Tuesday, October 6, 2015

ကားချင်းတိုက်မိရာက ၅၃ အထူးယာဉ် အုတ်နံရံဖောက်ထွက်ပြီး လယ်ဆည် ၀န်ကြီးဌာနခြံဝင်းထဲရောက်သွား



လုပ်ငန်းသုံးယာဉ်တစ်စီးနဲ့ ခရီးသည်တင်မထသ ၅၃ အထူးယာဉ်တစ်စီးတို့ ကိုးမိုင်အေ၀မ်း မှတ်တိုင်အနီးတိုက်မိရာက အရှိန်မထိမ်းနိုင်တဲ့ ၅၃ အထူးယာဉ်ဟာ လမ်းဘေးအုတ်နံရံကို ဖောက်ထွက်ပြီးလယ်ယာ စိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ပိုင်ဝင်းထဲဝင်ရောက်သွားပါတယ်။ဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ မျက်မြင်တွေရဲ့ပြောပြချက်အရ လုပ်ငန်းသုံးကန်တာယာဉ်ဟာ ဆောက်လုပ်ရေးကုမ်္ပဏီ တစ်ခုကဖြစ်ပြီး ကမ္ဘာအေး ပုလဲကွန်ဒိုအနီးကနေ အင်းစိန်ဘက်ကို ပြည်လမ်း အတိုင်း မောင်းနှင်လာတာပါ။

Monday, October 5, 2015

ရု​ရှား​လေ​ယာဉ်​ကို ​တူ​ရ​ကီ ​ကြား​ဖြတ် ​ဟန့်​တား​ခဲ့



ပြီး​ခဲ့​တဲ့ ​စ​နေ​နေ့​က ​တူ​ရ​ကီလေ​ပိုင်​နက်အ​တွင်း ​ရု​ရှား​တိုက်​လေ​ယာဉ်​တစ်​စီး ​ဝင်​ရောက်လာ​တဲ့​အ​တွက် ​တူ​ရ​ကီ​ရဲ့ ​အက်ဖ် ၁၆ ​တိုက်​လေ​ယာဉ်​တွေ ​အ​ရေး​ပေါ် ​ပျံ​တက် ​ခဲ့​ရ​တယ်​လို့ ​တူ​ရ​ကီ ​နိုင်​ငံ​ခြား​ရေးဝန်​ကြီး​ဌာ​န​က ​ပြော​ပါ​တယ်။
ရု​ရှားက​တော့ ​သူ​တို့လေ​ယာဉ်​ဟာ ​လမ်း​ကြောင်း​မှား​ပြီး ​ဝင်​လာ​တာဖြစ်​ကြောင်း၊ ​တူ​ရ​ကီ ​အ​စိုး​ရ​ကို​လည်း ​ရှင်း​လင်း​ပြော​ဆို​ပြီး ​ဖြစ်​ကြောင်း ​ပြော​ပါ​တယ်။

တိုင်ဖွန်း မူဂျီဂေးကြောင့် တရုတ်မှာ လူ ၆ ဦးသေဆုံး


တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ တနင်္ဂနွေနေ့က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း မူဂျီဂေးကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၂၁၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တရုတ်သတင်းမီဒီယာက ဆိုပါတယ်။ ကျန်ဂျင်းမြို့ကို တိုင်ဖွန်းဝင်ရောက်ခဲ့ပြီး လေပြင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ဒိနောက်မှာတော့ မူဂျီဂေးမုန်တိုင်းဟာ အားပျော့သွားပြီး ကွမ်ဇီပြည်နယ်ဘက်ကို ရွေ့လျားသွားခဲ့ပါတယ်။

ယာဉ်တိုက်မှုမှာ ဇက်ကျိုးသွားတဲ့ကလေးငယ်ကို ဆရာဝန်တွေပြန်ဆက်ပေးပြီး ထူးဆန်းစွာ အသက်ဆက်ရှင်နိုင်ခဲ့


အသက် ၁၆ လသားအရွယ်ကလေးငယ်လေးဟာ ယာဉ်တိုက်မှုတစ်ခုမှာ ဇက်ကျိုးသွားခဲ့ပြီးနောက် ဆေးပညာသမိုင်းမှာ ထူးဆန်းစွာ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။
အမေဖြစ်သူ Rylea ၊ Jaxon နဲ့  အသက် ကိုးနှစ်အရွယ် အစ်မ Shayne တို့ ရဲ့ ကားဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မှာ တစ်နာရီ မိုင် ၇၀ နှုန်းမောင်းလာတဲ့ယာဉ်တစ်စီးနဲ့ အပြင်းအထန် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကနေ Brisbane မြို့ မှာရှိတဲ့ ဆေးရုံဆီ ကလေးငယ်ကို ရဟတ်ယာဉ်နဲ့ ပို့ ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုက အရှိန်ဟာ အလွန်ပြင်းထန်တာကြောင့် ဦးခေါင်းအတွင်းပိုင်း ပြတ်တောက်မှု (internal decapitation) အဖြစ် Jaxon ရဲ့ ဦးခေါင်းဟာ လည်ပင်းရိုးကနေ အထက်ကို ဆွဲဟသွားတယ်လို့  ကျောရိုးခွဲစိတ်အထူးကုဆရာဝန် Dr Geoff Askin က ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက နည်းပြဖြစ်သူ Brendan Rodgers ကို ရာထူးမှထုတ်ပယ်ခဲ့ နည်းပြသစ်ဖြစ်လာရန် Jurgen Klopp ရေပန်းစားနေ

လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းနဲ့ သရေကျခဲ့တဲ့ မာဆေးဆိုက်ဒါဘီအပြီးမှာ နည်းပြ  Brendan Rodgersကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ရာသီအစရှစ်ပွဲသာရှိသေးပေမယ့် မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်လိုက်တာပါ။ 
လီဗာပူးလ်အသင်းဟာ နွေအပြောင်းအရွှေ့မှာ ပေါင်သန်း ၈၀ အထိသုံးစွဲခဲ့ပေမယ့် Rodgersက ထိုက်တန်တဲ့ အောင်မြင်မှုကို မရယူပေးနိုင်ခဲ့ပါဘူး။

Sunday, October 4, 2015

အပူချိန်မြင့်တက်မှုကြောင့် အပူပိုင်းဒေသများ ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

ရာသီဥတုပြောင်းလဲ လာမှုနှင့်အတူ အပူချိန်များမြင့် တက်လာသဖြင့် မြန်မာနိုင်ငံရှိ အပူပိုင်းဒေသများတွင် ပျက်စီး ဆုံးရှုံးမှုကြီးမားနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုဖြစ် စဉ်ကြောင့် ရာစုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ အပူချိန်သည် ပုံမှန် အထက် ၅ ဒီဂရီမြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း၊ မုတ်သုံမိုး ၃၀ ရာခိုင်နှုန်းလျော့နည်းလာခြင်း နှင့်အတူ ရေအရင်းအမြစ်များ ကျဆင်းလာခြင်းကြောင့် အပူပိုင်းဒေသဖြစ်သော စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူး တိုင်းတို့တွင် ရေရှားပါးမှုပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
‘‘မန္တလေးတိုင်းရဲ့ သဘာဝကိုက မိုးအရနည်းတဲ့ဒေသ။ မိုးရေချိန် ၅ လက်မလောက် လျော့ပါးသွားရင် ဒေသတစ်ခုလုံး စီးပွားရေးအများကြီး ထိခိုက်ပါတယ်။ သိပ်ထိခိုက်လွယ်တဲ့ ဒေသပေါ့။ မန္တလေးက လူတွေ သိထားရမှာ တစ်ခုရှိတယ်။ မန္တလေးတင် မဟုတ်ပါဘူး။ အပူပိုင်းဒေသ (စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း) ဒီဒေသတွေမှာက မိုးပေါ်က ရွာချတဲ့ရေနဲ့၊ ပူလို့ မြေပြင်က အငွေ့ပြန်တဲ့ရေက ဒီ ဒေသက အငွေ့ပြန်တဲ့ ရေက ပိုများတယ်။ ဒါကြောင့် ဒီဒေသဟာ ရွှေ ကို မလို၊ ငွေကိုမလို၊ ရေကိုသာ လိုတယ်လို့  ပြောရတဲ့ဒေသ။ အဲဒီတော့ ရေရှားလိမ့်မယ်။ အဲဒါ သတိထားဖို့လိုပါတယ်’’ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် သုံးခုဖြစ်သည့် ဟိမဝန္တာတောင်ခြေမှ ရေခဲမြစ်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပျောက်ဆုံးသွားပြီဖြစ်ပြီး မြေအောက်ရေမှာလည်း အပူချိန်မြင့်တက်လာခြင်းနှင့်အတူ သစ်တော ပြုန်းတီး မှုများကြောင့် လျော့နည်းနေပြီဖြစ်ကြောင်း၊ မုတ်သုံမိုးမှာလည်း လွန်ခဲ့တဲ့နှစ်များအတွင်း ၃၀ ရာခိုင်နှုန်း လျော့နည်းလာခဲ့သောကြောင့် ရေအရင်းအမြစ်များ လျော့နည်းလာကြောင်း ဆိုသည်။

ရာသီဥတုဖောက်ပြန်လာခြင်း၏ ဆိုးကျိုးများကို အခြေခံလူတန်းစားများဖြစ်သော တောင်သူများ အဓိကခံစားကြရမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ လူတိုင်းအသိပညာဗဟု သုတရှိရန် အရေးကြီးကြောင်း ဒေါက်တာထွန်းလွင်က အကြံ ပြုတိုက်တွန်းသည်။ နေအပူကို အန်တုနေသူ များ

7Day Daily

NLD ၏ ထိုင်ခုံနေရာချထားမှု အငြင်းပွားဖွယ်ရာဖြစ်...ဒီလိုလူမျိုးကို သမ္မတနေရာပေးလိုက်ရင်တော့ ဘာတွေဖြစ်ကုန်မလဲ စဉ်းစားသာကြည့်ပေတော့

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ကျောင်းဆောင်ဖွင့်ပွဲ တက်ရောက်ချီးမြှင့်ရန် ကြွရောက်ခဲ့သော ရှင်ဆန္ဒာဓိက အား NLD မှ မြင့်မြတ်သောနေရာတွင် ထားရှိခြင်း မပြုသည့်အပေါ် သံဃာ များအကြား ဝေဖန်ပြောကြားမှုများ ထွက်ပေါ်လာလျက် ရှိသည်။

ဤသို့ နေရာချထားစီစဉ်မှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မခံသင့်ကြောင်း၊ ဆရာတော်အနေဖြင့် စီစဉ်ပေးသည့်အတိုင်း နေရာယူရခြင်းဖြစ်၍ မည်သည့်စောဒကတက်မှုမှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မျက်နှာမကောင်းကြောင်း၊ ၄င်းအခမ်းအနား ပြီးသည်နှင့် ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်၍

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ