Monday, September 14, 2015

ရိုဟင်ဂျာလူငယ်အဖွဲ့ချုပ် မှ ဒေါ်စု ရခိုင်ခရီးစဉ်အား ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်ခရီးစဉ်အား ကြိုဆို ထောက်ခံကြောင်း ကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ၏တတိယပတ်တွင် ရခိုင်ပြည်နယ်သို့ အောင်နိုင်ရေးလှုပ်ရှားမှု မဲဆွယ်ခရီးစဉ် စတင်မည်ဖြစ်သည့်အတွက် အဆိုပါခရီးစဉ်အား မြန်မာနိုင်ငံ ရိုဟင်ဂျာလူငယ်များအဖွဲ့ချုပ်မှ ဝမ်းသာဂုဏ်ယူမိပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာလူမျိုးများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့် အလမ်းများနှင့် ဒေသအတွင်းဖိနှိပ်ခံနေရသည့် မိမိတို့အပေါ် တရားဥပဒေစိုးမိုးရေးကောင်းစွာ ဖြစ်ထွန်း စေရန်အတွက် လမ်းကြောင်းပေးနိုင်မည့်တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့်အတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်အား ထာဝရဝန်းရံနေမည် ဖြစ်ပါသည်။

ရိုဟင်ဂျာလူမျိုးတို့၏ ဖြစ်တည်မှုအားလက်မခံဘဲ ရက်စက်စွာဆက်ဆံတတ်သည့် အစွန်းရောက် ရခိုင်လူမျိုး အချို့နှင့် အစွန်းရောက်ဗုဒ္ဓဘာသာဝင်အချို့တို့မှလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရိုဟင်ဂျာ တိုင်းရင်းသား များအပေါ် နားလည်စာနာသည့်သဘောထားကြောင့် အသက်အန္တရာယ်အားဒုက္ခပေးနိုင်သည်ကို စိုးရိမ် မိပါသည်။

ထို့ကြောင့်ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအား ရိုဟင်ဂျာလူငယ်များမှကာကွယ် စောင့်ရှောက်သွားမည်ဟုကတိပြုပါသည်။

လူမျိုးကြီးဝါဒဖြင့် ဘာသာရေးအသုံးချ၍ ဖိနှိပ်မှုခံစားနေရသော ရိုဟင်ဂျာလူမျိုးများသည် ယခုအခါ မိမိတို့ နေရပ်များကို စွန့်ခွါထွက်ပြေးနေရခြင်း၊ ပြည်တွင်းရှိ ဒုက္ခသည်စခန်းများတွင်လည်းစားဝတ်နေရေး ကျပ်တည်းနေခြင်း စသည့် ဒုက္ခများကို ခံစားနေရပါသည်။

ရိုဟင်ဂျာလူမျိုးများသည် ရခိုင်ပြည်နယ်တွင် ဌာနေတိုင်းရင်းသားလူမျိုးတစ်ရပ် ဖြစ်ခဲ့သည်ကို ကမ္ဘာတဝန်းမှ သိရှိစေရန်နှင့် မိမိတို့ ရိုဟင်ဂျာလူမျိုးများသည် နိုင်ငံသားဖြစ်ခွင့်ရှိသည့် အခွင့်အရေး ရရှိစေရန် ဒေါ်အောင်ဆန်းစုကြည်မှကူညီနိုင်မည်ဖြစ်သည့်အတွက် ဤခရီးစဉ်အား ရိုဟင်ဂျာ လူငယ် များအဖွဲ့ချုပ်မှ ကြိုဆိုထောက်ခံပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ