Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Monday, November 3, 2014
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သက်ဆိုင်သည့် တပ်မတော်သားများအား စတင်စစ်ဆေး
ရန်ကုန်၊ နိုဝင်ဘာ ၃
ကိုအောင် ကျော်နိုင်(ခ) ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီး အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနှင့် သက်ဆိုင် သည့် တပ်မတော်သားများအား နို ဝင်ဘာ ၃ရက်တွင် စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်များထံ မှ သိရသည်။
အမျိုးသားလူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က ''တပ်ရင်းတစ်ရင်းထဲ က မဟုတ်ဘူး။ သက်ဆိုင်တဲ့တပ်မ တော်သားတွေကို စတင်စစ်ဆေးနေ တယ်။ အသေးစိတ်အချက်အလက် အနေနဲ့ကတော့ ပြောလို့မရသေးဘူး'' ဟု ပြောသည်။
ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အ ရေးကော်မရှင်သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အမှု ဖြစ်ပွားရာနေရာ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရဲတပ်ဖွဲ့တို့အား နိုဝင်ဘာ ၂ရက်မှ စတင်စစ်ဆေးခဲ့သည်။
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်ပြီး အစီရင်ခံ စာတင်ပြရန် အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥပဒေပါ အချက် အလက်များနှင့် စုံစမ်းစစ်ဆေးပြီး အ စီရင်ခံစာကို သမ္မတထံတင်ပြရန် နိုင်ငံ တော်သမ္မတရုံးမှ ကော်မရှင်ထံ ညွှန် ကြားချက်ထုတ်ပြန်ခဲ့သည်။
ကိုအောင်ကျော်နိုင်(ခ) ကိုပါ ကြီးသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ဖွဲ့စည်းခဲ့ သည့် သုံးရောင်ခြယ်ကျောင်းသားများ အဖွဲ့၏အဖွဲ့ဝင်ဖြစ်ပြီး ထိုကာလ တွင် ဒေါ်အောင်ဆန်းစုကြည်လုံခြုံ ရေးတာဝန် ထမ်းဆောင်ခဲ့သည်။
ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သည် တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် DKBA ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအ ကြောင်း သတင်းသွားယူစဉ် မွန် ပြည်နယ်ကျိုက် မရောမြို့နယ်အတွင်း ဓာတ်ပုံရိုက်ကူးအပြီး ပျောက်ဆုံးခဲ့ ခြင်းဖြစ်သည်။
ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး အား စက်တင်ဘာ ၃ဝရက်တွင် ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး၊ ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီးသည် KKO စောဆန်း အောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်း၊ ကိုပါကြီးသည် အစောင့်စစ် သားထံမှ လက်နက်လုယူထွက်ပြေး ရန် ကြိုးစားခဲ့သည့်အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ရာမှ သေဆုံးခြင်းဖြစ်ကြောင်း တပ်မတော်မှ အောက်တိုဘာ ၂၃ရက် တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသေဆုံးမှုနှင့် ပတ်သက် ပြီး တပ်မတော်ဘက်မှ ဖမ်းဆီးရမိချိန် တွင် ကိုပါကြီးသည် DKBA ဒီမိုက ရေစီအကျိုးပြု ကရင်တပ်မတော်မှ ဟုလည်းကောင်း၊ KKO စောဆန်း အောင်အဖွဲ့မှ ပြန်ကြားရေးတာဝန် ခံဗိုလ်ကြီးဟုလည်းကောင်း ဝန်ခံခဲ့ ပြီး သတင်းထောက်ဟု လုံးဝမပြော ဆိုခဲ့ကြောင်းနှင့် သတင်းထောက်အ သုံးအဆောင် ပစ္စည်းများကိုလည်း ၄င်းနှင့်အတူမတွေ့ရကြောင်း တပ်မ တော်မှ အောက်တိုဘာ ၃၁ရက်တွင် ဒုတိယအကြိမ် သတင်းထုတ်ပြန်ခဲ့ သည်။
ကိုအောင်ကျော်နိုင်(ခ)ကိုပါ ကြီးသေဆုံးမှုနှင့်ပတ်သက်ပြီး သေ ချာစွာစုံစမ်းစစ်ဆေးပေးရန် အမေရိ ကန်နှင့် ဗြိတိန်နိုင်ငံများမှ မြန်မာအ စိုးရထံ တောင်းဆိုထားသည်။
ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက် ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် လွတ်လပ်ပြီး ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော် မရှင်တစ်ရပ်ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ် ပေးရန် အရပ်ဘက် အဖွဲ့အစည်းများ မှ တောင်းဆိုထားသည်။
HM,AHO
#Democracytoday
အင်တာနက်လိုင်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီအချို့ ရောင်းချမှု ခေတ္တရပ်ဆိုင်းထား
ပြည်တွင်း၌ အင်တာ နက်လိုင်းဝန်ဆောင်မှု(ISP)ပေး နေသော ကုမ္ပဏီအချို့သည် အောက်တိုဘာလမှစ၍ လိုင်း ရောင်းချမှုရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကုမ္ပဏီများမှာ ရောင်းချဝန်ဆောင်မှုပေးသော Wimax ၀ိုင်ယာလက်ခံနှင့် ဖိုက်ဘာအင်တာနက်လိုင်း လျှောက်ထားသူများသော်လည်း လိုင်းများထပ်မံချထားပေးရန် အခက်အခဲရှိသောကြောင့် ပြီးခဲ့သည့် တစ်လခန့်မှစတင်ကာရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီများမှတာဝန်ရှိသူများကပြောသည်။
ဖိုက်ဘာအင်တာနက်လိုင်း ၀န်ဆောင်မှုပေးနေသည့် Elite Tech IT Services ကုမ္ပဏီလီမိတက်မှ အရောင်းမြှင့်တင်ရေးမန် နေဂျာဒေါ်မြင့်သက်ထွန်းက ‘‘အင် တာနက်လိုင်းဝန်ဆောင်မှုရောင်း ချတာတွေ ရပ်ဆိုင်းထားတာဟုတ် ပါတယ်။ ရတနာပုံတယ်လီပို့က ရပ်ဆိုင်းဖို့ပြောထားလို့ လိုင်းထပ် မချဖြစ်တာ တစ်လနီးပါးရှိနေပြီ’’ ဟု 7Day သတင်းစာ၏ ဆက် သွယ်မေးမြန်းမှုကို ဖြေကြားသည်။ Wimaxနှင့် ဖိုက်ဘာအင် တာနက်လိုင်းဝန်ဆောင်မှုပေးနေ သည့် RedLinkကုမ္ပဏီမှာလည်း အင်တာနက်လိုင်းများ ထပ်မံတပ် ဆင်ရောင်းချမှုမပြုဘဲ ရပ်နားထားသည်မှာ တစ်လခန့်ရှိပြီဖြစ် ကြောင်း အဆိုပါကုမ္ပဏီမှ အင်တာနက်လိုင်း ၀ယ်ယူတပ်ဆင်သုံးစွဲသူအချို့ထံမှ စုံစမ်းသိရှိ ရသည်။
လက်ရှိ ပြည်တွင်း၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာ ပုံတယ်လီပို့၊ Red Link၊ Elite၊ Sky Net၊ FortuneInternationalစသည့်ကုမ္ပဏီများမှာအင်တာနက်လိုင်းဝန်ဆောင်မှု(ISP)လုပ်ငန်းများကို လုပ်ကိုင်နေခြင်း ဖြစ်သည်။
Red Linkကုမ္ပဏီမှာ ရန်ကုန် နှင့်ပုဂံတို့တွင် Wimaxစနစ်ဖြင့် အင်တာနက်လိုင်း ၀န်ဆောင်မှု များပေးနေပြီး မန္တလေးမြို့တွင် ဖိုက်ဘာဖြင့် အင်တာနက်လိုင်း ပေးနေခြင်းဖြစ်ကာ သုံးစွဲသူဦးရေ တစ်သောင်းကျော်ရှိသည်။ Elite Tech IT Services ကုမ္ပဏီလီမိတက်မှာ ရန်ကုန်မြို့တွင် ဖိုက်ဘာစနစ်ဖြင့် အင်တာနက်လိုင်းဝန် ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
Red Linkနှင့် Eliteကုမ္ပဏီ နှစ်စလုံးအနေဖြင့် ရတနာပုံတယ် လီပို့ထံမှ အင်တာနက်လိုင်းကို တစ်ဆင့်ဝယ်ယူနေရခြင်းဖြစ်ပြီး ရတနာပုံ တယ်လီပို့မှာလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံ မှ အင်တာနက်လိုင်းများ ၀ယ် ယူ အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှဖိုက်ဘာအင်တာနက်လိုင်း တပ်ဆင်သုံးစွဲသူ တစ်ဦးက‘‘အင်တာနက်လိုင်းကတော့ သိတဲ့အတိုင်းနေ့ခင်းဘက်ဆို အရမ်းလေးတယ်။ ရုံးချိန်နောက်ပိုင်းဆိုရင်တော့ နည်းနည်းသုံးလို့ ကောင်းတယ်’’ ဟု သုံးသပ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ဖိုက်ဘာကွန်ရက် ဖြန့်ကြက်ခြင်း လုပ်ငန်းကို ဂျပန် ဆက်သွယ်ရေးကုမ္ပဏီKDDIနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ယခုနို ၀င်ဘာ လကုန်တွင် ပြန်လည် ကောင်းမွန်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
7Day
ကျပ် သိန်း ၁၉၀ တန် စိန်နားကပ် ခိုးယူသောနိုင်ငံခြားသားနှစ်ဦး ဖမ်းမိရေး ပြည်သူများကူညီရန် ရဲတပ်ဖွဲ့ မေတ္တာရပ်
ရတနာဆိုင်မှစိန်ထည်ပစ္စည်းခိုးယူခဲ့သော နိုင်ငံခြားသား နှစ်ဦးကို
ပြည်သူများပူးပေါင်းပါဝင် ဖော်ထုတ်ရန်
နိုဝင်ဘာ ၂ ရက်ကမေတ္တာရပ်ခံထားကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အောက်တိုဘာ ၁၇ ရက်ကလမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ Diamond & Me ရတနာဆိုင်၌ နိုင်ငံခြားသားနှစ်ဦးသည် ကျပ်သိန်း ၁၉၀ တန်ဖိုးရှိ စိန်နားကပ် တစ်ရန်ကို လေး၊ ငါးကြိမ်ခန့် တောင်းယူကြည့်ရှုခဲ့ပြီး ရတနာဘူးအတွင်း ပြန်ထည့် ကာဆိုင်မှ ပြန်ထွက်သွားခဲ့သည်။ ယင်းနောက် ရတနာဘူးကို ပြန်လည်စစ်ဆေးကြည့်ရာ စိန်နားကပ် ပျောက်ဆုံးနေ၍ လမ်းမတော်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါနိုင်ငံခြားသား နှစ်ဦး ကို တိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်း ဆီးစုံစမ်းလျက်ရှိရာ ယခုအခါ ဟို တယ်၊ မိုတယ်၊ တည်းခိုခန်းများ နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အဝေးပြေးကားဂိတ် များသို့ သတင်းဖြန့်ဝေထားပြီး လူမှုကွန်ရက်မှတစ်ဆင့်လည်း စုံစမ်းနေကြောင်း သတင်းရရှိသည်။

အမ်ပီတီဆင်းမ်ကတ်တစ်လလျှင် ကတ်အရေအတွက် နှစ်သိန်းခွဲဝန်းကျင်အထိ တိုးမြှင့်ရောင်းပေးနိုင်ရန်စီစဉ်
ရန်ကုန်၊ နိုဝင်ဘာ ၂
အမ်ပီတီ ဆင်းမ်ကတ်များကို တစ်လလျှင် ကတ်အရေအတွက်နှစ်သိန်းခွဲဝန်း ကျင်အထိ တိုးမြှင့်ရောင်းပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကျပ် ၁၅ဝဝတန် ဆင်းမ်ကတ် များကို လာမည့်၂ဝ၁၅ခုနှစ်မတ်လ အထိကတ်ရေ ငါးသန်းရောင်းချနိုင် ရန် စီစဉ်ထားခြင်းဖြစ်ပြီး အရောင်း ဆိုင်များတွင် ကတ်အရေအတွက်တိုး မြှင့်ရောင်းချထားပေးနိုင်ရန် ရည် ရွယ်၍ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက ''အခုက လိုအပ်ချက်ရှိတဲ့ နေရာတွေမှာလိုင်း တိုးချဲ့တာတွေ လုပ်နေတယ်၊ ကတ် ကို လိုအပ်သလောက် မချပေးနိုင် တာက လိုင်းတိုးချဲ့တာတွေ၊ တာဝါ တိုင်ဆောက်တာတွေလုပ်နေတယ်၊ အခုက တစ်လကို ပျမ်းမျှကတ်ရေ တစ်သိန်းကျော်ကနေ နှစ်သိန်းခွဲ အထိရောင်းပေးသွားမယ်''ဟု ပြော သည်။
အဆိုပါ ဆင်းမ်ကတ်များကို စက်တင်ဘာ ၁ ရက်မှစ၍ တိုင်းနှင့် ပြည်နယ်အလိုက် ခွဲတမ်းဖြင့် ရောင်း ချနေခြင်းဖြစ်ပြီး လက်ရှိတွင် ဆင်းမ် ကတ် ၁ ဒသမ ၈သန်းခန့် ဖြန့်ဖြူး ထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ယင်းသို့ ဈေးကွက်အတွင်းဖြန့် ဖြူးထားသော်လည်း ပြန်လည်ရောင်း ချသောဆိုင်များတွင် ကတ်အရေအ တွက် လုံလောက်စွာမရရှိခြင်းကြောင့် ဈေးနှုန်းမြှင့်၍ရောင်းချခြင်းမျိုးဖြစ် ပေါ်လျက်ရှိနေဆဲဟု သိရသည်။
ယင်းနှင့်ပတ်သက်၍ Mr.Fone မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ခံ ဦးထက်လင်းကျော်က''အမ်ပီတီကတ် တွေကအခုထိလုံလုံလောက်လောက် ဆက်သွယ်ရေးက မချနိုင်သေးဘူး၊ အခုထိ မှောင်ခိုဈေးကွက်မှာ ဈေး မြင့်နေတုန်းပဲ၊ အခုတော့ တယ်လီ နောရောင်းတာနဲ့ အမ်ပီတီက လူ ကြိုက်နည်းနေတယ်''ဟုပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ပုဂ္ဂလိကကုမ္ပဏီများဖြစ်သည့် Elite, ABC, တာမိုးညဲချမ်းသာ၊ မြန် မာပိတောက်၊ အမရ၊ For Tune, Horizon, Direthlem, Success World, FCD, အေးရှားမီဂါလင့်ခ် နှင့် ပထမ အစရှိသည့်ကုမ္ပဏီများနှင့် အခြားသော ကုမ္ပဏီများထပ်မံတိုး ၍ ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း သိ ရသည်။
PPT
#Democracytoday
“ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ(၁၉) အသင်းအား ထူးဖောင်ဒေးရှင်းမှ ဂုဏ်ပြုဆုငွေ သိန်း(၅၀၀) ပေးအပ်ချီးမြှင့်”
ြ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နာယကဖြစ်သည့်အပြင် ထူးဖောင်ဒေးရှင်း နာယကလည်းဖြစ်သော ဦးတေဇ သည် ၂၀၁၅ခုနှစ်၌ နယူးဇီလန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် မြန်မာ ယူ(၁၉)အသင်းအား ဂုဏ်ပြု ဆုငွေ ကျပ်သိန်း(၅၀၀) ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဖီဖာကမ္ဘာ့လူငယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ၁၉၇၇ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယူ-၂၀ပြိုင်ပွဲ စတင်ကျင်းပခဲ့ချိန်မှစ၍ နှစ်ပေါင်း (၃၇)နှစ် အတွင်း မြန်မာလူငယ်အသင်းသည် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။
အဆိုပါ ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲကို လာမည့် ၂၀၁၅ ခုနှစ်၊ မေလ (၃၀)
ရက်မှ ဇူလိုင်လ (၂၀) ရက်နေ့အထိ နယူးဇီလန်နိုင်ငံရှိ မြို့ကြီး
(၇)မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအနှံ့ မိမိတို့ တတ်အားသလောက် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေသလို တဖက်မှလည်း မြန်မာ့ အားကစား တိုးတက်ရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီလျက် ရှိပါသည်။
မြန်မာတစ်မျိုးသားလုံး လက်မထောင် ဂုဏ်ယူဝင့်ကြွားဖွယ် စွမ်းဆောင်ရည်ကို ပြသပြီး ကမ္ဘာအဆင့် ဂုဏ်သိက္ခာကြီးမားသည့် ပြိုင်ပွဲကို ၀င်ရောက်ဆင်နွှဲနိုင်အောင် ကြိုးစားခဲ့ကြသည့် မြန်မာယူ-၁၉ ဘောလုံးအသင်းနှင့် အောင်မြင်မှု ရရှိအောင် စီမံလုပ်ဆောင်ခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့အား ထူးဖောင်ဒေးရှင်းမှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

တယ်လီနောဆင်းမ်ကတ်ထပ်မံမချပေးလျှင် မှောင်ခိုဈေးကွက်ဖြစ်နိုင်ဟု မိုဘိုင်းဖုန်းအရောင်းဆိုင်များပြော
တယ်လီနောဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ မိုဘိုင်း ဖုန်းအရောင်းဆိုင်များတွင် အလွယ်တကူဝယ်ယူ၍ မရတော့ဘဲ ရောင်းချပေးနိုင်သည့် ပမာဏနည်းလာသောကြောင့် အချိန်မီ ထပ်မံချမပေးနိုင်ပါက မှောင်ခိုဈေးကွက်များဖြစ်ပေါ်လာနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ သတင်းရရှိသည်။
‘‘ဆင်းမ်ကတ်တွေက ကျွန်တော်တို့ဆီမှာ ကုန်သလောက် ဖြစ်နေပြီ။ တခြားဆိုင်တွေမှာဆိုရင် လုံးဝကုန်သွားပြီ။ ဈေးကွက်ထဲမှာ ဆင်းမ်ကတ်တွေပြတ်သွား ပြီဆိုရင် မှောင်ခိုဈေးကွက်ဖြစ် လာနိုင်ပါတယ်’’ဟု လူကြီးမင်းစီးပွားရေးလုပ်ငန်းစုမှ ဒါရိုက်တာကိုစည်သူကပြောသည်။
တယ်လီနောအနေဖြင့် ရန်ကုန်မြို့တွင် အောက်တိုဘာ၂၆ ရက်၌ ဆင်းမ်ကတ်များစတင် ရောင်းချပေးခဲ့ပြီး မူလက ဖုန်းဘီလ်သုံးထောင်ကျပ်နှင့် ဆင်းမ်ကတ်တစ်ကတ်တွဲရောင်းပေးသော်လည်း လက်ရှိတွင် ဆင်းမ်ကတ်ရှားပါးလာသောကြောင့် ဟန်း ဆက်နှင့်တွဲရောင်းသည့်ဆိုင်များရှိလာသလို ဖုန်းဘီလ်ငါးထောင်နှင့်အထက်ဖြည့်မှ ဆင်းမ်ကတ်ရောင်းသည့်ဆိုင်များလည်းရှိလာကြောင်း အသုံးပြုသူများထံမှ သတင်းရရှိသည်။
‘‘ဆင်းမ်ကတ်တွေ ထပ်ချပေးဖို့က နောက်ထပ်ရှစ်ရက်လောက်လိုသေးတယ်လို့ သိရတယ်။ ကျွန်တော်တို့ဆီမှာလည်းရာဂဏန်းတောင်မရှိတော့ဘူး။ အရေအတွက်ကို ထိန်းပြီးတော့ရောင်းနေရတယ်။ ထပ်မချပေးနိုင်သေးဘူးဆိုရင် ဈေးတင်ရောင်းတာတွေဖြစ်လာနိုင်ပါတယ်’’ဟု Mr.Foneမိုဘိုင်းဖုန်းအရောင်းဆိုင်မှ Operation မန်နေဂျာ ကိုတင်အောင်လွင်ကပြောသည်။
တယ်လီနောအနေဖြင့် ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ စတင်ရောင်းချရာ၌ အရောင်းဆိုင်ပေါင်း ရှစ်ထောင်မှ တစ်ဆင့် ဆင်းမ်ကတ်ပေါင်းတစ်သန်းအထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်းပြောကြားထားပြီး လက်ရှိတွင် အရောင်းဆိုင်များသို့ ထပ်မံချထားပေးမည့်ရက်ကို အတိအကျပြောကြားထားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
7Day
Sunday, November 2, 2014
မီးပုံးပျံပြုတ်ကျ ၍ ဒဏ်ရာရသူများတွင် နှစ်ဦးသေဆုံး
တောင်ကြီးတန်ဆောင် တိုင်ပွဲတွင် ပရိသတ်များအတွင်း သို့ မီးပုံးပျံတစ်လုံးမီးလောင်ပြုတ် ကျရာတွင် ဒဏ်ရာရရှိခဲ့သူများ အနက် နှစ်ဦး သေဆုံးသွား ကြောင်း သတင်းရရှိသည်။
မီးလောင်ဒဏ်ရာရသူ ၁၅ ဦးရှိခဲ့ပြီး တောင်ကြီးစဝ်စံထွန်းဆေး ရုံတွင် ကုသနေသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် နိုဝင်ဘာ ၂ ရက်က သေဆုံးသွားခြင်းဖြစ်သည်။
နှစ်ဦးစလုံးသည် တောင်ကြီးမြို့ဒေသခံများဖြစ်ပြီး ဒဏ်ရာရသူတစ်ဦးကိုလည်း ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း တောင်ကြီးလူငယ်အဖွဲ့မှ သတင်းရရှိသည်။
‘‘ဒါကလုံခြုံရေးစည်းပေါက် လို့ဖြစ်တာမျိုး မဟုတ်ဘူးလေ။ ဒီလိုမတော်တဆမှုမျိုးက နှစ်တိုင်းဖြစ်နေကျပါ။ မီးပုံးတစ်ခုလွှတ် တိုင်း ပရိသတ်တွေ အန္တရာယ် ကင်းမယ့်နေရာမှာ နေဖို့ မိုက်နဲ့ တောက်လျှောက် သတိပေးနေ တယ်။ ပွဲတော်က ပုံမှန်အတိုင်း စည်စည်ကားကားပါပဲ’’ ဟု ပွဲတော်လုံခြုံရေးကွပ်ကဲရေးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။
ထို့အပြင် ဒေသခံလူငယ်များကလည်း လုံခြုံရေးအတွက် ပူးပေါင်း ဆောင်ရွက်နေသော ကြောင့် နိုဝင်ဘာ ၁ ရက်ကကဲ့သို့ မတော်တဆဖြစ်ရပ်များ နောက် ထပ်မဖြစ်စေရန် ထိန်းသိမ်းနိုင် မည်ဟု ယုံကြည်ကြောင်း အဆိုပါ ရဲအရာရှိကပြောသည်။
တောင်ကြီးစ၀်စံထွန်းဆေး ရုံတွင် လူနာ ၁၂ ဦးကုသနေရဆဲ ဖြစ်ပြီး စိုးရိမ်စရာအခြေအနေ မဟုတ်ကြောင်း တောင်ကြီးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။ မီး လောင်ဒဏ်ရာရသည့် ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ ရက် နံနက်အစော ပိုင်းက လွှတ်တင်ခဲ့သည့် ခွန်တန် ညမီးကျည်မီးပုံးပျံသည် ပေ ၂၀၀ ခန့်အရောက်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
တောင်ကြီး လူငယ်အဖွဲ့မှ ကိုစိုင်းရန်နောင်က မီးပုံးပျံပြုတ် ကျသည့်ဖြစ်စဉ်မှာ ဖြစ်လေ့ရှိ သော မတော်တဆမှုတစ်ခုပင်ဖြစ်ပြီး တောင်ကြီးမီးပုံးပျံပွဲတော် အကြောင်း ထဲထဲဝင်ဝင်မသိသူ များက အွန်လိုင်းပေါ်တွင်ကြောက်လန့်ဖွယ် ပြောဆိုနေ ကြောင်း တုံ့ပြန်ပြောကြားသည်။
‘‘မီးပုံးပျံတစ်လုံးက လနဲ့ချီ ပြီး အိပ်ရေးပျက်ခံပြီးလုပ်ထား ကြတာပေါ့။ လှလှပပလည်း ဖြစ် စေချင်ကြတယ်။ အခုကတော့ ရုတ်တရက် ဖြစ်သွားတာပေါ့။ ပရိသတ်တွေကိုတော့ တကယ့်ကို အန္တရာယ်ကင်းစေချင်ပါတယ်။ မီးပုံးပျံအနားကနေ မကြည့်ဘဲ ပရိသတ်တွေအနေနဲ့ အဝေးကပဲ ကြည့်စေချင်ပါတယ်’’ဟု ၎င်းက ပြောသည်။
မီးပုံးပျံပျက်ကျသည့် ညတွင်ပင် ညမီးကျည်မီးပုံး ၁၄ လုံးလွှတ် တင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်ညက လည်း ၁၄ လုံးထပ်မံလွှတ်တင်ခဲ့ကာ အားလုံးအောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ကြောင်း တောင် ကြီးလူငယ်အဖွဲ့မှ သတင်းရရှိ သည်။
မီးပုံးပျံလွှတ်သည့် အဖွဲ့ များကလည်း ပရိသတ်များအား အနားသို့ ကပ်ခွင့်မပေးဘဲ အဝေး မှသာ ကြည့်စေကြောင်း ကိုစိုင်း ရန်နောင်ကပြောသည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ညမီးကျည်မီးပုံးပျံ ၈၈ လုံးလွှတ်တင်မည်ဖြစ် ပြီး စိန်နားပန်မီးပုံးပျံအပါအ၀င် မီးပုံးပျံအလုံးပေါင်း ၁၃၀ ကျော် လွှတ်တင်မည်ဖြစ်သည်။

Subscribe to:
Posts (Atom)