Tuesday, September 22, 2015

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုနှင့် အလုပ်ရှင် အလုပ်သမားတို့ အခက်အခဲ ဘယ်လိုဖြစ်လာမလဲ

မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ ကျပ်ကို စက်တင်ဘာလ အစောပိုင်းမှာ အတည်ပြုပြီးတဲ့ နောက် အထည်ချုပ်လုပ်ငန်းကဲ့သို့ လုပ်သားအရေအတွက် အများဆုံးအသုံးပြုရသည့် စက်ရုံများ ဆက်လက် လည်ပတ်ရန် ရုန်းကန်နေရပြီး အကောင်းဆုံး ပုံစံရောက်အောင် အချိန်ယူသွားရမယ်လို့ လုပ်ငန်းရှင်များက ပြောသည်။

“ကိုယ့် လုပ်သားအရေအတွက်ကို ထိန်းထားဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်၊ ဒါပေမယ့် အထည်ချုပ်ရဲ့ တိုးတက်နေတဲ့နှုန်းက ခြောက်လလောက် ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ပထမ ခြောက်လ လောက်ကတော့ ကျွန်တော်တို့လည်း အလဲလဲအကွဲကွဲပါပဲ” ဟု လက်ဝါး ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြော

ပုပ်ရဟန်းမင်ကြီး Francis ကို အမေရိကန်လှိုက်လှဲစွာကြိုဆို

ပုပ်ရဟန်းမင်ကြီး Francis ဟာ ကျူးဘားနိုင်ငံကတဆင့် ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မယ်ရီလန်းပြည်နယ် Andrew လေတပ် အခြေစိုက်စခန်း လေဆိပ်ကို ဆိုက်ရောက်လာပြီး သမ္မတ အိုဘားမားကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်း ဆင်းရဲမွဲတေမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကိစ္စတွေအပြင် ဘာသာရေးလွတ်လပ်ခွင့်၊ ရွှေ့ပြောင်းအခြေချသူတွေ အရေးအတွက် အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းပြောဆိုဖို့ ရှိနေပါတယ်။ ပုပ်ရဟန်းမင်ကြီးရဲ့ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင် က တင်ပြထားပါ

Monday, September 21, 2015

ခွေးတောက်ရွက်၏ ကျန်းမာရေး အကျိုးပြုပုံ

ခွေးကောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ခွေးတောက်ရွက်ဟာ ပြည်တည်နာများ အနာဆွေးများသွေးစုနာများ အနားစိမ်းကို ပျောက်ကင်းစေနိုင်ပါ တယ်။ အရွက်ကို မီးကင်၍အုံပေးပါ။

ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများအတွက် ကောင်းမွန်တဲ့ ဆေးတစ် လက် ဖြစ်ပါတယ်။ ကြော်စား၍ဖြစ်စေ အပြုတ်တို့ လုပ်ပြီး  စားသည်ဖြစ်စေ အာနိသင် ရှိပါတယ်။

ဒါ့အပြင် ကြက်သားဖြစ် ရောစပ်ကာ ချက်စားမယ်ဆိုရင် ဝမ်းတွင်း အစိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာ ပါရှိလို့ မြန်မာ့ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။
 Lyhealthcare

ဘူးသီး သီးမှ အရီးလာတော်

တပ်မတော်အပေါ် နားလည်မှုရှိတဲ့သူ ... တပ်မတော် အပေါ် နားလည်မှု ရှိတဲ့  ပါတီဆိုတာ ... ဘယ်လိုမျိုးလဲ ?
ဟုတ်ကဲ့  ....
စစ်ခွေးတွေ စစ်ခွေးတွေလို့  ....ကျွန်တော်တို့ ကို သိမ်းကျုံးစော်ကားတဲ့ သူတွေ ... စု မနေတဲ့ ပါတီမျိုး ....
ဒါမျိုး မပြောသင့်ပါဘူးလို့  သွားမေတ္တာရပ်ခံရင် ... ကျုပ်တို့ က အောက်ခြေစစ်သားတွေ ချစ်တယ် ...အရာရှိတွေကို မုန်းတာဆိုပြီး ... အရာရှိ နဲ့  အခြားအဆင့် သွေးခွဲဖို့  ကြိုးစားတဲ့ သူတွေ ...စု မနေတဲ့  ပါတီမျိုး ...
အရှေ့ မြောက်မှာ ...ကျွန်တော်တို့ သေကြ ကြေကြ ဒဏ်ရာရတော့ ...အသံတစ်ချက်မှ မထွက် ၊ ရေငုံနူတ်ပိတ်သူတွေ ...
စု မနေတဲ့  ပါတီမျိုး ....
ကျွန်တော်တို့ နဲ့ စစ်တိုက်နေရတဲ့ သူတွေ ... ကျဆုံး ဒဏ်ရာရတော့ ... ချက်ချင်းပဲ မျက်ကလူးဆန်ပြာ ... လှိုက်လှိုက်လှဲ လှဲ ၀မ်းနည်းရပါတယ်လို့  .... ရက်ရက်စက်စက် ကြေငြာချက်ထုတ်တဲ့ သူတွေ ... စု မနေတဲ့  ပါတီမျိုး ....
သမ္မတ အစ အနုပညာသည်တွေ အဆုံး... သူဌေးက အစ ဆင်းရဲသားအဆုံး ... အယုတ်အလတ် အမြတ်မရွေး ... အရှေ့  မြောက် ဒေသက ... အတန်းလိုက် ရာနဲ့  ချီတဲ့  အုတ်ဂူဖြူဖြူတွေကို ... လေးလေးစားစား သွားဦးညွှတ်ကြချိန်မှ

နေ့စဉ်မိုးလေ၀သ သတင်း (၂၂.၉.၂၀၁၅ နံနက်)

       

ဒီကနေ့ နံနက်(၀၇း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားနည်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး၊ ကျန် ဒေသများမှာကတော့ တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါတယ်....

ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊

ရွေးကောက်ပွဲရလဒ်ကြောင့် အာဏာပြန်သိမ်းဖို့မရှိ ကာချုပ်ကတိပေး

တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြဋ္ဌာန်းချက်အတိုင်းသာ လုပ်ဆောင်လိုတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတရေးအတွက် တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အာဏာပြန်သိမ်းဖို့ တပ်မတော်မှာ လုံးဝအစီစဉ် မရှိကြောင်းလည်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းသတင်းထောက် မေခက ပေးပို့ ထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က ခုလို  ပြောကြားခဲ့ တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့  ဘယ်လိုသဘောထားသလဲဆိုတာ သူကခုလိုပြောခဲ့ ပါတယ်။

“၅၉ (စ) နဲ့ပတ်သက်ပြီး ကျနော့သဘောထားက - ဒါကလည်း ပုဂ္ဂိုလ်တစ်ယောက်ကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ရိုးရိုးတန်းတန်းပဲ ပြောချင်ပါတယ်။ အနာဂတ်တိုင်းပြည်ကို တာဝန်ယူမယ့် ပုဂ္ဂိုလ်တစ်ယောက်ဟာ သံသယကင်းကင်းနဲ့ သံသယရှင်းရှင်းနဲ

ပြည်ထောင်စုအရေးတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NLD လိုလား

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုမှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကထား ပြောဆိုပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း အထူး အလေးပေးပြောဆို ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ဖယ်ဒရယ်ကို အာမခံပေးနိုင်တဲ့ အခြေခံဥပဒေတရပ် ဖြစ်ပေါ်လာရေးတို့ကို တပြိုင်နက်တည်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း တနလာင်္နေ့မှာပဲ ပါတီမူဝါဒနဲ့ ပတ်သက်လို့ မြန်မာအစိုးရရုပ်သံကနေ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီမူဝါဒတွေကို တနလာင်္နေ့မှာ ပြောဆိုတာမှာတော့ တပ်မတော်ရဲ့အခန်းကဏ္ဍကို အထူးတလည် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်ဟာ အဓိကကျတယ်ဆိုတာနဲ့

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ