ တရားခံနှစ်ဦးကို ဖမ်းဆီးထိန်းချုပ်ထားပြီး ဒီနှစ်ဦးထဲက တစ်ဦးက အမှုမှာကျူးလွန်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။ အသက်ခံရတဲ့အလှမယ် Ms Alvarado ဆိုသူဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ London မှာ ပြုလုပ်မယ့် Miss World 2014 မှာ Honduras နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ Plutraco Ruiz နဲ့ သူ့ရဲ့အဖေါ် Aris Maldonado တို့နှစ်ဦးကို အခုအခါ ဖမ်းဆီးထိန်းချုပ်ထားပါတယ်။ Plutraco Ruiz ဆိုသူက အလှမယ်ရဲ့အမ Trinidad ဆိုသူရဲ့ချစ်သူလို့ သိရပါတယ်။ Hondras ရဲ့ National Police Director ဆိုသူက Mr Ruiz ဟာ ဒီ အမျိုးသမီငယ်နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီး သူ့ရဲအဖော်ဖြစ်သူ Maldonado ရဲ့အကူအညီနဲ့ မြစ်ချောင်းထဲကို ပစ်ချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီမှာ Mr Ruiz က ၀န်ခံထားပေမယ့် သူ့ရဲ့ အဖော်ဖြစ်သူဆီကနေ အခုအချိန်အထိ ဘာဖြောင့်ချက်မှ မရသေးဘူးလို့ လည်းသိရပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ သူမရဲ့ရုပ်အလောင်းကို Cablotales လို့ခေါ်တဲ့ ရွာငယ်လေးအနီးက မြစ်ချောင်းနားမှာ
တွေ့ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ သူမတို့နှစ်ဦးကို နောက်ဆုံးအသက်ရှင်လျက်တွေ့ရှိခဲ့တာဟာဆိုရင် November လ ၁၃ ရက်နေ့Birthday Party တစ်ခုကအပြန် တရားဝင် နံပါတ်ပြားမပါရှိတဲ့ ကားတစ်စီးပေါ်မှာ ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
လာမယ့် ဒီဇင်ဘာလ Miss World 2014 မှာ သွားပြိုင်ဖို့အတွက် သူမဟာ ပြီးခဲ့တဲ့ ဧပြီလကမှ Miss World Honduras အလှမယ်ဆုကို ရခဲ့သူပါ။
Miss World ပြိုင်ပွဲရဲ့ Organizier တွေဘက်ကလည်း သေဆုံးသူ အမျိုးသမီးငယ်နှစ်ဦးအတွက် ၀မ်းနည်းမှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အလှမယ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ အကြောင်းအရာတွေကို Hondras နိုင်ငံရဲ့ နာမည်ကြီးသတင်းစာတွေမှာ ဖော်ပြခဲ့ကြပြီး သူမကို အသိအမှတ်ပြုတဲ့အနေနဲ့ Miss World အလှမယ် ပြိုင်ပွဲအတွက် Hondars နိုင်ငံကိုယ်စားပြုအနေနဲ့ နောက်ထပ် မလွှတ်တော့ဘူးလို့လည်း ဖော်ပြခဲ့ကြ ပါတယ်။
Honduras နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံတခုဖြစ်တယ်လို့လည်း UN Report များအရ သိရပါတယ်။
Ref : BBC Worlds News
ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်ပွဲတွင် မန္တလေးမှအနုပညာရှင်များဖျော်ဖြေမည်
နတ်မောက်မြို့တွင် ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်ပွဲတော်သို့ မန္တလေး မြို့မှ သဘင်နှင့်ဂီတအနုပညာရှင် များသွားရောက်ဖျော်ဖြေမည်ဖြစ် ကြောင်း သတင်းရရှိသည်။
၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက် တွင် နတ်မောက်မြို့၌ ကျင်းပပြု လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်ပွဲတော်တွင် မန္တ လေးတိုင်းဒေသကြီး သဘင်ပညာ ရှင်များအစည်းအရုံး၊ ဂီတအစည်းအရုံး၊ မြန်မာ့သဘင်အလှဆင်သူ များအဖွဲ့၊ ပရဟိတရွှေလက်များ၊ အထက်မြန်မာပြည် လူရွှင်တော် အသင်း အစရှိသည့်အဖွဲ့အစည်း များမှ သဘင်ဂီတအနုပညာရှင် များ သွားရောက်ဖျော်ဖြေမည်ဖြစ် ကြောင်း ပွဲတော်ကျင်းပရေးကော် မတီဝင်များကပြောသည်။
‘‘အမျိုးသားရေးစိတ်ဓာတ် အရ ပူးပေါင်းပါဝင်တာပါ။ ပါတီ နိုင်ငံရေးတွေမပါပါဘူး။ ဒီပွဲမှာ ပွဲ သိပ်မကတော့တဲ့ ဝါရင့်သမ္ဘာရင့် အနုပညာရှင်တွေကအစ ပါဝင် မယ်’’ဟု ဖျော်ဖြေရေးကော်မတီ အတွင်းရေးမှူးဦးနေဝင်းက ပြော ကြားသည်။ အဆိုပါသဘင်၊ ဂီတ အနုပညာရှင်များက ဗိုလ်ချုပ် အောင်ဆန်းအထိမ်းအမှတ် တေး သီချင်းများ၊ အော်ပရာ၊ တစ်ခန်း ရပ်ပြဇာတ်၊ ပြဇာတ်ကြီးများတင် ဆက်သွားမည့်အပြင် အငြိမ့်၊ ဆင်အက၊ ခြင်းလုံးအလှပြအဖွဲ့၊ မြန်မာ့ဆိုင်းဖျော်ဖြေမှု၊ နှစ်ပါး သွား အစရှိသည့်အစီအစဉ်များ ဖျော်ဖြေကြမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီဝင်များက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရန်နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ သဘင်၊ ဂီတအနုပညာရှင်များက မန္တလေးမြို့တော်အတွင်း လှည့်လည်လှုံ့ဆော်ဖျော်ဖြေမှုများပြုလုပ်သွားမည်ဖြစ်ပြီး အလှူငွေများလည်း လက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Days
နိုင်ငံသားများ ဒီမိုကရေစီနားလည်ကျင့်သုံးနိုင်ချိန်ရောက်မှ ၄၃၆ ပြင်ရန် တပ်မတော်သားအမတ်တင်ပြ
ပြည်တွင်းငြိမ်းချမ်း ရေးရရှိကာ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး နိုင်ငံသားများ ဒီမိုက ရေစီသဘောတရားများ နား လည်လက်ခံကျင့်သုံးနိုင်သည့် အချိန်ကိုရောက်မှသာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ကြောင်း ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်ပြသည်။
‘‘လက်ရှိအချိန်မှာ လက်နက် စွဲကိုင် တိုက်ပွဲအချို့ဖြစ်ပွားနေ ဆဲ ဖြစ်ပြီးတော့ ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးပါဘူးခင်ဗျာ။ အလားတူ ခေါင်းစဉ်အမျိုးမျိုး တပ်ထားတဲ့ ဆန္ဒပြမှုများစွာနဲ့ နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့ အချိန်မှာ မြဲမြံခိုင်မာစွာ ပြဋ္ဌာန်း ထားတဲ့ ပုဒ်မ-၄၃၆ (က)ကို ပြင် ဆင်ရန် မသင့်သေးပါဘူး’’ဟု နို ၀င်ဘာ ၁၉ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးသို့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီး ခင်မြင့်က တင်ပြလိုက်ခြင်း ဖြစ် သည်။
ပုဒ်မ-၄၃၆ သည် အမျိုး သားရေးနှင့် တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးသည့် အချက်များကို ကာကွယ်ထား ခြင်းဖြစ်ကြောင်း၊ ယင်းပုဒ်မ ၄၃၆ ကိုပြင်ဆင်ကာ အခြားသော ကျန် ရှိသည့် ပုဒ်မများကို လိုသလို ဆောင်ရွက်သွားလိုသူများ၏ ရည်ရွယ်ချက်များအပေါ် လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးအတွက် ရှင်းလင်းပြတ် သားသည့် အမြင့်ဖြင့် သုံးသပ်စေ လိုကြောင်း ၎င်းက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက မပြင်ဆင် ရန် တင်ပြထားသည့် ပုဒ်မ ၄၃၆ သည် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမိုကရေစီမကျသည့် အချက်များ ပြင်ဆင်ရေးနှင့် တိုင်းရင်းသားများ၏ အခွင့်အ ရေးများကို တိုးမြှင့်ပေးနိုင်ရန်ပထမဦးဆုံးပြင်ဆင်ရမည့် ပုဒ်မတစ်ခုဖြစ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြ သည်။
နိုင်ငံတွင် လိုအပ်နေသော အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေး လုပ်နိုင်ရေးနှင့် ပြည်သူမှ ချစ် မြတ်နိုးသည့် တပ်မတော်ဖြစ်ပေါ် လာရေးတို့အတွက် ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရန်လိုအပ်ကြောင်း ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တပ်မတော်၏ ပါဝင် မှု အခန်းကဏ္ဍကို မလျှော့ချနိုင် ရေးအတွက် ကာကွယ်ထား သည့် ပုဒ်မတစ်ခု ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးအောင်ကြည်ညွန့်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်က ပြည် ထောင်စုလွှတ်တော်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဆွေးနွေးကြ သည့်အခါ ချင်းတိုးတက်ရေးပါ တီမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဇုန်လှယ်ထန်းက လည်း တိုင်းရင်းသားများ၏ အခွင့်အရေး ပိုမိုရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို ပြင်ဆင်ရမည်ဖြစ်သည်ဟု ဆွေးနွေးတင်ပြခဲ့သည်။
လွှတ်တော်တွင်းရှိ တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များ၏ ထောက်ခံမှု မပါဘဲ ပြင်ဆင်၍ မရနိုင်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် ပြည်သူလူထုထံမှ ဆန္ဒလက်မှတ်ငါးသန်းခန့် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ လွှတ်တော်သို့ တင်ပြထားမှုရှိသည်။
7Days
သူရဦးရွှေမန်းပြောသည့် အခြေခံဥပဒေကိစ္စ သဘာဝကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်း ပြောကြားသည့် ၂၀၁၅ ရွေး ကောက်ပွဲအပြီး လွှတ်တော်မှသာ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဆို ခြင်းမှာ လုပ်ငန်းစဉ်အရ သဘာဝ ကျကြောင်း ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။
‘‘သူ Process ကိုပြောတာ ပါ။ Process ကဒီလိုပဲ သွားရမှာ ပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဆို ပါတော့ ဒီ ၄၃၆ ကို ပြုပြင်ပြောင်း လဲဖို့ ဆုံးဖြတ်တယ်ဆိုပါတော့၊ ၄၃၆ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ် ပြီးမှသာလျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ်လေ။ အဲ့ဒီတော့ အဲ့ဒီဟာတွေကျတော့ အချိန်အရ ရော အခုလက်ရှိသွားနေတဲ့ လုပ် ငန်းတွေအရရော ဒါ Process အရတော့ ဒါဒီလိုပဲ လုပ်ရမှာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင် ဘာ ၁၉ ရက် သတင်းထောက် များ၏ အမေးကိုပြန်လည်ဖြေ ကြားသည်။
လူထုဆန္ဒခံယူပွဲများ ပြီးပြီး ချင်း ပြင်ဆင်မှုများကို ဆောင် ရွက်၍ မရဘဲ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူ တည်ပြီးမှ ဆောင်ရွက်၍ရမည် ဟု သူရ ဦးရွှေမန်းက ပြောကြား သည်။
‘‘ဒီသက်တမ်းမှာ ပြင်လိုက် တဲ့ဟာကို ဆောင်ရွက်မယ်ဆိုရင် ဒီနေ့ အုပ်ချုပ်ရေးအခင်းအကျင်း၊ ကျန်တဲ့အခင်းအကျင်းတွေက အကုန်လုံးပြောင်းလဲသွားဖို့ဆို ရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါ ကြောင့်မို့ ၂၀၁၅ မှာ ရွေးကောက် ပွဲလုပ်မယ်။ ထွက်ပေါ်လာတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်တွေနဲ့အတူပဲ။ အဲဒီလွှတ် တော်သက်တမ်းစတဲ့နောက်ပိုင်း မှာ ခုနက ဖွဲ့စည်းပုံအခြေခံ ဥပ ဒေကိုပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေ ပေါ်မူတည်ပြီး ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။
အခြေခံဥပဒေ ပုဒ်မ၅၉ (စ)ကို ပြင်နိုင်မှသာ ဒေါ်အောင် ဆန်းစုကြည်သည် နောက်အစိုးရ ၏ သမ္မတဖြစ်နိုင်မည်ဖြစ်ရာ ရွေး ကောက်ပွဲအပြီး ပထမဆုံးလွှတ် တော်တွင်မှ အဆိုပါ ဥပဒေပြင် ဆင် အတည်ပြုကျင့်သုံးနိုင်မည် ဆိုလျှင် သမ္မတဖြစ်ရန် မသေချာ သေးသည့် အခြေအနေ ဖြစ် သည်။
‘‘ထင်တာက လူထုဆန္ဒခံယူ ပွဲလုပ်ပြီး အခြေခံဥပဒေအသစ် မူကြမ်းရေးထားမယ်။ နောက် လွှတ်တော်က အစိုးရမဖွဲ့ခင်မှာ ဒါကို အတည်ပြုနိုင်ရင် သူသမ္မတ ဖြစ်နိုင်မယ်။ ကျွန်တော်ကစဉ်း စားကြည့်တာပါ’’ ဟု ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ၎င်း၏ထင်မြင်ချက်ကို ပြောကြားသည်။
ပုဒ်မ၅၉(စ) မပြင်ဆင်မီ လူထုဆန္ဒခံယူပွဲပြုလုပ်ရန် လို သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရသည့် လုပ်ငန်းအဆင့်ဆင့်ရှိပြီး သဘာဝကျသည်ဟုသာ ဒေါ်အောင်ဆန်းစုကြည်က ၎င်းသမ္မတဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည့် မေးခွန်းကို ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေတွင် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသည့် ငါးရက်မြောက်နေ့အထိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင် ရန်အတွက် အပြင်းအထန် ကန့် ကွက်နေဆဲ ဖြစ်သည်။
7Days
Wednesday, November 19, 2014
အသုံးချခံမဖြစ်စေလို
အမျိုးသားပညာရေးဥပဒေကို nldပါတီက ဆန္ဒပြတယ်ဆိုလို့ အမျိုးသားပညာရေးဥပဒေ
အကြောင်းကိုကျနော်လိုက်လှန်စုံစမ်းလိုက်ပါတယ် အခုအမျိုးသားပညာရေး ဥပဒေထဲမှာပါတဲ့အကြောင်း
အရာတွေကို အသေးစိတ်တင်ပေးလိုက်ပါတယ် စာကိုအစမှအဆုံးထိသေချာဖတ်ပေးစေချင်ပါတယ်ခင်ဗျာ။
# လူမှုရေး စီးပွားရေးမှာ လက်တွေ့အသုံးချ နိုင်တဲ့ပညာရေးဖြစ်ရမယ်။
# တက္ကသိုလ်ကောလိပ်များဟာ လွတ်လပ်သောစီမံခန့်ခွဲခွင့်နဲ့ ရပ်တည်နိုင်ရမယ်။
# ကျောင်းသားတွေဟာ ကိုယ်ဆန္ဒရှိတဲ့တက္ကသိုလ်ကိုတက်နိုင်တယ် တက္ကသိုလ်ကသတ်မှတ်ထားတဲ့
အရည် အချင်းနဲ့တော့ ပြည့်မှီရမယ်။
# ကျောင်းများမှာ ဘာသာရေးနဲ့နိုင်ငံရေး စွက်ဖက်မှု မရှိစေရဘူး။
# မသင်မနေရ အခမဲ့မူလတန်းပညာရေး စနစ် ကျင့်သုံးရမယ်။
# ပညာရေးအဆင့်တိုင်းနဲ့ ပညာရေးနယ် ပယ်တိုင်းမှာ အဆင့်အတန်းသတ်မှတ်ပြီး အရည်အသွေးကို အာမခံနိုင်တဲ့စနစ်ကို ဆောင်ရွက်ရမယ်။
# ပညာရေးဝန်ထန်းတွေရဲ့အရည်အသွေးနဲ့ လူမှုဘဝမြင့်မားရေးကို ဆောင်ရွက်မယ် သူတို့ရဲ့စွမ်းရည်မြင့်လာတာနဲ့အမျှ ဗဟိုချုပ် ကိုင်မှုကို လျှော့ချသွားမယ်။
အခုတင်ပြခဲ့တာတွေဟာ အမျိုးသားပညာ ရေးဥပဒေထဲမှာ ပါတဲ့အချက်လက်တွေဘဲ ဖြစ်ပါတယ်။
ဒီဥပဒေမှာပညာရေးစနစ်ကို သုံးမျိုးပိုင်းခြား ထားပါတယ် အခြေခံပညာရေး နည်းပညာ သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာရေး တို့ဘဲဖြစ်ပါတယ်။
(၁)။အခြေခံပညာရေး။
အခြေခံပညာကို မူလတန်း-------အလယ် တန်းနှင့် အထက်တန်းဆိုပြီး အဆင့် သုံးဆင့်ပိုင်းခြားထားပါတယ် ၁၂နှစ်သင်ရ မယ် အဆင့်တစ်ခုစီအတွက် သင်ယူတတ်မြောက်မှုကို စစ်ဆေးအကဲ ဖြတ်ခံရမယ် အင်္ဂလိပ်စာကို မူလတန်းက စပြီးသင်ယူရမယ်။
(၂)။နည်းပညာနှင့်သက်မွေးပညာရေး။
အမျိုးအစားလေးမျိုးခွဲခြားပါတယ် အဲဒါကတော့ မူလတန်းအောင်တဲ့သူတွေ တက်နိုင်တဲ့ပညာရေး အလယ်တန်းအောင် တဲ့သူတွေ တက်နိုင်တဲ့ပညာရေး အထက်တန်းအောင်တဲ့သူတွေ တက်နိုင်တဲ့ ပညာရေးနှင့် မည်သူမဆို တက်နိုင်တဲ့ပညာ ရေးတို့ဘဲဖြစ်ပါတယ်။ဒီသင်တန်းတွေရဲ့ သင်ရိုးညွှန်းတန်း သင်တန်းကာလနဲ့ အပ်နှင်းမယ့် ဒီပလိုမာအမျိုးအစားတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ပေးမှာဖြစ်ပါတယ်။
(၃)။အဆင့်မြင့်ပညာရေး။
ကျောင်းတွေအားလုံး လွတ်လပ်စွာ စီမံခန့်ခွဲ ခွင့်ရှိတယ် သင်လိုတဲ့ပညာရပ်နဲ့ ကျောင်းကို လွတ်လပ်စွာ ရွေးချယ်သင်ယူနိုင်တယ် သို့သော် ကျောင်းကသတ်မှတ်တဲ့ အရည် အချင်းနဲ့တော့ ပြည့်မှီရမယ် ကျောင်းတွေ ဟာ သူတေသနနဲ့ ပညာရပ်ဖွံ့ဖြိုးမှုကို ဦးစားပေးရမယ် အဆင့်မြင့်ပညာရေးမှာ အဝေးသင်စနစ်ကိုလည်း ထည့်သွင်းစဉ်း စားရမယ်။
နောက်ပြီး ဒီဥပဒေထဲမှာပါတဲ့အခြားအရေး ကြီးတဲ့အချက်တွေကတော့။
(၁)။ပညာရေးဆုံးခန်းမတိုင်ခဲ့သူတွေ ဆက်လက်သင်ယူနိုင်အောင် စီစဉ်ပေးရမယ်။
(၂)။မသန်စွမ်းသူများအတွက် အထူးပညာ ရေးကျောင်းတွေ ဖွင့်လှစ်မယ် ပုဂ္ဂလိကကို လည်း ဖွင့်ခွင့်ပြုမယ်။
(၃)။အရေးပေါ်အခြေနေဖြစ်နေတဲ့ဒေသက ကလေးတွေအတွက် ရွေ့လျားစာသင် ကျောင်းတွေ စီစဉ်ပေးရမယ်။
(၄)။အခြေခံပညာအဆင့်မှာ မြန်မာဘာသာ ဒါမှမဟုတ် အင်္ဂလိပ်ဘာသာနဲ့ သင်ယူနိုင် တယ် နှစ်ဘာသာလုံးနဲ့သင်ယူချင်လည်း ရတယ် လိုအပ်ရင် တိုင်းရင်းသားဘာသာ စကားတစ်ခုခုနဲ့ တွဲဖက်သင်ယူနိုင်တယ်။
(၅)။မိဘတွေက ကလေးတွေကို မသင်မနေရ ပညာရေးစနစ် မူလတန်းအဆင့်ပြီးဆုံးသည်အထိကျောင်းထားရမယ်။
(၆)။ဥပဒေနဲ့အညီဖွင့်လှစ်ထားတဲ့ ဘယ်ကျောင်းမှာမဆို ကိုယ့်ကလေးတွေကို အပ်နိုင်တယ်။
(၇)။ကျောင်းဆရာတွေဟာ စာသင်ဖို့အတွက် သတ်မှတ်ထားတဲ့ဘွဲ့ ဒီပလိုမာတွေ ရရှိရမယ်။
(၈)။ဆရာတစ်ဦးမှာ ရှိရမယ့်အရည်အချင်း တွေကို သူသင်ကြားမယ့်အဆင့်အလိုက် ဝန်ကြီးဌာနက သတ်မှတ်ပေးရမယ်။
(၉)။ပညာရေးအဆင့်တိုင်းအတွက် အရည်အသွေးအကဲဖြတ်မှုကို ကျောင်းအ တွင်းကရော အပြင်ကပါစစ်ဆေးမယ်။
(၁၀)။စစ်ဆေးရမယ့်စံနှုန်းတွေကို အမျိုးသား ပညာရေးကော်မရှင်က သတ်မှတ်ပေးပြီး စစ်ဆေးမယ့်ကော်မတီကို ဖွဲ့စည်းပေးမယ်။
(၁၁)။ကျောင်းတွေဟာ ပြည်တွင်းပြည်ပက အလှူ ငွေတွေကို လက်ခံနိုင်တယ် ဒီငွေတွေကို ပညာရေးကိစ္စကလွဲလို့ တခြားနေရာမှာ မသုံးရဘူး ဘယ်လိုသုံးစွဲ တယ်ဆိုတာကိုလည်း စစ်ဆေးခံရမယ်။ဒီတော့ပြသနာကဘာလည်းဆိုရင် အမျိုးသားပညာ ရေးကော်မရှင်ဖွဲ့စည်းပြီး ပညာရေးစနစ်ကို အကောင်အထည်ဖော်မယ်ဆိုတဲ့အချက်ဘဲ ဖြစ်ပါတယ်။ကောင်းပြီ ဒီတော့အမျိုးသား ပညာရေးကော်မရှင်ကို ဘယ်လိုဖွဲ့စည်းလဲ ကြည့်ရအောင်။
အမျိုးသားပညာရေးကော်မရှင်ကို အစိုးရက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို (ဒုသမ္မတလို့ဆိုပါတယ်)
သက်ဆိုင်ရာဝန် ကြီးများ တိုင်းရင်းသားပညာရှင်များ အခြားသင့်လျော်သောပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြအတည်ပြုရမယ် လွှတ်တော်က အချိန်မရွေး ဒီကော်မရှင်ကိုပြင်ဆင်ဖွဲ့စည်း နိုင်တယ်။
ကော်မရှင်က ဘာတွေလုပ်ပိုင်ခွင့် ရှိသလည်းဆိုရင် ပညာရေးမူဝါဒတွေ အခြေခံမူများ ပညာရေးစီမံကိန်းများနှင့်ပတ်သက်ပြီး သုံး သပ်အကြံပြုလမ်းညွှန်ခြင်း ပညာရေးအရည်အချင်း စံချိန်စံညွှန်းသတ် မှတ်ဖို့အတွက် လိုအပ်သောမူဝါဒများ ချမှတ်ခြင်း ပြည်တွင်းပြည်ပက ငွေကြေး
အထောက်အပံ့များနှင့်ပတ်သက် သော မူဝါဒများချမှတ်ခြင်း ပြည်တွင်းပြည်ပ မှာ ကျောင်းများဖွင့်လှစ်ခြင်း ရပ်ဆိုင်းခြင်း ပိတ်သိမ်းခြင်းနှင့်ပတ်သက်သော မူဝါဒများ ချမှတ်ခြင်း တက္ကသိုလ်ကောလိပ်များ၏ လွတ်လပ်စွာ စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိ နှိုင်းပေးခြင်း ဒါတွေကိုလုပ်ဆောင်မယ်လို့သိရပါတယ်။ ယ္ခုဆန္ဒပြနေတဲ့သူတွေရဲ့မကျေနပ်ချက်က ဒီအမျိုးသားပညာရေး
ကော်မရှင်ရှိနေတဲ့ အချက်ကို လက်မခံကြတာလို့သိရပါတယ်။
ဒီတော့ ကျနော့်အမြင်လေးကို ပြောပြချင်ပါတယ် ဒီအမျိုးသားပညာရေးကော် မရှင်ဥပဒေဟာ ဗဟိုချုပ်ကိုင်မှု အတော်အသင့် ရှိနေတာမှန်ပါတယ် သို့သော်လည်း တစ်ဆက်တည်းတွေးမှိလာတာက ကိုယ့်ဆီက
ကျောင်းတွေကရော အစိုးရက လုံးဝဝင်မပါတော့ဘဲ မင်းတို့ လုပ်ချင်ရာလုပ်ကြတော့လို့ လွှတ်ပေးရ
လောက်အောင် အဆင့်မြင့်နေပြီလားဆိုတဲ့ အတွေးဘဲဖြစ်ပါတယ်။သင်ချင်ရာသင်တော့ ဆိုတဲ့အချိန် မဟုတ်တရုတ်တွေလျှောက်သင်ပြီး နိုင်ငံရေး ဘာသာရေး အစွန်းရောက် ကလေးတွေ ပေါ်ထွက်မလာ
ပါဘူးလို့ ဘယ်သူတာဝန်ယူနိုင်သလည်း။
တကယ် တော့ အမျိုးသားပညာရေးဥပဒေဟာ ပြည်နယ်နှင့်တိုင်း ၁၄ခုအတွက် ခြုံငုံပြီး ဆွဲရတာဖြစ်ပါတယ်။ရန်ကုန်နဲ့မန္တလေးတင် ကွင်းကွက်ပြီးစဉ်းစားလို့မရပါဘူး။ ကျနော်ဥပမာလေးတစ်ခု
ပေးပါ့မယ် ဘူးသီးတောင်မောင်တောက ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို အစိုးရထိန်းချုပ်မှုအောက်က လွှတ်ပေးသင့်ပါပြီလား အခုမေးတဲ့မေးခွန်းကို အမှန်တိုင်းဖြေကြည့်ကြပါ။
ဒီအချက်တွေမစဉ်းစားဘဲ မျက်လုံးစုံမှိတ်ပြီး ကျွန်ပညာလို့ တွင်တွင်ကြီးထအော်နေတာ ကတော့ မရိုးသားဘူးလို့ထင်ပါတယ်။ အခုဆန္ဒပြနေတဲ့လူတွေကိုလည်း ဘယ်သူတွေလည်းဆိုတာကြည့်လိုက်အုံး nldပါတီဝင်တွေချည်းဘဲ ဆန္ဒပြတာတော့ပြပေါ့ဗျာ ဒါပေမဲ့ ပြည်သူတွေကို ဆန္ဒပြရတဲ့အကြောင်းရင်း ရှင်းရှင်းလင်းလင်းအသိပေးပြီးမှ ဆန္ဒပြသင့်ပါတယ် အခုတော့ ဘာတဲ့ဆို လမ်းပေါ်လူထွက်အောင်လုပ် ဆန္ဒတွေပြ တိုင်းပြည်ကိုဆူပူအောင်လုပ်နဲ့ သူတို့ရဲ့လုပ်ရပ်တွေဟာ တကယ်တော့ ၁၉၈၈နဲ့၂၀၀၇တို့တုန်းကလို ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူလူထုတွေကို အသုံးချ ပြီး သူတို့အာဏာရရှိရေးအတွက် တိုင်းပြည်ကိုမပျက်ပျက်အောင် ဖျက်နေတာဘဲဖြစ်ပါတယ် အခု၂၀၁၅ကလည်းနီးလာပြီ နီးလာပြီဆိုတော့ သူတို့nldပါတီအနိုင်ရရှိရေး ၂၀၀၈တုန်းကလိုပြည်သူတွေ မျက်စေ့လည်လမ်းမှားပြီး သူတို့nldပါတီကို ထောက်ခံဖို့အရေး ဒေါ်စုသမ္မတဖြစ်နိုင်ဖို့အရေးတွေကိုဘဲ ဦးတည်ပြီး နိုင်ငံနဲ့လူမျိုးအတွက်ကို ထည့်မစဉ်းစားဘဲလုပ်နေကြတာဖြစ်ပါတယ်။
နောက်တစ်ချက်က အခုပြည်သူတွေနဲ့ အစိုးရကြားမှာ စည်းစည်းလုံးလုံးရှိနေတာကိုလည်း လိုလားပုံ
မပေါ်ပါဘူးဒါကြောင့် အစိုးရနဲ့ပြည်သူတို့၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်သွေးခွဲနေတာဘဲဖြစ်ပါတယ်။
နောက်ဆုံးကုန်ကုန်ပြောလိုက်မယ် ဒေါ်စုသမ္မတဖြစ်အောင်လုပ်မယ် ဒေါ်စု သမ္မတဖြစ်ပြီဆိုတာနဲ့ nldပါတီအာဏာရမယ် အာဏာရပြီဆိုတာနဲ့ ကုလားတွေ နိုင်ငံထဲမှာ ထင်ရာစိုင်းကြမယ် ထင်ရာစိုင်း
လို့ရပြီဆိုတာနဲ့ မြန်မာနိုင်ငံကို အစ္စလာမ္မစ်ဇာတ်သွင်းဖို့ဘဲဖြစ်ပါတယ် ဒီတော့ ကျနော်တို့ပြည်သူလူထုက ဒီအချက်တွေကို နားလည်ပြီး nldနဲ့ ၈၈တို့၏ နိုင်ငံရေးအသုံးချခံမဖြစ်ကြစေဖို့သတိပေးပြောကြား
လိုပါတယ်ခင်ဗျာ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
Red Heart
Subscribe to:
Posts (Atom)






