Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Monday, December 29, 2014
ဆယ်ကျော်သက်အရွယ် အမေရိကန်ကျောင်းသူလေးတစ်ဦးလူခုနှစ်ဦး၏ ပြန်ပေးဆွဲ အဓမ္မပြုကျင့်ခံရ
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မှာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ဦး ကို ပြန်ပေးဆွဲ အဓမ္မပြုကျင့်ခဲ့တဲ့ သားအဖနှစ်ဦးနဲ့ အပေါင်းပါငါးဦးတို့ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်က အရေးယူဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။
အဆိုပါအခင်းဖြစ်ပွားမှုမှာ အဓိကပြစ်မှု ကျူးလွန်သူမှာ သားအဖနှစ်ဦးဖြစ်ပြီး အသက်၄၃နှစ် အရွယ် စီနီယာ ဒါးရစ်ခ်ျပေါဝဲလ်နဲ့ သားဖြစ်သူ ဂျူ နီယာ ဒါးရစ်ခ်ျပေါဝဲလ်တို့ပဲဖြစ်ပါတယ်။
သူတို့သားအဖနှစ်ဦးဟာ လွန်ခဲ့တဲ့ဒီဇင် ဘာ ၄ရက်က ကျောင်းမှပြန်လာသော ဆယ်ကျော် သက်အရွယ်ကျောင်းသူလေးကို လမ်းမှာ ပြန်ပေးဆွဲ ခဲ့ပါတယ်။
ယင်းသားအဖနှစ်ဦးဟာ အသက်၁၆ နှစ်အရွယ်ခန့်ရှိတဲ့ ဆယ်ကျော်သက်အရွယ်ကျောင်း သူလေးကို ပြန်ပေးဆွဲခဲ့ရုံသာမက အဓမ္မပြုကျင့်ခဲ့ပြီး သူတို့ရဲ့ အပေါင်းပါငါးဦးတို့ကိုပါ ယင်းကောင်မလေး နဲ့ အဓမ္မပြုကျင့်စေခဲ့ပြီး ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးကိုလည်း မူးယစ်ဆေးဝါးသုံးစွဲစေခဲ့ တယ်လို့ ရှေ့နေတစ်ဦးကပြောဆိုခဲ့ပါတယ်။
အဓိကပြစ်မှုကျူးလွန်ခဲ့တဲ့ သားအဖနှစ် ဦးကို သက်ဆိုင်ရာက အရေးယူဖမ်းဆီးခဲ့ပြီး အဆို ပါ ပြန်ပေးဆွဲကိစ္စအမှုတွင် သံသယရှိတဲ့အပေါင်းပါ ငါးဦးကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ သက် ဆိုင်ရာရဲတပ်ဖွဲ့ဝင်က ပြောဆိုခဲ့ပါတယ်။
Ref : Daily Mirror
အကယ်ဒမီနဲ့ လွဲခဲ့လို့ မကျေနပ်တဲ့ သီင်္ဂီထွန်း ရှင်းမည်
မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက ပထမဆုံးကျင်းပခဲ့ သည့် ၂၀၁၃အတွက် အကယ်ဒမီ ဆုပေးပွဲတွင် ဇာတ်ပို့ဆုနှင့်လွဲ ချော်ခဲ့သည်ကို မကျေနပ်၍ သရုပ်ဆောင်သီင်္ဂီထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။
အကယ်ဒမီပေးပွဲတွင် ရုပ် ရှင်အစည်းအရုံးမှ လူတစ်စု၏ တရားမျှတမှုမရှိသည်ကို စာရွက် စာတမ်းအချို့ဖြင့် ဖော်ထုတ် သွားမည်ဖြစ်ပြီး နောက်ပိုင်းအနု ပညာလောကတွင် မလုပ်ရတော့ လျှင်လည်း ကိစ္စမရှိကြောင်း သရုပ်ဆောင်သီင်္ဂီထွန်းက 7Day Daily အား ပြောသည်။
‘‘ဒီနှစ်အကယ်ဒမီက ပညာ ကိုပေးတာလား။ လူကိုပေးတာ လား။ အကယ်ဒမီနဲ့ လွဲခဲ့ရတဲ့အ တွက်ဘယ်လိုမှ မခံစားရပေမယ့် ဒီနှစ်ဆုရသွားတဲ့လူ တချို့ကိုပဲ ပြောချင်ပါတယ်’’ဟု ၎င်းကဆို သည်။
‘‘သတင်းစာရှင်းလင်းပွဲလုပ် တာကတော့ သူ့ရဲ့ဆန္ဒအရလုပ် တာဆိုတော့ ဘာမှပြောစရာမရှိ ဘူး။ ဇာတ်ကားတွေ မကြည့်ဘဲ ပေးတယ်ဆိုတာကတော့ သူမသိ ဘဲ ရမ်းပြောနေတာပါ။ ဇာတ်ကား တစ်ကားကို လေးငါးခါလောက် ပြန်ကြည့်ရပါတယ်။ ကျွန်တော် တို့ အကဲဖြတ်အဖွဲ့ဝင် ၃၆ ယောက်လောက်ရှိပါတယ်။အား လုံးကိုမေးကြည့်နိုင်ပါတယ်’’ဟု အကယ်ဒမီနောက်ဆုံးအကဲဖြတ် အဖွဲ့ဝင် ဒါရိုက်တာဦးနှင်းမိုးက ပြောသည်။
၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် အကယ်ဒမီဆုမှာ နတ် ကြီးကြောင်း သိဖြစ်ပြီးဖြစ် ကြောင်းနှင့် ဇာတ်ကားမကြည့်ဘဲ အဖွဲ့အစည်းက ကြိုတင်ပေးထား ခြင်းဖြစ်ကြောင်း၊ မရိုးသားသည့်အကယ်ဒမီ ပတ်သက်ရာ ပတ်သက်ကြောင်းသာဖြစ်ပြီးလူတစ်စု ကောင်းစားနေရာရဖို့ဖွဲ့စည်းပြီး အနုပညာအဖွဲ့အစည်း အမည်သုံး စပွန်ဆာအမြောက်အမြားယူ၍ လုယက်စားသောက်နေကြသော ရုပ်ရှင်အစည်းအရုံးအားရှုတ်ချပါ ကြောင်းနှင့် စစ်မှန်သောအကယ် ဒမီကိုသာမျှော်လင့်ပြီး နိုင်ငံတော် မှပေးသည့် အကယ်ဒမီဆုသာ တော်ကာကျကြောင်း ဖော်ပြ ထားသည်။
ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သော ယင်းစာများကို ပြန် လည်ရုတ်သိမ်းခဲ့ပြီး ထိုသို့ဖျက်ရ ခြင်းမှာ ကိုယ့်စကားကိုယ် တာဝန်မယူနိုင်၍မဟုတ်ဘဲ ကောမန့်နေရာတွင် ပရိသတ်အချင်းချင်းမိုက်ရိုင်းစွာ ပြောဆိုလာခြင်း ကြောင့် ဖျက်လိုက်ရခြင်းဖြစ် ကြောင်း သီင်္ဂီထွန်းကပြောသည်။
သရုပ်ဆောင် သီင်္ဂီထွန်း သည် စုန်းပြူးဇာတ်ကားဖြင့်အမျိုး သမီးဇာတ်ပို့ဆုကို သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်နှင့်အ တူ ထင်ကြေးပေးခံခဲ့ရသူဖြစ် သည်။
7Day Daily
မနုနုယဉ်သေဆုံးမှု အမှုမှန်ပေါ်ပေါက်စေလိုကြောင်း မိသားစုတောင်းဆို
မှုခင်းဆရာဝန်၏ ဆေး စစ်ချက်အဖြေများအရ သရုပ်ဆောင်မင်းအုပ်စိုးထိုးနှက်သဖြင့် သေဆုံးသွားခဲ့သည့် မနုနုယဉ်ရရှိ ခဲ့သော ဒဏ်ရာများမှာ ထိုးကြိတ် ရုံဖြင့် ရရှိနိုင်သည့် ဒဏ်ရာများ မဟုတ်ခြင်းကြောင့် အမှုကိုအမှန် အတိုင်းဖြစ်စေလိုကြောင်း မနုနု ယဉ်၏ မိသားစုဝင်များက သတင်း ထောက်များအား ပြောကြား သည်။
‘‘မှုခင်းဆရာဝန်တွေရဲ့ပြော စကားအရ ရင်ဘတ်က အရိုးတွေ အကုန်ကျိုးနေတယ်။ အသည်းတွေ၊ နှလုံးတွေ အကုန်ပွင့်ထွက်သွားတယ်။ အဆုတ်မှာ ညိုမည်းနေတယ်။ ခေါင်းရဲ့ ဘယ်ဘက်တစ်ခြမ်းလုံးက ညိုမည်းနေတယ်။ ညာဘက်မျက်လုံးက ချိုင့်နေ တယ်။ အဲဒါတွေကတော့မျက်မြင် ကိုယ်တွေ့တွေ့ခဲ့ရတာ။ ဆရာဝန် ပြောတဲ့စကားအရ လက်သီးနဲ့ ထိုး ရုံနဲ့တော့ ဒီလိုကျိုးကြေသွားတာ မဖြစ်နိုင်ဘူး’’ဟု မနုနုယဉ်၏ ဦး လေးဦးအောင်ကျော်ထွားကပြော သည်။ ထို့ကြောင့် မနုနုယဉ်သေဆုံး သည့်ကိစ္စကို အမှုမှန်အတိုင်းပေါ် ပေါက်စေလိုကြောင်း မိသားစုဝင် များက ဒီဇင်ဘာ ၂၈ရက်က ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။
ခုတင်ပေါ်တွင် သေဆုံးနေ သည့် မနုနုယဉ်၏ ဓာတ်ပုံနှင့်ည အချိန် မင်းအုပ်စိုးနှင့် နှစ်ဦးတည်းရှိခဲ့သည်ဆိုသည့် ဖော်ပြမှုများသည် သေဆုံးသူ၏ ဂုဏ်သိက္ခာနှင့် မိသားစုများအပေါ် အထင်အမြင်လွဲမှားမှုများဖြစ်စေနိုင်သဖြင့် အမှန်တရား ပေါ်ပေါက်စေလိုကြောင်းမိသားစုက ပြောသည်။
‘‘ပွင့်ပွင့်လင်းလင်းနဲ့ မြင်မြင် သာသာဖြစ်အောင် အမှန်အတိုင်း ပဲဖြစ်ချင်ပါတယ်။ သေသွားတဲ့ ကလေးမလေးရဲ့ နာမည်ဆိုး လည်း မကျန်ခဲ့စေချင်ဘူး။ သူမ ဟုတ်တာလုပ်ခဲ့တာဆိုရင်လည်း အမှန်အတိုင်းလေးပဲ သွားစေချင် တာ။ သူ့ရဲ့နောက်ကြောင်းဖြောင့် ဖြောင့်ဖြူးဖြူးနဲ့ ဘ၀ကူးစေချင်ပါ တယ်’’ဟု ဦးအောင်ကျော်ထွားက ပြောသည်။
မင်းအုပ်စိုးထံတွင် မနုနုယဉ် အလုပ်လုပ်နေသည်မှာ ခြောက်နှစ်ခန့်ကြာမြင့်နေပြီး အလုပ်ကိစ္စများနှင့် ပတ်သက်၍ မိသားစုကို ဖွင့်ဟတိုင်ပင်ခြင်း မရှိသောကြောင့် မင်းအုပ်စိုးနှင့် မနုနုယဉ်၏ ဆက်ဆံရေးကိုမူ မသိရှိကြောင်းမိသားစုဝင်များကပြောသည်။
လွန်ခဲ့သည့် ငါးလခန့်က လည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုးကြုံခဲ့ ဖူးသည့် အကြောင်းကို မနုနုယဉ် သေဆုံးပြီးချိန်မှသာ စင်ကာပူရှိ သေဆုံးသူ၏ သူငယ်ချင်းပြောပြ သောကြောင့် သိခဲ့ရကြောင်း မိ သားစုဝင်များကပြောသည်။
‘‘မိသားစု စိတ်ဆင်းရဲမှာစိုး လို့လား မသိဘူး။ သူ့သူဌေးက စိတ်ကြီးတယ်ဆိုတာတော့ ပြော ပြတယ်။ သူအနှိပ်စက်ခံရတာကို တစ်ခါမှမပြောဘူး။ အလုပ်ထွက် ဖို့ နှစ်ကြိမ်၊ သုံးကြိမ်လောက် တော့ဖြစ်ဖူးတယ်။ ဒါပေမဲ့ အလုပ် ကို သံယောဇဉ်ဖြစ်နေတော့ပြန် ခေါ်ရင် လုပ်ဖြစ်တာပဲ’’ဟု မနုနုယဉ်၏ အဒေါ်ဖြစ်သူက ပြောသည်။
မနုနုယဉ် သေဆုံးသည့်အ ကြောင်းကိုလည်း သေဆုံးပြီး ၁၀ နာရီခန့်ကြာ ဒီဇင်ဘာ ၂၅ ရက်နေ့လယ် ၁၂ နာရီမှသာ မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်ကာ မနုနုယဉ်၏ ဟန်းဖုန်းနှင့် ပိုက်ဆံအိတ်ကိုသာ ပြန်လည်ရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘ကိုမင်းအုပ်စိုး မိန်းမနဲ့မိန်း ကလေးသုံးလေးယောက် လောက်ပါတယ်။ ဒီတိုက်ခန်းကို သတင်းလာပေးတာ။ ၁၂နာရီ လောက်ဖြစ်နေပြီ။ မေးကြည့်တော့ အလောင်းကရေခဲတိုက်မှာ ရောက်နေပြီလို့ ပြောတယ်။ အဲဒီနေ့က လာပေးတာ မတေးနုယဉ်ရဲ့ ပိုက်ဆံအိတ်နဲ့ ဖုန်းပါတယ်။ဆွဲကြိုးမပါဘူး။ လက်စွပ်မပါဘူး။ အဲဒီနေ့ကတော့ သတိမရဘူး။ အဲဒီနေ့က ပိုက်ဆံငါးသိန်းလည်း ပေးတယ်။ အမှုအတွက်ပေါ့အောင် မဟုတ်ပါဘူး။ အဒေါ် ဆေးကုလို့ရအောင်လို့ တော့ပြောတယ်။ ပိုက်ဆံကို လက်မခံလိုက်ပါဘူး’’ဟု အဒေါ်ဖြစ်သူကပြောသည်။
အခင်းဖြစ်ပွားသည့်ညတွင် အတူရှိနေခဲ့သူများကို သက်ဆိုင် ရာက စစ်ဆေးသော်လည်း ၎င်းတို့ အားလုံးအိပ်ပျော်နေပြီး ယင်းကိစ္စ ကိုမသိရှိဟု ငြင်းဆိုထားသဖြင့် အမှုဖြစ်စဉ်ကို အမှန်အတိုင်း သိလိုကြောင်း မိသားစုက ပြောသည်။
ထို့အပြင် အခင်းစတင်ဖြစ် ပွားချိန်က သတင်းထွက်ပေါ်ခဲ့ သည့် မင်းအုပ်စိုးနှင့်မောင်နှမ၀မ်း ကွဲတော်စပ်သည်ဆိုသည့် သတင်းမှာလည်းမဟုတ်မှန်ကြောင်း မိသားစုဝင်များကရှင်းလင်း သည်။
မနုနုယဉ်သည် ၎င်း၏ ဖုန်းကို ကိုယ်တိုင်သာကိုင်လေ့ရှိသော် လည်း အခင်းဖြစ်ပွားသည့် ည ၁၀ နာရီခန့်က ၎င်းနေထိုင်ရာ ဗျိုင်းရေအိုးစင်လမ်းရှိအဆောင်မှ အခန်းဖော်မိန်းကလေးနှင့်၎င်း၏ မိခင်ဖြစ်သူတို့ခေါ်ဆိုသည့်အချိန် တွင် ကိုယ်တိုင်မကိုင်ဘဲအခြားသူ တစ်ယောက်ကကိုင်၍ မနုနုယဉ် မအားကြောင်းပြောကြားခဲ့သည် ဟု အနုနုယဉ်နှင့် အတူနေသည့် အခန်းဖော်သူငယ်ချင်းကပြော သည်။
‘‘မတေးက သူ့ဆီကိုဖုန်းခေါ် ရင် သူကိုယ်တိုင်ပဲကိုင်တယ်။ တကယ်လို့မကိုင်ဖြစ်ဘဲ မစ်ကော ၀င်ရင်အမြဲတမ်းပြန်ခေါ်တယ်။ အဲဒါကြောင့် ညီမလည်းသူပြန် ခေါ်မှာဆိုပြီးမေ့နေတာ။ အဲဒီနေ့ ညက ညီမလည်း ၂နာရီလောက်မှ အိပ်တာ’’ဟု မနုနုယဉ်၏ အခန်း ဖော်သူငယ်ချင်းက ပြောသည်။
ဒီဇင်ဘာ ၂၅ရက် နံနက် ၂ နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ သရုပ်ဆောင်မင်း အုပ်စိုးနေအိမ်၌ အခင်းဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ မတေးနုယဉ်(ခ)မနုနုယဉ်၏ ရင်ဘတ်၊မျက်နှာနှင့် ကျောဘက်တို့တွင် ထိုးကြိတ်မှုကြောင့် အညိုအမည်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရာ မင်းအုပ်စိုးကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ဗဟန်းမြို့နယ် မြို့မရဲစခန်း တွင်အမှုဖွင့်အရေးယူထားသည်။
မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၆ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး ၌ ရုံးထုတ်ရမန်ယူခဲ့ပြီး ၂၀၁၅ ဇန်န၀ါရီ ၈ ရက်တွင် ရဲစစ်ချက်များပြီးပါက ထိုနေ့မှာပင် ရုံးထုတ်၍ တရားစွဲဆိုသွားမည်ဟု ဗဟန်းမြို့ နယ်တရားသူကြီးကပြောသည်။
7Day
လူပေါင်း ၁၆၂ ဦးလိုက်ပါလာသော အဲအေးရှားလေယာဉ် ပျောက်ဆုံးနေ
အဲအေးရှားလေယာဉ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ်အတွင်း တနင်္ဂနွေနေ့နံနက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်၌ လူ ၁၆၂ ဦးပါသွား၏။ အဆက်အသွယ် ပြတ်တောက်မသွားမီအတွင်း ရာသီဥတုအခြေအနေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ လေကြောင်းထိန်းသိမ်းရေးစခန်းသို့ လေယာဉ်မှူးကလှမ်းအကြောင်းကြားမေးမြန်းခဲ့မှုရှိခဲ့သည်။ ယင်းနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်အချိန်ဇယား
(ဒီဇင်ဘာ ၂၈ ရက်)
- မူလသတ်မှတ်ထားသည့်ထွက်ခွာချိန် - နံနက် ၅း၂၀ နာရီ (ဆူရာ ဘာယာစံတော်ချိန်)
- အမှန်တကယ်ထွက်ခွာခဲ့သည့်အချိန် - နံနက် ၅း၃၅ နာရီ
- အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအဆိုအရ အင်ဒိုနီးရှားနှင့် လေယာဉ်ကြား အဆက်အသွယ်ပြတ်တောက်သွားချိန် - နံနက် ၆း၁၇ နာရီ (ဆူရာဘာယာစံတော်ချိန်)
- စင်ကာပူ၌ ဆိုက်ရောက်ရမည့်အချိန် - နံနက် ၈း၃၀ နာရီ (စင်ကာပူ စံတော်ချိန်)
- ပုံမှန်ခရီးစဉ်ကြာချိန် - ၁း၅၀ နာရီ
- လေဆိပ်မှ ထွက်ခွာချိန်မှ အဆက်အသွယ်ပြတ်တောက်ချိန်ထိကာလ - ၄၂ မိနစ်၉း၁၅ နာရီ - လေယာဉ်အဆက် အသွယ်ပြတ်တောက်သွားကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန အရာရှိကို ကိုးကား ၍ အင်ဒိုနီးရှားမီဒီယာက ဖော်ပြ ခဲ့သည်။၉း၃၀ နာရီ - လေယာဉ်နှင့် အ ဆက်အသွယ်အားလုံး ပျောက်ဆုံး နေကြောင်း အဲအေးရှားက ၎င်း၏ Facebook စာမျက်နှာတွင် အ တည်ပြုခဲ့သည်။ လေကြောင်း လိုင်းအနေဖြင့် ရှာဖွေကယ်ဆယ် ရေးကို ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို ပျောက်ဆုံးလေ ယာဉ်ပါ ခရီးသည်များ၏ ဆွေမျိုး များအတွက် အရေးပေါ်ဖုန်းနံ ပါတ်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ သည်။၉း၅၃ နာရီ - လေယာဉ်ထွက်ခွာ ခဲ့ရာ ဆူရာဘာယာအနီးတစ်ဝိုက် တွင် မုန်တိုင်းအန္တရာယ်ရှိခဲ့။ အ ခင်းဖြစ်ပွားရာနေရာရှိ ဆိုးရွား သည့် ရာသီဥတုအခြေအနေ ကြောင့် အင်ဒိုနီးရှားအရာရှိများ အနေဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲဖြစ်နေ ခဲ့သည်။ QZ8501 သည် Belitungကျွန်းများအနီးတွင် အဆက်အ သွယ်ပြတ်တောက်ခဲ့ခြင်း ဖြစ် သည်။၁၀း၃၃ နာရီ - အဲအေးရှားက Facebook အပါအ၀င် ၎င်း၏ အွန်လိုင်းစာမျက်နှာများ၏ ပုံများကို မီး ခိုးရောင်ပုံများသို့ ပြောင်းလဲလိုက် သည်။ အဲအေးရှားကုမ္ပဏီ၏ မူ ရင်းလိုဂိုအရောင်မှာ အနီရောင် ဖြစ်သည်။၁၀း၄၃ နာရီ - Belitung ကျွန်းများတွင် ပျက်ကျလေယာဉ်တစ်စီး၏ အကြွင်းအကျန်များကို တွေ့ရ ကြောင်း အင်ဒိုနီးရှားဒေသခံမီဒီ ယာက တင်ပြသည်။ သို့သော် ယင်းပျက်ကျလေယာဉ်မှာ ပျောက် ဆုံးနေသည့် လေယာဉ်ဖြစ် ကြောင်း အတည်မပြုနိုင်ပေ။ ဤ အတောအတွင်း အင်ဒိုနီးရှားက လေယာဉ်နှစ်စီးအသုံးပြု၍ ရှာဖွေ ရေး ဆောင်ရွက်နေပြီ ဖြစ်သည်။၁၀း၅၅ နာရီ - ရှာဖွေကယ်ဆယ် ရေးတွင် ပါဝင်ကူညီရန် လေတပ် ရေတပ်များ အသင့်ရှိနေကြောင်း စင်ကာပူက ကြေညာခဲ့သည်။ စင် ကာပူချန်ဂီလေဆိပ်တွင်လည်း ပျောက်ဆုံးလေယာဉ်ပါ ခရီးသည် များ၏ ဆွေမျိုးမိသားစုမိတ်ဆွေ များအတွက် လိုအပ်သည့် အ ထောက်အပံ့များနှင့် စောင့်ဆိုင်း ဧရိယာတစ်ခုကို ပြုလုပ်ပေးခဲ့ သည်။၁၁း၅၀ နာရီ - စင်ကာပူဝန်ကြီး ချုပ် လီရှန်လွန်းက ၎င်း၏ တွစ်တာနှင့် Facebook စာမျက်နှာများမှ တစ်ဆင့် ပျောက်ဆုံးခရီးသည် များ၏ မိသားစုဝင်များကို နှစ်သိမ့် ခဲ့သည်။ အင်ဒိုနီးရှားဆူရာဘာ ယာမှ စင်ကာပူသို့ ပျံသန်းနေ သည့် အဲအေးရှားလေယာဉ်ပျောက်ဆုံးသွားသည့်အကြောင်း သိလိုက်ရ၍ ၀မ်းနည်းကြောင်း၊ အသေး စိတ်အခြေအနေများ မသိရ သေးသော်လည်း အကူအညီ ပေးရန်အတွက် အင်ဒိုနီးရှား အာဏာပိုင်များထံ ကမ်းလှမ်း ထားကြောင်း ဆိုခဲ့သည်။စိုးရိမ်ပူပန်မှုကို ဖော်ပြရန်နှင့်အကူအညီပေးရန်အတွက် အင်ဒို နီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုထံ တယ် လီဖုန်းခေါ်ဆိုခဲ့ကြောင်း စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းက သူ၏ Facebook စာမျက်နှာတွင် ပို့စ် ရေးသားလာသည်။ စင်ကာပူလေ တပ်၏ C-130 ရှာဖွေကယ်ဆယ် ရေးလေယာဉ် နှစ်စီးမှာ အရန်သင့် အနေအထားဖြင့်ရှိနေပြီး ထွက်ခွာရန် အသင့်ပြင်ပြီးပြီဟု ဆိုသည်။ စင်ကာပူဝန်ကြီးများ အနေဖြင့် လည်း ပျောက်ဆုံးနေသော အဲ အေးရှားလေယာဉ်အတွက် အာရုံ စိုက်စောင့်ကြည့်နေကြသည်။လေယာဉ်သည် လေကြောင်းလမ်းထိန်းချုပ်ကွပ်ကဲသူများနှင့် အဆက်အသွယ်ပြတ်တောက်မ သွားမီ အချိန်အတောအတွင်း လေးမှာပင် ရာသီဥတုအခြေအ နေကြောင့် ပျံသန်းသည့် လမ်း ကြောင်းကို ပြောင်းလဲရန် မေးမြန်းခဲ့သေးသည်။ အဆက်အသွယ် ပြတ်တောက်သွားချိန်က လေ ယာဉ်သည် ကလီမန်တန်နှင့် ဂျာ ဗားကျွန်းများအကြား ဂျာဗားပင် လယ်အပေါ်တွင် ရှိနေခဲ့သည်ဟု အင်ဒိုနီးရှားလေကြောင်း ၀န်ကြီး ဌာနအရာရှိက မီဒီယာများကို ပြောကြားခဲ့သည်။ အဆိုပါနေရာ ရှိ ရာသီဥတုမှာ တိမ်ထူထပ်နေ သည်ဟု ၎င်းက ပြောသည်။၁၁း၅၄ နာရီ - တိမ်ထူထပ်မှုကို ရှောင်ရှားရန်အတွက် ကောင်းမွန် မှုမရှိသည့် ရာသီဥတုကြားထဲ တိုးဝင်သွားရကြောင်း နောက်ဆုံးရိုက်ယူနိုင်ခဲ့သည့် အချက်ပြမြေပုံများ ကိုထောက်၍ လေကြောင်းလမ်း ထိန်းသိမ်းရေးဌာနနှင့် အဲအေးရှားက ပြောကြားသည်။ ထို့နောက် ကုမ္ပဏီက သတင်းထုတ်ပြန်ရာ လေယာဉ်မှူးသည် ပျံသန်းချိန် ပေါင်း ၆၁၀၀ နာရီရှိထားသည့် ကျွမ်းကျင်လေယာဉ်မှူးတစ်ဦး ဖြစ်ပြီး တွဲဖက်လေယာဉ်မှူးမှာ လည်း ၂၂၇၅ နာရီပျံသန်းချိန်အ တွေ့အကြုံရှိကြောင်း ဖော်ပြခဲ့၏။ထို့အပြင် ပျောက်ဆုံးလေ ယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦး၊လေယာဉ်မှူး နှစ်ဦး၊ ၀န်ထမ်း ငါး ဦး လိုက်ပါသွားကြောင်း အတည် ပြုခဲ့သည်။ ခရီးသည်များအနက် အင်ဒိုနီးရှား ၁၄၉ ဦး၊ ကိုရီးယား သုံးဦးနှင့် စင်ကာပူ၊ ဗြိတိန်၊ မလေးရှား တစ်ဦးစီပါဝင်ကြောင်း ထုတ်ပြန်သည်။၁၂း၂၁ နာရီ - တရားဝင်အတည် ပြုချက်မရှိသော်လည်း လေယာဉ် သည် အင်ဒိုနီးရှားပိုင်နက်အတွင်း ရှိ Belitung ကျွန်းများပေါ်သို့ ပျက်ကျခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီ ယာများက ဖော်ပြကြသည်။ ဤအတောအတွင်းမှာပင် လေယာဉ် ၌ လေးနာရီခွဲစာ ပျံသန်းရန်သာ လောင်စာဆီပါသွားသည်ဟု အင် ဒိုးနီးရှားသယ်ယူပို့ဆောင်ရေး ၀န် ကြီးက ပြောကြောင်း တရုတ်သ တင်းဌာန CCTV က ဖော်ပြခဲ့ သည်။ ထိုသို့ပြောချိန်၌ လေယာဉ်ပျောက်ဆုံးနေသည်မှာ ခြောက် နာရီခန့်ပင် ရှိနေပြီဖြစ်၏။ နောက် ဆုံးရသတင်းများအရ QZ8501 ကို နောက်ဆုံးခြေရာခံမိခဲ့သည့် နေရာတွင် သင်္ဘောခြောက်စီးနှင့် ဟယ်လီကော်ပတာနှစ်စီးကို တပ် ဖြန့်ချထားသည်။၁း၄၄ နာရီ - အဲအေးရှားအမှု ဆောင်အရာရှိချုပ် တိုနီဖာနန် ဒက်စ်က ၎င်းသည် အင်ဒိုနီးရှား ဆူရာဘာယာမြို့သို့ သွားရာလမ်း တွင် ရောက်နေပြီဖြစ်ကြောင်း တွစ်တာ၌ ရေးတင်လိုက်သည်။လက်ရှိအချိန်တွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို အင်ဒိုနီးရှားလေကြောင်းအာဏာ ပိုင်၏ လမ်းညွှန်မှုအောက်၌ ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်ထားသည်။ အဆက်အ သွယ်ပြတ်တောက်မသွားမီအ ချိန်အထိ လေယာဉ်သည် အင်ဒို နီးရှားလေယာဉ်လမ်း ထိန်းချုပ် ရေးဌာန၏ ထိန်းချုပ်မှုအောက်၌ ရှိနေဆဲ ဖြစ်သည်။ လေယာဉ် သည် လေကြောင်းလမ်းထိန်းချုပ် ကွပ်ကဲသူများနှင့် အဆက်အ သွယ်ပြတ်တောက်မသွားမီ အ ချိန်အတောအတွင်းလေးမှာပင် ရာသီဥတုအခြေအနေကြောင့် ပျံ သန်းသည့်လမ်းကြောင်းကို ပြောင်းလဲရန် မေးမြန်းခဲ့သေးသည်။စင်ကာပူလေကြောင်းအာ ဏာပိုင်အဖွဲ့၏ အဆိုအရ လေ ယာဉ်သည် အဆက်အသွယ်ပြတ် တောက်ခဲ့ချိန်က အင်ဒိုနီးရှားလေ ကြောင်းအချက်ပြဒေသ အင်ဒိုနီး ရှားလေပိုင်နက်အတွင်း၌ ရှိခဲ့ သည်။ ယင်းနေရာမှာ စင်ကာပူ- ဂျကာတာလေကြောင်းအချက် ပြဒေသ၏ အရှေ့တောင်ဘက် မိုင်ပေါင်း ၂၃၀ ကျော်တွင် ဖြစ်သည်။ စင်ကာပူလေကြောင်းအာဏာ ပိုင်အဖွဲ့က စီမံခန့်ခွဲသော စင်ကာ ပူကယ်ဆယ်ရေးပူးပေါင်းစင်တာ နှင့် နိုင်ငံ၏ လေတပ်ရေတပ်တို့ မှာ အင်ဒိုနီးရှားအာဏာပိုင်အဖွဲ့ ကို အကူအညီပေးရန် အသင့်ရှိ နေကြောင်း အစောပိုင်းက ထုတ် ပြန်ခဲ့သည်။အဲအေးရှားအင်ဒိုနီးရှားလေ ယာဉ် QZ8501 ရှာဖွေကယ်ဆယ် ရေးအတွက် စင်ကာပူ၏ အကူအ ညီကမ်းလှမ်းမှုကို အင်ဒိုနီးရှားက လက်ခံလိုက်ပြီဖြစ်ကြောင်း သ တင်းများအရ သိရသည်။ အိန္ဒိယ ကလည်း ပျောက်ဆုံးလေယာဉ်ရှာ ဖွေရေးအတွက် အကူအညီပေး ရန် ကမ်းလှမ်းထားသည်ဟု ဘီဘီ စီက တင်ပြခဲ့၏။အိမ်ဖြူတော် ကလည်း ပျောက်ဆုံးလေယာဉ် ပတ်ဝန်း ကျင်အခြေအနေကို စောင့်ကြည့် စစ်ဆေးနေကြောင်း အမေရိကန် သမ္မတ ဘာရက်အိုဘားမားက လည်း ဤအရေးအတွက် ညွှန် ကြားထားပြီးဖြစ်ကြောင်း ပြော ကြားသည်။မလေးရှားဝန်ကြီးချုပ် နာ ဂျစ်ရာဇက်ကလည်း ပျောက်ဆုံး အဲအေးရှားလေယာဉ်ရှာဖွေကယ် ဆယ်ရေးအတွက် မလေးရှားက ကူညီလိုကြောင်း မက်ဆေ့ခ်ျတစ် စောင်ကို တွစ်တာ၌ ရေးသားခဲ့ သည်။ မလေးရှားအစိုးရအနေဖြင့် ကယ်ဆယ်ရေးပူးပေါင်းစင်တာ တစ်ခုကို တည်ထောင်ထားပြီး ရှာ ဖွေရေးတွင် ကူညီရန်လိုအပ်သည် များကို တပ်ဖြန့်ချထားပြီးဖြစ် ကြောင်း မလေးရှားသယ်ယူပို့ ဆောင်ရေးဝန်ကြီး Liow Tiong Lai က တွစ်တာတွင် ပြောသည်။လူ ၁၆၂ ဦးပါ အဲအေးရှား လေယာဉ်လက်ရှိပျောက်ဆုံးနေ မှုသည် မလေးရှားလေကြောင်း လိုင်းပိုင် MH370 ပျောက်ဆုံးပြီး နောက် ဆယ်လနီးပါးအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း ဒုတိယအ ကြိမ်မြောက် လေယာဉ်ပျောက် ဆုံးမှုကြီးဖြစ်သကဲ့သို့ အရှေ့တောင် အာရှဒေသအတွင်း လေကြောင်း လိုင်းများအနေဖြင့် တတိယအ ကြိမ် လေယာဉ်မတော်တဆမှု ဖြစ်သည်။ပြီးခဲ့သည့် မတ်လ ၈ ရက်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းပိုင် MH370 လေယာဉ်မှာအိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပြတ်ကျခဲ့ပြီဟု သက်ဆိုင်ရာ အာဏာပိုင်အရာရှိများက ပြော ကြားခဲ့သော်လည်း ရှာဖွေသူများ မှာ ယခုထိ MH370 ၏ အပျက် အစီးအစအနကို တွေ့ရှိမှုမရှိ သေးပေ။ ခရီးသည် ၂၃၉ ဦး လိုက်ပါသွားသော ယင်းလေ ယာဉ်မှာ မလေးရှား၊ ကွာလာလမ် ပူမှ တရုတ် ဘေဂျင်းသို့ ပျံသန်းနေစဉ် မြေပြင်နှင့် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ ခြင်း ဖြစ်သည်။မလေးရှားအခြေစိုက် အဲ အေးရှားသည် စားရိတ်ခြွေတာ လေကြောင်းလိုင်းတစ်ခုအဖြစ် ဒေသတွင်း၌ ကျော်ကြားသည့် လေကြောင်းလိုင်းတစ်ခု ဖြစ် သည်။ အာရှနိုင်ငံအများအပြား တွင် အဖွဲ့ဝင်ကုမ္ပဏီများနှင့် ပျံ သန်းသည့် လေဆိပ် ၁၀၀ ခန့်ရှိ သည်။ ပျောက်ဆုံးနေသည့် လေ ယာဉ်မှာ အဲအေးရှား အင်ဒိုနီးရှား ဖြစ်ပြီး ယင်း၏ အစုရှယ်ယာ ၄၈ ဒသမ၉ ရာခိုင်နှုန်းကို မလေးရှား ကုမ္ပဏီက ပိုင်ဆိုင်ထားသည်။အဲအေးရှားသည် လုံခြုံစိတ် ချရသည့်နေရာတွင် ဂုဏ်သတင်း အလွန်ကောင်းကြောင်း CNN ၏ လေကြောင်းဆိုင်ရာ သတင်း ထောက် ရစ်ချတ်ကွတ်စ်က ပြော သည်။ ပျောက်ဆုံးလေယာဉ် QZ8501 မှာ ခြောက်နှစ်သက် တမ်းရှိပြီဖြစ်သော လေယာဉ်ဖြစ် သည်။ မောင်းနှင်သွားသည့် လေ ယာဉ်မှူးသည် ပျံသန်းချိန်ပေါင်း ၆၁၀၀ နာရီရှိထားသည့် ကျွမ်း ကျင်လေယာဉ်မှူးတစ်ဦးဖြစ်ပြီး တွဲဖက်လေယာဉ်မှူးမှာလည်း ၂၂၇၅ နာရီပျံသန်းချိန် အတွေ့အ ကြုံရှိသည်။ လေယာဉ်ကို နိုဝင် ဘာ ၁၆ ရက်က နောက်ဆုံးထိန်း သိမ်းမွမ်းမံမှုပြုခဲ့သည်။ပျောက်ဆုံးအဲအေးရှားလေ ယာဉ်ကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ဒီဇင်ဘာ ၂၉ နံနက်တွင် ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားက ပြောကြားလိုက် သည်။တနင်္ဂနွေ နံနက်က လူပေါင်း ၁၆၂ ဦးလိုက်ပါသွားသည့် QZ8501 လေယာဉ်မြေပြင်ရှိ လေကြောင်းလမ်း ထိန်းသိမ်းရေးဌာန နှင့် အဆက်အသွယ်ပြတ်တောက် သွားပြီး ပျောက်ဆုံးနေခဲ့သည့် နောက် အာဏာပိုင်များက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေခဲ့သည်။ရှာဖွေရေးကို အင်ဒိုနီးရှားက ဦးဆောင်ခဲ့ပြီး စင်ကာပူနှင့် မလေး ရှားတို့က အကူအညီများပေးခဲ့ကြ ၏။ သို့သော် ဂျာဗားပင်လယ်ပြင် ပေါ်တွင် ရာသီဥတုဆိုးရွားမှု ကြောင့် ရှာဖွေရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပြီး လတ်တလော တွင် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။အင်ဒိုနီးရှားစစ်တပ်မှ လေ ယာဉ်များ၊ စစ်သင်္ဘောများနှင့် ဟယ်လီကော်ပတာတစ်စီးကို ပျောက်ဆုံးလေယာဉ်နောက်ဆုံး ခြေရာခံမိခဲ့သည့်နေရာ၌ တပ်ဖြန့် ချထားသည်။မလေးရှားက ရေယာဉ်သုံး စီးနှင့် လေယာဉ်သုံးစီးပို့လွှတ်ခဲ့ပြီး စင်ကာပူက စစ်သုံးသယ်ယူပို့ ဆောင်ရေး လေယာဉ်တစ်စီးပေး ပို့ထားသည်။အင်ဒိုနီးရှားစစ်တပ်၊ အင်ဒို နီးရှား၏ အမျိုးသားရှာဖွေကယ် ဆယ်ရေးအေဂျင်စီ (ဘဆာနက်စ်)နှင့် အမျိုးသားရဲတပ်ဖွဲ့တို့ ပါဝင် နေသည့် ရှာဖွေရေးလုပ်ငန်းကို အင်ဒိုနီးရှားဒုသမ္မတ Jusuf Kalla က လတ်တလောတွင် ဦးဆောင် နေသည်။7Day
SSA ရွက်ဆစ်အဖွဲံ့မှ ပစ်ခတ်မှုကြောင့် သစ်တောဝန်ထမ်း(၄) ဦးသေဆုံး
ဒီဇင်ဘာ ၂၈ ရက်နေ့ ၃၀၁၄ ခုနှစ် လင်းခေးမြို့ ၀မ်ဆလောင်းတွင် SSA ရွက်ဆစ် အဖွဲ့ဝင် (၅) ဦးမှ လက်နက်ငယ် ကိုယ်စီဖြင့် ပိတ်ဆို့ပစ်ခတ်ခဲ့သဖြင့် သစ်တောဝန်ထမ်း (၄)ဦး သေဆုံးခဲ့ရကြောင်း
သတင်းရရှိသည်။
ဖြစ်စဉ်မှာ လင်းခေးခရိုင် သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမင်းနှင့် ၀န်ထမ်း (၆) ဦးတို့သည် လင်းခေးမြို့မှ ၀မ်ဆလောင်းသို့ တရားမ၀င် သစ်ခိုးထုတ်မှုများကို သွားရောက်ဖမ်းဆီးစဉ် ၀မ်ဆလောင်
ရွာ၏ အရှေ့ ဘက် ကိုက် ၃၀၀ ခန့်အကွာ တောစပ်တွင် တရားမ၀င် ပိတောက်သစ်လုံး ၁၀၀၀ လုံး(ခန့်မှန်းတန်ချိန် ၃၀၀)ကို ဖမ်းဆီးသိမ်းဆည်းရန် တိုင်းတာ၍ ပြန်လာစဉ် လမ်းခရီး၌ SSA (ရွက်ဆစ်)အဖွဲ့မှ အဖွဲ့ဝင်(၅)ဦး မှ ရှေ့မှပိတ်ဆို့ တားဆီးကာ လက်နက်ငယ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
SSA (ရွက်ဆစ်)၏ ပိတ်ဆို့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် သစ်တောဝန်ထမ်းများမှာ
လင်းခေးခရိုင်သစ်တော်ဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမင်း ၊ မိုးနဲသစ်တော ဦးစီးဌာန မှ တောခေါင်းဦးစစ်ထွေး ၊ လင်းခေးသစ်တောဦးစီးဌာနမှ တောခေါင်း ဦးသန်းထိုက်အောင် နှင့် ဦးဘိုမင်းတို့ ဖြစ်ကြောင်း၊ ၎င်း ပစ်ခတ်သတ် ဖြတ်မှုမှ ထွက်ပြေးလွတ်မြောက်ခဲ့သူ လင်းခေးသစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးခိုင်မွန် မှ ပြောကြားခဲ့သည်။
မောင်ဇော်(လင်းခေး)
လွှတ်တော်တောင်းဆိုသည့်အတိုင်း လစာတိုးပေးလျှင်ငွေကြေးဖောင်းပွမှု ၈မှ ၁၀ရာခိုင်နှုန်းအထိရှိလာနိုင်
By အောင်သူရ
မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏တွက်ချက်မှုအရ လွှတ် တော်က တောင်းဆိုထားသော နှုန်းထားအတိုင်း အစိုးရဝန်ထမ်း များအား လစာတိုးပေးပါက ငွေ ကြေးဖောင်းပွမှုနှုန်းမှာ ၈ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းထိရှိလာနိုင် ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်ခင် စောဦးက ပြောသည်။
ဗဟိုဘဏ် တွက်ချက်မှုအရ လက်ရှိ ငွေကြေးဖောင်းပွမှုမှာ ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကမ္ဘာ့ ဘဏ်တွက်ချက်မှုအရ မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၇ ရာခိုင်နှုန်းရှိကာ ၁၀ ရာခိုင်နှုန်း မကျော်သေးသော်လည်း မြန်မာနိုင်ငံ အနေဖြင့် လက်ရှိငွေကြေးဖောင်းပွမှုနှုန်းကို ဂရုတစိုက် ကိုင်တွယ်ရန် တိုက်တွန်းထားသည်။
‘‘ဒါကတော့ သူတို့က ဖြစ် နိုင်ခြေကို တွက်ထားတဲ့သဘော ပါ။ ထိန်းလို့ရတဲ့နည်းတွေရှိပါ တယ်။ ဘတ်ဂျက်လိုငွေပြလာတာကိုထိန်းဖို့ အသုံးစရိတ်လျှော့တာကို အခွန်ငွေပိုရအောင် ကြိုးစား ကောက်တာတို့ ပြင်ပကနှစ်ရှည် ချေးငွေနဲ့ ကျခံတာတို့လုပ်လို့ရပါ တယ်’’ဟု ကမ္ဘောဇဘဏ်အကြီး တန်း အကြံပေး ဦးသန်းလွင်က ပြောသည်။
လက်ရှိ အစိုးရလက်ထက် တွင် ပင်စင်လစာများတိုးပေးပြီး ရှာပါးစရိတ်နှင့် ဝေးလံခေါင်ဖျား စရိတ်များ ပေးခဲ့သည့်အပြင် ၂၀၁၃ ဧပြီ ၁ ရက်နှင့် ၂၀၁၄ ဧပြီ ၁ ရက်တို့တွင် အစိုးရဝန်ထမ်းများအား လစာကျပ်နှစ်သောင်းစီ စုစုပေါင်း ကျပ်လေးသောင်း တိုးပေးခဲ့သည်။ လစာထပ်မံတိုးမြှင့်ပေးရန်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည်။ နာယကသူရဦးရွှေမန်းကလည်း လစာတိုးပေးရန်တိုက်တွန်းနေသည်။
ငွေကြေးဖောင်းပွမှုနှုန်း တက်လာပါက ဘဏ်အတိုးနှုန်းမှာ စိုးရိမ်စရာဖြစ်လာကြောင်း သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ သို့ သတ်မှတ်ပေးထားသည့် အတိုးနှုန်းမှာ အပ်ငွေပေါ်တွင် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား သာ ယူဆောင်ရန်သတ်မှတ်ထား သည်။
ထို့ကြောင့် ငွေကြေးဖောင်း ပွနှုန်းမြင့်တက်လာပါက ဘဏ် အတိုးနှုန်းများ မြှင့်ရ
မည်ဖြစ်သဖြင့် ချေးငွေပေါ်တွင် ယူဆောင်နေသော အတိုးနှုန်းများ ယူဆောင်ရမည်ဖြစ်သည်။
လက်ရှိ ပုဂ္ဂလိကဘဏ်များ မှ ချေးငွေပေါ်တွင်ယူဆောင်နေ သော အတိုးနှုန်းမှာ ၁၃ ရာခိုင် နှုန်းရှိပြီး ဒေသတွင်းနိုင်ငံများတွင် အမြင့်ဆုံးပမာဏဖြစ်နေသည်။
သို့သော် လက်ရှိအစိုးရဝန် ထမ်းများ၏ လစာများမှာလည်း ခေတ်စနစ်အရ နည်းပါးနေပြီး မဖြစ်မနေတိုးပေးသင့်သည့်အနေ အထားဖြစ်သည်ဟုလည်း ပညာ ရှင်အချို့က ထောက်ပြပြောဆို သည်။
‘‘လစာတိုးပေးရမယ့်ဘက် ကပဲ ဆွေးနွေးချင်ပါတယ်။ နယ် ပြောင်းဆိုတာနဲ့ ထွက်သွားကြပြီ။ ဒီမှာ နှစ်သိန်းရတဲ့လူက အပြင်မှာ ငါးသိန်းနဲ့ အထက်ရတယ်’’ ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ဆိုသည်။
‘‘လခတိုးခြင်းနဲ့ အနည်းဆုံး လုပ်ခလစာတိုးချင်တယ်ဆိုတာ နိုင်ငံရေးသတင်းစကား ပေးနေ တာဖြစ်တဲ့အတွက် နိုင်ငံရေး သတင်းစကားကို စီးပွားရေးနည်းနဲ့ အဖြေသွားပေးနေလို့မရဘူး’’ ဟု ပါမောက္ခဒေါက်တာအောင်ထွန်းသက်ကလည်းပြောသည်။
ဗဟိုဘဏ် အပါအဝင် ဝန်ကြီးဌာနအများစုတွင် လက်ရှိ ရရှိနေသော ဝန်ထမ်းလစာမှာ ခေတ်စနစ်နှင့်မကိုက်ညီသဖြင့် အစမ်းခန့်ဝန်ထမ်းလုပ်ကိုင်မည့်သူပင် ရှားပါးနေကြောင်း သတင်းရရှိသည်။
‘‘ဦးဆောင်ညွှန်ကြားရေးမှူး ရဲ့လစာက ကျပ်နှစ်သိန်းပဲရှိတာ တော့ မဆီလျော်ဘူးပေါ့။ ဆီ လျော်အောင် တိုးဖို့ကတော့ လို လာပြီ။ ဘယ်လိုတိုးမလဲ၊ ဘယ် လောက်တိုးမလဲ၊ ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ပြင်ထားဖို့တော့လိုတယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရ၏ လေးနှစ်နီးပါးတာကာလအတွင်း ပင်စင်စားများအား တစ်ကြိမ်နှင့် အစိုးရဝန်ထမ်းများအား သုံးကြိမ် လစာတိုးပေးထားပြီးဖြစ်သည်။
လွတ်လပ်ရေးရပြီးသည့် အချိန်မှ ၂၀၁၄ အထိ (၁၂)ကြိမ် လစာတိုးပေးခဲ့ပြီး လစာစတင်တိုးပေးသည့်နှစ်မှာ ၁၉၇၂ က ဖြစ်သည်။
နိုင်ငံဝန်ထမ်းများအား လစာတိုး မြှင့်ပေးပါက ငွေကြေးဖောင်းပွမှု လွန်စွာမြင့်မားမှုမရှိစေရန် မြန်မာ
နိုင်ငံတော်ဗဟိုဘဏ်မှ ဘတ်ဂျက် လိုငွေအတွက် တိုက်ရိုက်ဖြည့် ဆည်းခြင်းအစား အစိုးရငွေချေး သက်သေခံလက်မှတ်များအား ဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းကို ဇန်န၀ါရီစတင်၍ ဖော်ဆောင်ခြင်း
နှင့်တင်းကျပ်သည့်ငွေကြေးမူဝါဒ အား ကျင့်သုံးသွားရန်နှင့် ဈေး ကွက်မှ ပိုလျှံငွေကြေးနုတ်သိမ်းမှု ပမာဏ တိုးမြှင့်သွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်ခင်စောဝေကရှင်းပြသည်။
7 Days
Friday, December 26, 2014
သရုပ်ဆောင် ဒါရိုက်တာမင်းအုပ်စိုးက ၎င်း၏ညီမ၀မ်းကွဲတော်စပ်သူအား ထိုးကြိတ်ကန်ကျောက်ရာမှ သေဆုံးမှုဖြစ်ပွား
သရုပ်ဆောင် ဒါရိုက်တာမင်းအုပ်စိုးက ၎င်း၏ညီမ၀မ်းကွဲတော်စပ်သူအား နေအိမ်အခန်းအတွင်း ထိုးကြိတ်ကန်ကျောက်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲတွင် သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုး (ခ) အောင်နိုင်ထွန်း (၄၄) နှစ်နေထိုင်သည့် အမှတ် (၅၁) စီ၊ ဖိုးစိန်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက် နေအိမ်အခန်းအတွင်း ၎င်း၏ညီမ၀မ်းကွဲတော်စပ်သူ အသက် (၃၃)နှစ်အရွယ် မနုနုယဉ်ကို လူမှုရေးကိစ္စမေးမြန်းရာ အမှန်အတိုင်းဖြေကြားခြင်းမရှိသောကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အိပ်ခန်းအတွင်း လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်ကန်ခြင်း၊ ကိုင်ဆောင့်ခြင်းတို့ပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ပြုလုပ်ခံခဲ့ရသည့် မနုနုယဉ်မှာ ၎င်း၏အိပ်ခန်းအတွင်းရှိ ခုတင်ပေါ်သို့ လဲကျသေဆုံးခဲ့ပြီး နံနက် ၄ နာရီခွဲတွင် ဗဟန်းမြို့နယ်ရဲစခန်းသို့ မင်းအုပ်စိုးလာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
"မင်းအုပ်စိုးက သူ့ညီမ၀မ်းကွဲကိုဒေါသထွက်ပြီးတော့ လက်သီးနဲ့ထိုး၊ ဆောင့်ကန်၊ ကိုင်ပေါက်ခဲ့လို့ မျက်နှာ၊ ဦးခေါင်း၊ ကျောကုန်း၊ မျက်လုံးတွေနဲ့ လည်ပင်းတွေမှာဒဏ်ရာတွေရခဲ့ပြီး ပက်လက်အနေအထားနဲ့သေဆုံးခဲ့တယ်။ အခင်းဖြစ်တဲ့အချိန်ကတော့ မနက် ၂ နာရီခွဲမှာဖြစ်ပွားတာပါ။ မင်းအုပ်စိုးက မနက် ၄ နာရီခွဲလောက်မှာ ဗဟန်းရဲစခန်းကို သူကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ်။ ဒီကိစ္စကို ရဲလုပ်ငန်းအရ အကုန်လုံးဆက်လက်စစ်ဆေးနေပါတယ်။ အခုတော့ ဗဟန်းရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်ကပြောကြားသည်။
ထို့အပြင် ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က "သူ့ညီမက သရပါမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်တယ်။ သူရည်းစားထားတာကို မင်းအုပ်စိုးကမေးတဲ့အခါ သူကအမှန်အတိုင်းမပြောလို့ စိတ်ဆိုးဒေါသထွက်ပြီးရိုက်နှက်ခဲ့တာ လက်လွန်သွားတယ်လို့ ကနဦးစစ်ဆေးချက်အရတော့ ထွက်ဆိုထားပါတယ်။ သေဆုံးသူက နှလုံးရောဂါအပြင် အခြားရောဂါတွေလည်းရှိတယ်လို့ သိရတယ်။ အလောင်းကိုသွားစစ်တဲ့အချိန်မှာ ဒဏ်ရာတွေက လူတစ်ယာက်ကို သေစေနိုင်လောက်တဲ့ဒဏ်ရာတွေမဟုတ်ဘူး။ ဒါပေမဲ့ ဗိုက်ကိုအကန်ခံရတဲ့ဒဏ်ရာက အတွင်းကလီစာတွေကို ထိခိုက်သွားနိုင်တယ်။ လက်ရှိမှာတော့ အလောင်းကို မှုခင်းဆရာဝန်ကြီးနဲ့ သေချာစစ်ဆေးခိုင်းထားပါတယ်" ဟုဆိုသည်။
အဆိုပါဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်း (ပ) ၅၁၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တာမွေမြို့နယ် ဖိုးစိန်လမ်းအတွင်း အရက်သေစာသောက်စားမူးယစ်ကာ လမ်းအတွင်းရှိသစ်ပင်အား မီးရှို့ခြင်း၊ လာရောက်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအားဆဲဆိုခြင်း၊ လုံခြုံရေးလုပ်ဆောင်ရန်ရောက်ရှိလာသော တာမွေရဲစခန်းမှ ရဲကားကို လက်သီးဖြင့်ထိုးခြင်းတို့ပြုလုပ်ခဲ့ခြင်းကြောင့် ဗဟန်းရဲစခန်းမှ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု မီးရှို့မှုတို့ဖြင့် သက်ဆိုင်ရာရဲစခန်းမှ တရားစွဲခဲ့သည်။
၂၀၁၃ ဇူလိုင် ၃ ရက်တွင် ဗဟန်းမြို့နယ်တရားရုံးမှ မင်းအုပ်စိုးအား ပုဒ်မ ၆ (၁) ကျူးလွန်မှုမြောက်သဖြင့် ထောင်ဒဏ်သုံးလနှင့် ဒဏ်ငွေသုံးသိန်း၊ ပုဒ်မ ၄၃၅ ကျူးလွန်မှုမြောက်သဖြင့် ထောင်ဒဏ်တစ်ရက်နှင့် ငွေဒဏ် သုံးသိန်း ဗဟန်းမြို့နယ်တရားရုံးမှချမှတ်ခဲ့ကြောင်း၊ ထိုနောက် ဒါရိုက်တာမင်းအုပ်စိုးသည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ကာ တစ်နှစ်နှင့် နှစ်လကျော်အကြာတွင် ယခုကဲ့သို့ပြစ်မှုကို ထပ်မံကျူးလွန်ခဲ့ခြင်းဖြစ်သည်။
(သေဆုံးသူအား အိပ်ခန်းအတွင်းရှိခုတင်ပေါ်၌ တွေ့ရစဉ်)
Credit Eleven Media Group
Subscribe to:
Posts (Atom)









