Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Tuesday, July 1, 2014
သံသယဖြစ်ဖွယ် လက်မှတ် ၃၃ သိန်း
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပြီးသူ သုံးသန်းနှင့်သုံးသိန်းရှိကြောင်း ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် NLD မှ ထုတ်ပြန်ကြေညာခဲ့ရာ လူထုကြားတွင် ဝေဖန်မှုများ ပြင်းထန်လာခဲ့သည်။ NLD ဗဟိုမှ ကြေညာချက်အရ ရက်ပေါင်း ၃၃ ရက်အတွင်း လက်မှတ်ပေါင်း ၃၃ သိန်း၊ တစ်ရက်လျှင် ပျမ်းမျှ လက်မှတ် တစ်သိန်း ရရှိနေသည် ဆိုခြင်းမှာ လူထုမှ ယုံကြည်ရန် ခက်ခဲနေကြရသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဟောပြောသည့် မြို့များတွင်ပင် တစ်ရက်တည်း လက်မှတ် ၁ သိန်းမရရှိခဲ့ပေ။ သို့ဖြစ်၍ NLD ၏ ကြေညာချက်မှာ မဟုတ်မမှန် လုပ်ကြံထားခြင်း သိသာနေသည်။
ရက်ပေါင်း ၃၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်၊ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ရန်ကုန်၊ မန္တလေး၊ မအူပင် နှင့် တောင်ငူမြို့များတွင်သာ သွားရောက်ဟောပြောခဲ့ရာ အချို့မြို့များတွင် တက်ရောက်သူ ထောင်ဂဏန်းသာရှိပြီး အချို့မြို့များတွင် ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ ရသည်။ ဒေါ်အောင်ဆန်း စုကြည်မပါပဲ ၈၈ ဦးဆောင်သည့် ဆွေးနွေးပွဲများတွင်လည်း တက်ရောက်သူ နှစ်ထောင်ထက် မပိုခဲ့။ ပရိတ်သက်များခဲ့သည့် မန္တလေးတွင်လည်း ၁၈ နှစ်အောက် ကလေးများ ဖြစ်နေသဖြင့် လက်မှတ်မထိုးပဲ စာရေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောခဲ့ရသေးသည်။ ဤအခြေအနေမျိုးတွင် တစ်ရက်လျှင် လက်မှတ် တစ်သိန်းရရှိသည်ဟု NLD ကြေညာခြင်းမှာ ဟာသဟု ပြောရမလို၊ ပြောင်လိမ်သည်ဟု မှတ်ချက်ပေးရမလို ဖြစ်နေသည်။
လူ တစ်သိန်းမပြောနှင့် လူ အယောက် ၁၀၀၀ လောက် တန်းစီပြီး လက်မှတ်ထိုးနေသည့်ဓာတ်ပုံ တစ်ပုံပင်လျှင် မြောက်များလှသော NLD အားပေး စာမျက်နှာများတွင် မတွေ့ရဖူးပေ။ ရွာလုံးကျွတ် လက်မှတ်ထိုးကြောင်း အထောက်အထားပြနိုင်သည့် မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်ပင်လျှင် ၂ နှစ်အတွင်း လက်မှတ် ၆ သန်းကျော်သာ ရရှိခဲ့ရာ NLD ၏ကြေငြာချက်မှာ လုပ်ကြံ သတင်းဖြန့်သလိုဖြစ်နေသည်။
ဒါ့အပြင် ၃၃ ရက်အတွင်း ရရှိပြီး လက်မှတ်များတွင်လည်း အရှုပ်အရှင်း ပြဿနာအချို့ရှိနေသည်။ နေပြည်တော် ကျည်တောင်ကန်တွင် လက်မှတ် လိမ်လည်ကောက်ခံသဖြင့် တိုင်ကြားခံထားရသည်။ မန္တလေးတွင်လည်း ဆရာတော်များကို ဆွမ်းလောင်းရန်ဖိတ်ပြီး လက်မှတ်ထိုးခိုင်းသည်ဟု ဆိုသည်။ NLD ရုံးအချို့တွင် နိုင်ငံခြားတွင် အိမ်ဖော်မလုပ်ရဖို့ ၄၃၆ လက်မှတ်ထိုးခိုင်းသည့် ဆိုင်းဘုတ်များချိတ်ဆွဲကာ ပြည်သူကို ထင်ယောင်ထင်မှားဖြစ်ပြီး လက်မှတ် များများ ရအောင် ကောက်ခံနေသည်။ ဂန့်ဂေါခရိုင် ကျောက်စစ်ကျေးရွာတွင် (၄၃၆) ပြင်ဆင်ရေး လက်မှတ်မထိုးသူအား ကျေးရွာသာရေး နာရေး လူမှုရေးမှ ကျင်ပစ်မည်ဖြစ်ကြောင်း၊ NLDပါတီ ခေါင်းဆောင် ဦးစစ်ဝင်းမှ ခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းကြောင်း တိုင်ကြားခံထားရသည်။ မန္တလေးတွင် ရဲတပ်သား တစ်ဦးမှ သူ့နာမည်၊ ကွယ်လွန်သွားသည့် သူ့အဖေနာမည်၏ မှတ်ပုံတင် နံပတ်ကိုသုံးကာ လက်မှတ်အတုထိုးသွားကြောင်း သိရသဖြင့် ပြန်လည်စစ်ဆေးခွင့် တောင်းရာ NLD မှ စစ်ဆေးခွင့်မပေးခဲ့ပေ။ သို့ဖြစ်၍ NLD ပြောသည့်လက်မှတ် ၃ သိန်းတွင် သေဆုံးသူများ၊ ၁၈ နှစ်အောက်ကလေးများ၊ လက်မှတ် ၂ ကြိမ် ၃ ကြိမ် ထိုးသူများ နှင့် အမှန်တကယ် လက်မှတ်မထိုးသူများ ပါ/မပါ ကို NLD မှ လုံးဝ ချပြရဲခြင်းမရှိပေ။
မည်သို့ပင် ဖြစ်စေ ဇူလိုင် ၁၉ ရက် မတိုင်ခင် လက်မှတ် ၁၆ သန်း မရရအောင် ကောက်ရ မည်ဟု ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်မှ ညွန်ကြားထားသဖြင့် NLD ပါတီဝင်များ လော် စပီကာများဖြင့် ပြည်သူများကို အတင်းအကြပ် လိုက်အော်သူအော်၊ လမ်းပေါ်တွင် ယဉ်မောင်းများကို ကားအတွင်းအထိ လက်မှတ် ကောက်သူ ကောက်နှင့် ပါတီဝင်တွေလည်း အကြပ်ရိုက်၊ ပြည်သူတွေလည်း အနှောက်ယှက် ဖြစ်နေကြရသည်။ သို့သော် ဇူလိုင် ၁၉ ရောက်လျှင်တော့ ၁၆ သန်းရသည်ဟု NLD က မဖြစ်မနေ ကြေညာမည်မှာ ကျိန်းသေဖြစ်သည်။
၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုတွင် အခြေခံဥပဒေ ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖတ်ရှုထားသည့် လွှတ်တော် အမတ်များပင်လျှင် လက်မှတ်ထိုးခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှလည်း ပုဒ်မ ၄၃၆ ကို ပြည်သူများ မသိကြသေးကြောင်းနဲ့ ပြည်သူ ၉၀% ကျော်က အခြေခံဥပဒေ မဖတ်ဖူးသူများ ဖြစ်ကြောင်း မအူပင်တွင် ပြောဆိုခဲ့ရာ ယခု NLD ရရှိထားသည့် လက်မှတ်များမှာ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို အမှန်တကယ် နားလည်ပြီး တိုင်းပြည်အတွက် ရှေးရှုကာ ပြင်ဆင်လိုသည့် လက်မှတ်များ ဟုတ်/မဟုတ် ဆိုသည်မှာ သံသယ ဝင်စရာဖြစ်သည်။ အသေအချာမသိသူများ၏ လက်မှတ်များ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး အသုံးချကာ မိမိပါတီ အာဏာရရေး၊ မိမိသမ္မတဖြစ်ရေး အသုံးချမည့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်မှာ လွန်စွာ ရှက်စရာကောင်းလှသဖြင့် လူထုယုံကြည်မှု မကျဆင်းစေရန် သတိပြုသင့်ပေသည်။
myanmar express
သမ္မတကြီး ဦးသိန်းစိန် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အိန္ဒိယဒုတိယသမ္မတ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ဒုတိယသမ္မတအပါအ၀င် တာဝန်ရှိသူအချို့နှင့် ပေကျင်းမြို့တွင် ပြုလုပ်သည့်
‘ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူငါးရပ်’ နှစ် ၆၀
ပြည့်ဓာတ်ပုံပြပွဲတွင် ဇွန် ၂၉ ရက်က တွေ့ရစဉ် (Photo: AFP)
ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူငါးရပ် နှစ် (၆၀) ပြည့်
အခမ်းအနားတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး
သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်သည် ဇွန် ၃၀ ရက် ညပိုင်းက တရုတ်နိုင်ငံ
လော့ရန်မြို့မှလေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း
နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်း ထုတ်လွှင့်ချက်အရ သိရသည်။တရုတ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်ကို သမ္မတဦးသိန်းစိန်သည် ဇွန် ၂၇ ရက်တွင် စတင်သွားရောက်ခဲ့ခြင်းဖြစ်ပြီး ကနဦးအဖြစ် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်တွေ့ဆုံခဲ့ကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နား လည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့သည်။
အဆိုပါ မြန်မာ-တရုတ်သဘောတူညီချက် နားလည်မှုစာချွန်လွှာများကို သမ္မတနှင့်အတူ လိုက်ပါသွားကြသည့် ၀န်ကြီးများနှင့် တရုတ်နိုင်ငံဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက နှစ်နိုင်ငံခေါင်းဆောင်များရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ-တရုတ်ယဉ်ကျေးမှုစင်တာ အပြန်အလှန် ထူထောင်မှုဆိုင်ရာ နားလည်မှုသဘောတူညီချက်၊ ယဉ်ကျေးမှုအမွေအနှစ် အဆင့်မြှင့်တင်ရေးနှင့် ပူးပေါင်းရှာဖွေ ဖော်ထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံစီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှုနှင့် နည်းပညာတက္ကသိုလ် (ရတနာပုံ) Cyber City အတွက် လိုအပ်သည့် ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ ပစ္စည်းများ အကူအညီပေးရေး ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။
အလားတူ သမ္မတဦးသိန်းစိန်သည် တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ဥက္ကဋ္ဌ မစ္စတာကျန်တဲကျန်းနှင့်လည်း ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေပြုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်သည် ဇွန် ၂၈ ရက်၌ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ပြုလုပ်သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးရပ်၏ နှစ်(၆၀) ပြည့် အထိမ်းအမှတ်ကွန်ဖရင့်သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည် သွားမည်ဟု ယုံကြည်ကြောင်းနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးကို အလေးထားသွားမည်ဖြစ်ကြောင်း စသည့်ချစ်ကြည်ရေး မိန့်ခွန်းအား ပြောကြားခဲ့သည်။
ယင်းအပြင် ဇွန် ၂၈ တွင် သမ္မတ ဦး သိန်းစိန်သည် တရုတ်ဝန်ကြီးချုပ် လီခကျန်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးချက်အကြောင်းအရာများမှာ အကြမ်းဖျင်းထုတ်ပြန်ချက်များအရ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် စီး ပွားရေးစင်္ကြန် တည်ထောင်နိုင်ရေး၊ မြန်မာ- တရုတ်ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ မြှင့်တင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကူအညီပေးရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်း မာရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်ရေး၊ အာဆီယံ- တရုတ် ဆက်ဆံမှုတိုးမြှင့်ရေးနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့စသည့် ကိစ္စရပ်များပါဝင်ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်သည် Lingguang ဗုဒ္ဓစွယ်တော် ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်က ဘုရားကျောင်းသို့ ကျောက်စိမ်းဆင်းတုတော်တစ်ဆူ လက်ဆောင်ပေးခဲ့ကာ ဘုရားကျောင်းကလည်း လက်ဆောင်ပြန်လည် ပေးအပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံဘက်က ပေးအပ်ခဲ့သော လက်ဆောင်ပစ္စည်းများတွင် ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းများပါဝင်ခဲ့ပြီး တန်ကြေးအနေဖြင့် ဒေါ်လာ ၄၂၉၂၈၀ တန်ဖိုးရှိကြောင်း ချိုင်းနားဒေးလီး၏ သတင်းဖော်ပြချက်အရ သိရသည်။
ဇွန် ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်နှင့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းမြို့မှ အထူးလေယာဉ်ဖြင့် ဟီနန်ပြည်နယ် လော့ရန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး လော့ရန်မြို့ရှိ မဟာစိနပဘာ ရွှေတိဂုံပုံစံတူစေတီတော် ထီးတော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား ထုတ်လွှင့်ချက်အရ သိရသည်။
အဓမ္မပြုကျင့်ပြီး အသေသတ်မြေမြှုပ်ခံရသော မိန်းကလေး မသေဘဲ ပြန်လာအမှုဖွင့်
အသက်မပြည့်သေးသူ အချင်းချင်း (၁၃)နှစ်အရွယ် မိန်း ကလေးကို အဓမ္မပြုကျင့်ပြီး အ သေသတ်ကာ မြေမြှုပ်ထားခဲ့မှု ဖြင့် (၁၆) နှစ်အရွယ် အမျိုးသား ငယ်တစ်ဦးကို အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
ပန်းမထိပ်ရွာအနီးရှိ တော ထဲသို့ ထင်းခုတ်သွားကြရာမှ အ သက် (၁၃) နှစ်အရွယ်မိန်းကလေး ကို (၁၆)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်ပြီး လည်ပင်းကို ပုဆိုးဖြင့် ချည်နှောင်ဆွဲခြင်း၊ လက်ကောက်ဝတ်များကို ဓားဖြင့် ခုတ်ခြင်းနှင့် ဗိုက်ကို အချွန်ဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ပြီး သေ သည်အထင်ဖြင့် တွင်းကို လက်ဖြင့်တူး၍ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးနှင့် ကျူးလွန်ခံရသူ၏ မိဘများက ပြောသည်။
သို့သော် မိန်းကလေးမှာ မသေဘဲ နာရီဝက်ခန့်အကြာတွင် သတိရကာ နေအိမ်သို့ ပြန်လာခဲ့ သဖြင့် အချိန်မီဆေးရုံတင်ကုသ နိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကောင်မလေးက မောင်နှမ ၀မ်းကွဲတော်သူနှစ်ဦးနဲ့ ထင်းခွေ ထွက်သွားတဲ့အချိန် ကောင်လေး ကလည်း လိုက်သွားပြီး ကျန်တဲ့ ကလေးနှစ်ယောက် ပြန်သွားတဲ့ အချိန်မှာ ဖြစ်သွားတယ်လို့ သိရ တယ်။ မြေကြီးကို လက်နဲ့ယှက် မြှုပ်ပြီး သစ်ရွက်နဲ့ပဲ အုပ်တယ်။ မျက်နှာကို ချန်ထားခဲ့တော့ မသေ ဘဲ ကလေးက ပြန်လာနိုင်လို့ အ ခုလို အမှုကို ဖော်ထုတ်လိုက်နိုင် တာပါ’’ ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။
‘‘လက်ကောက်ဝတ်တွေကို ဓားနဲ့ခုတ်တယ်လို့ ပြောတယ်။ အခုတော့ လည်ပင်းကလည်း ပုဆိုးနဲ့ချည်ထားလို့ ရောင်နေတဲ့ အပြင် လက်မှာလည်း ဓားဒဏ်ရာ တွေ၊ ဗိုက်ကိုလည်း ထိုးမိထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်နေရတယ်’’ ဟု မိန်းကလေး၏ မိခင်က ပြော ကြားသည်။
အဆိုပါအမျိုးသားမှာ ကျူးလွန်ပြီးနောက် အိမ်ပြန်လာကာခြင်းခတ်နေပြီး မိန်းကလေး မသေဘဲ ရွာပြန်လာသည်ကို သိသောအခါ ထွက်ပြေးသောကြောင့်ညတွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
7Day
မြန်မာ-အမေရိကန် စစ်တပ်ချင်း ထိတွေ့ ဆက်ဆံဖို့ အချိန်ကျပြီလား
မြန်မာနိုင်ငံကို အလည်အပတ်သွားခဲ့တဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ၂ နိုင်ငံ တပ်မတော်ချင်း ထိတွေ့ ဆက်ဆံရေး တိုးမြင့်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ စစ်ဒေသ ကွပ်ကဲရေးမှူး ကြယ် ၃ ပွင့် ဗိုလ်ချုပ် အန်ထော်နီ ခရပ်ခ်ျဖီးလ်ဒ် (Anthony Crutchfield) ပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြင့်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ လက်ရှိ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်တွေ၊ တပ်မတော်မှ မြေယာ စွန့်လွှတ် လွှဲပြောင်းမှုဆိုင်ရာ ကိစ္စရပ်တွေ အပေါ် နှစ်ဦး နှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။
အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ် နောက်ဆုံးနေ့မှာ အဖွဲ့ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တွမ် မာလင်နောင်စကီး (Tom Malinowski) က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်ကျပြီလို့ ထုတ်ဖော်ပြောဆိုပါတယ်။
ဒါဟာ အမေရိကန်ဘက်က အဆင့်မြင့် အရာရှိတဦးက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်က မြန်မာစစ်တပ်ကို သတိနဲ့သာ ဆက်ဆံနေဦးမှာ ဖြစ်ပြီး ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ ပြည်သူက အားကိုးတဲ့ စစ်တပ်ဖြစ်လာရေးအတွက် ရည်ရွယ်ကာ အခုလို ထိတွေ့ ဆက်ဆံမှု စတင်ဖို့ ပြောဆိုတာလို့ ဆိုပါတယ်။
အမေရိကန် စစ်တပ်က မြန်မာစစ်တပ်ကို တိုက်ခိုက်ရေးဆိုင်ရာ သင်တန်းပေးဖို့ မရှိသလို စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးတဲ့ ဆက်ဆံရေးမျိုးလည်း ရှိမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ် အန်ထော်နီ ခရပ်ခ်ျဖီးလ်ဒ်က ထုတ်ဖော် ပြောဆိုပါတယ်။
အမေရိကန် စစ်တပ်က မြန်မာစစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေ၊ လူသားချင်းစာနာ ထောက်ထားရေး အကူအညီဆိုင်ရာ ကိစ္စတွေ၊ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက်သာ သင်တန်းတွေ အဓိက ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက စိုးရိမ်နေခဲ့ကြတာ အမှန်ပါပဲ။ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ဧရာဝတီနဲ့ ၂၀၁၄ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သီးသန့် တွေ့ဆုံစဉ် အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက်ဆံရေးအပေါ် စိုးရိမ်မကင်း ဖြစ်တာကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချူပ် ဂွန်မော်က “ဒီကိစ္စက အတိအကျ လက်ခံဖို့ ခက်ပါတယ်၊ နည်းပညာတခုကို ဘယ်နေရာမှာမဆို အသုံးပြုလို့ ရပါတယ်၊ တကယ်လို့ ဒီလိုနည်းပညာများနဲ့ တိုင်းရင်းသားများအကျိုးကို ထိခိုက်စေနိုင်တဲ့၊ စစ်ရေးမှာ တိုက်ခိုက်ရေး စွမ်းရည် မြှင့်တင်ပေးနိုင်တဲ့ ပုံစံမျိုး ဖြစ်လာလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားများက စကားပြောလာဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။
မြန်မာအစိုးရက အခုလို နိုင်ငံတကာ စစ်တပ်တွေနဲ့ ဆက်ဆံလာမှုတွေ အပေါ် တလွဲ အသုံးချနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံ အစိုးရက ပြည်သူလူထုကို ပေးနေတဲ့ သတင်းစကားက ဘာလဲ ဆိုတော့ အခုလို စစ်တပ်ချင်း ဆက်ဆံတယ် ဆိုတာက အခုအစိုးရရဲ့ လုပ်ဆောင်ချက်များ မှန်ကန်လို့ အမေရိကန်လို နိုင်ငံကြီးတွေက ထောက်ခံနေတာ ဖြစ်တယ်လို့ လူထုကို သတင်းစကား ပေးနေတယ်၊ ကျနော်တို့ နားလည်တာက ဒီသတင်းစကားက မှားတယ်” လို့ ဗိုလ်ချုပ် ဂွန်မော်က ဆိုပါတယ်။
ဆက်လက်ပြီး သူက “အမေရိကန် အစိုးရက ပြုပြင်ပြောင်းလဲရေး အတွက် ကူညီတာ ဖြစ်တယ်၊ မှန်ကန်လို့ အကူအညီ ပေးတာ မဟုတ်ဘူး၊ အဲဒီတော့ အမေရိကန် အစိုးရက လူထုကို အသိပေးသင့်တယ်” လို့လည်း ပြောပါတယ်။
တဖက်မှာလည်း အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းဆိုးတွေ ဆက်လက် ရှိနေသေးတဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံဖို့ အလွန်စောနေကြောင်းလည်း ထောက်ပြမှုတွေ ဆက်တိုက် လုပ်နေပါတယ်။ ဒီ့အပြင် မြန်မာ့အရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေကလည်း အစဉ်တစိုက် ဒီကိစ္စအပေါ် သတိပေး နေကြပါတယ်။
စစ်တပ်ချင်း လေ့ကျင့် သင်ကြားပေးမှုတွေနဲ့ ထောက်ပံ့မှုတွေရဲ့ အကျိုးဆက်နဲ့ ပတ်သက်ပြီး တချိန်က သင်ခန်းစာတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အထူးစိုးရိမ်ကြတာလည်း ထင်ရှားပါတယ်။
အမေရိကန်က မြန်မာနိုင်ငံမှာ ဘိန်းစစ်ဆင်ရေးအတွက် အကူအညီ ပေးခဲ့စဉ်က မူးယစ်တိုက်ဖျက်ရေး အထူးအဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး လေ့ကျင့်သင်ကြားမှုတွေ၊ အသုံးအဆောင်တွေလည်း ရှိခဲ့ပါတယ်။
ဘိန်းခင်း ဖျက်ဆီးရေးအတွက် ဆေးဖျန်းဖို့သုံးတဲ့ ဖော်ကာလေယာဉ် အပါအဝင် လေယာဉ်ပျံတွေ၊ Bell 205၊ Bell 206 အစရှိတဲ့ ရဟတ်ယာဉ်တွေ၊ ပြည်ထဲရေး ဝန်ကြီးဌာနကို ထောက်ပံ့ခဲ့တဲ့ M 16 မောင်းပြန် ရိုင်ဖယ်တွေနဲ့ တခြားစစ်သုံး အထောက်အပံ့ ပစ္စည်းတွေကို အမေရိကန်က မြန်မာကို ထောက်ပံ့ပေးခဲ့ပါတယ်။
မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ အမေရိကန်က မူးယစ်တိုက်ဖျက်ရေး အတွက် ထောက်ပံ့တဲ့ စစ်လက်နက် ပစ္စည်းတွေကို အသုံးပြုခဲ့ဖူးတဲ့ သာဓကတွေ ရှိနေခဲ့တာဟာ သင်ခန်းစာတွေပါပဲ။
ဒါပေမယ့် အခုတော့ မြန်မာစစ်တပ်ကို ပရော်ဖက်ရှင်နယ် ပီသတဲ့ စစ်တပ် ဖြစ်စေရေးအတွက် အမေရိကန်ဘက်က အဓိက အားပေး ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကလည်း အမေရိကန်က မြန်မာ့ပြုပြင် ပြောင်းလဲရေးကို ဆက်ပြီး အားပေးဖို့ မြန်မာ့နိုင်ငံရေးမှာ အဓိက ကျနေဆဲဖြစ်တဲ့ စစ်တပ်ကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စစ်တပ်ဖြစ်ရေး ရည်ရွယ်ပုံရပါတယ်။
နေပြည်တော်မှာရှိတဲ့ အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှာ ဗိုလ်ချုပ် အန်ထော်နီ ခရပ်ခ်ျဖီးလ်ဒ် က ဇွန်လ ၂၅ ရက်က မိန့်ခွန်း ပြောကြားခဲ့ပြီး ဒါဟာ အမေရိကန် စစ်ဗိုလ်ချုပ် တဦးရဲ့ မြန်မာကာကွယ်ရေး တက္ကသိုလ်မှာ ပထမဆုံး မိန့်ခွန်းလည်း ဖြစ်ပါတယ်။
မိန့်ခွန်းမှာ အဓိက ပြောသွားခဲ့တာက အမေရိကန် စစ်တပ်ရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်နဲ့ လူ့ဂုဏ်သိက္ခာ လေးစားလိုက်နာမှုနဲ့ လူ့အခွင့်အရေးကို လေးစားမှု၊ မတူကွဲ ပြားမှုကို လက်ခံမှု၊ တရားဥပဒေကို လေးစားမှု၊ အရပ်သားအစိုးရ ထိန်းချုပ်မှုကို ထောက်ခံမှု စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
“စည်းမျဉ်းတွေကို လိုက်နာမှုဟာ ခင်ဗျားတို့ တိုင်းပြည် (ကချင်၊ ရှမ်းနဲ့ အခြားနေရာတွေမှာ) ဖြစ်နေတဲ့ ကာလကြာရှည် ပဋိပက္ခတွေကို အဆုံးသတ်ဖို့နဲ့ လူတိုင်းကို အကျိုးရှိစေမယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ အတွက် မရှိ မဖြစ်ပါဘဲ” လို့ ဗိုလ်ချုပ် အန်ထော်နီ ခရပ်ခ်ျဖီးလ်ဒ်က ပြောပါတယ်။
သမ္မတ အိုဘားမား အစိုးရကတော့ မြန်မာစစ်တပ်နဲ့ အမေရိကန် စစ်တပ်တို့ ထိတွေ့ ဆက်ဆံရေး လမ်းကြောင်းတွေကို နည်းမျိုးစုံ စဉ်းစားချည်းကပ်မှု ရုပ်လုံးတွေ ပီပြင်လာနေတာက ဒီအမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ခရီးစဉ်က ထင်ဟပ်စေပါတယ်။
ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာနက ကထိက ဖြစ်သူ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ကတော့ အမေရိကန်က နှစ်နိုင်ငံ စစ်တပ်ချင်းပူးပေါင်းချင်တဲ့ ဆန္ဒ ရှိတာဟာ အလွန်ကောင်းမွန်တဲ့ အနေအထားတခု ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“မပွင့်လင်းခင် ကာလက မြန်မာစစ်တပ်ဆိုတာ ဖွံ့ဖြိုးဆဲ နိုင်ငံအချင်းချင်းရဲ့ စစ်တပ်ချင်းပဲ ဆက်ဆံခဲ့ရတာ၊ အခု အမေရိကန်လို စစ်တပ်နဲ့ ဆက်ဆံမှုရှိမယ်ဆိုတာ အရမ်းကို ကောင်းတယ်လို့ ယူဆတယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စစ်တပ်ဆိုတာ နိုင်ငံရေးအခန်းကဏ္ဍမှာ ဘယ်လို ပါဝင်ရသလဲဆိုတာမျိုး သိခွင့်ရရင်ကို အရမ်းကောင်းတဲ့ကိစ္စပါပဲ” လို့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဧရာဝတီကို ပြောပါတယ်။
အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာတော့ သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းသာယာစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ရဲ့ နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်နေပါတယ်။
မြန်မာနဲ့ ဆက်ဆံရေး ပိုအားကောင်းဖို့ အမေရိကန်အနေနဲ့ စစ်တပ်ချင်း ဆက်ဆံရေးကို တိုးမြင့်လုပ်ဆောင် လာတာကို မြန်မာ့ခေါင်းဆောင် တွေကလည်း လက်ခံနားလည် ထားသလို အင်အားကြီး အမေရိကန်နဲ့ တရုတ်နိုင်ငံ အကြား ဟန်ချက်ညီ ထိန်းညှိဆက်ဆံ ရေးကိုလည်း အပျက်အစီး မခံတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးမှာ စစ်တပ်ချင်း ဆက်ဆံရေး ကိစ္စတွေ ပါဝင်လာတဲ့ အပေါ် စိတ်မသက်မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း အာရှဗဟိုပြု မဟာဗျူဟာအရ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး အရရော၊ နိုင်ငံရေး ပထဝီဝင် အရပါ အလွန် မဟာဗျူဟာမြောက်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံက ဒေသတွင်း နိုင်ငံတွေကို ပေါင်းကူးတဲ့ နေရာက ရှိနေပြီး မဟာဗျူဟာမြောက် နိုင်ငံတခု အနေနဲ့ သမိုင်းတလျှောက် ရင်းနှီးမြှုပ်နှံမှု အတော်များများ ထားရှိနေတာလည်း ဖြစ်တယ်။
အချုပ်အားဖြင့် ပြောရရင် အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက်ဆံမှု အပေါ် မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စိုးရိမ်မှုတွေ မြင့်လာနိုင်သလို အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကလည်း ပိုမိုကျယ်ပြန့် လာနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရေးမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေသူ တချို့ကတော့ အမေရိကန် အပါအဝင် နိုင်ငံတကာ စစ်တပ်တွေ အနေနဲ့ မြန်မာစစ်တပ်ကို ထိတွေ့ဆက်ဆံပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသား ဂုဏ်သိက္ခာ လေးစား တန်ဘိုးထားတဲ့ စစ်တပ် ဖြစ်စေရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာတဲ့ ပရော်ဖက်ရှင်နယ် စစ်တပ် ဖြစ်စေရေး လေ့ကျင့်ပေးဖို့ လိုလားကြောင်း ပြောခဲ့ကြပါတယ်။
မြန်မာအစိုးရ ခေါင်းဆောင်တွေဟာ အရင်ကထက်စာရင် အင်အားကြီး နိုင်ငံတွေ အကြား ထိန်းညှိဆက်ဆံရေး ပိုမို အားကောင်းဖို့ လိုလားနေပါတယ်။ ဒီကိစ္စဟာ အလွန်လည်း အကဲဆတ်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။
ဧရာဝတီ
အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ့ ကင်ဆာရောဂါအန္တရာယ်
(အမျိုး သမီးထု
တကိုယ်ရေးသန်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊
ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန်
့ပြန်မျှဝေအသိပေးကြပါ)
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံ မှ အမျိုးသမီးများအတွက် ကျမ္မာရေးအသိပေးနှိုး ဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။
အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ ဖြင့် လာရောက်ကုသမှုခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍ ရောဂါရာဇ၀င်ကိုလေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာဝေဒနာသည်အများစု ဟာ ဓမ္မတာရာသီလာတဲ့အခါ pad(ခေါ်)လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad(ခေါ်)လစဉ်သုံးပစ္စည်း က အပြင်အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့စုပ်ယူထိန်းထားပေးလေ့ရှိပါတယ်။
pad တွေကို ဓာတုပစ္စည်းတွေနဲ့ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊အခုလို ရာသီသွေးရည်များနဲ့အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ ဒါပေမယ့်အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ဓာတုပစ္စည်းများပျက်ပြယ်ကာ အထဲမှာစုပ်ယူထိန်းပေးထားတဲ့သွေးပုပ်များကို ဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပါတော့တယ်။ ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း ကြောင်းတလျှောက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီးအိမ်နဲ့  သားအိမ်တို့  ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို အတွင်းခံမှာအကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata Cancer Hospital ကအကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။
၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာသုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့  ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။
ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန့်မျှဝေ အသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်းအကြံပြုထားပါတယ်။.
myanmar express
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံ မှ အမျိုးသမီးများအတွက် ကျမ္မာရေးအသိပေးနှိုး ဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။
အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ ဖြင့် လာရောက်ကုသမှုခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍ ရောဂါရာဇ၀င်ကိုလေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာဝေဒနာသည်အများစု ဟာ ဓမ္မတာရာသီလာတဲ့အခါ pad(ခေါ်)လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad(ခေါ်)လစဉ်သုံးပစ္စည်း က အပြင်အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့စုပ်ယူထိန်းထားပေးလေ့ရှိပါတယ်။
pad တွေကို ဓာတုပစ္စည်းတွေနဲ့ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊အခုလို ရာသီသွေးရည်များနဲ့အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ ဒါပေမယ့်အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ဓာတုပစ္စည်းများပျက်ပြယ်ကာ အထဲမှာစုပ်ယူထိန်းပေးထားတဲ့သွေးပုပ်များကို ဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပါတော့တယ်။ ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း ကြောင်းတလျှောက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီးအိမ်နဲ့  သားအိမ်တို့  ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို အတွင်းခံမှာအကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata Cancer Hospital ကအကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။
၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာသုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့  ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။
ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန့်မျှဝေ အသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်းအကြံပြုထားပါတယ်။.
myanmar express
အွန်လိုင်းချစ်သူများ သတိပြုဆင်ခြင်စရာ
အွန်လိုင်းချစ်သူများ
သတိပြုဆင်ခြင်စရာ
ယနေ့ခေတ်လူငယ်များအကြား အထူးရေပန်းစားနေသည်မှာ
အင်တာနက်နည်းပညာဖြစ်သည်။ အင်တာနက်နည်းပညာတွင်မှ ယခင် G-Talk နှင့် အပြန်အလှန်စကားပြောခြင်း(Chatting)
များပြုလုပ်ကြ ရာမှ ယခုအခါဖေ့ဘွတ် Chat ဘောက်မှအပြန်အလှန် စကားပြောခြင်းများ အထူးရေပန်းစား လျက်ရှိသည်။
ဖေ့ဘွတ်အကောင့် မရှိလျှင်ပင် လူငယ်များအကြား ခေတ်မမီတော့သကဲ့သို့ပင် ဖြစ်နေသည်။
ဖေ့ဘွတ်ဟူသည့် လူမှုကွန်ရက်ဝက်ဆိုက်ကြီးသည်
ပြည်သူများတစ်ဦးနှင့်တစ်ဦး အွန်လိုင်းပေါ်တွင် မိတ်ဆွေများ ဖြစ်သွားပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင်ဖြစ်ပျက်နေသော
အကြောင်းအရာများကို ချက်ချင်း သိရ ခြင်း၊ ကွဲကွာနေသော မိတ်ဆွေ၊ မောင်နှမများပြန်လည်တွေ့ဆုံရခြင်း
စသည်ကောင်းသည့်အချက်များ ရှိသကဲ့သို့ အွန်လိုင်းပေါ်မှနေ၍ လူမှုရေးဖောက်ပြန်မှု၊ လိမ်ညာမှုစသည့်
ရှုပ်ထွေးလှသည့် လူမှုရေးပြဿနာများ လည်းရှိနိုင်ပါသည်။ ယင်းကြောင့်ဖေ့ဘွတ်ကို “ဖွဘွတ်”ဟူ၍
နောက်ပြောင် ပြောဆိုကြသည် များလည်းရှိသည်။
ဖေ့ဘွတ်မှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်မရှိသည့်သူများအကြား
ခင်မင်ရင်းနှီးကာ အချို့ချစ်သူများအထိ ဖြစ်သွားကြသူများလည်းရှိကြသည်။ယင်းသို့ဖြစ်သွားသည်မှာ
ပြဿနာမဖြစ်နိုင် သော်လည်း အချို့အိမ်ထောင်ရှိ အမျိုးသား၊အမျိုးသမီးမျာသည် မိမိကိုယ်ကိုအပျို၊
လူပျိုများ ဟန်ဆောင်ကာ ခေတ်စကား အရပြောရလျှင် အခြားအပျို၊လူပျိုလေးများကိုလိုက်၍ကျူကာအချို့သမီးရည်းစားချစ်သူများအထိ ဖြစ်သွားကြပြီး လူမှုရေးဖောက်ပြန်မှုကြီးတစ်ခု ကျူးလွန်နေကြသည်ကို
တွေ့မြင် ကြားသိနေရပါသည်။
ဥပမာအနေဖြင့် ပြောရလျှင် စာရေးသူသည် ခွင့်ယူ၍
ဇာတိမြို့ပြန်စဉ်ကဖြစ်သည်။ အိမ်ပြန်ရောက်၍ တစ်ရက်၊ နှစ်ရက်အကြာ ရောက်တုန်းရောက်ခိုက်
မိတ်ဆွေ၊ ဆွေမျိုးများအိမ်သို့ အလည်အပတ်သွားစဉ် လူငယ်တစ်ဦး၏ လက်ကိုင်ဖုန်းတစ်လုံး
အိမ်သာထဲကျသွားသဖြင့် ပြန်လည်ဆယ်ယူရာ ဟန်းဆက်မှာ ပျက်သွားပြီး ဆင်းကတ်သာကောင်းမွန်တော့ကြောင်းကြားသိခဲ့ရသည်။
ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ အဘယ်ကြောင့်ဟန်းဆက်ကိုအိမ်သာထဲယူသွားရသလဲဟု မိတ်ဆွေများကိုမေးမြန်းကြည့်ရာ
ယင်းလူငယ် သည်အိမ်ထောင်ကျပြီးသူဖြစ်ရာ၎င်း၏အမျိုးသမီးသိမည်ဆိုး၍အိမ်သာတက်ရင်းဖုန်းကိုအသုံးပြုရာမှ ပြုတ်ကျ ကြောင်းသိရသည်။ အိမ်သာအတွင်း ဖုန်းအသုံးပြုရခြင်းမှာ ဖေ့ဘွတ်မှ
ခင်မင်သောမိန်းကလေးကို မိမိကိုယ်ကို လူပျိုလူလွတ်တစ်ယောက်ဟု
လိမ်ညာပြောပြီး ချစ်သူဖြစ်သည်အထိ ရင်းနှီးသွားကြကာ ၎င်း၏အမျိုးသမီးမသိ စေရန်ဖုန်းခိုးပြောရာမှ
ပြုတ်ကျခြင်းဖြစ်သည်။ အခြားတစ်ဖက်မှ မိန်းကလေးကတော့ ၎င်းတွင်အိမ်ထောင်ရှိ သည်ကိုမသိဘဲ
လူလွတ်ထင်ကာ ပြန်လည်ရင်းနှီးရာမှ လူမှုရေးဖောက်ပြန်မှုကြီး တစ်ခုကျူးလွန်နေခြင်း ဖြစ်သည်။
အချို့အိမ်ထောင်ရှိ အမျိုးသမီးများသည်အွန်လိုင်းပေါ်တွင် မိမိကိုယ်ကိုအပျိုဟုလိမ်ညာကာ ဖောက်ပြန်နေ ကြသည်ကို မြင်တွေ့နေရသကဲ့သို့ အချို့အိမ်ထောင်ရှိ အမျိုးသားများ သည်လည်း
ဖေ့ဘွတ်ပေါ် တွင်သမီး ရည်းစားဖြစ်ရုံသာမက အပြင်တွင်ပါ သွား၍ချိန်းတွေ့ရာ တွင် ပြဿနာ များဖြစ်ထွန်းနေသည်ကိုလည်း
ကြားသိနေရပါသည်။
ထို့ကြောင့် လူငယ်လူရွယ်များအနေဖြင့် ဖေ့ဘွတ်ကွန်ရက်အပါအ၀င်
အခြားကွန်ရက်များ အသုံးပြုကြ ရာတွင် တစ်ဦးနှင့်တစ်ဦး မိတ်ဆွေအဆင့်သာခင်မင်ရင်းနှီးကြရန်နှင့်
အကယ်၍ မိတ်ဆွေ အဆင့်ထက်ကျော် လွန်ခဲ့လျှင်လည်း တစ်ဦးအကြောင်းတစ်ဦးက ဂဃနဏသိမှ ရင်းနှီးကြရန်ဖြစ်ပါသည်။
အထူးသဖြင့် အမျိုးသမီး များပိုမိုသတိထားသင့်ပါသည်။ မိန်းကလေးများမှာ ဖက်ပေါ်ဆူးကျကျ၊
ဆူးပေါ် ဖက်ကျကျ ဖက်ကသာလျှင် ပေါက်မည်ဖြစ်ရာ ပို၍ဂရုထား သင့်ပါသည်။
မြန်မာနိုင်ငံတွင် ဖေ့ဘွတ်အပါအ၀င် အလားတူကွန်ရက်များကြောင့်
ကောင်းမွန်သည့်အချက်များ ရှိသည်မှန်သော်လည်း ပြည်သူများ အကြားရှုပ်ထွေးသည့် လူမှုရေးပြဿနာများ
ပေါ်ပေါက်လျက်ရှိနေသည်။ အချို့လူငယ်များတွင် ခင်မင်ရင်းနှီးလိုစိတ်အမှန်အကန် ရှိကြသော်လည်း
အချို့သူများတွင် မကောင်းသော အကြံအစည်များ ရှိကြပေရာ ဖေ့ဘွတ်ကွန်ရက်များကို အ ထူးဂရုပြု၍
အသုံးပြုကြရန် ရေးသားလိုက်ရ ပါသည်။
ဆန်းယဉ်ဥ
မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ
မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော်သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ်အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
ကြက်သည်း၊ ကြက်မြစ် အလေးချိန် ၂ ဒသမ ၅ တန်ကျော်ရှိပါတယ်။ ခန့်မှန်းတန်ဖိုး ၆၃ သိန်းကျော် တန်ဖိုးရှိတယ်လို့ သူက ဆိုပါတယ်။ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ညောင်ခါးရှည် မိုဘိုင်းတင်းမ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထက်မင်းက “မော်လမြိုင် ငါးဦးစီးဆီက ယူလာတဲ့ မျှောစာကို ပြတယ်။ ငါးဦးစီးရဲ့ မျှောစာက ကကတစ်ငါးကို ဖော်ပြထားတာ။ သယ်လာတာက စီပီတံဆိပ် ကြက်မြစ်ကြက်သည်းတွေ” လို့ ရှင်းပြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က တင်သွင်းရန် ခွင့်ပြုမထားသော စားသုံးရန်မသင့်သည့် အဆိုပါ ကြက်မြစ်ကြက်သည်းများကို မီးရှို့ဖျက်ဆီး၍ မြေမြှုပ်ခဲ့တယ်လို့ မိုဘိုင်းတင်းမ် အဖွဲ့က သိရပါတယ်။
မှောင်ခိုပစ္စည်း တင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မှောင်ခိုဝင်လာတဲ့ ကြက်သည်း၊ ကြက်မြစ်တွေကို ပြည်တွင်းမှာ တစ်ကီလိုဂရမ် တစ်ထုတ်ကို ကျပ် ၂၇၀၀ ဈေးပေါက်ပါတယ်။
ပဲနို့နဲ့ အသားတုတွေလည်း မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လေ့ ရှိပါတယ်။
The Voice Weekly
Subscribe to:
Posts (Atom)






